ဆိုင်ယဒ်ဟစန်နီ၏တော်လှန်ရေး(ကေယာမ်)

wikishia မှ

ဆိုင်ယဒ်ဟစန်နီ၏တော်လှန်ရေး(ကေယာမ်) သည် အေမာမ်မဟ်ဒီ(အဂျ) ဖူးပွင့်မည့် နိမိတ်လက္ခဏာများအနက်မှ တစ်ခုဖြစ်သည်။ ရေဝါယသ်များအရ ဆိာင်ယဒ်ဟစန်နီသည် လူငယ်တစ်ဦးဖြစ်ပြီး ဒီလမ်မှ တော်လှန်ရေး(ကေယာမ်) ပြု လုပ်ပေမည်။ထိုနောက် အေမာမ်မဟ်ဒီ(အဂျ)၏ ဖိတ်ခေါ်မှုကို လက်ခံကြကုန် ဟူ၍ကြွေးကြော်ပေမည်။သွာလေကာန်နေရာမှ အမျိုးသားတစ်စုသည် ၎င်းအားကူညီပေမည်။ ဆိုင်ယဒ်ဟစန်နီ၏ တော်လှန်ရေး(ကေယာမ်) သည် အေမာမ်မဟ်ဒီ(အဂျ) ဖူးပွင့်မည်အချိန်နှင့် တိုက်ဆိုင်‌ေန‌ေပမည်။ ၎င်းသည် ကူဖွာ သိုမဟုတ် ထိုအနီးအနား၌ အေမာမ်မဟ်ဒီ(အဂျ) အား ဘိုင်အသ် သစ္စာခံပေမည်။

အခြားရေဝါယသ်အရ၊ ၎င်းသည် မက္ကာမြို၌ တော်လှန်ရေး(ကေယာမ်) ပြုလုပ်ပြီး ထိုမြိုသားမျ၏ လက်ချက်ဖြင့် အသက်ခံရပေမည်။ အချိုဘသည် ထိုရေဝါယသ်ကို ထောက်ထားခြင်းအားဖြင့် ဆိုင်ယဒ်ဟစန်နီသည် မက္ကာမြိုတွင် အသက်ခံရမည့် ဇကီကဟ် ဖြစ်ပြီး ယသည် အေမာမ်ဇမာန်(အဂျ) ဖူးပွင့်မည့် သေချာသောလက္ခဏာများထဲမှတစ်ခုဖြစ်သည်ဟုယူဆကြသည်။ အချိုများသည်လည်း ဤရေဝါယသ်အား သံသယရှိကြသည်။

အေမာမဟ်ဒီ(အဂျ,) ဖူးပွင့်မည့် နိမိတ်လက္ခဏာများ

အချိုရေဝါယသ်များ၌ ဆိုင်ယဒ်ဟုစိုန်နီ ဟုခေါ်သော လူတစ်ဦး ထွန်းကားလာခြင်းကိုဖူးပွင့်မည့် နိမိတ် လက္ခဏာများထဲမှ တစ်ခုအဖြစ် ဖော်ပြခဲ့သည်။[၁] ဥပမာအားဖြင့် အလ်ဘယာသ် ခွသ်ဘာ တရားဒေသနာ၌ ဖူးပွင့်မည့် နိမိတ်လက္ခဏာများ ဟူသောအပိုင်တွင် ဆိုင်ယဒ်ဟစန်နီ ၊ ၎င်း၏တော်လှန်ရေး နှင့် အေမာမ်မဟ်ဒီ(အဂျ) နှင့်တွေ့ဆုံခြင်းတိုကို ဖော်ပြထားသည်။[၂] ရှီအာသုတေသီပညာရှင် နက်ဂ်ျမိုဒီးန်နေသူစီး၏ ပြောကြားချက်အရ ဟဒီးပေါင်း (၇)ခု သိုမဟုတ် (၈)ခု ဆိုင်ယဒ်ဟစန်နီ နှင့်ပတ်သက်ပြီး လာရှိထားသည်။[၃] ယင်းတိုမှသိရသည်မှာ ဆိုင်ယဒ်ဟစန်နီ၏ တော်လှန်ရေးသည် အေမာမ်မဟ်ဒီ ဖူးပွင့်မည့် နိမိတ်လက္ခဏာများအနက်မှ တစ်ခုဖြစ်သည်။[၄] ၎င်း၏ပြောကြားချက်က်အရ ဤဟဒီးစ်များသည် စိတ်ချယုံကြည်ရသောအဆင့်၌ရှိပြီး ထိုဟဒီးစ်များအနက်မှ အချိုသည် မအ်စူမ်များထံမှ လာရှိထားပေသည်။ မည်မျှပင် အသေးစိတ်အချက်အလက်များ၌ ကွဲပြားနေပါ‌စေကာမူ။[၅]

အိဟ်ကာကုလ်ဟက္က် ကောက်နုတ်ထသည့် ကာဇွီ နှုရွလ္လာဟ် ရှုရှ်သရီ ၏ရေဝါယသ်အရ ဆိုင်ယဒ်ဟစန်နီသည် အေမာမ်ဟစန်(အစ) ၏သားသမီးများအနက်မှဖြစ်သည်။ [၆] ၎င်းသည် အေမာမ်မဟ်ဒီဖူးပွင့်မည်အချိန်၌ တော်လှန်ရေး(‌ေကယာမ်) လုပ်ပေမည်။ ထိုနောက်၎င်း၏ နောက်လိုက်သားများဖြင့် အေမာမ်မဟ်ဒီအား ဘိုင်အသ် သစ္စာခံပေမည်။[၇]

တော်လှန်ရေး(ကေယာမ်) ပြုပ်လုပ်မည့် ပုံစံအနေအထား

နက်ဂ်ျမိုဒီးနေသူစီး၏ ပြောကြားချက်အရ ဆိုင်ယဒ်ဟသန်နီ၏ တော်လှန်ရေး(ကေယာမ်) ၏ အသေးစိတ်ပုံစံ နှင့်ပတ်သက်ပြီး အမျိုးမျိုးလာရှိထားသည်။[၈] အချိုရေဝါယသ်များအရ ၎င်း၏တော်လှန်ရေးသည် ဒီလမ် ဆိုသောနေရာမှ အစပြုပြီး ကူဖွာ သိုမဟုတ် ထိုအနီးတစ်ဝိုက်၌ အေမာမ်မဟ်ဒီအား ဘိုင်အသ် သစ္စာခံပေမည်။ [၉]အခြားရေဝါယသ်အရ ၎င်းသည် မက္ကာမြို၌ အသက်ခံရပေမည်။ [၁၀] အေမာမ်ဆွာဒီက်(အစ) မှလာရှိထားသည့်ရေဝါယသ်အရ ဆိုင်ယဒ်ဟစန်နီသည် ချောမောသော လူငယ်တစ်ယောက်ဖြစ်ပြီး ဒေလမ် မှပေါ်ထွက်လာပြီး ဤသိုကျွေးကျော်ပေမည်၊ အို အာလေ အဟ်မဒ် ၊ အသင်တိုသည် ထိုသူကွယ်ပြောက်ခြင်းကို ဝမ်းနည်းကြေကွဲခဲ့ရ၏ ထိူသူ၏ ဖိတ်ကြားချက်ကို လက်ခံကြပါ။သတ်၀င်ယုံကြည်မှုရှိသော တာလီဂန်မှ အမျိုးသားများသည် ညှဉ်းဆဲသူများကို သတ်ဖြတ်ပြီး ကူဖာသို ဝင်ရောက်ကြမည်။ ထိုအချိန်ကာလတွင်၊ ကမ္ဘာပေါ်ရှိ ဒေသအများစုသည် မယုံကြည်သူများ တည်ရှိခြင်းမှ ကင်းစင်သွားပြီဖြစ်‌‌ေပသည်။ ၎င်းတိုသည် ကူဖွာမြို၌ နေထိုင်ပေမည်။ အေမာမ်မဟ်ဒီ ဖှုးပွင့်သည့်သတင်းသည် ဆိုင်ယဒ်ဟစန်နီ နှင့် ၎င်း၏နောက်လိုက်သားများထံသို ရောက်ရှိသည့်အခါ ၎င်းတိုသည် အေမာမဟ်ဒီထံမှ နမိတ်လက္ခဏာများကို တောင်းခံကြပေမည်။ အေမာမ်မဟ်ဒီ(အဂျ)မှ အံဖွယ်အရာ(ကေရာမသ်)များမကို တွေ့ရပြီးနောက် ၎င်း နှင်ဘ ၎င်း၏နောက်လိုက်များသည် အေမာမ်အား ဘိုင်အသ် သစ္စာခံကြပေမည်။ သိုသော် အယောက် လေးသောင်းမှအပ ၎င်းတိုအား ဇိုင်ဒီယဟ်ဟု ကျော်ကြားပြီး အေမာမ်အား ဘိုင်အသ် သစ္စာခံခြင်းမှ ငြင်းဆိုကြပေမည်။[၁၁]

အခြားရေဝါယသ်များအရ ၎င်းသည် အေမာမ်မဟ်ဒီ ဖူးပွင့်သည့်အချိန် မက္ကာမြို၌ တော်လှန်ရေး လုပ်ပြီး ထိုမြိုသားများ၏ လက်ချက်ဖြင့် အသက်ခံရပေမည်။ ထိုနောက် ၎င်း၏ဦးခေါင်းကို ရှာမ်သို ပိုပေးပေမည်။ သိုသော် ထိုရေဝါယသ်၌ ဆိုင်ယဒ်ဟစန်နီ၏ စတင်လှုပ်ရှားမှုကို ဖရက်ဂ်ျ၏ နမိတ်လက္ခဏာများ အနက်မှတစ်ခု ဖြစ်သည်ဟု သိထားပြီး အေမာမ်မဟ်ဒီဖှုးပွင့်ခြင်း၏ နမိတ်လက္ခဏာ ဖြစ်သည်ဟု လက်မခံထားပေ။ ထိုအတူ ထိုရေဝါယသ်၌ အဘာစီများ၏ သားသမီးများအကြား ကွဲပြားမှုဖြစ်ပေါ်လာခြင်း နှင့် ၎င်းတိုဘ၏ အုပ်ချုပ်မှုစနစ် ကျဆင်းလာမည်ဖြစ်ကြောင်းကို ဖော်ပြထားသည်။ ဤဟဒီးစ်တော်၏ စစ်မှန်မှုကို အထောက်အထား နှင့် အကြောင်းအရာအရ သံသယဖြစ်ဖွယ်ရှိ‌ေပသည်။[၁၂]

ဆိုင်ယဒ်ဟစန်နီသည် နက်ဖဖ်စေဇကီယဟ် ဖြစ်ပါသလား။

အလ်ကာဖီစာအုပ်ကို အလင်းဖွင့်ဆိုသူ မွလ္လာဆွာလေဟ် မာဇင်န်ဒရာနီသည် အလာအင်မေဇူဟူရ် ဟူသောဟဒီးစ်ကို အလင်းဖွင့်ဆိုရာ၌ ဆိုင်ယဒ်ဟစန်နီသည် နက်ဖဖ်စေဇကီယဟ် ဖြစ်ကြောင်းကို မှန်းချေပေးထားလေသည်။[၁၃]ယင်း၏သက်သေမှာ ဆိုင်ယဒ်ဟစန်နီသည် မက္ကာမြိုသားများလက်ချက်ဖြင့် အသက်ခံရပြီး အေမာမ်မဟ်ဒီ ဖူးပွင့်မည့်မေ့တွင် ၎င်း၏ဦးခေါင်းကို ဆိုဖီယာနီထံသို ပေးပိုမည့်အကြောင်း ကောက်နုတ်ထားသည့် ‌ေရဝါယသ်ကြောင့်ပင်ဖြစ်သည်။ [၁၄] နက်ဖဖ်စေဇကီယဟ် သည် အေမာမ်ဟိုစိန်(အစ)၏ မျိုးဆက်မှဖြစ်သည်။[၁၅]မက္ကာအနီးတစ်ဝိုက်၌ ကအ်ဘာ၌ ရှိသော ရုကွန် နီင့် မကာမေအိဘ်ရာဟီးမ် နေတွင် အသက်ခံရပေမည်။[၁၆] ၎င်းအသက်ခံရခြင်းကို အေမာမ်အဟ်ဒီ(အဂျ) ဖူးပွင့်မည့် သေချာသောလက္ခဏာများအနက်မှဖြစ်သည်ဟု သိထားကြသည်။[၁၇]

မှတ်စုများ

  1. ကြည့်ပါ ၊ မဂ်ျလေစီ၊‌ေဗဟာရွလ်အန်ဝါရ်၊ဟီဂျရီ၁၄၀၃၊အတွဲ၅၃၊စာမျက်နှာ၁၆၊ အလ်ကာဖီ၊ ဟီဂျရီ၁၄၀၇၊အတွဲ၈ စာမျက်နှာ၂၂၅၊ဟဒီးစ်၂၈၅၊ နအ်မာနီ၊ အလ်ဂိာင်ဘဟ်၊ဟီဂျရီ၁၃၉၇၊စာမျက်နှာ၂၇၀
  2. သွီဘ်စီး၊( ဆိုင်ယဒ်ဟစန်နီ ဒဲရ် ခွဒ်ဘေယေ အလ်ဘယာသ် အဇ်စနသ် သာ မက်သ်န် ) စာမျက်နှာ ၅၂
  3. သွီဘ်စီး၊ ( နေဂရီရှီဒဲရ်ရေဝါယသ်သေဟစန်နီ)၊စာမျက်နှာ၄၇
  4. သွီဘ်စီး၊ ( နေဂရီရှီဒဲရ်ရေဝါယသ်သေဟစန်နီ)၊စာမျက်နှာ၄၇
  5. သွီဘ်စီး၊ ( နေဂရီရှီဒဲရ်ရေဝါယသ်သေဟစန်နီ)၊စာမျက်နှာ၄၇
  6. ရှုရ်ှသရီ၊အဟ်ကာကုလ်ဟက္က်၊ဟီဂျရီ၁၄၀၉ အတွဲ၂၉စာမျက်နှာ ၄၄၈
  7. ရှုရ်ှသရီ၊အဟ်ကာကုလ်ဟက္က်၊ဟီဂျရီ၁၄၀၉ အတွဲ၂၉စာမျက်နှာ ၄၄၈
  8. သွီဘ်စီး၊ ( နေဂရီရှီဒဲရ်ရေဝါယသ်သေဟစန်နီ)၊စာမျက်နှာ၄၇
  9. မဂ်ျလေစီ၊‌ေဗဟာရွလ်အန်ဝါရ်၊ဟီဂျရီ၁၄၀၃၊အတွဲ၅၃၊စာမျက်နှာ၁၅-၁၆
  10. ကိုလိုင်နီ၊ အလ်ကာဖီ၊ ဟီဂျရီ၁၄၀၇၊အတွဲ၈ စာမျက်နှာ၂၂၅ဟဒီးစ်၂၈၅၊ နအ်မာနီ၊ အလ်ဂိာင်ဘဟ်၊ဟီဂျရီ၁၃၉၇၊စာမျက်နှာ၂၇၀
  11. မဂ်ျလေစီ၊‌ေဗဟာရွလ်အန်ဝါရ်၊ဟီဂျရီ၁၄၀၃၊အတွဲ၅၃၊စာမျက်နှာ ၁၆၊ ယက်ဇ်ဒီး ဟာအိရီး၊ အလ်ဇာမုလ်နာဆွီဘ်၊ ဟီဂျရီ၁၄၂၂၊အတွဲ၂၊စာမျက်နှာ၂၁၈
  12. ကြည့်ပါ မိုဟမ္မဒီရိန်းရှဟ်ရီ၊ဒါနီရှိနာမေယေအေမာမ်မဟ်ဒီ၊ အီရာန်နှစ်၁၃၉၃၊အတွဲ၇၊စာမျက်နှာ ၄၃၉-၄၄၁
  13. မာဇင်န်ဒရာနီ၊ ရှရ်ဟုလ်ကာဖီ၊ဟီဂျရီ၁၃၈၀၊အတွဲ၁၂၊စာမျက်နှာ၄၁၄
  14. စိုလိုင်မာနီ၊ဖရ်ဟန်ဂ်နာမေယေမဟ်ဒဝီယသ်၊အီရာန်နှစ်၁၃၈၈ စ မျက်နှာ၂၀၈
  15. မဂ်ျလေစီ၊‌ေဗဟာရွလ်အန်ဝါရ်၊ဟီဂျရီ၁၄၀၃၊အတွဲ၅၂၊စာမျက်နှာ၂၂၃
  16. ဆူဒူက်၊ ကမာလုလ်ဒီးန်၊ အတွဲ၁၊စာမျက်နှာ၃၃၁
  17. ဆူဒူက်၊ ကမာလုလ်ဒီးန်၊ အတွဲ၂၊စာမျက်နှာ၆၅၀, ဟဒီးစ်၇

ကျမ်းကိုးများ