တရားတော်မှ ပြဌာန်းထားသည့် မဂ်ရီဘ်

wikishia မှ

        တရားတော်မှ ပြဌာန်းထားသည့် မဂ်ရီဘ် နေဝင်ချိန် ဆိုသည်မှာ မဂ်ရီဘ်နမာဇ် စတင် ဖတ်ရွတ်ရသည့် အချိန်ဖြစ်ပြီး ဖိက္ကဟ် ဓမ္မသတ်၏ အချို့ အခန်းဂဏ္ဌ၌ ထိုအကြောင်းအရာ နှင့်ပတ်သက်ပြီး ဆွေးနွေးတင်ပြထားသည်။ တရားတော်မှ ပြဌာန်းထားသည့် မဂ်ရီဘ် နေဝင်ချိန် ဟူသည် ၊ အဆွရ်နမာဇ် ပြီးဆုံးချိန် ၊ မဂ်ရီဘ် နမာဇ် စတင်သည့် အချိန်၊ နေ့၏ နောက်က်ဆုံးအချိန် (အိဖ်သှာရ် ဝါဖြေချိန်) ဖြစ်ပြီး အရဖာသ် ၌ လွတ်လပ်စွာ ရပ်နားခြင်း ကဲ့သို့သော ကိစ္စရပ်များတွင်လည်း အသုံးပြုသည်။ ထို့ကြောင့် နမာဇ် ၊ ရိုဇာ နှင့် ဟဂ်ျ စသည့် ဖိက္ကဟ် ဓမ္မသက်၏ အမျိုးမျိုးသော အပိုင်းများ တွင်လည်း ဆွေးနွေး ဖော်ပြထားသည်။ (1)

        တရားတော်မှ ပြဌာန်းထားသည့် မဂ်ရီဘ် နေဝင်ချိန် နှင့်ပတ်သက်ပြီး ဖကီးဟ် ပညာရှင်များအကြား သဘောထား ကွဲလွဲမှုများရှိပေသည်။ အချို့ ဖကီးဟ် ပညာရှင်များသည် ၊ နေစဝင်သည့်အချိန်ကို တရားတော်မှ ပြဌာန်းထားသည့် မဂ်ရီဘ် နေဝင်ချိန် ဟူ၍ သတ်မှတ်ထားသည်။ (2) သို့သော် ဆွာဟီဘေ ဂျဝါဟီရ် ၏ အဆိုအရ၊ များစွာသော ဖကီးဟ်ပညာရှင်များသည် ၊ ရှေ့ဘက်ခြမ်း၏ နေဝင်ချိန် (ကောင်းကင်၏ အရှေ့ဘက် မိုးကုပ်စက်ဝိုင်းတွင် အနီရောင် ပျောက်ကွယ်သွားသည့် အချိန်) ကို တရားတော်မှ ပြဌာန်းထားသည့် မဂ်ရီဘ် နေဝင်ချိန် ဟူ၍ သတ်မှတ်ထားကြသည်။ (3) ဤအမြင်၌ ၊ နေဝင်ချိန် နှင့် တရားတော်မှ ပြဌာန်းထားသည့် မဂ်ရီဘ် နေဝင်ချိန် ဟူ၍ ကွဲပြားသော အချိန် နှစ်ခု ရှိပေသည်။ နေဝင်ချိန် ဟူသည် ၊ အဆွရ် နမာဇ် ပြီးဆုံးချိန် ဖြစ်ပြီး ရှေ့ဘက်ခြမ်း၏ နေဝင်ချိန် (ကောင်းကင်၏ အရှေ့ဘက် မိုးကုပ်စက်ဝိုင်းတွင် အနီရောင် ပျောက်ကွယ်သွားသည့် အချိန်) သည် အိဖ်သွာရ် ဝါဖြေချိန် နှင့် မဂ်ရီဘ်နမာဇ် ဖတ်ရန် ဝါဂျီဘ် ဖြစ်သည့် အချိန် ဖြစ်သည်။ (4)