ဇစ်ဘ်ဟေရှရီအီ

wikishia မှ
သောင်ဇဇီးဟိုလ်မဆာ‌အေလ်ကျမ်း

ဇစ်ဘ်ဟေရှရီအီ (အရဘီ- الذبح الشرعي ) ဆိုသည်မှာ တိရစ္ဆာန်များ ၏ လည်အား (အစ္စလာမ့်) တရားတော် နှင့် အညီ လှီးဖြတ်ခြင်းကို ခေါ်ဆိုပါသည်။ ကုန်းပေါ်တွင်နေထိုင်သော ဟလာလ် တိရစ္ဆာန် များ (ကျိုင်း ကောင် များ နှင့် ကုလားအုတ်များမှအပ) သွေးပန်း၍ထွက်သည့် ရေနေသတ္တဝါများ သည် ဇစ်ဘ်ဟေရှရီအီ ပြုပြီး နောက် သန့်ရှင်းသန့်စင် သွားပါသည်။ ၎င်းအသားများသည် ဟလာလ် ဖြစ်သွားပါသည်။ ထိုနည်းတူစွာ ၎င်းတို့၏ အသားဟရာမ် ဖြစ်သည့် တိရစ္ဆာန် များ ကို ဇစ်ဘ်လုပ်ပြီးနောက် သန့်ရှင်း သွားပါသည်။ ဖေကဟ်ပညာရှင်များ ၏ ဖသ်ဝါ အရ ထိုတိရစ္ဆာန် ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများ စားသုံး ခြင်း ၊ နမာဇ်တွင် အသုံးပြုခြင်းမှ အပ အခြား ကိစ္စများ တွင် အသုံး ပြု နိုင်ပါသည်။

အစ္စလာမ်ဘာသာတွင် ဇစ်ဘ်ဟေရှရီအီ အကောင်အထည်ဖော်ရန် အခြေအနေများ မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ လည်လှီးဖြတ်မည့် အရာ သည် သံ ပစ္စည်း ဖြစ်ရပါမည်။ ကအ်ဘဟ်ဝတ်ကျောင်းတော် ဘက် (မြန်မာနိုင်ငံအရ အနောက်အရပ်သို့) တိရစ္ဆာန် ၏မျက်နှာ ကိုမူထားပေးရပါမည်။ လည်လှီး ဖြတ်မပြုမည် အရင် တိရစ္ဆာန် အသက်ရှင်နေရပါမည်။ လည်လှီးဖြတ်မည့်သူ သည် မွတ်စ်လင်မ် ဖြစ်ရပါမည်။ တိရစ္ဆာန်၏ လည်ကို လှီးချိန် နှုတ်မှ အလ္လာဟ် အမည် ကို ရွတ်ဆိုရပါမည်။ ပြီးနောက် လည်ပင်း ၏ သွေးပြန် ‌ကြောလေးခု လုံး အပြည့်အဝ ဖြတ်တောက် သွားရပါမည်။ ဂျူး(ရဟူဒီ) ဘာသာရေးတွင် တိရစ္ဆာန်များကို သတ်ရန် စည်းမျဥ်းစည်းကမ်း များ ပြဆိုထားပါသည်။ အစ္စလာမ့် ဘာသာတွင် တိရိစ္ဆာန်များကို လည်လှီးဖြတ်ခြင်းအတွက် ကျင့်ဝတ်များ ရှိပြီး တိရစ္ဆာန်များ၏ နာကျင်မှုကို သက်သာစေရန် ကျင့်ဝတ်များ ရှိသော်လည်း အချို့သော အစ္စလာမ်မဟုတ်သော နိုင်ငံများတွင် အစ္စလာမ် နည်း အရ လည်လှီး သတ်ခြင်းကို တားမြစ်ထား ကြပါသည်။ အချို့သော သုတေသနပြုချက်များ အရ ဇစ်ဘ်ဟေရှရီအီ အရ လည်လှီးသတ်ဖြတ်ခြင်းသည် လည်လှီးဖြတ်ထားသည့် တိရစ္ဆာန် ၏ အသားကို အရည် အသွေး ပိုမို ကောင်းစေပြီး အသား ၏ သိုလှောင်မှုသက်တမ်း ပိုကြာစေပါသည်။

ဆိုလိုချက်ကို သိနားလည်ခြင်း နှင့် ရပ်တည်ချက်

အစ္စလာမ်မီ ဖေကဟ် (အစ္စလာမ့်တရားဥပဒေ) တွင် ဇစ်ဘ် လည်လှီးဖြတ်သည် တိရစ္ဆာန် အား သန့်စင်သန့်ရှင်း အောင် ပြုလုပ်သည့် နည်းလမ်းများ မှ တစ်ခု ဖြစ်ပါသည်။ လည်လှီးဖြတ်ခြင်းဆိုသည်မှာ (အရဘီ - اوداج اربعه ) (တိရစွဆာန် ၏လလည်ပင်ရှိ သွေးပြန်ကြောလေးကြော ) ကို ဖြတ်တောက်ခြင်း ကို ခေါ်ဆိုပါသည်။ (1) ၎င်း၏ အသား စားခွင့်ပြုထားသည့် ကုန်းနေ တိရစ္ဆာန် များ နှင့် (ကုလား အုတ်များ မှအပ) သွေးပန်း၍ထွက်သည့် ရေနေသတ္တဝါများ သည် ဇစ်ဘ်ဟေရှရီအီ ပြုပြီးနောက် သန့်ရှင်းသန့်စင် သွားပါ သည်။(2) အစ္စလာမ့်ဥပဒေနှင့်အညီ လည်လှီး သတ်ထားသည့် တိရစ္ဆာန်ကို မဒ်ကာ ဟုခေါ် ပါ သည်။ အသေသား နှင့် ဆန့်ကျင်ဘက် ဖြစ်ပါသည်။ (3) တိရိစ္ဆာန်ကို လည်လှီးသတ်သောသူကို "ဇဘ" ဟုခေါ်ဆို ပြီး သတ်ခံ ထားသောတိရစ္ဆာန်ကို "ဇဘိဟာ" နှင့် "မဇဘူ" ဟုခေါ်ပါသည်။ (4) ကျမ်းတော် မြတ်ကုရ်အာန်သည် မွတ်စလင်မ် များအား ဇစ်ဘ်ဟေရှရီအီ မပြုရသေးသည့် တိရစ္ဆာန် အသားများကို စားသုံးခြင်းမပြုဘဲ တားမြစ်ထားပါသည်။ (5) ဖေကဟ် ဆိုင်ရာ စာအုပ်များ တွင် အမဲလိုက်ခြင်းနှင့် လည်လှီး သတ်ခြင်းဆိုင်ရာ အခန်းတွင် တိရစ္ဆာန် လည်လှီး သတ်ခြင်းဆိုင်ရာ ခေါင်းစဉ်ကို ဖော်ပြထားခြင်းဖြစ်သည်။(6)

သတ်မှတ်ချက် စည်းမျဥ်းများ

အစ္စလာမ့်ဘာသာတွင် တိရိစ္ဆာန်များကို လည်လှီးဖြတ်ခြင်းအတွက် ကျင့်ဝတ်များ၊ သတ်မှတ်ချက် စည်းမျဥ်း များ ရှိပါသည်။ ၎င်းသတ်မှတ်ချက် စည်းမျဥ်းများ မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

  • တိရစ္ဆာန်၏လည်ပင်းရှိ သွေးကြောကြီးလေးချောင်းကို လည်ချောင်းအောက်မှ ဖြတ်ရမည်။(7)
  • တိရစ္ဆာန်၏ လည်ကို လှီးချိန် နှုတ်မှ အလ္လာဟ် အမည် ကို ရွတ်ဆိုရပါမည်။ဂျဝါဟေရ် ကျမ်း ရှင် ၏ အဆိုအရ ဖေကဟ် ပညာရှင်အားလုံးသည် ဤစည်းကမ်း ချက် ကို အရေးကြီးလိုအပ်ကြောင်း ကို လက်ခံ ထားကြပါသည်။ (8)
  • တိရစ္ဆာန်၏ လည်ကို လှီးချိန် တိရစ္ဆာန် အား ကအ်ဗဟ်ဝတ်ကျောင်းတော်ရှိသည့်ဘက်သို့ လှည့် (မူ) ထားရမည်။ (9)ရှီအဟ် ဖေကဟ် ပညာရှင်များ ၏ ဖသ်ဝါ အရ တိရစ္ဆာန်၏ လည်ကို လှီးမည့်သူမည်သူမဆို ဤ ဥပဒေ စည်းမျဥ်း ကိုသိဖို့လိုပါသည်။ ဤဥပဒေစည်းမျဥ်းကို သိလျက် တိရစ္ဆာန် အား ကအ်ဗဟ် ဝတ်ကျောင်း တော်ရှိ သည့်ဘက်သို့ တမင် မလှည့်ဘဲ လည်လှီးမည်ဆိုလျှင် ၎င်း တိရစ္ဆာန် ၏ အသား ကို စားသုံး ခြင်း သည် ဟရာမ်ဖြစ်ပါသည်။ (10)
  • လည်လှီးမည့် ကိရိယာသည် သံဖြင့် ပြုလုပ်ထားသည့် ကိရိယာ ဖြစ်ရမည်။သို့သော် အရေးကြီးလိုအပ်သည့် အချိန် နှင့် တိရစ္ဆာန် သေတော့မည် ကို စိုးရိမ် ရသည့် အချိန် တွင် တိရစ္ဆာန် ကို သတ်ရန်အတွက် ကျောက်တုံး သို့မဟုတ် အခြားချွန်ထက်သောကိရိယာကို အသုံးပြုနိုင်ပါသည်။(11)
  • တိရစ္ဆာန်၏ လည်ကို လှီးမည့်သူသည် မွတ်စလင်မ် ဖြစ်ရပါမည်။(12)ဟီဂျရီ ၁၀ ရာစု နှစ် ၏ ရှီအဟ် ဖေက်ပညာရှင် ရှဟီးဒ် စာနီ ၏ အဆိုအရ မွတ်စလင်မ် ဖေက် ပညာရှင်များ အားလုံး၏ ဖသ်ဝါ အရ သ တိရစ္ဆာန်၏ လည်ကို လှီးမည့်သူသည် ကာဖေရ် ၊ ကောင်းကင်ကျကျမ်းကို လက်မခံသူ (ဂျူးနှင့်ခရစ်ယာန် မဟုတ်သူ) ၊ မိုရ်သဒ် ( မွတ်စလင်မ် မှ ကာဖေရ် ဖြစ်သွားသူ) ၊ ဂါလီ ( အေမာမ်များ ကို အလ္လာဟ် အဆင့် အထိ ထားပြီးလက်ခံသူ) မဖြစ်ရန် လိုကြောင်း ဖြစ်ပါသည်။(13)သို့သော် အဲဟ်လေ့ကေသာဗ် (ကောင်းကင် ကျ ကျမ်းကိုလက်ခံသူများ ၊ ဂျူးများ ခရစ်ယာန်များ) ၏ တိရစ္ဆာန် ကို လည်လှီး ခြင်းဆိုင်ရာ ကိစ္စ နှင့်ပတ်သက်ပြီး အမြင် နှစ် ခု လာရှိပါသည်။ ရှီအဟ်ဖေက်ပညာရှင် အများ စု သည် အဲဟ်လေ့ ကေသာဗ် လည်လှီး ထားသည့် တိရစ္ဆာန် ကို ဟရာမ် နှင့် နဂျစ် အဖြစ်ခံထား ပါသည်။(14) ရှီအဟ် ဖေက်ပညာရှင် များ အနေဖြင့် နာစေဘီ (အဲဟ်လေ့ဘိုက် (သ) (အ.စ) ကိုဆဲဆိုသူ) များ လည်လှီး ထားသည့် တိရစ္ဆာန် ကို ဟရာမ် အဖြစ် လက်ခံ ထားကြပါသည်။(15)
  • လည်လှီးသတ်မည့် တိရစ္ဆာန် သည် လည်မလှီးခင်အရင် ရှင်နေရပါမည်။လည်လှီး အသတ်မခံရမီ တိရစ္ဆာန် သည် အသက်ရှင် ကြောင်းပြသရန် တိရစ္ဆာန် လည်ကို လည်လှီး ပြီးနောက် ထိုတိရစ္ဆာန် ၏ ခန္ဓာကိုယ်သို့မဟုတ် လက်များနှင့် ခြေများသည် လှုပ်ခတ် ရမည်ဟု ဖေကဟ် ပညာရှင် တစ်စုက ဆိုထားပါ သည်။ (16)

မွတ်စလင်မ်ဖေကဟ်ပညာရှင်များ ၏ဖသ်ဝါ အရ တိရစ္ဆာန်များကိုလည်လှီးသည့် အခါ ကိရိယာအသစ်များ ကို သုံးခြင်းသည် ပိုင်သည်ဟုဆိုထားပါသည်။ သို့သော် လည်လှီးချိန် နှုတ်မှ အလ္လာဟ် အမည် ကို ရွတ်ဆို ရပါမည်။အခြားစည်းမျဥ်းစည်းကမ်းပမာ အားဖြင့် တိရစ္ဆာန်၏လည်ပင်းရှိ သွေးကြောကြီးလေးချောင်း ဖြတ်ရန် တို့ကိုလည်း လိုက်နာ ရမည် ဖြစ်ပါသည်။(17) ထိုပြင် ဇစ်ဘ်ဟေရှရီအီ ပြုထားသည့် အသားများ လား မပြုထားသည့် အသားများ လားဟု ကျွန်ုပ်တို့မသိသည့် အသားများ သည် မွတ်စလင်မ်ထံမှ သို့မဟုတ် မွတ်စလင်မ် ဈေးကွက်မှ ဝယ်ယူထားသည်ဆိုလျှင် ဟလာလ်ဖြစ်သည်။ (စားသုံးပိုင်ပါသည်။) (18)

ကျင့်ဝတ်များ

ရေစာလေဟာယေအေလ်မီယေ ကျမ်းများတွင် တိရိစ္ဆာန်အား လည်လှီးခြင်း ဆိုင်ရာ ကျင့်ဝတ်များကို ဖော်ပြထား ပါသည်။

မွတ်စ်သဟဗ် လုပ်ရပ်များ

  • တိရစ္ဆာန်၏ လည်ကို လှီးမည့်သူ သည် ကအ်ဗဟ်ဝတ်ကျောင်းတော်ရှိသည့်ဘက်သို့ မျက်နှာ မူထား ရ မည်။(19)
  • လည်လှီးဖြတ်မည့် ကိရိယာသည် ထက်မြက်ရပါမည်။ သတ်ခြင်းကို လျင်မြန်စွာ ပြုလုပ်ခြင်းဖြစ်ပါသည်။
  • မသတ်ခင် ရေကို တိရစ္ဆာန်ရှေ့မှာ ထားခြင်း ဖြစ်ပါသည်။
  • သတ်ရန် တိရစ္ဆာန်ကို ညင်သာစွာ ပြင်ဆင်ခြင်းဖြစ်ပါသည်။
  • သိုးကို သတ်သည့်အခါ ၎င်း၏လက်နှစ်ချောင်းနှင့် ခြေထောက်တစ်ဖက်ကို ချည်နှောင်ထားသင့်ပြီး အခြား ခြေထောက်တစ်ချောင်းကိုလွတ်ထားရပါမည်။
  • နွားကိုသတ်သည့်အခါ လက်နှင့်ခြေ လေးချောင်းကို ကြိုးဖြင့်ချည်ပြီး အမြီးကိုလွတ်ထားရပါမည်။
  • ကြက်ကိုလည်လှီးသတ်ပြီးနောက် အတောင်များ နှင့် အမွေးများ ခတ် စေရန် လွတ်ပေးရမည်။(20)

မကရူဟ်လုပ်ရပ်များ

  • တိရစ္ဆာန်အသက်မထွက်သေဘဲ ကျောရိုးကို ဖြတ်တောက်ခြင်း။
  • အခြားတိရစ္ဆာန်များ မြင်ကွင်း တွင်ဇစ်ဘ် လုပ်ခြင်း။
  • အိမ်တွင်မွေးတိရစ္ဆာန် ကို ဇစ်ဘ်လုပ်ခြင်း။
  • ညအချိန်တွင် ဇစ်ဘ်လုပ်ခြင်း။
  • သောကြာနေ့တွင် မွန်းမတည်းမီအရင် ဇစ်ဘ် လုပ်ခြင်း။
  • ဓားကို လည်ချောင်း၏နောက်ဘက်သို့ ထိုးထည့်ကာ ရှေ့သို့ဆွဲထုတ်ကာ လည်ချောင်းကို နောက် ကျောမှ ဖြတ်သွား စေခြင်း။(21)

သက်ရောက်မှုများ

မွတ်စလင်မ် ဖေကဟ်ပညာရှင်များ ၏ ဖသ်ဝါအရ ဟလာလ်အသား တိရစ္ဆာန်များကို လည်လှီး သတ်ပြီး နောက် ၎င်းတို့၏ အသားများကို စားသုံးခြင်းသည် ဟလာလ် ဖြစ်ပါသည်။ပြီးနောက် ၎င်းတို့၏ ခန္ဓာကိုယ် အစိတ် အပိုင်းများမှာ လည်း သန့်ရှင်းနေပါသည်။ သို့ရာတွင်၊ ဟရာမ် အသားတိရစ္ဆာန်များကို သတ်ပါက၊ ၎င်းတို့၏ ခန္ဓာကိုယ် အစိတ်အပိုင်းများကိုသာ သန့်စင်ပြီး အချို့သော ဖေကဟ် ပညာရှင်များ၏ ဖသ်ဝါ အရ ၎င်းတို့၏ သားရေ နှင့် အရေပြားကို နမာဇ် ဝတ်ပြုသည့်နေရာ တွင် သုံးခြင်းမှ အပ အသုံးပြုနိုင် မည်ဖြစ်ပါ သည်။(22) ဇစ်ဘ်ဟေရှရီအီ မပြုထားသည် တိရစ္ဆာန်များ သည် အသေသားများ ဖြစ်ပြီး နဂျစ် ဖြစ်ပါ သည်။ (23) အချို့သော သုတေသနပြုချက်များအရ ဇစ်ဘ်ဟေရှရီအီ လုပ်ထားသည့် အသား၏ အရည်အသွေးအပေါ် ကောင်းကျိုးသက်ရောက်မှုရှိကြောင်း အကြောင်းမှာ ဇစ်ဘ်ဟေရှရီအီ လုပ်ထားသည့် အသားတွင် သွေးမရှိ ခြင်းကြောင့်ဖြစ်ပါသည်။ ပြီးနောက် ဤအသားသည် အခြားတိရစ္ဆာန်သတ်နည်းများနှင့် နှိုင်း ယှဉ်ပါက ပိုမိုကြာရှည်ခံနိုင်စွမ်း ရှိပါသည်။ (24)

ဂျူးဘာသာ နှင့် ခရစ်ယာန်ဘာသာတွင် ပြထားသည့် သတ်ခြင်း

ဂျူးဘာသာတွင်၊ တိရိစ္ဆာန်များအား သတ်ခြင်းနည်းလမ်းနှင့်ပတ်သက်သည့် ညွှန်ကြားချက်များ ရှိပါသည်၊။ တိရစ္ဆာန်မသတ်မီ အရင် သတိလစ်ခြင်း သို့မဟုတ် ရပ်နိုင်စွမ်း မရှိ ဖြစ်ခြင်း မရှိရမည်ဖြစ်ကြောင်း သေလ်မူဒ် ကျမ်း တွင် ဖော်ပြထားပါသည်။(25) ထို့အပြင်၊ သတ်ဖြတ်ခြင်းကို ဂျူးပညာရှင်များ (ခါခါမ်များ) မှ သင်ကြားပေးထားသည့် လူတစ်ဦးမှ တိကျမြန်ဆန်သော ထိုးနှက်ချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်ပါသည်။(26) ဂျူး လူမျိုး များတွင် တိရိစ္ဆာန်သတ်နည်းကို Shechita ဟုခေါ်ဆိုပါသည်။(27) သို့သော် ခရစ်ယာန်ဘာသာတွင် သတ်ခြင်း နှင့်ပတ်သက်သည့် အထူးစည်းမျဉ်းများ မရှိချေ။(28)

အချို့နိုင်ငံများတွင် ဇစ်ဘ်ဟေရှရီအီ လုပ်ခွင့် မပြု

နယ်သာလန်ကဲ့သို့သော နိုင်ငံအချို့တွင်(29) ဒိန်းမတ်(30) နှင့် ဘယ်လ်ဂျီယံ (31) အစ္စလာမ် နှင့် ဂျူးနည်း လမ်းများဖြင့် တိရစ္ဆာန်များကို သတ်ဖြတ်ခြင်းကို တားမြစ်ထားပါသည်။ ဤဥပဒေ၏ အကြောင်းရင်းမှာ သတ်ဖြတ်ရာတွင် တိရစ္ဆာန်များ၏ နာကျင်မှုဒုက္ခ ဖြစ်မှု ကို ကာကွယ်ရန် တားဆီးရန် ဖြစ်ပါသည်။(32) ဒါပေမဲ့ ဓား ထက်မှုနေခြင်း နှင့် ဇတ်ဘ် ပြုချိန် အမြန် ပြုခြင်း ဆိုသည့် အစ္စလာမ့်ကျင့်ဝတ်များအချို့၏ ဒဿနသည် တိရစ္ဆာန်၏နာကျင်မှုကို လျှော့ချရန် ပြုလုပ်ထားခြင်း ဖြစ်ပါသည်။(33) ခရစ်ယာန်နိုင်ငံ အချို့တွင် တိရစ္ဆာန်ဇစ်ဘ် မပြုမီအလျှင် မေ့ဆေးသွင်းရန် ဥပဒေ ပြထားပါသည်။ (34) ရှီအဟ် ဖေကဟ် ပညာရှင်များ၏အဆိုအရ တိရစ္ဆာန် ဇတ်ဘ် မလုပ်မည် မေ့ဆေးပေးခြင်းဖြင့် ၎င်း၏သေဆုံးမှုကို မဖြစ်ပေါ် စေပါက ပြဿနာမရှိချေ။(35) (မေ့ဆေးကြောင်းသေသွားရခြင်းမဖြစ်လျှင် ပိုင်ပါသည်)။


ဇစ်ဘ်ဟေရှရီအီ နှင့်ပတ်သက်ပြီး ရေးသားထားသည့် စာအုပ်များ

ဇစ်ဘ်ဟေရှရီအီ နှင့် ဇစ်ဘ်ဟေရှရီအီ အဲဟ်ကာမ် နှင့်ပတ်သက်ပြီး ရေးသားထားသည့် စာအုပ်များ မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

  • ပါရှန်းဘာသာဖြင့် “ ဘရ်ရစီ သသွဘီးကီ ဇတ်ဘ် ဟေ ရှရီအှ ဒဲရ် အစ္စလာမ် “ ဖြင့်ဖြစ်ပါသည်။ ဤစာအုပ်တွင် ရှီအဟ် အစ်နာအရှ်ရီ ဖေကဟ်ပညာရှင်များ နှင့် အခြား စွန်နီ မဇ်ဟဗ် လေးခု ၏ ဖေကဟ် ပညာရှင်များ အမြင်များ ကို နှိုင်းယှဥ် ပြီး ရေးသားထားပါသည်။ (36)
  • ပါရှန်းဘာသာဖြင့် “ ဇစ်ဘ် ဒဲရ် အစ္စလာမ် အာစာရ် ဝါအဲဟ်ကာမ် မိုသွာဗစ်က် ဘာ မဇ်ဇါဟစ်ဗ် ဘေအစ္စလာမ်မီ “ ရေးသားသူ ဘင်န်ယာမင်းန် ရှီးရ်ခွာနီ ဖြစ်ပါသည်။ မဂျ်မအ်အေ ဂျဟာနီ သက်ရီးဘ် မဇ်ဇါဟစ်ဗ် အစ္စလာမ်မီ မှ အီရန် သက္ကရာဇ် ၁၃၉၇ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေခဲ့ပါသည်။ (37)
  • ပါရှန်းဘာသာဖြင့် “ဘကျုဟစ်ရှ်ရှိ သသွဘီးကီ ဒဲရ် အဲဟ်ကာမ်မေ ဖေက်ဟီ ဇစ်ဘ် “ ရေးသားသူ မိုဟမ္မဒ် ရဟ်မာနီ ဖြစ်ပါသည်။ မရ်ကဇ်ဇေ မိုသွာလေအာသ် ဝါ သဲဟ်ကီးကာသ် ဟောင်ဇေနိုမာယန်ဒေ ဝလီယေဖကီးဟ် ၊ ဝေဇာရသ် ဂျေဟာဒ် ဒေကေရှာဝရ်ဇီ မှ အီရန် သက္ကရာဇ် ၁၃၇၇ ခုနှစ်တွင် ပုံနှိပ် ထုတ်ဝေခဲ့ပါသည်။ (38)
  • ပါရှန်းဘာသာဖြင့် “ကေသာဗ် ဘေ ရဝတ်ရှ်ဟာယေ မွတ်ခ်သလစ်ဖ် ဇစ်ဘ် ဝါ အစဲရ်အောင်န် ဘရ် ကိုင်ဖီးယသ်သေ ဂိုရှ် “ ရေးသားသူ ဆယက်ဒ် စအီးဒ် ဖရ်ဟီ ဖြစ်ပါသည်။ အီရန် သက္ကရာဇ် ၁၃၉၄ ခုနှစ်တွင် ပုံနှိပ် ထုတ်ဝေခဲ့ပါသည်။ (39)

အောက်ခြေ မှတ်စုများ

ကျမ်းကိုးများ