ဇဘီးဟုလ္လာဟ်

wikishia မှ


ဇဘီးဟုလ္လာဟ် ဟူသည်၊ တမန်တော် အိဗ်ရာဟီးမ်၏ သားဖြစ်သူ တမန်တော် အိစ်မာအီးလ်၏ ဂုဏ်ပုဒ် ဖြစ်သည်။ ယင်းမှာ အရှင်မြတ်၏ အမိန့်တော်ဖြင့် ၎င်းအား လယ်လှီးရန် တမန်တော်အိဗ်ရာဟီးမ် ကို တာဝန်ပေးအပ်ခဲ့သည်။ ကုရ်အာန်တွင် ထိုလယ်လှီးခြင်း အဖြစ်အပျက်ကို ဖော်ပြထားသော်လည်း ဇဘီးဟ် (လယ်လှီးခံရသူ) ၏ အမည်ကို မဖော်ပြထားပေ။ ရှီအဟ်များသည် ဇဘီးဟုလ္လာဟ် ကို တမန်တော် အိစ်မာအီးလ်၏ ဂုဏ်ပုဒ် ဟုသ်မှတ်ထားပြီး ယဟူဒီများသည် တမန်တော် အိစ်ဟာက်၏ ဂုဏ်ပုဒ် ဟူ၍ သတ်မှတ်ထားသည်။ အဟ်လေစွန္နသ်တို့သည်လည်း ဇဘီးဟုလ္လာဟ် သည် တမန်တော် အိစ်မာအီလ် ဖြသ်သလော သို့မဟုတ် တမန်တော် အိစ်ဟာက်ဖြစ်သလော နှင့်ပတ်သက်ပြီး ကွဲပြားသော အမြင်များ ရှိပေသည်။

လယ်လှီးသည့်အဖြစ်အပျက်

ဇဘီးဟုလ္လာဟ် သည် အရှင်မြတ်အတွက် ကုရ်ဘာနီ ပေးခြင်း (လယ်လှီးခြင်း) သို့မဟုတ် ခေါင်းဖြတ်ခြင်း ကိုဆိုလိုသည်။ ဇဘီးဟုလ္လာဟ် သည် တမန်တော်အိဗ်ရာဟီးမ်၏ သားတစ်ဦး၏ ဂုဏ်ပုဒ်ဖြစ်ပြီး ယင်းအား အရှင်မြတ် လမ်းတော်၌ ကုရ်ဘာနီပေးရန် အရှင်မြတ်ထံမှ တာဝန်ပေးအပ်ခြင်းခံရသည်။ (1) ကုရ်အာန်ကျမ်းတော်မြတ်အရ တမန်တော်အိဗ်ရာဟီးမ်သည် သားတော်ကို လယ်လှီးသည်ဟု အိပ်မက်မက်သောကြောင့် ဤကိစ္စကို သားတော်နှင့် ဆွေးနွေးခဲ့ပြီး သားတော်သည် အရှင်မြတ်၏၏ အမိန့်တော်အတိုင်း ပြုမူရန် တောင်းဆိုခဲ့သည်။၎ င်းတို့နှစ်ဦးသည် အရှင်မြတ်၏ အလိုတော်အတိုင်း နာခံကာ တမန်တော်အိဗ်ရာဟီးမ်သည် သားတော်ကို လယ်လှီးရန် ကုရ်ဘာနီ ပြုလုပ်သည့်နေရာ၌ လှဲလှောင်းစေသောအခါ “ အိုအိဗ်ရာဟီးမ်၊ အသင့် အိပ်မက်ကို အကောင်အထည် ဖော်ခဲ့သည်။ ဧကန်စင်စစ် ကျွန်ုပ်တို့သည် ကောင်းမွန်သူများကို ဤသို့ ချီးမြှောက်ပေသည် ( လုပ်ရပ်အစား ၎င်းတို့ရဲ့ ဖြူစင်သော ရည်ရွယ်ချက်ကို ကျွန်ုပ်တို့ လက်ခံပေသည်) ယုံကြည်စိတ်ချစွာဖြင့် ထိုစမ်းသပ်ချက်သည် ရှင်းရှင်းလင်းလင်းဖြစ်သွားကာ ကျွန်ုပ်တို့သည် ၎င်း၏ ကလေးကို ထိုကြီးကျယ်သော ကုရ်ဘာနီ ပြုလုပ်ခြင်း (လယ်လှီးခြင်း) မှ ကယ်တင်ခဲ့သည်။ ဟူသော အသံ လာရှိပေသည်။ (2) ရေဝါယသ်များအရ၊ ဂျီဘ်ရာအီလ်သည် အရှင်မြတ်၏ အလိုတော်ဖြင့် ဓားကို အလုပ်မလုပ်စေရန် တားဆီးခဲ့ပြီး သားတော်အစား ဂျန္နသ်မှ သိုးထီးတစ်ကောင်ကို သတ်ဖြတ်ရန် အစားပေးခဲ့သည်။ (3) အီးဒေ ကုရ်ဘာနီ နေ့၌ ကုရ်ဘာနီ ပြုလုပ်ခြင်း စွန္နသ်သည် ၊ ၎င်းပြုခဲ့သည့် ကုရ်ဘာနီကို သတ်ရစေရန် ဖြစ်သည်။ (4) ဇီဘ်ဟ် ဆိုသည်မှာ အဘိဓာန်၌ ၊ ခေါင်းဖြတ်ခြင်း ကိုဆိုလိုသည်။ (5)

ဇဘီးဟ် ဟူသည် မည်သူ၏ ဂုဏ်ပုဒ် ဖြစ်သနည်း?

ကုရ်အာန်တွင် ထိုလယ်လှီးခြင်း အဖြစ်အပျက်ကို ဖော်ပြထားသော်လည်း ဇဘီးဟ် (လယ်လှီးခံရသူ) ၏ အမည်ကို မဖော်ပြထားပေ။ (6) ဇဘီးဟုလ္လာဟ် သည် တမန်တော်အိဗ်ရာဟီးမ်၏ သားနှစ်ယောက် အနက် မည်သူ့၏ ဂုဏ်ပုဒ်ဖြစ်ကြောင်း နှင့်ပတ်သက်၍ သဘောထား နှစ်ခုရှိပေသည်။ အချို့မှာ ယင်းအား တမန်တော် အိစ်မာအီလ်၏ ဂုဏ်ပုဒ် ဖြစ်သည်ဟု လက်ခံထားကာ အချို့သည် တမန်တော်အိစ်ဟာက်၏ ဂုဏ်ပုဒ် ဖြစ်သည်ဟု မှတ်ယူထားကြသည်။ ဗေဟာရုလ်အန်ဝါရ်၌ အလ္လာမဂ် မဂ်ျလေစီသည် ထိုသဘောထား နှစ်မျိုးစလုံး၏ ရေဝါယသ်များကို စုစည်းဖော်ပြထားသည်။ (7)

အိစ်မာအီးလ်

ရှီအဟ် သဖ်စီးရ်ပညာရှင်များသည် စူရဂ်ဆွာဖှာသ် အာယသ် ၁၀၁ - ၁၁၃ ကိုထောက်ထား၍ အရှင်မြတ်သည် အိစ်ဟာက် မွေးဖွားလာမည် ဟူသော သတင်းကောင်းကို (8) အိစ်မာအီလ် မွေးဖွားခြင်း နှင့် ဇီဘ်ဟ် ပြုလုပ်ခြင်း သတင်းကောင်း မတိုင်မီ (9) တမန်တော် အိဗ်ရာဟီးမ်အား ပေးခဲ့သည်ဟု ယုံကြည်ကြသည်။ (10) အာယသုလ္လာဟ် မကာရင်မ်၏ အဆိုအရ၊ ဇဘီးဟုလ္လာဟ် အား အိစ်ဟာက် ဖြစ်သည်ဟု လက်ခံထားသူများသည် ၊ ကုရ်အာန်ကျမ်းတော်မြတ်တွင် တမန်တော်အိဗ်ရာဟီးမ်အား အရှင်မြတ် ပေးခဲ့သော သတင်းကောင်းနှစ်ခုသည် အိစ်ဟာက် နှင့် သက်ဆိုင်သည် ဟူ၍ လက်ခံထားကြသည်။ ပထမ သတင်းကောင်းကို ၎င်းမွေးဖွားခြင်း နှင့် ဒုတိယ သတင်းကောင်းကို ၎င်း၏ နဗူဝသ် တမန်တော်အရိုက်အရာ ဆက်ခံခြင်း နှင့်ပတ်သက်မှုပေးကြသည်။ အာယသုလ္လာဟ် မကာရင်မ်၏ အမြင်တွင် ဤအာယသ်များမှ သတင်းကောင်း နှစ်ခုသည် သားနှစ်ယောက် အကြောင်းဖြစ်ကြောင်း ထင်ရှားပေသည်။ (11) ထို့အတူ အလ္လာမဟ် သွဗာသွဗာယီး သည်၊ ဤအာယသ်တော်များ၏ အကြောင်းအရာနှင့် ရှင်းလင်းပြတ်သားမှုများကို ကြည့်ခြင်းအားဖြင့် ဇဘီးဟုလ္လာဟ်သည် အိစ်မာအီလ် ဖြစ်ကြောင်း ညွှန်ပြသည်ဟုလည်း ယုံကြည်ထားသည်။ (12) အချို့သော ရေဝါယသ်များတွင်လည်း အိစ်မာအီးလ်အား ဇဘီးဟုလ္လာဟ် ဟူ၍ မိတ်ဆက်ထားသည်။ ဥပမာ တမန်တော်မြတ်(ဆွ) သည် ရေဝါယသ်တစ်ခု၌ မိမိကိုယ်ကို အိဗ်နေဇဘီဟိုင်းန် ဟူ၍ မိန့်ဆိုသွားခဲ့သည်။ (13) ထို့အတူ အေမာမ်အလီ(အစ) ထံမှလာရှိထားသည့် မရှ်လူးလ်ဒိုအာ (14) နှင့် အေမာမ်ဆွာဒီက်(အစ) ၏ ရေဝါယသ် (15) နှင့် အေမာမ်ရေဇွာ(အစ) ၏ ရေဝါယသ် (16) တို့၌ ဖော်ပြထားသည်မှာ ၊ အိစ်မာအီးလ်အား အိစ်မာအီးလ်အား ဇဘီးဟုလ္လာဟ် ဟူ၍ မိတ်ဆက်ထားသည်။ ထို့နောက် ဇေယရသ် ရိုဖိုင်လဟ် ( ရဂျက်ဘ်လဝတ်၌ ဖတ်ရသည့် သီးသန့် အေမာမ်ဟိုစိုင်းန်(အစ) ၏ ဇေယာရသ်) တွင် «السَّلامُ عَلَیک یا وارِثَ إسماعیلَ ذَبیحِ اللّه» ဟူသော စကားစုဖြင့် ‌အေမာမ်ဟိုစိုင်းန်(အစ) အား ဇဘီးဟုလ္လာဟ် အိစ်မာအီးလ်၏ အမွေဆက်ခံသူ အဖြစ် စလာမ်ပို့သထားသည်။ (17) အချို့သော စာရေးဆရာများသည် ဟာဂျရ်၏ ရွှေ့ပြောင်းနေထိုင်မှု အဖြစ်အပျက်နှင့် အိစ်မာအီးလ် မွေးဖွားခြင်းကို ဇီဘ်ဟ် လုပ်သည့် အဖြစ်အပျက် နှင့်ချိတ်ဆက်ပြီး အိစ်မာအီးလ်၏ ကုရ်ဘာနီပေးခြင်းသည် ထိုအဖြစ်အပျက်ကို ပြီးပြည့်စုံစေသည် ဟူ၍ သတ်မှတ်ထားသည်။ (18) ရှီးခ်ဆူဒူက်သည်၊ ရေဝါယသ်များ၏ ကွဲပြားမှုများကို ရည်ညွှန်းပြီး အိစ်မာအီးလ်အား ဇဘီးဟုလ္လာဟ် ဟူ၍ လက်ခံထားပြီး “ အိစ်ဟာက်သည် ဇီဘ်ဟ် ပြုလုပ်သည့် အဖြစ်အပျက် ပြီးနောက် မွေးဖွားလာသည့်အတွက် မျှောင့်လင့်ချက် ထားရှိသည်မှာ ၎င်းကိုယ်တိုင်လည်း မိမိ၏ ဖခင်ကိုယ်တိုင် ဇီဘ်ဟ် ပြုလုပ်သည့် တာဝန်ကို ထန်းဆောင်ခဲ့ပြီး ဇီဘ်ဟ် ပြုလုပ်ခြင်းခံရသူဖြစ်လိုခဲ့သည်။ သို့သော် အိစ်မာအီးလ်ကဲ့သို့ အရှင်မြတ်၏ အမိန့်တော်အပေါ် လိုက်နာခဲ့ပြီး ၎င်း၏ အမိန့်တော်အတိုင်း သည်းခံစောင့်ဆိုင်းကာ အိစ်မာအီးလ် ရရှိသည့် အဆင့်သို့ ရောက်ရှိခဲ့သည်။ (19) အချို့သော အဟ်လေစွန္နသ် သဖ်စီးရ် ပညာရှင်များသည် အချု့သော် ရေဝါယသ်များကို ထောက်ထားခြင်းဖြင့် ဇဘီးဟ် ဇီဘ်ဟ်ပြုလုပ်ခံရသူကို အိစ်မာအီးလ် ဟူ၍ မှတ်ယူထားကြသည်။ ထိုအုပ်စုကို ၊ အဘူဟိုရိုင်းရဟ် ၊ အာမှရ် ဗင်န် ဝါစီလဟ်၊ အဗ္ဗ်လ္လာဟ် ဗင်န် အွမ္မရ် ၊ အိဗ်နေအဘ္ဘာစ်၊ စအီးဒ် ဗင်န် မိုစိုင်ယိဘ်၊ ယူစုဖ် ဗင်န် မဟ်ရာန် ၊ ရဘီးအ် ဗင်န် အနက်စ် ... စသည့် ‌ရေဝါယသ် ကိုးကားသူများနှင့် ပတ်သက်မှု ပေးထားပေသည်။ (20) ထို့အတူ ဖခ်ရ်ရာဇီ နှင့် အိဗ်နေအာရှီရ် တို့သည် ဇီဘ်ဟ်ပြုလုပ်ခံရသူမှာ အိစ်မာအီးလ် ဖြစ်သည်ဟူ၍ ယူဆထားကြသည်။ (21)

အိစ်ဟာက်

အချို့သော အဟ်လေစွန္နသ် သဖ်စီးရ် ပညာရှင်များသည် ဇဘီးဟုလ္လာဟ် ကို အိစ်ဟာက်၏ ဂုဏ်ပုဒ် ဖြစ်သည်ဟု သတ်မှတ်ထားသည်။ ထိုသို့ဆိုသူများကို အွမ္မရ် ဗင်န် ခသွာဘ်၊ စအီးဒ် ဗင်န် ဇိုဘိုင်းရ်၊ ကအ်ဘုလ်အဟ်ဘာရ်၊ ကသာဒဟ် ၊ ဇုဟရီ ၊ သွဗရီး၊ နှင့် မာလီက် ဗင်န် အနက်စ် တို့နှင့် ပတ်သက်မှုပေးထားသည်။ (22) အာယသုလ္လာဟ် မကာရင်ျမ ရှီရာဇီ သည်၊ သော ရေဝါယသ်များကို အစ္စရေးလူမျိုးများ၏ မှလာရှိထားပြီး ဤ‌သို့‌ေရဝါယသ်များကို ယဟူဒီများမှ လုပ်ကြံ ရေးသား ပြုလုပ်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု ယူဆထားသည်။ (23) ထို့အတူ၊ သောင်ဝ်ရသ်ကျမ်း၌၊ အိစ်ဟာက်အား ဇဘီးဟုလ္လာဟ် ဖြစ်သည်ဟု ဖော်ပြထားသည်။ (24) သို့သော် ၊ အကြောင်းအရာတစ်ခု၌ ဇဘီးဟ်အား တမန်တော် အိဗ်ရာဟီးမ်၏ တစ်ဦးတည်းသောသား ဖြစ်သည်ဟူ၍ မိတ်ဆက်ခဲ့သည်။ (25)

=အိဗ်နေ ဇဘီဟိုင်းန်

အချို့ရေဝါယသ်များတွင်၊ အရှင်မြတ်၏ လမ်းတော်၌ သားသမီးတစ်ဦးကို ကုရ်ဘာနီ ပေးမည်ဟု ကတိကဝတ် ပြုခဲ့သည့် အဗ်ဒုလ်မိုသွလီဘ်၏ အဖြစ်အပျက်အရ၊ ၊ အဗ်ဒုလ်မိုသွလီဘ်၏သား အဗ္ဗ်ဒုလ္လာဟ်ကို ဇဘီးဟ် ဟူ၍လည်းကောင်း၊ တမန်တော်မြတ်ကြီးအား အိဗ်နေ ဇဘီဟိုင်းန် ဟူ၍လည်းကောင်း၊ ဖော်ပြထားသည်။ (26)