ဇိုင်နွလ်အာဗေဒီးန်

wikishia မှ

ဇိုင်နွလ်အာဗေဒီးန် (အာရဗီ-زین‌العابدین) အေမာမ်စဂျာဒ်(အစ) အား ဇိုင်နွလ်အာဗေဒီးန် ဟူသော ဂုဏ်ပုဒ် မှဲတွင်ရခြင်းမှာ ၎င်း၏ ကိုးကွယ်ဆည်းကပ်မှု များပြားခြင်း နှင့် အေဘာဒသ် အလွန်ပြုလုပ်မှု တိုကြောင့် ဖြစ်သည်ဟု သတ်မှတ်ထားကြသည်။ [၁] အဲဟ်လေစွန္နသ် တို၏ ဖီကဟ်ပညာရှင် ၊ ဟဒီးကောက်နုတ်သူ မာလီက် ဗင် အနက်စ် ကောက်နုတ် ဖော်ပြထားသည်မှာ အေမာမ်စဂျာဒ်(အစ) သည် နေ့စဉ် နမာဇ် ရကအသ် ၁၀၀ ဖတ်ရွတ်လေသည်။ ထိုသို အေဘာဒသ် ၀တ်ပြုမှုကြောင့် ၎င်းအား ဇိုင်နွလ်အာဗေဒီးန် ဟူ၍ ခေါ်ဝေါ်ကြသည်။ [၂] ထိုအတူ ဟဒီးကျမ်းကိုးများ၌ အေမာမ်စဂျာဒ်(အစ) အား ဆိုင်ယိဒွလ်အာဘီဒီးန် ဟူ၍ ဖော်ပြထားသည်။ [၃] အိစ်လာမ့်သမိုင်းကြောင်း၌ ပြောထားသည်မှာ အလီ ဗင်န် ဟူစိန်း (အစ) အပ အခြားမည်သူတစ်ဦးတစ်ယောက်ကိုမှ ဇိုင်နွလ်အာဗေဒီးန် ဟူ၍ မခေါ်ဝေါ်ခဲ့ပေ။ [၄] အီလက်လ္လုလ်ရှရာယေအ် စာအုပ်၌ လာရှိထားသည့် ရေဝါယသ်များအရ ဟီဂျရီ နှစ်ရာစုမှ အေမာမ်စဂျာဒ်(အစ) အား ဤဂုဏ်ပုဒ်ဖြင့် ခေါ်ဝေါ်ခဲ့ကြသည်။ [၅] အဲဟ်လေစွန္နသ် တို၏ ဖီကဟ်ပညာရှင် ၊ ဟဒီးစ်ကောက်နုတ်သူဖြစ်သည့် အိဗ်နေ ရှဟာဘ် ဇိုဟ်ရီး သည် အေမာမ်စဂျာဒ်(အစ) ထံမှ ရေဝါယသ် ကောက်နုတ်ဖော်ပြသည့် အချိန်တိုင်း ၎င်းအား ဇိုင်နွလ်အာဗေဒီးန် ဟူ၍ သုံးနှုးပေသည်။ ဆိုဖီယာန်း ဗင်န် အိုယိုင်နဟ် ( ဟီဂျရီ၁၀၇-၁၉၈) မေးသည်မှာ အဘယ်ကြောင့် အေမာမ်စဂျာဒ်(အစ) အား ဇိုင်နွလ်အာဗေဒီးန် ဟူ၍ ခေါ်ကြသနည်း? ထိုအခါ ဇိုဟ်ရီး သည် တမန်တော်မြတ်(ဆွ) ၏ မိန့်ဆိုချက်တစ်ခု ဖြစ်သည့် ( ကေယာမသ်နေ့၌ ဇိုင်နွလ်အာဗေဒီးန် ဘယ်မှာလည်း ဟူသော အသံတစ်သံ ထွက်ပေါ်လာသည့်အခါ လူအများကြား လန်းလျှောက်လာမည့် ကျွန်ုပ်၏ သားဖြစ်သူ အလီ ဗင်န် ဟူစိန်း ကိုတွေ့ရှိရပေမည်)ဟူသော ရေဝါယသ် အား ဖော်ပြ၍ ‌‌ေဖြဆိုခဲ့သည်။ [၆] ကက်ရှ်ဖွလ်ဂမ္မ်ဟ် စာအုပ်၌ စနက်သ် ဖော်ပြချက် မရှိဘဲ စတုတ္ထမြောက် အေမာမ်အား ဇိုင်နွလ်အာဗေဒီးန် ဟူ၍ ခေါ်ဆိုကြောင်းနှင့် ပတ်သက်ပြီး လာရှိထားသည်မှာ အေမာမ်စဂျာဒ်(အစ) သည် ညတစ်ညတွင် မဟ်ရာဘ် ၌ သဟ်ဂျွဒ် နမာဇ် ဖတ်ရွတ်နေသည့်အချိန် ၎င်းအား أنْتَ زَینُ الْعابدین؛ အသင်သည် ဇိုင်နွလ်အာဗေဒီးန် ဖြစ်ပါသလား ? ဟူ၍ သုံးကြိမ်သုံးခါ ခေါ်ဆိုသည့် အသံ တစ်သံအား ကြားခဲ့သည်။ ထိုအဖြစ်အပျက်ပြီးနောက် လူအများကြား ဇိုင်နွလ်အာဗေဒီးန် ဟူသော ဂုဏ်ပုဒ်ဖြင့် ကျော်ကြားခဲ့လေသည်။ [၇]

မှတ်စုများ

  1. قرشی، حیاة الامام زین‌العابدین، ۱۴۰۹ق، ج۱، ص۱۴۵و۱۴۶.
  2. ذهبی، العبر، دار الکتب العلمیه، ج۱، ص۸۳.
  3. برای نمونه نگاه کنید به:‌ صدوق، علل الشرابع، ۱۳۸۵ش، ج۱، ص۱۳۲.
  4. قرشی، حیاة الامام زین‌العابدین، ۱۴۰۹، ج۱، ص۱۸۷.
  5. قرشی، حیاة الامام زین‌العابدین، ۱۴۰۹، ج۱، ص۱۸۷.
  6. صدوق، علل الشرابع، ۱۳۸۵ش، ج۱، ص۲۲۹-۲۳۰.
  7. اربلی، کشف الغمة، ۱۴۲۱ق، ج۲، ص۶۱۹.

ကျမ်းကိုးမျာ

  • اربلی، علی بن عیسی، کشف الغمة فی معرفة الأئمة، رضی، ۱۴۲۱ق.
  • ذهبی، محمد بن احمد، العبر فی خبر من غبر، تحقیق ابوهاجر محمد سعید بن بسیونی زغلول، بیروت، دار الکتب العلمیه، بی‌تا.
  • صدوق، محمد بن علی، علل الشرایع، قم، کتاب‌فروشی داوری، ۱۳۸۵ق/۱۹۶۶م.
  • قرشی، باقر شریف، حیاة الامام زین العابدین، بیروت، دارالاضواء، ۱۴۰۹ق.