တရားတော်မှ ပြဌာန်းထားသည့် ဇိုဟိုရ်အချိန်

wikishia မှ


တရားတော်မှ ပြဌာန်းထားသည့် ဇိုဟိုရ်အချိန် သို့မဟုတ် ဇိုဝါလ် ဆိုသည်မှာ ညွှန်ပြသည့်အရိပ် (မွန်းတည့်ချိန်ကို ဆုံးဖြတ်ရန်အတွက် မြေပြင်ထဲသို့ နစ်မြုပ်နေသော သစ်သားချောင်း သို့မဟုတ် အခြားအရာတစ်ခု) သည် နေ့တွင် ၎င်း၏ အတိုဆုံး အရိပ်သို့ ရောက်ရှိသောအခါ ယင်းမှာ တရားတော်မှ ပြဌာန်းထားသည့် ဇိုဟိုရ်အချိန် ဖြစ်ပြီး ဇိုဟိုရ် နမာဇ် အစပြုသည့်အချိန် ဖြစ်သည်။ ဖကီးဟ်ပညာရှင်များ၏ အဆိုအရ၊ သစ်သားချောင်း သို့မဟုတ် အခြားအရာတစ်ခုသည် မြေပြင်ပေါ်တွင် ဒေါင်လိုက်ချထားပါက ၎င်း၏ အရိပ်အနိမ့်ဆုံးသို့ ရောက်ရှိသည့်အချိန်ကို ဇိုဝါလ် (မွန်းတည့်ချိန်) သို့မဟုတ် တရားတော်မှ ပြဌာန်းထားသည့် ဇိုဟိုရ်အချိန် ဟုခေါ်သည်။ (1) တရားတော်မှ ပြဌာန်းထားသည့် ဇိုဟိုရ်အချိန် သည် နမာဇ်အချိန်များ၏ အခန်းဂဏ္ဌ (2) နှင့် ခရီးသွားများ၏ ရိုဇာဥပုသ် ဆောက်တည်ခြင်း ဆိုင်ရာ ဖိက္ကဟ် ဓမ္မစာအုပ်များ၌ လာရှိထားသည်။ ၎င်းတို့နှင့် သက်ဆိုင်သည့် အချို့သော ဥပဒေသများမှာ အောက်ပါအတိုင်း ဖြစ်သည်။

  • တရားတော်မှ ပြဌာန်းထားသည့် ဇိုဟိုရ်အချိန်သည် ပထဝီဝင်ဒေသများ နှင့် တစ်နှစ်တာ၏ နေ့ရက်များအလိုက် ပြောင်းလဲသည်။ (3)
  • ဥပဒေပညာရှင်များ၏ ဖသ်ဝါမှာ တရားတော်မှ ပြဌာန်းထားသည့် ဇိုဟိုရ်အချိန်သည် ဇိုဟိုရ်နမာဇ် အစပြုသော အချိန် ဖြစ်သည်။ (4)
  • ဥပဒေပညာရှင်များ၏ အဆိုအရ ရိုဇာထားသူ တစ်ဦးသည် ပြဌာန်းထားသည့် ဇိုဟိုရ်အချိန် မတိုင်မီ ခရီးသွားပါက ၎င်း၏ ရိုဇာမှာ ပျက်ပြယ်သွားပေသည်။ (5)
  • ခရီးသွားသူသည် မိမိဇာတိမြို့သို့ ဇိုဂိုရ်အချိန် မတိုင်မီ ရောက်ရှိပါက သို့မဟုတ် ဆယ်ရက်နေရန် ရည်မှန်းထားသည့်နေရာသို့ ရောက်ရှိပါက ရိုဇာထားခြင်းအား ပျက်ပြားစေသော တစ်စုံတစ်ရာကို မပြုလုပ်ပါက ထိုနေ့တွင် ရိုဇာထားရမည်၊ အကယ်၍ ပြုလုပ်ခဲ့ပါက၊ ထိုနေ့တွင် ရိုဇာထားရမည်မှာ ဝါဂျီဘ်မဟု‌တ်ပေ။ (6)