ဇိုလိုင်းခါ

wikishia မှ

ဇိုလိုင်းခါ (အရဘီ : زليخا أو زليخاء أو زليخة) အီဂျစ်ဝန်ကြီးချုပ်၏ ဇနီး ဖြစ်ပြီး သူမ နှင့် ဟဇရသ် ယူစွဖ် (အ.စ) တို့ ၏ ဖြစ်ရပ်မှန် အကြောင်း ကျမ်းတော်မြတ် ကုရ်အာန် တွင် လာရှိပါသည်။ [1] ကျမ်းတော်မြတ် ကုရ်အာန် တွင် ဇိုလိုင်းခါ အမည်ကိုဖော်ပြထားခြင်းမရှိပါ။ «الَّتِی هُوَ فِی بَيْتِهَا» ( ထိုအမျိုးသမီး အိမ် ၌ ဟဇရသ် ယူစွဖ်(အ.စ) နေထိုင်ခဲ့သည်) ဆိုသည် အနက်အဓိပ္ပာယ် ဖွင့်ဆို ချက်ဖြစ်လာရှိပါသည်။ [2]ပြီးနောက် «امْرَأَتُ الْعَزِیز» ( အီဂျစ်ဝန်ကြီးချုပ်၏ ဇနီး) [3] ဆိုပြီး သူမကိုတင်ပြထားပါသည်။ [4] သို့သော်လည်း အချို့ သဖ်စီးရ် ကျမ်း အရင်းအမြစ်များ တွင် [5] သမိုင်းကျမ်း အရင်းအမြစ်များ [6] တွင် ဟဒီးစ်ကျမ်း အရင်းအမြစ်များ တွင် [7] သူမ အမည် ကို ဇိုလိုင်းခါ ဆိုပြီး မိတ်ဆက်ပေးထားပါသည်။ စွန်နီ သဖ်စီးရ် ပညာရှင် တစ်ပါး ဖြစ်သည့် ဖခ်ရ် ရာဇီး အနေဖြင့် ဤဇိုလိုင်းခါဆိုသည့် အမည် အတွက် ခိုင်လုံစိတ်ချရသည့် ကျမ်းကိုး အရင်းအမြစ်များ မရှိ ဟုဆိုထားပါသည်။ [8] အချို့သောရင်းမြစ်များတွင် အီဂျစ် ဝန်ကြီးချုပ် ၏ ဇနီး အမည်ကို ဇိုလိုင်းခါ ဟုခေါ်ကြောင်း ဆိုထားပါသည်။ [9]

ကျမ်းတော်မြတ်ကုရ်အာန် နှင့် သောင်ရာသ်ကျမ်းတွင် ဟဇရသ် ယူစွဖ် (အ.စ) နှင့် ဇိုလိုင်းခါ တို့၏ ဖြစ်ရပ်မှန် အကြောင်း တစ်ချို့ကို တင်ပြထားပါသည်။ [10] သုတေသီအချို့၏အဆိုအရ ကုရ်အာန် နှင့် သောင်ရာသ် ကျမ်း တွင်တို့တွင် ဤဖြစ်ရပ်မှန် အကြောင်း ကို အစီရင်ခံရာတွင် ကွဲပြားမှုများရှိပါ သည်။ [11]ကျမ်းတော်မြတ် ကုရ်အာန် ၏ အဆို အရ ဇိုလိုင်းခါ အနေဖြင့် ဟဇရသ် ယူစွဖ် (အ.စ) အား ဂိုနာဟ် ပြုရန် မဲဆွယ်ခဲ့ပါသည်။ သို့သော် ဟဇရသ် ယူစွဖ် (အ.စ) သည် «  အလ္လာဟ်ဟို အရှင်မြတ် ၏ ဘိုရ်ဟန်(ခ) သက်သေ ကို မြင်ပြီး » တံခါးဆီသို့ ပြေးသွားခဲ့ပါသည်။ [12] ရှီအဟ် သဖ်စီးရ် ပညာရှင်များ မှ တစ်ပါးဖြစ်သူ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ မကာရေမိုရှီးရာဇီး ၏ အဆို အရ ဟဇရသ် ယူစွဖ် (အ.စ) သည် မမြင် နိုင်သည့် အကူအညီ များ ကြောင့် ဂိုနာဟ် နေရာ မှ လွတ်မြောက်ခဲ့ပါသည်။ [13] ဇိုလိုင်းခါ သည်ဟဇရသ် ယူစွဖ် (အ.စ) ထံ ကို ရောက်ရှိလာပြီး သူ့ အင်္ကျီကို ဆုတ် ဖြဲလိုက်ပါသည်။ [14] တံခါးရှေ့တွင် ယူစွဖ် (အ.စ) နှင့် ဇိုလိုင်းခါ တို့သည် အီဂျစ် ဝန်ကြီး ချုပ် နှင့် ရင်ဆိုင်ခဲ့ကြရပါသည်။ [16] ယူစွဖ် (အ.စ) နှင့် ဇိုလိုင်းခါ တို့သည် အပြန်အလှန် တစ်ဦးနှင့် တစ်ဦး သစ္စာဖောက်သည်ဟု စွပ်စွဲ ခဲ့ကြပါ သည်။ [16] ထိုအချိန်တွင်၊ဇိုလိုင်းခါ ၏ ဆွေမျိုး သားချင်းများ မှ တစ်ဦးမှ ယူစွဖ် (အ.စ) ၏ အင်္ကျီ သည် နောက် ကျောမှ ဆုတ်ပြဲ နေပါက ယူစွဖ် (အ.စ) သည်အမှန်အတိုင်းပြောနေသည်ဟု သက်သေခံခဲ့ပါ သည်။ [17] ဤသို့ ဖြစ် ဟဇရသ် ယူစွဖ် (အ.စ) အပေါ် သစ္စာဖောက်သည်ဟု စွပ်စွဲ ထားချက်သည် ပယ်ပျက် သွားခဲ့ပါသည်။ [18]

အချို့သော အရင်းအမြစ်များ အရ ဟဇရသ် ယူစွဖ် (အ.စ) ကို မျက်နှာသာပေး သက်သေခံသော သက်သေမှာ ဇိုလိုင်းခါ ၏ ညီမသို့မဟုတ် အစ်မ ၏ သုံးလသား အရွယ် ကလေး ဖြစ်ကြောင်း သိရပါ သည်။[19] ထိုကလေးသည် အလ္လာဟ့် တန်ခိုးတော်နှင့် စကားပြောလေသည်။ [20] သို့သော် အခြား အရင်း အမြစ် များ တွင် ထိုသက်သေကို ပညာရှိဟု ဆိုထားကြပါသည်။ [21] အချို့ သဖ်စီးရ် ပညာရှင်များ ၏ အဆိုအရ ဇိုလိုင်းခါ ၏ တောင်းဆိုချက်အရ ဟဇရသ် ယူစွဖ် (အ.စ) ထောင်ချ ခံခဲ့ရပါသည်။[22] သို့သော် အချိန် အတော်ကြာပြီးနောက်ဇိုလိုင်းခါ သည် မိမိ ၏ အပြစ် နှင့် ယူစွဖ် (အ.စ) ၏ သစ္စာတရား ကို ဝန်ခံခဲ့ပါ သည်။[23]

ဇိုလိုင်ခါ သည် လှပပြီးချမ်းသာကြွယ်ဝသူ[24] ရုပ်တုကိုးကွယ်သူ အမျိုးသမီးဖြစ်သည်။ [25] အချို့သော သတင်းရင်းမြစ်များအရ ဇိုလိုင်ခါ သည် အသက်ကြီးမှနောင်တရပြီး အလ္လာဟ်တစ်ပါး တည်းကို ကိုးကွယ် သူအီမာန် ရှင် ဖြစ်လာပြီးနောက် ယူစွဖ်(အ.စ) ၏ ဒိုအာ (ဆုတောင်း) ဖြင့် ငယ်ရွယ်လာကာ ဟဇရသ် ယူစွဖ်(အ.စ) နှင့် လက်ထပ်ခဲ့ပါ သည်။ [27] ဇိုလိုင်ခါနှင့် ဟဇရသ် ယူစွဖ် (အ.စ) အိမ်ထောင် ပြုပြီးနောက် ကလေး နှစ်ဦးထွန်းကားကြောင်း ဆိုထားပါသည်။ [28] သို့သော် အချို့သော သုတေသီများသည် ၎င်းတို့၏ ရီဝါယသ်တော်များ နှင့် အထောက်အထားများတွင် အမှားအယွင်းများရှိနေခြင်း စသည့် အကြောင်းပြချက် အမျိုးမျိုးဖြင့် ဤရီဝါယသ်တော် များကို ကိုးကား၍ မရနိုင်ကြောင်းနှင့် ၎င်းတို့၏အကြောင်းအရာများကို သောက်ရာသ်ကျမ်း မှ ယူထားကြောင်းဆိုကြပါသည်။ [29]

သုတေသနပြုချက်များအရ ဇိုလိုင်ခါ သည် ဆူဖီများ ၏ အတွေးအခေါ်အများ အပြားသည်သူမ အတွင်း ဝင်နေပါသည်။ [30] ဆူဖီများ သည်ဇိုလိုင်ခါ ၏ စိတ်နေစိတ်ထားနှင့် အပြုအမူများကို အလွန်ချီးကျူးပြီး သူမ၏ စိတ်နေစိတ်ထားများနှင့် အပြုအမူများကို ရည်ညွှန်းခြင်းဖြင့် ၎င်းတို့၏ ဆန်းကြယ်သော အမြင်များကို ဖော်ပြခဲ့သည်ဟု ဆိုပါသည်။[31] ဟဇရသ် ယူစွဖ် (အ.စ) အတွက် ဇိုလိုင်ခါ ၏ ချစ်ခြင်း မေတ္တာ ဇာတ်လမ်း ကို ပါရှန်းဘာသာ ၊ တူရကီဘာသာ နှင့် ဥရောပဘာသာတို့၏ စာပေများအပါအဝင် ကမ္ဘာ့စာပေများတွင် ကျယ်ကျယ် ပြန့်ပြန့် ထင်ဟပ် ဖော်ပြထားပါသည်။[32] အောက်ပါကဗျာ ပိုဒ်များသည် ယင်း၏ ဥပမာတစ်ခုဖြစ်ပါသည်။

گرش ببینی و دست از ترنج بشناسی ***** روا بود که ملامت کنی زلیخا را [33]
زلیخا چو گشت از میِ عشق مست ***** وَ بِجُرْد الخَیلِ بَعْدَ القَتْلِ عَمْداً سَحِقُونی
چنان دیو شهوت رضا داده بود ***** که چون گرگ در یوسف افتاده بود. [34]

အထက်ပါ ကဗျာ၏ ဆိုလိုချက်များ မှ တစ်ခု မှာ ဟဇရသ် ယူစွဖ် (အ.စ) အား မြင်မြင်ခြင်း မချစ်မိဘူးဆိုရင် မိမိတို့၏ လက်‌ကိုမဖြတ်မိဘူးဆိုလျှင်ဇိုလိုင်ခါ ဟဇရသ် ယူစွဖ်(အ.စ) ကို ချစ်သည့် အချစ် ကို အပြစ်တင် ဝေဖန် နိုင်ပါသည်။

အောက်ခြေ မှတ်စုများ

ကျမ်းကိုးများ