ဇဘီဟဟ်ဟေအဲဟ်လေ့ကေသာဗ်

wikishia မှ
သောင်ဇီးဟိုလ်မစာအေလ်ကျမ်း

ဇဘီဟဟ်ဟေအဲဟ်လေ့ကေသာဗ် (အရဘီ: ذبيحة أهل الكتاب ) ဆိုသည်မှာ အဲဟ်လေ့ကေသာဗ် ( အလ္လာဟ် ဟို အရှင်မြတ် ချီးမြှင့်ထားသည့် ကျမ်းရ တမန်တော်မြတ် (အ.စ) တစ်ပါးပါး၏ နောက်လိုက်သူ) သည် ဇေဘ်ဟ် လည်လှီးထားသည့် တိရစ္ဆာန် ကို ခေါ်ဆိုပါသည်။ [1] ရှိက်ခ် ဘဟာရီ ( ဟီဂျရီ သက္ကရာဇ် ၁၀၃၁ ခုနှစ်တွင် ကွယ်လွန် ) ၏ အဆို နှင့် အခြား ဖေက် (ဓမ္မသတ်) ပညာရှင်များ အများစု သည် ပမာ အား ဖြင့် ရှိက်ခ်သူစီ [2] ရှိက်ခ် မိုဖီးဒ် [3] ဆယက်ဒ် မိုရ်သဇွာ [4] တို့၏ အဆိုအရ ဇဘီဟဟ်ဟေအဲဟ်လေ့ကေသာဗ် အားစား သုံးခြင်းသည် ဟရာမ် ဖြစ်ပါသည်၊ [5] လည်လှီးသည့် အချိန်တွင် အဲဟ်လေ့ကေသာဗ် တို့သည် အလ္လာဟ် အမည်တော် ကို ယူ၍ လှီးထားသည်ပင် ဖြစ်ပါစေ။(ဟရာမ် ဖြစ်လေ၏။) [6] အေမာမ် ခိုမေနီ ၏ အမြင်သည် လည်း ဤ အတိုင်း ဖြစ်ပါသည်။ [7]ဤပညာရှင်များ အုပ်စု မှ ရီဝါယသ်တော်များ [8] ကို ကိုးကား ပြီး ပြောဆိုသည်မှာ ကျမ်းတော်မြတ် ကုရ်အာန် စူရဟ် မာအေဒဟ် အရ အဲဟ်လေ့ကေသာဗ် ၏ လက်မှ ဟလာလ် အစားအစာ ဆိုသည် မှာ သာမန် အစားအစာများ ဖြစ်ပါသည်။ အဲဟ်လေ့ကေသာဗ် လည်လှီးထား တိရစ္ဆာန် ၏ အသား ကိုခေါ်ဆိုခြင်းမဟုတ်ချေ။ [9] ထိုနည်း တူစွာ ဤပညာရှင်များ အုပ်စု ၏ အဆိုအရ အဲဟ်လေ့ကေသာဗ် လည်လှီးသတ်ထားသည့် တိရစ္ဆာန် များ သည် အသေသား စာရင်း ဝင်သွားပြီး နဂျစ် ဖြစ်ပါသည်။ ထိုတိရစ္ဆာန်များ ၏ သားရေ နှင့် အရေပြား ကို အသုံမပြုနိုင် ချေ။[10] ရှိက်ခ် ဘဟာရီ ၏ အဆိုအရ ဖေက် (ဓမ္မသတ်) ပညာရှင် အနည်းငယ်က ဇဘီဟဟ်ဟေအဲဟ်လေ့ကေသာဗ် ကို ဟလာလ်အဖြစ် သတ်မှတ်ကြပါသည်။ [11] အလာမဟ် ဟစ်လ်လီ သည် ဤအဆို သည် အစ်ဗ်နေအဘီ အကီးလ် [12] နှင့် အစ်ဗ်နေဂျိုနိုင်းဒ် အစ်ကာဖီ [13] တို့ ဖြစ်သည် ဟုဆိုထားပါသည်။ ရှိက်ခ် ဆူဒူက် [14] နှင့် မိုဟက်ကစ်အရ်ဒိုင်းဘေလီ တု့၏ ယုံကြည် ချက် အရ [15] လည်လှီးသည့် အချိန်တွင် အဲဟ်လေ့ကေသာဗ် တို့သည် အလ္လာဟ် အမည်တော် ကို ယူ၍ လှီးထားမည်ဆိုလျှင် ဟလာလ်ဖြစ်ပါ သည်။ [16]

ဤခေါင်းစဥ် နှင့်ပတ်သက်၍ စာအုပ်များ ရေးသားသီးကုံးထားပါသည်။ ပမာအားဖြင့် -

  • စာအုပ် အမည်မှာ သဲဟ်ရီမို ဇဘာအဟ် အဲဟ်လေ့ ကေသာဗ် (အရဘီ - تحریم ذبائح اهل الکتاب ) ဖြစ်ပြီး ရှိက်ခ် မိုဖီးဒ် [17] ( ဟီဂျရီ သက္ကရာဇ် ၄၁၃ ခုနှစ်တွင် ကွယ်လွန် ) ရေးသားသီးကုံးထားတာ ဖြစ်ပါသည်။ရှိက်ခ် မိုဖီးဒ် အနေဖြင့် ဤစာအုပ်တွင် ကျမ်းတော်မြတ် ကုရ်အာန် ၊ ရီဝါယသ်တော်များ ၊ အေဂျ်မာအ် တို့ကို အသုံးပြု၍ ဇဘီဟဟ်ဟေအဲဟ်လေ့ကေသာဗ် ဟရာမ် ဖြစ်ကြောင်း ရေးသားထားပါသည်။ [18] ဟရာမ် ဖြစ်ကြောင်းကို ဆန့်ကျင်သူများ အမြင် ကို မှားကြောင်း အကြောင်းပြချက် သက်သေအထောက်အထားများ ကို ‌တင်ပြထားပါသည်။ [19]
  • စာအုပ် အမည်မှာ ဟိုရ်မသွန် ဇဘာအဟ် အဲဟ်လေ့ ကေသာဗ် (အရဘီ - حرمة ذبائح اهل الکتاب ) ဖြစ်ပြီး ရှိက်ခ် ဘဟာရီ [20] ( ဟီဂျရီ သက္ကရာဇ် ၁၀၃၁ ခုနှစ်တွင် ကွယ်လွန် ) သည် ရှားဟ် အဘာစ် ဆဖ်ဝီး ၏ တောင်းဆိုချက် အရ ‌ရေးသား သီးကုံးခဲ့ခြင်း ဖြစ်ပါသည်။ [21] ရှိက်ခ် ဘဟာရီ အနေဖြင့် ပထမဦးစွာ ရှီအဟ် နှင့် စွန်နီပညာရှင်များ၏ သဘောထားကို စမ်းစစ်ခဲ့ပါသည်။ [22] ဤစာအုပ်တွင် စာရေးသူသည် ဇဘီဟဟ်ဟေအဲဟ်လေ့ကေသာဗ် ဟရာမ် ဖြစ်ကြောင်း ကို ငြင်းဆိုထားပါသည်။ပြီးနောက် ဤကိစ္စ နှင့် ပတ်သက်ပြီး ဟလာလ် ဖြစ်ကြောင်း ဟရာမ် ဖြစ်ကြောင်းကို တစ်ခုကိုမှ ဖသ်ဝါ မပေးထားဘဲ “ အလ္လာဟ် ဟို အရှင်မြတ်သည် ဖြစ်ရပ်မှန် ကို သိတော်မူ၏ “ ဆိုသည် ဝါကျ ကိုသာ ရေးသားတင်ပြထားပါသည်။ [23]

အောက်ခြေ မှတ်စုများ

ကျမ်းကိုးများ