ဆွဟီဟိုင်းန်

wikishia မှ

ဆွဟီဟိုင်းန် သည် အဲဟ်လေစွန္နသ် တို့၏ အမြင် အရ အကျော်ကြားဆုံးသော ဟဒီးစ်စာအုပ်များ ဖြစ်ပြီး ဆွဟီးဟ် ဘိုခါရီ နှင့် ဆွဟီးဟ် မွတ်လင်မ် စာအုပ်နှစ်အုပ်ကို ရည်ညွှန်းထားပေသည်။ အဲဟ်လေစွန္နသ် ပညာရှင်များသည် ဤစာအုပ်နှစ်အုပ်ကို ကုရ်အာန်ပြီးနောက် အမှန်ကန်ဆုံးစာအုပ်ဟု ယူဆထားကြသည်။ ဆွဟီဟိုင်းန် ကို အခြားစာအုပ်လေးအုပ် နှင့်အတူ ဆွီဟာဟု စီသ္သ်ဟ် ဟုခေါ်သည်၊ ဆိုလိုသည်မှာ ဆွဟီးဟ် စာအုပ်ခြောက်အုပ် ဖြစ်သည်။ ဆွဟီဟိုင်းန် စာအုပ်၌ အဲဟ်လေဘိုင်းသ်(အစ) ၏ မြင့်မြတ်မှုများ နှင့်ပတ်သက်သော ဟဒီးစ်တော်များ လာရှိထားသည်။ သို့သော် ရှီအာများသည် ဤစာအုပ်နှစ်အုပ်အပေါ် ခြေပမှုများရှိပေသည်။ ဥပမာ ၊ ရေဝါယသ်များ အနက်မှ အချို့ ရေဝါယသ်များသည် အဲဟ်လေဘိုင်းသ်(အစ) အပေါ် ယုံကြည်မှု မရှိခြင်း ၊ ၎င်းတို့အား ရန်သူအဖြစ် သတ်မှတ်ခြင်း ၊ ၎င်းတို့၏ မြင့်မြတ်မှုအပါ် ဂရုမပြု အလေးမထားခြင်း ၊ အဲဟ်လေဘိုင်းသ်များထံမှ နည်းပါးစွာ ဟဒီးစ် ကောက်နုတ်ကိုးကားခြင်း နှင့် အချို့ ရေဝါယသ်များသည် အသိဉာဏ် ၊ သာသနာတိုနှင့် ကိုက်ညီမှု မရှိပေ။

ဝေါဟာရ အနက်အဓိပ္ပါယ်

"ဆွဟီးဟ်" ဆိုသည်မှာ ကောက်နုတ်ကိုးကားသူသည် မှန်ကန်သည်ဟု ယူဆရသော ဟဒီးစ်များကိုသာ ကိုးကားထားသည့် ဟဒီးစ် စာအုပ်တစ်အုပ် ဖြစ်သည်။ (1) "ဆွဟီဟိုင်းန်" ဟူသော အသုံးအနှုန်းသည် ဆွဟီးဟ်ဘိုခါရီ နှင့် ဆွဟီးဟ်မွတ်စ်လင်မ် စာအုပ်နှစ်အုပ်ကို ရည်ညွှန်းထားခြင်း ဖြစ်သည်။ အဲဟ်လေစွန္နသ် ပညာရှင်များသည် ဤစာအုပ်နှစ်အုပ်အား ၎င်းတို့၏ အကျော်ကြားဆုံးသော ဟဒီးစ်စာအုပ်များ ဟူ၍ မှတ်ယူထားကြသည်။ (2) ထိုအပြင် ဆွဟီဟိုင်းန်အား အခြားသော ဟဒီးစ် နျားစာစည်းထားသည့် စာအုပ်လေးအုပ်နှင့်အတူ ဆွီဟာဟု စီသ္သ်ဟ် ( ဆွဟီးဟ် စာအုပ်ခြောက်အုပ်) ဟူ၍ ခေါ်ဆိုကြသည်။ (3)"ဆွဟီဟိုင်းန်" ဟူသော ဝေါဟာရသည် ဆွဟီးဟ် မွတ်စ်လင်မ် နှင့် ဆွဟီးဟ် ဘိုခါရီ စာအုပ် နှစ်အုပ်ကို စာအုပ်တစ်အုပ်ထဲတွင် စုဆောင်းထားသော စာအုပ် တစ်အုပ် ဖြစ်သည်ဟုလည်း ပြောလိုရပေသည်။ ဥပမာ ဂျမ်အွန် ဘိုင်းနက်ဆ်ွ ဆွဟီဟိုင်းန် အဇ် ဖရ်ရာအ် ဗက်ဂဝါ (4)

ဆွဟီးဟ် ဘိုခါရီ

ဆွဟီးဟ် ဘိုခါရီ အား ရေးသားသူ မုဟမ္မဒ် ဗင်န် အိစ်မာအီးလ် ဘိုခါရီ (ဟီဂျရီ၁၉၄-၂၅၆) သည် အဲဟ်လေစွန္နသ်တို့၏ ကျော်ကြားသော ဟဒီးစ် ကိုးကားသူ ဖြစ်သည်။ အဲဟ်လေစွန္နသ် ပညာရှင် အနည်းငယ်မှလွဲ၍ ဤစာအုပ်ကို ကုရ်အာန်ပြီးနောက် အမှန်ကန်ဆုံးစာအုပ် ၊ အကျော်ကြားဆုံး ဟဒီးစ်စာအုပ် အဖြစ် မှတ်ယူထားကြသည်။ ( 5) ဤစာအုပ်ရှိ ဟဒီးစ် အရေအတွက်သည် ၇၀၀၀ နှင့် ၉၂၀၀ အကြားရှိသော်လည်း အများစုမှာ ထပ်တလဲလဲ လာရှိထားသည့် ဟဒီးစ် များဖြစ်ကြသည်။ (6) ဘိုခါရီ မှ ကောက်နုတ်ထားသည်မှာ ဖ၎င်း၏စာအုပ်၏ ဟဒီးစ်များကို ၎င်းစုဆောင်းထားသော ဟဒီးစ်ပေါင်း ခြောက်သိန်း မှ ရွေးချယ်ခဲ့ကြောင်း ကို ပြောပြခဲ့သည်။ (7)

ဆွဟီးဟ် မွတ်စ်လင်မ်

ဆွဟီးဟ် မွတ်စ်လင်မ် စာအုပ်သည် မွတ်စ်လင်မ် ဗင်န် ဟဂ်ျဂျာဂ်ျ နီရှာဘူရီး (ဟီဂျရီ ၂၀၄-၂၆၁) ရေးသားထားပြီး ၎င်းသည် အဲဟ်လေစွန္နသ် ဟုခေါ်သော ဟဒီးစ် ကောက်နုတ်ကိုးကားသူ များ အနက်မှ တစ်ဦး ဖြစ်သည်။ အဲဟ်လေစွန္နသ် ပညာရှင်များက ဤစာအုပ်ကို ဆွဟီးဟ် ဘိုခါရီ ပြီးနောက် အကျော်ကြားဆုံး ဟဒီးစ် ကျမ်းကိုး စာအုပ် ဖြစ်သည်ဟု ယူဆခဲ့ကြသည်။ အချို့သည် ဤစာအုပ်ကို ဆွဟီးဟ် ဘိုခါရီစာအုပ်ထက် ပိုမှန်ကန်သည်ဟု ဆိုကြသည်။ (8) ဆွဟီးဟ် မွတ်စ်လင်မ် စာအုပ် တွင် တမန်တော်မြတ်ထံမှ ကောက်နုတ်ထားသည့် ဟဒီးစ်ပေါင်း ၇၂၇၅ ရှိသည်ဟု ယူဆထားပြီး ထပ်ခါတလဲလဲ ဟဒီးစ်များကို ဖယ်ရှားခြင်းဖြင့် ဟဒီးစ်ပေါင်း ၄၀၀၀ ခန့် ရှိသည်ဟု မှတ်ချက်ပေးကြသည်။ (9)

ဆွဟီဟိုင်းန် ၌ လာရှိထားသည့် အဲဟ်လေဘိုင်းသ်

ဆွဟီဟိုင်းန် ၌ အေမာမ်အလီ (အစ) ၊ ဟဇရသ်သေ ဖွာသွေမဟ်(စအ) ၊ ဟစန်နိုင်းန်(အစ) ၊ အေမာမ်စဂျာဒ်(အစ) နှင့် အေမာမ်မဲဟ်ဒီ(အဂျ) တို့၏ မြင့်မြတ်မှုများနှင့် ပတ်သက်ပြီး လာရှိထားသည်။ (10) ဆွဟီးဟ်ဘိုခါရီ တွင်၊ ထပ်ခါတလဲလဲ ဟဒီးစ်များကို ဖယ်ရှားခြင်းဖြင့်၊ အေမာမ်အလီ(အစ) ၏ မြင့်မြတ်မှုနှင့် ပတ်သက်ပြီး ဟဒီးစ် နှစ်ခု သို့မဟုတ် သုံးခု လာရှိထားပြီး (11) ဟဇရသ်သေ ဖွာသွေမဟ်(စအ) ၏ မြင့်မြတ်မှုနှင့် ပတ်သက်ပြီး ဟဒီးစ် လေးခု လာရှိထားသည်။(12) ဟဒီးစေ မန်ဇေ သ် (13) ဟဒီးစေ ရာယသ် ၊ ဟဒီးစေ ဘီဒ်ွအဟ် ( ဖွာသွေမဟ်သည် ကျွန်ုပ် ကိုယ်ခန္ဓာ၏ အစိတ်အပိုင်းဖြစ်သည်) (14) နှင့် ဟဒီးစေ " ဖွာသွေမဟ် သည် ဂျန္နသ် သုခဘုံ အမျိုးသမီးများ၏ ခေါင်းဆောင် ဖြစ်သည်) (15) စသည် တို့သည် အဲဟ်လေဘိုင်းသ် နှင့်ပတ်သက်ပြီး လာရှိထားသည့် ဆွဟီးဟ် ဘိုခါရီမှ ဟဒီးစ်များ ဖြစ်သည်။ (16) ဆွဟီးဟ် မွတ်စ်လင်မ် ၌လည်း အေမာမ်အလီ(အစ) ၏ မြင့်မြတ်မှုနှင့် ပတ်သက်ပြီး ဟဒီးစ် သုံးခု နှင့် ဟဇရသ်သေ ဖွာသွေမဟ်(စအ) ၏ မြင့်မြတ်မှုနှင့် ပတ်သက်ပြီး ဟဒီးစ် သုံးခု လာရှိထားသည်။ (17) ဥပမာ ဟဒီးစေ မန်ဇေလသ် (18) ဟဒီးစေ ရာယသ် နှင့် ဟဒီးစေ " ဖွာသွေမဟ် သည် ဂျန္နသ် သုခဘုံ အမျိုးသမီးများ၏ ခေါင်းဆောင် ဖြစ်သည်) (19)

ဆွဟီဟိုင်းန် အပေါ် ရှီအာများ၏ ခြေပမှု

ဆွဟီဟိုင်းန် အပေါ် ရှီအာများ၏ ခြေပမှုအချို့မှာ အောက်ပါတို ဖြစ်သည်။ ဟဒီးစ် ကောက်နုတ်သူအချို့သည် လိမ်လည်သူများ၊ မယုံကြည်ရသူများ နှင့် လမ်းမှားရောက်နေသူများ ဖြစ်ကြသည်။ ဥပမာ အဘူဟိုရိုင်းရဟ် ၊ အဘူမူစာ အက်ရှ်အရီး ၊ အွမ်ရိုအာဆ်ွ တို ဖြစ်ကြသည်။ ထိုသူများသည် အီမာမ်အလီ (အစ) ၏ရန်သူများ ဖြစ်ကြပြီး မှန်ကန်သော ဟဒီးစ်တော်များအရ အီမာမ်အလီ (အစ) နှင့် ရန်ငြိုးဖွဲမှုသည် အီမာန် သက်၀င် ယုံကြည်ခြင်း ကင်းမဲ့မှုတိုကို ဖော်ဆောင်ပြသနေပြီး ထိုအီမာန် သက်၀င် ယုံကြည်ခြင်း ကင်းမဲ့မှုသည် ကောက်နုတ်သူ မမှန်ကန်ကြောင်းကို ဖော်ပြနေသည်။ ထို့ကြောင့် ယင်းဟဒီး‌စ်များသည် မမှန်ကန်ပေ။ (20) ဆွဟီဟိုင်းန် ကို ရေးသားပြုစုသူများ ဖြစ်ကြသော ဘိုခါရီ နှင့် မွတ်စ်လင်မ် တို့သည် ဘာသာရေးအရ မလိုမုန်းထားသူများ ဖြစ်ကြပြီး မွတ်စ်လင်မ်တို သဘောတူ လက်ခံထားသည့် စစ်မှန်သော ဟဒီးစ်တော်အချို့ နှင့် အခြား အဲဟ်လေစွန္နသ်တို့၏ ဆွဟီးဟ်များ၌ လာရှိထားသည့် ဟဒီးစ်တော်များ ဖြစ်သည့် အေမာမ်အလီ(အစ) သည် ခလီဖာမင်းများထက် ပိုမိုသာလွန်မြင့်မြတ်မှု ရှိသည် ဟူသော ဟဒီးစ်တော်များကို ကိုးကားဖော်ပြခြင်း မရှိခဲ့ပေ။ ဥပမာ ဂဒီးက် နှင့်သက်ဆိုင်သည့် ဟဒီးစ် ၊ အာယသ်သေ သက်သ်ွဟီးရ် နှင့်သက်ဆိုင်သည့် ဟဒီးစ် ၊ စိုင်ယိဒုလ်အဘ်ဝါးဘ် ဟဒီးစ် နှင့် အနာ မဒီနာသုလ် အီလ်မ် ဝါ အလီယွန် ဘာဘုဟာ ဟူသော ဟဒီးစ် တို ဖြစ်သည်။ (21) ပြောထားသည်မှာ ၊ ဟာကင်မေနီရှာဘူရီ သည် မုစ်သက်ဒ်ရကုလ် အလက်လ် ဆွဟီဟိုင်းန် စာအုပ်၌ အေမာမ်အလီ (အစ) နှင့် အဲဟ်လေဘိုင်းသ် (အစ) တို့၏ မြင့်မြတ်မှု နှင့် ပတ်သက်၍ ဟဒီးစ်ပေါင်း ၂၆၀ ခန့်ကို ဆွဟီးဟိုင်းန် စာအုပ် တွင် ထည့်သွင်းရမည့် အခြေအနေများရှိကြောင်း ဖော်ပြခဲ့သည်။ သို့သော် ဤစာအုပ်နှစ်အုပ်တွင် ထိုဟဒီးစ်များကို ကိုးကားထားခြင်း မရှိပေ။ (22) ဆွဟီးဟိုင်းန် တွင် လူပေါင်း ၂၄၀၀၀ ကျော် ဟဒီးစ်ကောက်နုတ်ရာ၌ ၎င်းတို့အနက်မှ အများစာမှာ အဲဟ်လေဘိုင်းသ်(အစ) ၏ ရန်သူများ သို့မဟုတ် အမည်မသိသူများဖြစ်ကြပြီး အဲဟ်လေဘိုင်းသ်(အစ) မှ ဟဒီးစ် အများအပြားကို ကောက်နုတ်ထားခြင်း မရှိပေ။ (23) ဤစာအုပ်နှစ်အုပ်တွင် အသိဉာဏ် သို့မဟုတ် ဘာသာတရားနှင့် မကိုက်ညီသော ဟဒီးစ်များ လာရှိထားသည်။ ၎င်းတို့တွင် အရှင်မြတ်အား သာမန်မျက်စိဖြင့် မြင်နိုင်ကြောင်း သက်သေပြုထားသော ဟဒီးစ်များ ပါဝင်ပေသည်။ (24)