ဒါရုလ်စလာမ်

wikishia မှ

ဒါရုလ်စလာမ် သည် ရှီအဟ် လူနည်းစုများ နေထိုင်ရာ တန်ဇန်းနီးယားရှိ မြို့တစ်မြို့ ဖြစ်သည်။ ဤမြို့၏ ရှီအဟ်များကို ဒေသခံ နှင့် တိုင်းရင်းသား မဟုတ်သူများဖြင့် ဖွဲ့စည်းထားသည်။ ဇာတိဒေသခံမဟုတ်သော ရှီအဟ်များကို ခူဂျဟ် ၊ ဘဟ်ရဟ် နှင့် မိုဟာဂျီရ် လက်ဘနွန်မြို့သားများဖြင့် ဖွဲ့စည်းထားသည်။ ဘိလာလေ မွတ်စ်လင်မ် မရှီးမ် ရုံးချုပ်၊ ဝီပါးစ် ရုံးချုပ် နှင့် အိစ်ယူးန် ရုံးချုပ် အာဖရိကရှိ ရှီအဟ်အစနာအရှရီ အဖွဲ့အစည်းဖြစ်ပြီး ၎င်းသည် ဒါရုလ်စလာမ်ရှိ ခူဂျဟ် အစနာအရှရီ ရှီအဟ် ၏ အရေးကြီးသော အဖွဲ့အစည်း တစ်ခုဖြစ်သည်။

အရိုက်အရာ နှင့် အရေးပါမှု

ဒါရုလ်စလာမ် သည် တန်ဇန်းနီးယားနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်ပြီး ၁၉၉၆ ခုနှစ်အထိ ဤနိုင်ငံ၏ မြို့တော်ဖြစ်သည်။ ယခုနှစ်တွင် မြို့တော်ကို ဒူဒူမာမြို့ သို့ ပြောင်းရွှေ့ခဲ့သည်။ (1) ရှီအဟ်များသည် ဤမြို့၌ အဖွဲ့အစည်းများ ရှိ‌ပေသည်။ ၂၀၂၂ သန်းခေါင်စာရင်းအရ မြို့တော်တွင် လူဦးရေ ၅၃၈၃၂၅၅ ရှိသည်။ (2) ဒါရုလ်စလာမ် ၏ ရှီအဟ်များသည် ခူဂျဟ် အစနာအရှရီ ရှီအဟ်၊ ဘဟ်ရဟ် ၊ အဂါခါနီ ၊ မိုဟာဂျေရ် လက်ဘနွန် မြို့သားများ နှင့် ဒေသ၏ ဇာတိခံများစွာဖြင့် ဖွဲ့စည်းထားသည်။ (3) အမီးရ် ဗဟ်ရားမ် အရဗ်မဟ်မူဟ်ဒီ ၏အဆိုအရ ခူဂျေဟ်များသည် ၁၈၈၀ ခုနှစ် မှစတင်၍ ဤမြို့၌ နေထိုင်ခဲ့ကြသည်။ (4)

ခူဂျဟ် ရှီအဟ်များ၏ အရေးကြီးသော အဖွဲ့အစည်းများ

ခူဂျဟ် အစနာအရှရီ ရှီအဟ် ၏ အချို့အဖွဲ့အစည်း ဌာနချုပ်နှင့် အဆောက်အဦးသည် ဒါရုလ်စလာမ် တွင် တည်ရှိသည်။

ဘေလာလေ မွတ်စ်လင်မ်မရှီးမ်

ဘေလာလေ မွတ်စ်လင်မ်မရှီးမ် သည် ခူဂျဟ် အစနာအရှရီ ရှီအဟ်ရှိ အရေးကြီးဆုံး ရှီအဟ် အဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်သည်။ ၎င်း၏ အဓိကရည်ရွယ်ချက်မှာ အစ္စလာမ်ဘာသာ အထူးသဖြင့် ရှီအဟ်ဘာသာ၊ ဒေသရှိ အာဖရိက လူမျိုးများကြားတွင် အစ္စလာမ်ဘာသာကို ပျံ့နှံ့စေရန် ဖြစ်သည်။ (5)

အာဖရိကရှိ ခူဂျဟ် အစနာအရှရီ ရှီအဟ် အဖွဲ့ချုပ်

အာဖရိကရှိ ခူဂျဟ် အစနာအရှရီ ရှီအဟ် အဖွဲ့ချုပ်သည် အရှေ့အာဖရိကရှိ ဟင်န်ဒီအစစ် ရှီအဂ်များဖြင့် ဖွဲ့စည်းထားပြီး အာဖရိကရှိ ခူဂျဟ် အစနာအရှရီ ရှီအဟ် အဖွဲ့ချုပ်၏ ပံ့ပိုးကူညီမှုအောက်တွင် လည်ပတ်နေသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ (6)

ဝီပါဇ် အဖွဲ့အစည်း

ကမ္ဘာ့အစ္စလာမ့်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝါဒဖြန့်ချိရေးအဖွဲ့ (ဝီပါဇ် အဖွဲ့အစည်း) သည် ခူဂျဟ် အစနာအရှရီ ရှီအဟ် အဖွဲ့၏ ဝါဒဖြန့်ချိရေး အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ အာဖရိကနှင့် ဘေလာလေ မွတ်စ်လင်မ် မရှီးမ် ဖောင်ဒေးရှင်း၏ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၎င်းသည် တန်ဇန်းနီးယားရှိ ဆင်းရဲသော မွတ်စလင်မ်များကို ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဖူလုံရေး နယ်ပယ်တွင် ဝန်ဆောင်မှုပေးသည်။ (7)

သင်ကြားရေး နှင့် ဝန်ဆောင်မှု အဖွဲ့အစည်းများ

ခူဂျဟ် ရှီအဟ်များ၏အဖွဲ့ ချုပ်

ဒါရုလ်စလာမ်၏ အရေးအကြီးဆုံး ရှီအဟ် အသိုင်းအဝိုင်းမှာ တန်ဇန်းနီးယား နှင့် အရှေ့အာဖရိကဖြစ်ပြီး ၁၈၃၇ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ရှီအဟ် လူဦးရေ ငါးထောင်မှ ခုနစ်ထောင်ခန့်သည် ဤအဖွဲ့၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။ (8) အလ်မွန်သဇွီရ် ပညာသင်ကျောင်းသည် အာဖရိကအဖွဲ့ချုပ်မှ စီမံခန့်ခွဲပြီး ခူဂျဟ် အစနာအရှရီ အသင်းမှ စီမံခန့်ခွဲသည့် ခုဂျဟ် ဒါရုလ်စလာမ် ၏ အရေးကြီးဆုံး ပညာရေး အဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်သည်။ ဤအဖွဲ့အစည်း များသည် ပညာရေး နယ်ပယ်အမျိုးမျိုး နှင့် အဆင့်များတွင် လုပ်ဆောင်နေပြီး ဒါရုလ်စလာမ် နယ်ပယ်များတွင် ဌာနခွဲများစွာ ရှိသည်။ (9) ဟိုစိုင်းနီ ပညာသင်ကျောင်း- ၎င်းသည် တန်ဇန်းနီးယားတွင် နေထိုင်သော ခူဂျဟ် အစနာ အရှီ ရှီအဟ်များ အတွက် ဘာသာရေး ပညာသင်ကြားရေး ဌာနများထဲမှ တစ်ခုဖြစ်သည်။ (10) အလ်အိသ်ရဟ် ဖောင်ဒေးရှင်း- ပညာရေး၊ ဆေးဘက်ဆိုင်ရာ စသည်တို့ကို ဆောင်ရွက်ပေးသည်။ (11) အဟ်လေဗိုင်သ် ဖောင်ဒေးရှင်း- ဘေလာလ် မွတ်စ်လင်မ် မရှီးမ် နှင့် ချိတ်ဆက်ထားသော ဘာသာရေးကျောင်း ဖြစ်ပြီး ဤဌာနတွင်လည်း တန်ဇန်းနီးယား ပြင်ပတွင် ဌာနခွဲတစ်ခုရှိသည်။ (12) ကီဗာဟာ ပညာရေးဌာန - ဤပညာရေးဌာနသည် ဒါရုလ်စလာမ် မှ ၃၅ ကီလိုမီတာ အကွာတွ င်တည်ရှိသော ဝီပါဇ် အဖွဲ့အစည်းနှင့် ချိတ်ဆက်ထားသည်။ (13) ခူဂျေဟ် အစနာ အရှရီ ရှီအဟ် ဗလီ၊ ဤဗလီသည် မြို့လယ်ခေါင်တွင် တည်ရှိပြီး ခူဂျေဟ်ရှီအဟ်တို့၏ ဘာသာရေး စုဝေးပွဲများ နှင့် အခမ်းအနားများကို ထိုနေရာတွင် ကျင်းပသည်။ (14)

ခူဂျဟ် မဟုတ်သော ရှီအဟ်များ၏ သီးသန့် ဌာနများ

  • အေမာမ်ရေဇွာ(အစ) ပညာသင်ကျာင်း
  • အေမာမ်ဂိုစိုင်းန်(အစ) ဖောင်ဒေးရှင်း
  • အမီးရုလ်မိုအ်မေနီးန်(အစ) ပညာသင်ကျာင်း
  • အေမာမ်ဘာကရ်(အစ) ဖောင်ဒေးရှင်း
  • စီ‌ဗ်သွိုင်းန်(အစ) ပညာသင်ကျောင်း
  • အဟ်လေဗိုင်သ်(အစ) ပညာသင်ကျောင်း
  • ဖှာသွေမဟ်ဇဟ်ရာ(စအ) ပညာသင်ကျောင်း သည် ဝီပါဇ် အဖွဲ့အစည်းနှင့် ချိတ်ဆက်နေသည်။ (15)

မိုဟရမ်၏ အဇာဲဒါရီ

နိုဟရမ် ဆယ်ရက်တွင်၊ အေမာမ်ဟိုစိုန်း(အစ) ၏ ဝမ်းနည်းပူဆွေးမှုကို ဒါရုလ်စလာမ် တွင် ကျင်းပခဲ့သည်။ အာရှုရာ ညတွင် ရှီအဟ်များသည် ငိုကြွေးမြည်တမ်းခြင်းပုံစံဖြင့် ဗဟိုရှီအဟ်ဗလီသို့ သွားကြသည်။ ဤအခမ်းအနားတွင် ဟိန္ဒူ နှင့် ရှီအဟ် မဟုတ်သူများလည်း ပါဝင်ကြသည်။ (16)

ထူးမြတ်သော ရှီအဟ် ပိုဂ္ဂိုလ်များ

စိုင်ယိဒ် စအီးဒ် အခ်သဲရ် ရဇဝီ သည် အီရာန်နှစ် ၁၃၀၅-၁၃၈၁ အိန္ဒိယ နိုင်ငံသား နှင့် တန်ဇန်းနီးယားရှိ ရှီအဟ် မိုဘလ္လီဂ် ဖြစ်သည်။ ၎င်းသည် ဘေလာလ်မရှီးန် အဖွဲ့အစည်းကို တည်ထောင်ခဲ့သူ ဖြစ်သည်။ (17) မဂ်ျမအေဂျဟာနီယေ အဟ်ဘေဗိုင်သ် အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။ (18) ရဇဝီ သည် ၂၀၀၂ ခုနှစ်တွင် တန်ဇန်းနီးယား၌ ကွယ်လွန်ခဲ့ပြီး ဒါရုလ်သလာမ် ရှိ ခူဂျဟ် အစနာ အရှရီ ရှီအဟ် သင်္ချိုင်းတွင် မြုပ်နှံခဲ့သည်။ (19) ဂျအ်ဖရ် မဟ်မူဒ် စာမိဂျီ၊ ၎င်းသည် အလ်မဠန်သဇွရ် ပညာသင်ကျောင်းကို စီမံခန့်ခွဲ အုပ်ချုပ်သည့် ဒါရုလ်စလာမ် ၏ အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။ (20)