စူရဟ် အင်န်စာန်

wikishia မှ

စူရဟ် အင်န်စာန် သို့မဟုတ် ဟလ်အသာ သို့မဟုတ် ဒဟ်ရ် သည် မဒီနဟ် ၌ ကျရောက်ခဲ့သည့် စူရဟ်များအနက် ခြောက်ပါးမြောက် စူရဟ်ဖြစ်ပြီး အစောင် အမှတ် ၂၉ ၌ လာရှိထားသည်။ စူရဟ် အင်န်စာန် သည် ဖန်ဆင်းခြင်း၊ လူသားမျာူအား လမ်းမှန်သို့ ညွှန်ပြခြင်း ၊ ကောင်းမွန်သူများ၏ ဂုဏ်ရည်လက္ခဏာများ နှင့် ၎င်းတို့အား အရှင်မြတ်ဘက်မှ နေအ်မသ်များစွာ ပေးသနားတော်မူခြင်း ၊ ထို့အတူ ကျမ်းမြတ်ကုရ်အာန်၏ အရေးပါမှု နှင့် အရှင်မြတ်၏ လိုလားမှု တို့အကြောင်း ဖော်ပြထားပေသည်။ ရှီအာ အလင်းဖွင့်ဆိုသူများ နှင့် အချို့ အဟ်လေစွန္နသ်တို့၏ အမြင်အရ၊ ဤစူရဟ်၏ ခြောက်ပါးမြောက် အာယသ်သည် အာယသ်-သေ-အိသ်ွအာမ် ဟူ၍ ကျော်ကြားကာ ၊ အေမာမ်အလီ(အစ) ၊ ဖှာသွေမဟ်(စအ) ၊ အေမာမ်ဟစန်(အစ) ၊အေမာမ်ဟိုစိုင်း(အစ) နှင့် ၎င်းတို့၏ ကျေးကျွန်မ ဖိဇ္ဇာဟ် တို့နှင့် ပတ်သက်ပြီး ကျရောက်ခဲ့လေသည် ဟုယုံကြည်ထားသည်။ ၎င်းတို့သည် သုံးရက်ဆက်တိုက် ရိုဇာထားကြမည်ဟု ကတိကဝတ်ပြုခဲ့ကြသည်။ ၎င်းတို့ကိုယ်တိုက် စာလောက်ငတ်မွတ်နေသော်လည်း ၎င်းတို့ အိဖ်သွာရ် လုပ်မည့် အစားအစာများကို ဆင်းရဲနွမ်းပါးသူ၊ မိဘမဲ့နှင့် သုံ့ပန်းများကို ပေးကမ်းစွန့်ကြဲခဲ့ကြသည်။ ဤစူရဟ်ကို ဖတ်ကွတ်ခြင်းဖြင့် ရရှိမည့် အကျိုးစဝါးဘ်များမှာ ၊ နောင်တမလွန်၌ တမန်တော်မြတ်(ဆွ) နှင့်အတူ နေထိုင်ခွင့်ရမည့် စဝါးဘ် ပင်ဖြစ်သည်။

မိတ်ဆက်

  • အမည်မှည့်ခြင်း

ဤစူရဟ်သည် စူရဟ် အင်န်စာန်၊ ဟလ်အသာ နှင့် ဒဟ်ရ် ဟူ၍ ကျော်ကြားပေသည်။ (1) ဤအမည်နာမသည် ဤစကားလုံးသုံးလုံးကို ပထမပိုဒ်တွင် ဖော်ပြထားသောကြောင့် ဖြစ်သည်။ (2) ဤစူရဟ်အား အိဘ်ရာရ် (ကောက်းမွန်သူများ) ဟုလည်း ခေါ်သည်။ အကြောင်းမှာ ဤစကားလုံးသည် ပဉ္စမအပိုဒ်တွင် လာရှိထားပြီး ဤစူရဟ်၏ ထက်ဝက်ကျော်သည် ဤလူများ၏ သမိုင်းနှင့် သက်ဆိုင်သောကြောင့် ဖြစ်သည်။ (3)

  • ကျရောက်သည့် နေရာ နှင့် အမှတ်အစဉ်

စူရဟ် အင်န်စာန်သည် တမန်တော်မြတ်(ဆွ) ထံကျရောက်ခဲ့သည့် ၉၈ ပါးမြောက် စူရဟ် ဖြစ်သည်။ ဤစူရဟ်သည် ယခုလက်ရှိ ကုရ်အာန်စာမျက်နှာအရ ခုနစ်ဆယ့်ခြောက်ပါးမြောက် စူရဟ်ဖြစ်ပြီး (4) အစောင် ၂၉ တွင်ရှိပေသည်။ (5) ဤစူရဟ် မက္ကီ ဖြစ်ခြင်း နှင့် မဒနီ ဖြစ်ခြင်း အပေါ် ကွဲပြားသော အမြင်များ ရှိပေသည်။ ရှီအာ သဖ်စီးရ်ပညာရှင် ဖြစ်သူ နာဆွီရ်မကာရင်မေရှီရာဇီ၏ အဆိုအရ၊ ဤစူရဟ် တစ်ပုဒ်လုံး သို့မဟုတ် အနည်းဆုံး ပကာင်းမွန်‌ေသာသူများ နှင့် ၎င်းတို့၏ ဖြောင့်မတ်သော အကျင့်များအကြောင်း ကို မဒီနဟ်တွင် ကျရောက်စေခဲ့သည်ဟု ရှီအာ အလင်းဖွင့်ဆိုသူများက သဘောတူညီထားကြသည်။ (6) ဟီဂျရီ ခုနှစ်ရာစု အဟ်လေစွန္နင် ငဖ်စီးရ် ပညာရှင်တစ်ဦးဖြစ်သူ ကုရ်သွီဘီ သည်လည်း ထင်ပေါ်ကျော်ကြားသော အဟ်လေစွန္နသ် အိုလမာ ပညာရှင်များသည် ဤစူရဟ်အား မဒနီ ဖြစ်ကြောင်း လက်ခံထားကြသည်။ (7) သို့သော် အချို့သော် အဟ်လေစွန္နသ် သဖ်စီးရ်ပညာရှင်များသည် ၊ ဤစူရဟ်ကို မက္ကီ ဖြစ်ကြောင်း (8) နှင့် အချို့ သူများသည် ဤစူရဟ်၏ ပထမအာယသ်ကို မက္ကီ ၊ ရှစ်ပါးမြောက် အာယသ်မှစ၍ နောက်ဆုံးအထိကို မဒနီ ဖြစ်သည်ဟူ၍ လက်ခံထားကြသည်။ (9)

  • အာယသ်၏ အရေအတွက်နှင့် အခြားအင်္ဂါရပ်များ

စူရဟ် အင်န်စာန်သည် အာယသ်ပေါင်း ၃၁ ၊ စကားစု ၂၄၃ ၊ နှင့် ဝေါဟာရပေါင်း ၁၀၈၉ ရှိပေငည်။ ဤစူရဟ်သည် တိာတောငသော အာယသ်တော်များရှိပြီး နှင့် စူရဟ်အတိုတစ်အုဒ် အနက်မှ ဖြစ်သည်။ (10) ဤစူရာသည် ဟဇရသ်အဘ္ဘာစ်(အစ) ဇရီးဂ်တော်တွင် ၏ ထင်ရှားစွာ ရေးထွင်းထားသော အာယသ်တော်များ နှင့် စူရဟ်များ အနက်မှ တစ်ခုဖြစ်သည်။ (11)

အကြောင်းအရာ

နမူနာ သဖ်စီးရ်တွင် စူရဟ်အင်န်စာန် ၏အကြောင်းအရာကို ခေါင်းစဉ်ငါးခု နှင့် ယေဘူယျ အကြောင်းအရာများ အဖြစ် ပိုင်းခြားထားသည်။ (၁) ၊ လူသားအား ဖန်ဆင်းခြင်း၊ လုသားများအား သုတ်ရေမှ ဖန်ဆင်းခြင်း၊ လူသားအား လမ်းမှန်ညွှန်ပြပေးခြင်း နှင့် ၎င်းတို့၏ လွတ်လပ်သော အလိုဆန္ဒများ။ (၂) ၊ ကောင်းမုပြုသူများ၏ အကျိုးစဝါးဘ်များ ( အဂ်လေဗိုင်သ် အစ အကြောင်းဖြစ်သည်) (၃) ၊ မြင့်မြတ်သော ဆုကျေးဇူးကို ခံထိုက်စေသော လူကောင်းတို့၏ အချင်းလက္ခဏာများ။ (၄) ၊ ကုရ်အာန်၏ အရေးပါမှု၊ ၎င်း၏ အမိန့်များကို အကောင်အထည်ဖော်ရန် နည်းလမ်းနှင့် မိမိကိုယ်ကို တည်ဆောက်ခြင်း။ (၅) ၊ အရှင်မြတ်၏ အလိုတော်သာလျှင် အုပ်စိုးမှု ရှိခြင်း။ (12) စူရဟ် အင်န်စာန်၏ အကြောင်းအရာ (13) လူသားများအား အရှင်မြတ်၏ ဘာသာတရားလမ်းစဥ်ကို လျှောက်လှမ်းဖို့ရန် တိုက်တွန်းနိုး‌ေစာ်ခြင်း။ တတိယအဆို ၊ အာယသ် ၂၃ မှ ၃၁ အရှင်မြတ်၏ ဘာသာတရားလမ်းစဥ်ကို မဖြစ်မနေ လျှောက်လှမ်းရခြင်း ဒုတိယအဆို ၊ အာယသ် ၄ မှ ၂၂ အရှင်မြတ်၏ ဘာသာတရားလမ်းစဥ်ကို လျှောက်လှမ်းရခြင်၏ အကျိုးကျေးဇူးများ ပထမအဆို ၊ အာယသ် ၁ မှ ၃ လူ့ပင်ကိုယ်ဗီဇ သဘာဝအရ အရှင်မြတ်၏ ဘာသာတရားလမ်းစဥ်သို့ လမ်းညွှန်လျှောက်လှမ်းခြင်း။ ပထမ အကြောင်းအရာ ၊ အာယင် ၂၃ မှ ၂၆ ငြင်းပယ်သူများမှ မလိုက်ဖို့ရန်အတွက် တမန်တော်မြတ်၏ ဝာာဝန် ပထမ အကြောင်းအရာ ၊ အာယသ် ၄ ငြင်းပယ်သူများအဖို့ တမလွန်၌ ခံစားရမည့် အပြစ်ငရဲများ ပထမ အကြောင်းအရာ အာယသ် ၁ မှ ၂ လူသားများအား မွေးကတည်းက အမှန်အမှား ခွဲခြားသိမြင်တက်စေရန် အသိဉာဏ်များ ပေးထားခြင်း ဒုတိယ အကြောင်းအရာ အာယသ် ၂၇ မှ ၂၈ ငြင်းပယ်သူများသည် လောကကို တတ်မတ်မှုကြောင့် ၎င်းတို့သည် အမိန့်ကို နာမခံရခြင်း ဖြစ်သည်။ ဒုတိယ အကြောင်းအရာ အာယသ် ၅ မှ ၆ ကောင်းမှုပြုသူများသည် ဂျန္နသ် သုခဘုံမှ ကောင်းကျိုးများ ခံစားရခြင်း ဒုတိယ အကြောင်းအရာ အာယသ် ၃ လူသားများအား အမှန်တရားဘက်သို့ ဖြစ်တည်မှုဆိုင်ရာ နှင့် ပြဌာန်းမှုဆိုင်ရာ လမ်းညွှန်ပြသပေးခြင်း။ တတိယ အကြောင်းအရာ အာယသ် ၂၉ မှ ၃၁ ငြင်းပယ်သူများသည် အရှင်မြတ်၏ အလိုတော်ကို မကျော်လွှားနိုင်ပေ။ တတိယ အကြောင်းအရာ အာယသ် ၇ မှ ၁၁ အရှင့်ကျေးကျွန်များ၏ ဂုဏ်ရည်လက္ခဏာများ စတုတ္ထ အကြောင်းအရာ အာယသ် ၁၂ မှ ၂၂ အရှင့်ကျေးကျွန်များ၏ ဂျန္နသ် သုခဘုံ နေအ်မသ်များ

အလင်းဖွင့်ဆိုခြင်းဆိုင်ရာ မှတ်စုများ

ကောင်းမှုပြုသူများ၏ ဂုဏ်ရည်လက္ခဏာများ

စူရဟ် အင်န်စာန် တွင် ( အာယသ်အမှတ် ၇ မှ ၁၁ အထိ) ကောင်းမှုပြုသူများ၏ ဂုဏ်ရည်လက္ခဏာ ငါးခုကို ဖော်ပြထားသည်။

  1. မိမိတို့ပြုထားသည့် ကတိကဝတ်အပေါ် တည်မြဲခြင်း
  2. အပြစ်ဒာဏ် ကျရောက် မည့်နေ့ကို ကြောက်ရွံ့ကြသည်။
  3. မိမိတို့ ကိုယ်တိုင် စားနပ်ရိက္ခာ လိုအပ်သော်လည်း ဆင်းရဲနွမ်းပါးသူ၊ မိဘမဲ့များနှင့် သုံ့ပန်းများကို ပေးကမ်း စွန့်ကြဲကြသည်။
  4. ၎င်းတို့သည် အရှင်မြတ် နှစ်သက်စေရန်အတွက်သာ လုပ်ဆောင်ကြပြီး မည်သူတစ်ဦးတစ်ယောက်ထံမှ ဆုကျေးဇူး သို့မဟုတ် ကျေးဇူးတော်ကို မမျှော်လင့်ကြပေ။
  5. အုံ့မှိုင်း၍ ကြောက်မက်ဖွယ်ကောင်းသောနေ့ (ဆိုလိုသည်မှာ ရှင်ပြန်ထမြောက်သောနေ့) တွင် ၎င်းတို့၏ ဖန်ဆင်းရှင်မှ ကြောက်ရွံ့ကြသည်။ (14)
  • ဤစူရာဟ်တွင် ဟူရုလ်အိုင်းန် (ဂျန္နသ် သုခဘုံ အမျိုးသမီးများ) ၏ကောင်းချီးများကို မဖော်ပြခဲ့ပေ။

အဟ်လေစွန္နင်၏ သဖ်စီးရ် ပညာရှင် ဖြစ်ငူ အာလူစီ၏ ယုံကြည်ချက်အရ ၊ ဤစူရဟ်သည် တမန်တော်မြတ်(ဆွ ၏ အိမ်သူအိမ်သား ငါးပါး၏ သာလွန်မြင့်မြတ်မှု နှင့်ပတ်သက်ပြီး ကျရောက်ခဲ့ရာ ၎င်းတို့အနက် ဖှာသွေမဟ် (အစ)) လည်းပါဝင်ကာ၊ ၎င်းအား အရိုအသေပေးသောအားဖြင့် ဂျန္နသ် သုခဘုံ အမျိုးသမီးများမှ အမည်များကို မဖော်ပြခဲ့ပေ။ (15) အလ္လာမဟ်သွဗာသွဗာယီး သည်လည်း ဤအချက်ကို ဖော်ပြထားကာ ဤစူရဟ် အင်န်စာန်၌ ဂျန္နသ် သုခဘုံရှိ အမျိုးသမီးများ၏ အမည်သည် ဂျန္နသ်သုခ ကောင်းကင်ဘုံ၏ အရေးကြီးဆုံး ကောင်းချီးများထဲမှ တစ်ခုမဟုတ်ပေ။ ထို့ကြောက့် ဤအာယသ်တွက် လာရှိထားသည် ကောင်းမှုပြုသူများအကြား အမျိုးသမီးများလည်း ပါဝင်နေနိုင်ပေသည်။ (16)

ထင်ရှားသော အာယသ်တော်များ

အာယသ်သေ အိသ်ွအာမ်

وَيُطْعِمُونَ الطَّعَامَ عَلَىٰ حُبِّهِ مِسْكِينًا وَيَتِيمًا وَأَسِيرًا အာယသ်အမှတ် (၈) ဘာသာပြန် ။ (မိမိတို့)) စားသုံးမည့် အစားအစာကို မိမိတို့ကိုယ်တိုင် လိုအပ်နေသော်များလည်း မရှိဆင်းရဲသား ၊ မိဘမဲ့ နှင့် သုံ့ပန်းများကို ပေးကမ်းခဲ့သည်။ စူရဟ် အင်န်စာန်၏ အာယသ်အမှတ် ရှစ်သည် (အရှေ့ အနောက် အာယသ် အပါအဝင်() အာယသ်သေ အိသ်ွအာမ် ဟူ၍ ကျော်ကြားပေသည်။ (17) အာယသုလ္လာဟ် မကာရင်မေ ရှီရာဇီ၏ အဆိုအရ၊ ရှီအာ အိုလမာ အားလုံးသည် သဘောတူညီထားသည်မှာ ဤအာယသ်သည် အခြားသော အာယသ်များနှင့် အတူတကွ (၁၈ အာယသ် သို့မဟုတ် အာယသ်အားလုံး) ) သည် အေမာမ်အလီ(အစ) ၊ ဖှာသွေမဟ် (စအ))) ၊ အေမာမ်ဟစန် (အစ)) နှင့် အေမာမ်ဟိုစိုင်းန်((အစ) ) နှင့် ဖိဇ္ဇဟ် တို့၏ သုံးရက်ဆက်တိုက် ရိုဇာထားသည့် အဖြစ်အပျက် နှင့်ပတ်သက်ပြီး ကျရောက်ခဲ့သည်။ (18) ကောက်နုတ်ထားသည်မှာ ၊ ထိုသူများသည် ဗိုက်စာနေသော်လည်း၊ မိမိတို့၏ အိဖ်သွာရ်ကို မရှိဆင်းရဲသား ၊ မိဘမဲ့ နှင့် သုံ့ပန့်များ တောင်းခံမှုကြောင့် ပေးကမ်းခဲ့သည်။ (19) ဤအကြောင်းအရာကို ဖော်ပြသည့် ရေဝါယသ်များစွာ ရှိပေသည်။ (20) အာယသုလ္လာဟ် မကာရင်မေရှီရာဇီသည် အိဗ်နေအဘ္ဘာစ်၏ ရေဝါယသ်ကို ကိုးကား၍ ဖော်ပြထားသည်မှာ ၊ အဂ်လေဗိုင်သ် (အစ)) ၏ သာလွန်မြင့်မြတ်မှု နှင့်ပတ်သက်ပြီး အဂ်လေစွန္နင်တို့၏ ရေဝါယသ် ကိုးကားသူ ၃၄ ဦးအား အလ္လ မဟ် အမီနီ၏ အလ်ဂဒီးရ် စာအုပ်တွင် လာရှိထားသည်။ (21) ဤရေဝါယသ်ကို အဟ်လေစွန္နသ်တို့အကြား၊ ထင်ပေါ်ကျော်ကြားသော ရေဝါယသ် ဖြစ်သည်ဟူ၍ လက်ခံထားကြသည်။ (22)

အာယသ်သေ ရှရာဘေ သုဟူးရ်

وَسَقَاهُمْ رَبُّهُمْ شَرَابًا طَهُورًا (အာယသ်အမှတ် ၂၁) ဘာသာပြန် ။ ၎င်းတို့၏ အရှင်မြတ်သည် သန့်ရှင်းစင်ကြယ်သော ဖျော်ရည်ကို ‌၎င်းတို့အား တိုက်ကျွေးတော်မူမည် ဖြစ်သည်။ အလ္လာမဟ်သွဗာသွဗာယီးသည် မီဇာန် သဖ်စီးရ်၌ သန့်ရှင်းစင်ကြယ်သော ဖျော်ရည်ကို အညစ်အကြေးများ မရှိသည့်အရည် ဥပမာ မေ့လျော့မှု မရှိခြင်း၊ ဆုံးရှုံးခြင်းနှင့် အရှင်မြတ်ထံ သောင်ဗဟ် ဝန်ချတောင်းပန်မှု မရှိခြင်းမှ ကင်းစင်ခြင်းတို့ ဖြစ်သည်။ ထို့နောက် ထိုအရည်ကို သောက်ခြင်းဖြင့် ၎င်းတို့ နှင့် ၎င်းတို့၏ အရှင်မြတ်အကြား မည့်သည့် အတားအစီးမှုမှ မရှိတော့ပဲ ၊ ထိုအရှင်မြတ်အဖို့ ချီးမွန်းထောပနာ ပြုခြင်းဖြစ်သည်။ အလ္လာမဟ်သွဗာသွဗာယီး ယုံကြည်ထားသည်မှာ အရှငါမြတ်သည် ဤအာယသ်၌ ကြားခံနယ်များကို ပယ်ဖျက်ထားပြီး ကောင်းကင်သုခဘုံသားများသည် ထိုအရည်ကို တိုက်ရိုက်သောက်သုံးမည် ဖြစ်သည်။ ဤသည်မှာ ကောင်းကင်သုခဘုံသားများ၏ အမွန်မြတ်ဆုံးသော ကောင်းချီးတစ်ခုပင် ဖြစ်သည်။ (23) ဟကီးမေစက်ဖ်ဝါရီယေစာဂဲရ် သည် (ဖျော်ရည်) ကို အရှင်မြတ်၏ လမ်းစဉ်၌ ကျင့်ဆောင်အားထုပ်ခြင်း ဟုဖော်ပြထားသည်။ (24)

အာယသ်သေ အဟ်ကာမ်

စူရဟ် အင်န်စာန်၏ အာယသ်အမှတ် ခုနှစ်ကို အာယသ်သေ အဟ်ကာမ် ဟူ၍ သတ်မှတ်ထားသည်။ (25) ဤအာယသ်၌ မိမိပြုထားသည့် ကတိကဝတ်အပေါ် တည်မြဲခြင်းသည် ကောင်းမှုပြုသူများ၏ ဂုဏ်ရည်လက္ခဏာ ဖြစ်ကြောင်း ဖော်ပြထားသည်။ (26) ဆိုထားသည်မှာ ၊ ဤအာယသ်မှ၊ ကတိကဝတ်အပေါ် ဖြည့်ဆည်းရခြင်းမှာ ဝါဂျီဘ်ဖြစ်ကြောင်း နားလည်ပေသည်။ (27)

မြင့်မြတ်မှု နှင့် အကျိုးများ

ရေဝါယသ်များ၌၊ စူရဟ် အင်န်စာန် ဖတ်ရွတ်ခြင်းဖြင့် ရရှိမည့် အကျိုးစဝါးဘ်များကို ၊ ဂျန္နသ် သုခဘုံ နှင့် ဂျန္နသ် သုခကောင်းကင်ဘုံ အမျိုးသမီးများ (28) နှင့် တမလွန်၌ တမတ်တော်မြတ်(ဆွ) နှင့် အတူနေထိုင်ခွင့် ရမည်ဟူ၍ ဖော်ပြထားသည်။ (29) ထို့အတူ လာရှိထားသည်မှာ ၊ အေမာမ်ရဇွာ(အစ) သည် တနင်္လာနေ့နှင့် ကြာသပတေးနေ့ ဖဂျဲရ်နမာဇ်တွင် ၊ ပထမရကအသ်၌ စူရဟ် ဟန်ဒ် နှင့် စူရဟ်အင်န်စာန် ၊ ဒုတိယ ရကအသ်တွင် စူရဟ် ဟမ်ဒ် ပြီးနောက် စူရဟ် ဂါရှီယဟ်အား ဖတ်ရွတ်လေသည်။ ထို့အပြင် မည်သူမဆို ထိုသို့ဖတ်ရွတ်ပါက အရှင်မြတ်သည် ဤနှစ်ရက်အတွင်း မကောင်းမှုမှ ကာကွယ်တော်မူမည်ဟု မိန့်တော်မူခဲ့သည်။ (30) ဤစူရဟ်ကို ဖတ်ရွတ်ခြင်း၏ အကျိုး အာနိသင်များကိုလည်း ဖော်ပြထားသည်မှာ အကယ်၍ မည်သူမဆို စူရဟ် အင်န်စာန်အား အစဉ်အမြဲ ဖတ်ရွတ်ပါက အကယ်၍ ထိုသူ၏ စိတ်ဝိညာဉ်သည် အားနည်းနေပါက၊ ဝိညာဉ်ရေးခွန်အားရှိလာလိမ့်မည် ဖြစ်သည်။ (31) ဤစူရဟ်ကို ဖတ်ရွတ်ခြင်းသည် အာရုံကြောများကို အားကောင်းစေပြီး စိုးရိမ်ပူပန်မှုများကို ရှောင်ရှားရန်အတွက် အသုံးဝင်ပေသည်။ (32)