တမန်တော်မြတ် (ဆွ )၏ သား ကာစင်မ်

wikishia မှ

        ကာစင်မ်သည် တမန်တော်မြတ် နှင့် ခတီဂျဟ် သခင်မတို့၏ သက်ဦးသားယောက်ျားလေးဖြစ်ကာ ဗေအ်စသ် မတိုင်မီ မက္ကာမြို့၌ မွေးဖွားခဲ့ပြီး ကလေးဘဝ၌ပင် ကွယ်လွန်သွားခဲ့သည်။ (1) အချို့သော ဖော်ပြချက်များ အရ ကွယ်လွန်ချိန်တွင် ၎င်း၏ အသက်သည် နှစ်နှစ်ဖြစ်သည် ဟု ဆိုထားသည်။ (2) တမန်တော်မြတ် ဆွ ၏ အစွဲပြုခေါ်ဆိုသော်အမည် အဘူလ်ကာစင်မ် ဟူသည် ၎င်း၏ အမည်မှ ရယူထားခြင်း ဖြစ်သည်။ (3)

        အချို့သော ဖော်ပြချက်များအရ၊ ကာစင်မ် ကွယ်လွန်ပြီးနောက် ၊ အာဆ်ွ ဗင်န် ဝါအီလ်သည် တမန်တော်မြတ် ဆွ ကို အဗ်သဲရ် အညွှန့်တုံးသူ ၊ မျိုးစက်မရှိသူ ဟူ၍ ခေါ်ဆိုခဲ့ရာ ယင်းအား တုံ့ပြန်သောအားဖြင့် စူရဟ် ကောင်စဲရ် ကျရောက်ခဲ့သည်။ (4) ဤအဖြသ်အပျက်သည် တမန်တော်မြတ်၏ အခြားသားဖြစ်သူ အဗ္ဗ်ဒုလ္လာဟ် နှင့်ပတ်သက်၍လည်း ဖော်ပြထားသည်။ (5) ကာစင်မ်အား မက္ကာမြို့တွင် မြုပ်နှံထားသည်။ (6)