ဆေဒါနသ်သေကအ်ဗဟ်

wikishia မှ

ဆေဒါနသ်သေကအ်ဗဟ် (အရဘီ : سدانة الكعبة ) ဆိုသည်မှာ ဝန်ဆောင်မူပြုပေးခြင်း၊ ကအ်ဗဟ် ဝတ်ကျောင်း တော် ၏ ဂေါပကလူကြီးဖြစ်ပြီး ကအ်ဗဟ်ဝတ်ကျောင်းတော် နှင့်ပတ်သက်သည့် ပမာအားဖြင့်သော့များ ကိုင်ဆောင်ခြင်း၊ကအ်ဗဟ် ဝတ်ကျောင်း၏ တံခါးကို ပိတ်ခြင်း ဖွင့်ခြင်း ၊ဇေယာရသ် ပြုရန် လာရောက်သူများ ကို ကြိုဆိုခြင်း၊ ကအ်ဗဟ် ဝတ်ကျောင်းတော် ၏ သန့်ရှင်းရေးလုပ်ခြင်း နှင့် ကအ်ဗဟ် ဝတ်ကျောင်းတော် ၏ ကုလားကာများ ကို လဲပေးခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ရပါသည်။ အစ္စလာမ် မတိုင်မီက ကအ်ဗဟ် ဝတ်ကျောင်းတော် ၏ သော့များသည် ဘနီ ရှီဗဟ် ၏ လက်ထဲတွင်ရှိခဲ့ပါသည်။ မက္ကဟ် မြို့တော် ကို အောင်မြင်ပြီး နောက် အစ္စလာမ် ၏ တမန်တော်မြတ် (ဆွ) သည် သော့ကိုင်သူအဖြစ် အွတ်စ်မန် ဘင်န် သွလဟဟ် ကိုခန့်အပ်ပြီး ၎င်း လက်၌ ကဗဟ်၏သော့ များကို ပေးအပ် ထားခဲ့ကာ တမန်တော်မြတ် (ဆွ) အမိန့်တော်အတိုင်း ဤတာဝန်သည် ဤ မိသားစု၏ လက်ထဲတွင် ရှိနေခဲ့ပါသည်။

သတင်းရင်းမြစ်များ၏ အဆိုအရ တမန်တော်မြတ်(ဆွ) ၏ ဦးရီးတော် အဘာစ်သည် မိမိကိုယ်ကို မိမိအား ဟာဂျီများ ကို ရေတိုက်သည့် တာဝန်ကို ယူထားသည့် အတွက် ကြောင့် အခြားသူများထက် သာလွန် သည်ဟု ခံယူထားပါသည်။ ဆေဒါနသ်သေကအ်ဗဟ် တာဝန်ကိုယူထားသည့် ရှီဗဟ် ကလည်း မိမိကိုယ်ကို ဤ တာဝန်ကို ယူထားသည့် အတွက်ကြောင့် သာလွန်သူဟု ခံယူထားပါသည်။ သို့သော် အေမာမ် အလီ (အ.စ) သည် မိမိကိုယ် အခြားသူများအလျင် အီမာန် သက်ဝင် ယုံကြည်သူ ဖြစ်သည့်အတွက်ကြောင့် ပြီးနောက် မဒီနာ မြို့သို့ ဟေဂျာရသ် ပြုခြင်း နှင့် အလ္လာဟ်လမ်းတွင် ဂျေဟာဒ် ပြုခြင်း ကြောင့် မိမိ သည် သူများထက်သာလွန် ကြောင်း ခံယူထားပါသည်။

အစ္စလာမ့်သုတေသီများအဆိုအရ ဤအဖြစ်အပျက် ပြီးနောက် စူရဟ် သောင်ဗဟ် ၏ အာယသ်တော် အမှတ် ၁၉ ကျ‌ရောက်ခဲ့ပါသည်။ ၎င်း အာယသ်တော် အရ ကအ်ဗဟ် နှင့် ပတ်သက် သောတာဝန်များထက် အီမာန် သက်ဝန်ယုံကြည်ခြင်း အလ္လာဟ်လမ်းတွင် ဂျေဟာဒ် ပြုခြင်း သည် သာလွန်ကြောင်း သိရှိရပါသည်။ စွန်နီ သဖ်စီးရ် ပညာရှင် သွဗရီ ၏ အဆိုအရ ကုရ်အာန်တွင် ဟာဂျီများ ကို ရေတိုက်သူများ နှင့် ဆေဒါနသ်သေကအ်ဗဟ်တာဝန် ယူ ရခြင်း အတွက် ဂုဏ်ယူ ဝါကြွား ခြင်း ကို ပြစ်တင် ရှုတ်ချခဲ့ပါ သည်။ ပြီးနောက် အီမာန် သက်ဝန်ယုံကြည်ခြင်း အလ္လာဟ်လမ်းတွင် ဂျေဟာဒ် ပြုခြင်း သည် ဆေဒါနသ်သေကအ်ဗဟ် တာဝန် ထက် သာလွန် ကြောင်းဆိုထားပါသည်။

မိတ်ဆက်ပေးခြင်း

ဆေဒါနသ်သေကအ်ဗဟ် (အရဘီ : سدانة الكعبة ) ဆိုသည်မှာ ဝန်ဆောင်မူပြုပေးခြင်း [1] ကအ်ဗဟ် ဝတ်ကျောင်း တော် ၏ ဂေါပကလူကြီးဖြစ်ပြီး ကအ်ဗဟ်ဝတ်ကျောင်းတော် နှင့်ပတ်သက်သည့် ပမာအား ဖြင့်သော့များ ကိုင်ဆောင်ခြင်း၊ကအ်ဗဟ် ဝတ်ကျောင်း၏ တံခါးကို ပိတ်ခြင်း ဖွင့်ခြင်း [2] ၊ဇေယာရသ် ပြုရန် လာရောက်သူများကို ကြိုဆိုခြင်း၊ ကအ်ဗဟ် ဝတ်ကျောင်းတော် ၏ သန့်ရှင်းရေးလုပ်ခြင်းနှင့် ကအ်ဗဟ် ဝတ်ကျောင်းတော် ၏ ကုလားကာများ ကို လဲပေးခြင်း [3] တို့ပြုလုပ်ဆောင်ရွက်ရပါသည်။ ကအ် ဗဟ် ဝတ်ကျောင်းတော် ၏သော့များ သည်လည်း ဆေဒါနသ်သေကအ်ဗဟ် တာဝန်ရှိသောသူများ၏ တာဝန်ဖြစ်ပါ သည်။ [4] ဆေဒါနသ်သေကအ်ဗဟ် တာဝန် နှင့် ကအ်ဗဟ် ဝတ်ကျောင်း တော် ၏ ဂေါပကလူကြီး တာဝန် ကို ရှေးခေတ်ကတည်း ကလူသိများခဲ့ပြီး အချို့သည် ဟဇရသ် အစ်မာအီးလ် အချိန်ကစသည် ဟု ဆိုထားးပါသည်။ (5) မက္ကဟ် မြို့ကိုအောင်နိုင်ပြီးနောက် တမန်တော် မုဟမ္မဒ် (ဆွ) မှ တာဝန် နှစ်ရပ် ဖြစ်သည့် ဆေဒါနသ်သေကအ်ဗဟ် နှင့် ဟာဂျီများ ကိုရေတိုက်ခြင်း ကိုသာ အတည်ပြု ပြီးကျန်အရာများ ကို ပယ်ပျက်ခဲ့ပါသည်။ [6]

ဝတ်ကျောင်းတော် ၏ သော့များသည် ဘနီ ရှီဗဟ် ၏ မိသားစုတွင်တာဝန်ရှိ ပါသည်

အစ္စလာမ် မတိုင်မီက ကအ်ဗဟ် ဝတ်ကျောင်းတော် ၏ သော့များသည် ဘနီ ရှီဗဟ် ၏ လက်ထဲတွင်ရှိခဲ့ပါသည်။ [7] မက္ကဟ် မြို့တော် ကို အောင်မြင်ပြီး နောက် အစ္စလာမ် ၏ တမန်တော်မြတ် (ဆွ) သည် ထိုအချိန်က သော့ကိုင်သူ အွတ်စ်မန် ဘင်န် သွလဟဟ် လက်မှ ‌ယူပြီး ကအ်ဗဟ် ဝတ်ကျောင်းတော် အတွင်းသို့ ကြွမြန်းခဲ့ပါသည်။ ထို့နောက် ကိုယ်တော်မြတ် (ဆွ) သည် သော့ကို အွတ်စ်မန် ဘင်န် သွလဟဟ် ထံပြန်ပေးကာ ကအ်ဗဟ် ဝတ်ကျောင်းတော် ၏သော့သည် ဤ မိသားစု၏လက်ထဲတွင် ရှိနေသင့်ပြီး ရက်စက် ကြမ်းကြုတ်သူများမှလွဲ၍ ၎င်းတို့ထံမှ သော့ကို ယူမည်မဟုတ်ကြောင်း မိန့်ကြားတော်မူခဲ့ပါ သည်။ [8] ထို့အတွက်ကြောင့် ကဘ၏သော့များကို စောင့်ရှောက်ရမည့်တာဝန်မှာ ဤမိသားစုမှ လူများလက်ထဲတွင် ရှိခဲ့ပါသည်။ [9]

အချို့သော ရီဝါယသ်တော်များတွင် ဆင့်ပြန် လာရှိသည်မှာ တမန်တော်မြတ်သည် အွတ်စ်မန် ဘင်န် သွလဟဟ် ထံ မှသော့ကိုယူပြီးနောက် မိမိ၏ ဦးရီးတော် အဘာစ် အားပေးရန် ဆန္ဒရှိသည့် အခါ ကျမ်းတော် မြတ် ကုရ်အာန် အာယသ်တော် ဖြစ်သည့် « အလ္လာဟ် ဟိုအရှင်မြတ် သင်တို့အား မိန့်ကြား တော်မူထားသည်။ အမာနသ်များ ကို ပိုင်ရှင်များထံသို့ ပြန်၍ ပေးအပ်ပါလေ။» [10] ကျရောက်လာ ပါသည်။ တမန်တော်မြတ် (ဆွ) သည် သော့အား အွတ်စ်မန် ဘင်န် သွလဟဟ် ပြန်ပေးခဲ့ပါ သည်။ [11]

အီရန်သက္ကရာဇ် ၁၃၉၂ ခုနှစ် တွင် ဘနီ ရှီဗဟ် မျိုးနွယ် ဝင်များသည် ဆော်ဒီအစိုးရအား ကအ်ဗဟ် ဝတ်ကျောင်းတော်၏ သော့ မကိုင်ရတောသည့် အတွက် နှင့် ကအ်ဗဟ်ဝတ် ကျောင်းတော်၏ ကုလားကာများ တပ်ဆင်ခြင်း မပြု ရတော့သည့် အတွက် ကြောင့် ဤ မိသားစုအား သမိုင်းတစ်လျှောက် အကျိုးအမြတ်များ စွာကိုရရှိ မှု ဆုံးရှုံး ခဲ့ရကြောင်း စောဒက တက် ကြေငြာခဲ့ပါသည်။ [12]

အီမာန်သက်ဝင် ယုံကြည် ခြင်း နှင့် ‌ဂျေဟာဒ်သည်ကအ်ဗဟ် ဝတ်ကျောင်းတော် ဆိုင်ရာ ဝာာဝန်များထက် သာလွန် ပါသည် စွန်နီ သဖ်စီးရ် ပညာရှင် သွဗရီ ၏ အဆိုအရ ကုရ်အာန်တွင် ဟာဂျီများ ကို ရေတိုက်သူများ နှင့် ဆေဒါနသ်သေကအ်ဗဟ်တာဝန် ယူ ရခြင်း အတွက် ဂုဏ်ယူ ဝါကြွား ခြင်း ကို ပြစ်တင် ရှုတ်ချခဲ့ပါ သည်။ ပြီးနောက် အီမာန် သက်ဝန်ယုံကြည်ခြင်း အလ္လာဟ်လမ်းတွင် ဂျေဟာဒ် ပြုခြင်း သည် ဆေဒါနသ် သေ ကအ်ဗဟ် တာဝန် ထက် သာလွန် ကြောင်းဆိုထားပါသည်။ [13]

သတင်းရင်းမြစ်များ၏ အဆိုအရ တစ်နေ့တွင် တမန်တော်မြတ် (ဆွ) ၏ဦးလေးဖြစ်သူ အဘာစ် သည် ဟာဂျီများ ကို ရေတိုက် ရသည့် တာဝန် ကြောင့် အခြားသူများထက် မိမိကိုယ်မိမိ သာလွန်သည်ဟု ခံယူထားပါသည်။ ရှီဗဟ် သည် (ဆေဒါနသ်သေကအ်ဗဟ် ) ကအ်ဗဟ် ၏ ဂေါပက တာဝန် [14] ကြောင့် အခြားသူများထက် သာလွန်သည်ဟု ခံယူထားပါသည်။ ဟမ်ဇဟ် အနေဖြင့် မိမိ ကိုယ့်ကို ကအ်ဗဟ် ဝတ်ကျောင်းတော် ၏တည်ဆောက်မှု တာဝန်ကြောင့် အခြားသူများထက် သာလွန်ကြောင်းခံယူထားပါသည်။ ဟဇရသ်အလီ (အ.စ) မှလည်းဘဲ မိမိကိုယ်ကိုအား အခြားသူများအလျင် အီမာန် သက်ဝင် ယုံကြည်သူ ဖြစ်သည့်အတွက်ကြောင့် ပြီးနောက် မဒီနာ မြို့သို့ ဟေဂျာရသ် ပြုခြင်း နှင့် အလ္လာဟ်လမ်းတွင် ဂျေဟာဒ် ပြုခြင်း ၎င်းသူများထက်သာလွန် ကြောင်း ခံယူထားပါသည်။အာယသ် သေစကာယသိုလ်ဟာဂျ် « အသင်တို့ သည် ဟာဂျီများကို ရေတိုက်ခြင်းနှင့် မတ်စ်ဂျစ်ဒ် ဒိုလ်ဟရာမ် အား စည်ကားအောင်လုပ်ခြင်းအား ဖြင့် အလ္လာဟ်အရှင်မြတ် နှင့် ကေယမသ်နေ့ ကို သက်ဝင် ယုံကြည်ပြီး အလ္လာဟ် အရှင်မြတ်၏ လမ်းတော်တွင် ဂျေဟာဒ် ပြုသူများ နှင့် တူညီသည်ဟု ထင်မှတ်ကြသနည်း? (ဤနှစ်ခုသည်) အလ္လာဟ်အရှင်မြတ်ထံ တော်တွင် မတူကြချေ။ ထို့ပြင် အလ္လာဟ်အရှင်မြတ် သည် မတရား ကျူးလွန်သောသူများ ရက်စက် ညှဥ်းပန်းသူများ ကို လမ်းမှန်ရောက်အောင် ပို့ဆောင်တော်မူမည် မဟုတ်ချေ။ [15]» ကျရောက်လာ ပါသည်။[16] (ဤအတွက်ကြောင့်) အီမာန်သက်ဝင် ယုံကြည် ခြင်း နှင့် ‌ဂျေဟာဒ်သည် ကအ်ဗဟ် ဝတ်ကျောင်းတော် ဆိုင်ရာ ဝာာဝန်များထက် သာလွန် ပါသည်။ [17]

အချို့သော ရီဝါယသ်တော်များတွင် ဟဇရသ် (အ.စ) ၊ဟဇရသ် ဟမ်ဇဟ် ၊ ဟဇရသ် ဂျအ်ဖရ်(အေမာမ် အလီ (အ.စ) အစ်ကို) တို့အား ကအ်ဗဟ် ဝတ်ကျောင်းတော် ဆိုင်ရာ ဝာာဝန်များထက် ၎င်းတို့ ၏ အီမာန် သက်ဝင် ယုံကြည်ချက် နှင့် ဂျေဟာဒ် များကို သာလွန်သည်ဟု ဆိုထားပါ သည်။ [18]

အောက်ခြေ မှတ်စုများ

ကျမ်းကိုးများ