စူရဟ် နာစ်

wikishia မှ
စူရဟ် နာစ်

စူရဟ် နာစ် (အရဘီ - سورة الناس ) သည် ၁၁၄ ‌မြောက် စူရဟ်(နောက်ဆုံး) ဖြစ်ပါသည်။ မက္ကီ စူရဟ်များ မှ ဖြစ်ပြီး အစောင် ၃၀ ရှိပါသည်။ စူရဟ် နာစ် သည် ကွန်လ် လေး ခု စူရဟ် များ မှ တစ်စူရဟ် ဖြစ်ပါသည်။ ဤ စူရဟ် တော် ၌ အလ္လာဟ် ဟို အရှင်မြတ် သခင် သည် တမန်တော်မြတ် (ဆွ) အား အမိန့်ပေး မိန့်တော်မူသည်မှာ လျှို့ဝှက်စွာ စုံစမ်းနှောင့်ယှက်သူများ ၏ အန္တရာယ် မှ မိမိထံ ခိုလှုံရန် ဖြစ်ပါ သည်။ စွန်နီ သဖ်စီးရ် ပညာရှင်များ ၏ အဆို အရ စူရဟ် သည် ရဟူဒီ (ဂျူး လူမျိုး) ယောက်ကျား တစ်ဦး မှ အောက်လမ်းလုပ် ပြုစား ၍ ကိုယ်တော်မြတ် (ဆွ) ဖျားနာ သွားသည့် အချိန် ကျရောက် လာသည်ဟု ဖြစ်ပါသည်။ ဂျီဗရာအီးလ် (အ.စ) ကြွမြန်းလာပြီး စူရဟ် ဖလက် နှင့် စူရဟ် နာစ် အားယူဆောင်လာကာ တမန်တော်မြတ် (ဆွ) အပေါ် သို့ ထို စူရဟ် နှစ်ခု မှာ အာယသ်တော် များ ကို သေလာဝသ် ပြုခဲ့ပါသည်။ ပြီးနောက် တမန်တော်မြတ် (ဆွ) သည် ဖျားနာနေသည့် အိပ်ယာ မှ ပြန်ထလာ တော်မူခဲ့ပါသည်။ အချို့ ရှီအဟ် ပညာရှင်များ ၏ အဆိုအရ ဤအကြောင်းကို လက်မခံကြချေ။ တမန် တော်မြတ် (ဆွ) အပေါ် မှော် အောက်လမ်းလုပ် ၊ပြုစားခြင်း သည် သက်ရောက် မှု မရှိ ဟု ဆိုထားကြပါသည်။

စူရဟ် ဖလက် နှင့် နာစ် အား မို‌အောင်ဝေဇသ်သိုင်းန် ဟုခေါ်ဆို ပါသည်။ အဘယ်ကြောင့်ဆိုသော် သအ်ဝီးဇ် (ခ) အဆောင် လက်ဖွဲ့ အတွက်သေလာဝသ် ပြုရသည့် အတွက်ကြောင့် ဖြစ်ပါသည်။ စူရဟ်နာစ် သေလာဝသ် ပြုခြင်း ကြီးကျယ် မြင့်မြတ်မှုဆင့်ပြန်ချက်လာရှိပါသည်။ အကြင်မည်သူမဆို စူရဟ် နှင့် စူရဟ် နာစ် အား သေလာဝသ် ပြုမည် ဆိုလျှင် ထိုသူသ် အန်ဘီယာများ (အ.စ) အားလုံး အပေါ် ကျရောက်ခဲ့သည့် ကျမ်းများ ကို သေလာဝသ် ပြုလိုက်သည့် ပမာ ဖြစ်ပေမည်။ ထိုနည်း တူစွာ အခြား ဟဒီးစ်တော် တစ်ခု တွင် လာ ရှိသည်မှာ မဟာတမန်တော်မြတ် (ဆွ) သည် စူရဟ် နှင့် စူရဟ် နာစ် အား အလ္လာဟ် ဟို အရှင်မြတ် ထံတော် အနီး တွင် အနှစ်သက်ဆုံး စူရဟ် များ မှ ဖြစ်ကြောင်း လာရှိပါသည်။

မိတ်ဆက်

  • အမည်ပေးရခြင်း

ဤစူရဟ်၏ အမည်ကို နာစ် ဟုပေးထားပြီး အဓိပ္ပာယ် မှာ လူများ ဖြစ်ပြီး ဤ စူရဟ် ၏ ပထမ အာယသ်တော် မှ ကောက်နှုတ် ထားခြင်း ဖြစ်ပါသည်။ စူရဟ် နာစ် ကို မို‌အောင်ဝေဇဟ် ဟုလည်း ခေါ်ဆိုပါသည်။ ဤအမည်ပေးရခြင်းမှာ လူသားအနေဖြင့် ဤ စူရဟ် ကို ဖတ်ရွတ်ခြင်း ဖြင့် မိမိ ကိုယ်ကို မာရ်နတ်၏ သွေးဆောင်မှုများ မှ ကာကွယ် စောင့်ရှောက် နိုင်ရန် ဖြစ်ပါသည်။ အလ္လာဟ် ဟို အရှင်မြတ် ထံ တော်တွင် ခိုလှုံ လိုက်ခြင်း ကြောင့် ဖြစ်ပါသည်။ ထိုနည်းတူစွာ လူတစ်ဦးသည် အန္တရာယ်ခံစားရသောအခါ အလ္လာဟ် ထံ ခိုလှုံရန်နှင့် ကယ်တင်ခြင်းရယူရန် ဤစူရဟ်ကိုရွတ်ဆိုရခြင်းကြောင့်အတွက် ဤစူရဟ်အား မိုရှက်ရှကအ် ဟုခေါ်ဆို ပါ သည်။ ဤစူရဟ် နှစ်ပုဒ် စူရဟ် ဖလက် နှင့် နာစ် အား မိုရှက်ရှကသိုင်းန် နှင့် မို‌အောင်ဝေဇသ်သိုင်းန် (ခိုလှုံခြင်း)ဟုလည်းခေါ်ဆိုပါသည်။(1)

  • စူရဟ်ကျရောက်သည့် နေရာ နှင့် ကျရောက်ရသည့် အကြောင်းခံ

စူရဟ် ဖလက်သည် မက္ကီ စူရဟ်များထဲမှ တစ်ခုဖြစ်ပြီး တမန်တော်မြတ် (ဆွ) အပေါ် ကျရောက် သည့် စူရဟ် အမှတ်စဥ်များ အရ အမှတ် ၂၁မြောက် ဖြစ်ပါသည်။ ဤစူရဟ် သည် လက်ရှိ ကျမ်းတော်မြတ်ကုရ်အာန် တွင် ၁၁၄ ခု‌မြောက် စူရဟ် ဖြစ်ပါသည်။(2) အစောင် ၃၀ မြောက်တွင် ရှိပါသည်။ အလာမဟ် သွဗါသွဗါယီ အလ် မီဇာန်း(န) ကျမ်းတွင် ဤစူရဟ် အား စူရဟ် ဖလက် နည်းတူ မဒနီ စူရဟ် ဟု လက်ခံထားပြီး ကျ‌ရောက်ရသည့် အကြောင်းခံ လာ ရီဝါယသ်တော် များ ကို အ‌ခြေခံ ပြီး စူရဟ် ဖလက် နှင့် နာစ် သည် အတူ တွဲ၍ ကျလာကြောင်း လက်ခံ သက်ဝင်ယုံကြည် ထားကြပါသည်။(3) လက်ရှိခေတ်ကာလ ၏ ရှီအဟ် သဖ်စီးရ် ပညာရှင် ကြီး တစ်ပါး ဖြစ်သည့် အာယာသွလ္လာဟ် အလ်အွဇ်မာ ဂျဝါဒီ အာ မိုလီ အနေဖြင့် ဤစူရဟ် အား မက္ကီ လည်း ဖြစ် ကြောင်း မဒနီ လည်း ဖြစ်ကြောင်း သက်ဝင် ယုံကြည် ထားပါသည်။ အကြောင်းမှာ ဤစူရဟ် တွင် မဒနီ ၏ဝိသေသလက္ခဏာများ မရှိသော်လည်း ၎င်းတွင်မက္ကီ ၏ ဝိသေသလက္ခဏာများ လည်းရှိ ပါသည်။(4)

  • အာယသ်တော် အရေအတွက်နှင့် အခြားထူးခြားမှုများ

စူရဟ်ဖလက်တွင် အာယသ်တော် ၆ ပါး ၊ စကားလုံးတော်ပေါင်း ၇၈ လုံး ၊ အက္ခရာတော်ပေါင်း ၇၃လုံး ပါရှိပါ သည်။ ဤစူရဟ်သည် ထုထည် နှင့်ပတ်သက်သော မိုဖာဆေလာသ် စူရဟ်များ ( အသေးစိတ်စူရဟ်များ) ထဲမှ တစ်ခု ဖြစ် ပါသည်။ စူရဟ် နာစ် သည် ကွန်လ် လေးခုထဲမှ တစ်ခုဖြစ်ပြီး၊ ဆိုလိုသည်မှာ ကွန်လ် ဖြင့် အစပြု သော စူရဟ်လေးခုဖြစ်သည်။(5)

ပါဝင်သည့်အကြောင်းအရာ

အလ္လာဟ်ဟိုအရှင်မြတ်သည် စူရဟ်နာစ် တွင် တမန်တော်မြတ် (ဆွ) အား အမိန့်ပေးထားပါသည်။ ရှိုင်တွာန် (မာရ်နတ်) ၏ သွေးဆောင် လှည့်ဖြားခြင်း ( ကွယ်ဝှက် သွေးဆောင်လှည့်ဖြားသူများ ) ၏ လှည့်ဖြားမှုများ မှ အလ္လာဟ်ဟို အရှင်မြတ်ထံ ခိုလှုံရန် ဖြစ်ပါသည်။(6) ဤစူရဟ် ၏ အကြောင်းအရာ သည်စူရဟ်ဖလက်၏ အကြောင်းအရာ နှင့် ဆင်တူပါသည်။ စူရဟ် နှစ် ပုဒ် စလုံးသည် မကောင်းမှု နှင့် ဒုက္ခများ မှ အလ္လာဟ် ဟို အရှင်မြတ် ထံ ခိုလှုံ သည့် အကြောင်း ကို ပြောထားခြင်း ဖြစ်ပါသည်။ ကွာခြားချက်မှာ - စူရဟ်ဖလက် တွင် မကောင်းမှု အမျိုးအစားများကို ဖော်ပြထားပါသည်။ သို့သော် ဤစူရဟ်တွင် မမြင်နိုင်သော ဖြားယောင်း သွေးဆောင် ( ကွယ်ဝှက် သွေးဆောင်လှည့်ဖြားသူများ ) ၏ မကောင်းမှုကိုသာ အဓိက ထား ဖော်ပြထား ပါသည်။ (7)

စကြဝဠာအပေါင်း တည်ရှိမှု စနစ်၏ အဆင့်အတန်းများ

ထင်ရှားကျော်ကြားသော ခေတ်ပြိုင် သဖ်စီးရ် ကုရ်အာန် ပညာရှင် အာယာသွလ္လာဟ် အလ်အွဇ်မာ ဂျဝါဒ် အာမိုလီ မှ သဖ်စီးရ် ဤစူရဟ် နှင့် ရဗ္ဗ် စကား ၏ အကြိမ်ကြိမ် အသုံးပြု မှု နှင့်ပတ်သက်ပြီး လူတစ်ဦးသည် အခက်အခဲ တစ်ခုတွေ့ရှိပါက ၎င်းသည် မိမိ ၏ အုပ်ထိန်းသူ၊ မိမိ အား လမ်းပြသူ ၊ မိမိအား ကြီးကြပ် အုပ်ထိန်းသူ၊ မိမိအား ဦးဆောင် ညွှန်ကြား သူ ထံ ဦးစွာ ခိုလှုံမည် ဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။ ( ဤသည် ရဗ္ဗ်ဗေနာစ် ဖြစ်ပါသည်။ ) ထိုနည်းဖြင့် သူ၏ အခက်အခဲ ပြေလည်ခြင်း မရှိပါက၊ တိုင်းပြည်အုပ်စိုးသူ၊ တိုင်းပြည်၏ ဘုရင် ၊ တိုင်းပြည်၏ ဂေါပက၊ တိုင်းပြည်၏ ဧကရာဇ် တို့ ထံ ခိုလှုံမည် ဖြစ်ပါသည်။ ( ဤသည် မလစ်က်ကေ နာစ် ဖြစ်ပါသည်။) ထိုနည်း တူ မြေပထဝီ ရှိ တာဝန် ရှိ အရာရှိများ (အကြီးအကဲများ) ၊ စီစဥ် ကွပ်ကဲသူ များနှင့် အုပ်ချုပ်သူများထံမှ ရလဒ်မရှိပါက၊ ၎င်းသည် စကြဝဠာအပေါင်း၏ အရှင်သခင် (အေလာဟင်န်နာစ် ) ထံ ခိုလှုံမည် ဖြစ်ပါသည်။

စူရဟ်နာစ် တွင် ပါဝင် နာစ် သုံးမျိုးသုံးစား

အချို့ သဖ်စီးရ် ပညာရှင် များ အနေဖြင့် ဤစူရာ၏အစတွင် လာရှိသည့် နာစ် မှာ လူသားများအကြွင်းမဲ့ ဖြစ်ကြောင်း စူရဟ် အလယ်တွင် ( الَّذِي يُوَسْوِسُ فِي صُدُورِ النَّاسِ ) ဆိုပြီးလာရှိသည့် နာစ် သည် လူ နှင့် ဂျင်န် ရန်သူများ ၏ တိုက်ခိုက်ခြင်းခံရသူများ ဖြစ်ကြောင်း ၊ စူရဟ် ၏ နောက်ဆုံး တွင်လာရှိသည့် နာစ် (مِنَ الْجِنَّةِ وَالنَّاسِ) သည် ဂျင်န်အတန်း တွင် ရှိနေသည့် လူသား ဖြစ်ပြီး မိမိကိုယ် သွေးဆောက် ဖြားယောင်းသူ ဖြစ်ပါသည်။ ပြီးနောက် ဤ စူရဟ် နှင့် စူရဟ် ဖလက် သည် ခိုလှုံခြင်း သုံးမျိုးသုံးစား ကို ပြသနေကြောင်း လက်ခံ ထားကြပါသည်။ (8)

ခန်နာစ် ၏ တာဝန်များ

ရှိက်ခ် ဆူဒူက် အနေဖြင့် အမာလီ ဆူဒူက် စာအုပ် တွင် အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) ထံမှဆင့်ပြန်လာရှိသည် ရီဝါယသ် တော်တစ်ခု ကို တင်ပြသည်မှာ (و الذین اذا فعلوا فاحشه او ظلموا انفسهم ذکروا الله فاستغفروا لذنوبهم )ဆိုသည့် အာယသ် တော် ကျရောက်သည့် အခါ အီဗလီးစ် အနေ ဖြင့် မက္ကာဟ် မြို့ ရှိ စောင်ဝါးရ် တောင်ထိပ်သို့ တက်သွားပြီး မိမိ၏ ကျယ်လောင်သော အသံဖြင့် မိမိ ၏ ရှိင်တွာန်များ ((ရှိုင်တွာန်) ကလေးများ ၊ သွေးဆောင်လှည့်ဖြားသူများ) အသံပေးလေ၏။ အားလုံး သည် ၎င်း ၏အနီးတွင် စုဝေးကြပါ သည်။ မေးမြန်းကြပါသည် ။ အို အကျွန်ုပ်တို့၏ ကြီးမြတ်သော အကြီးအကဲ သည် အကျွန်ုပ်တို့ကို အဘယ် ကြောင့် ခေါ်တော်မူသနည်းဟု မေးလျှောက်ကြလေသည်။ ထိုအချိန် ဤ အာယသ်တော် ကျရောက်ခဲ့ပါသည်။ အသင်တို့အတွင်း မှ ထိုအာနိသင် ကို ဖျက်စီး လုပ်နိုင်ပါသလား? ဟုမေးမြန်းသည့်အခါ ရှိုင်တွာန် မာရ်နတ်များ မှ တစ်ယောက်မှ ထပြီး ကျွန်ုပ် ပြုနိုင်သည်ဟု မဟုတ်ဘူး၊ မင်း ဒါကို မလုပ်နိုင်ဘူးဟု ရှိင်တွာန် မှ ပြန်ပြောလေ၏။ ဟုမေးမြန်းသည့်အခါ ရှိုင်တွာန် မာရ်နတ်များ မှ နောက် တစ်ယောက်မှ ထပြီး ပထမ တစ်ယောက် ကဲ့သို့ ပြောလေ၏။ ရှိင်တွာန် မှလည်း ပထမ တစ်ယောက် အတိုင်း အဖြေပေး လေ၏။ ခန်နာစ်မှ ထပြီး ပြောလေ၏။ ဤအလုပ် ကို ငါကို အပ်ပါလေ ဟုဆိုလေ၏။ ၎င်းအား မင်း ဒါကို ဘယ်လိုဖျက်မလဲလို့ မေးလေ၏။ သူမှ သူက ကတိပေးပါသည်။ လူသားအနြေင့် အမှားများ ကို ကျူးလွန်ပြီး အပြစ်များ ကို ကျူးလွန် ပြီး သောင်ဗာဟ် ပြုဖို့ မေ့နေအောင် ပြုလုပ်မည်ဟုဆိုလေ၏။ ရှိင်တွာန် မာရ်နတ် မှ ပြောလေ၏။ ဟုတ်ပါသည်။ ဤအလုပ်ကို မင်းလုပ်နိုင်မှာ ဖြစ်သည်။ ဤ အလုပ်ကို ကေယာမသ် တိုင် မင်းတာဝန်ဖြစ်သည် ဟု ဆိုလေ၏။ (9)

စူရဟ် ကျ‌ရောက်ရသည့် အကြောင်းခံ

ဤစူရဟ် ကျ‌ရောက်ရသည့် အကြောင်းခံနှင့်ပတ်သက် သည့် စွန်နီ အရင်းအမြစ်များလာ ရီဝါယသ်အား ရှီအဟ် ပညာရှင်များ မှ လက်မခံထားကြခြင်း ဖြစ်ပါ သည်။(11) အဲဟ်လေ့စွန္နသ် ၏ သဖ်စီးရ် ကျမ်း မှ တစ်ကျမ်း ဖြစ်သည့် အဒ်ဒိုရိုမန်စူရ်ကျမ်း တွင် ရဟူဒီ (ဂျူးလူမျိုး) ယောက်ကျား တစ်ဦး မှ တမန်တော်မြတ် (ဆွ) အား အောက်လမ်းလုပ် ပြုစားခဲ့ကြောင်း တင်ပြထားပါသည်။ ဂျီဗရာအီးလ် (အ.စ)သည် ကိုယ်တော် မြတ် (ဆွ)ထံ ကြွမြန်းလာပြီး မို‌အောင်ဝေဇသ်သိုင်းန် (စူရဟ်ဖလက် နှင့် စူရဟ်နာစ်) ကို ယူဆောင် လာခဲ့ပါ သည်။ပြီးနောက် ပြောကြားပါသည်။ ရဟူဒီ (ဂျူးလူမျိုး) ယောက်ကျား တစ်ဦး သည် အသင် ကိုယ်တော်အား အောက်လမ်းလုပ်ထားပါသည်။ ၎င်းလုပ်ထားသည့်အောက်လမ်း (မှော်) မှာ ရေတွင်း တစ်ခု တွင်ရှိပါသည်။ တမန်တော်မြတ် (ဆွ) မှ အလီဘင်န်အဘီ သွာလစ်ဗ် (အ.စ) ထိုမှော်ကို ယူလာရန်စေလွတ် တော်မူခဲ့ပါ သည်။ ပြီးနောက် ကိုယ်တော်မြတ်(ဆွ) မှ ဟဇရသ် အလီ (အ.စ) အား မှော်အထုံးများ ကို ဖြေရန် အမိန့်ပေး တော်မူပါ သည်။ အထုံးတိုင်း အား မိုအောင်ဝေဇသ်သိုင်းန် မှ အာယသ်တော် တစ်ပါးတစ်ပါးဆီ ကို သေလာဝသ် ပြုပြီး ဖြေလေသည်။ စူရဟ် နှစ်ပုဒ် စလုံး သေလာဝသ် အပြီး အထုံးများ အားလုံးဖြေသွားပြီး ဖြစ်ပါသည်။ တမန်တော်မြတ် (ဆွ) လည်း ပြန်လာ ကျန်းမာလာပါသည်။ (12)

အလာမဟ် သွဗါသွဗါယီ အနေဖြင့် အလ်မီဇာန်း(န) ကျမ်းတွင်ရေးသားထားသည်မှာ - တမန်တော်မြတ်(ဆွ) သည် အောက်လမ်း မှော်ပညာကို ခံနိုင်ရည်ရှိပါသည်။ ၎င်း အောက်လမ်း မှော်ပညာပြုစားမှု သည် ကိုယ်တော် ၏ ခန္ဓာကိုယ် တွင် နာမကျန်းမှု ဖြစ်အောင်ပြုနိုင်ကြောင်း အထောက်အထား သက်သေ မရှိကြောင်း တစ်နည်းအား ဖြင့် ကျမ်းတော်မြတ် ကုရ်အာန် ၏ အာယသ်တော်များ အရ ကိုယ်တော် မြတ် (ဆွ) နှလုံးသား၊ အသက်၊ ဥာဏ် နှင့် အတွေးအခေါ် များသည် အောက်လမ်း (မှော်ပညာ)နှင့် ရှိင်တွာန်များ စီးနင်း လွမ်းမိုးမှု မှ လုံခြုံကြောင်း ညွှန်ပြထားပြီး ဖြစ်ပါသည်။(13)

စူရဟ် ၏ ကြီးကျယ်မြင့်မြတ် မှု နှင့် အကျိုး စွမ်းရည်

ဖဇွာအေလ်လေစူဝရ် ဆောင်းပါးအားလေ့လာ နိုင်ပါသည်။

တမန်တော်မြတ်(ဆွ) ထံ မှဆင့်ပြန်လာရှိပါသည်။ “အကြင်မည်သူမဆို စူရဟ် နှစ်ခု ဖြစ်သည့် ဖလက် နှင့် နာစ် အားသေလာဝသ်ပြုမည်ဆိုလျှင် အလ္လာဟ့် တမန်တော်မြတ်များ (အ.စ) အပေါ် ကျရောက် သည့် ကျမ်းများ အားလုံးကို သေလာဝသ် ပြုသည့် ပမာ ဖြစ်ပါသည်။“(14) အေမာမ် ဘာကဲရ် (အ.စ) ထံမှလည်း ဆင့်ပြန်လာ ရှိပါ သည်။ “အကြင်မည်သူမဆို နမာဇ်ဇေရှက်ဗ် ၏ နမာဇ်ဇေဝေသ်ရ် တွင် မို‌အောင်ဝေဇသ်သိုင်းန် စူရဟ်များ (စူရဟ် ဖလက် နှင့် စူရဟ်နာစ် ) ၊ စူရဟ်သောင်ဟီးဒ် အားဖတ်ရွတ်မည်ဆိုလျှင် အလ္လာဟ်ဟို အရှင်မြတ် မှ ၎င်းမိန့်တော်မူပေမည် ။ အို အလ္လာဟ်၏ ကျေးကျွန် အသင်အတွက် သတင်း ကောင်းဖြစ်ပါ သည်။ အလ္လာဟ် ဟို အရှင်မြတ်သည် ၏ အသင်၏ နမာဇ် ဇေဝေသ်ရ်အား လက်ခံ သဘောတူ လိုက်ပြီး ဖြစ်ပါသည်။”(15) ထိုနည်းတူစွာ တမန်တော်မြတ် (ဆွ) ထံမှဆင့်ပြန် လာရှိပါသည်။ “စူရဟ် နှစ်ခု ဖြစ်သည့် ဖလက် နှင့် နာစ် သည် အလ္လာဟ်ဟို အရှင်မြတ် အမြတ်နိုးဆုံး အကြိုက်ဆုံး စူရဟ် များ ဖြစ်ပါသည်။“(16)

စူရဟ် နာစ်၏ အကျိုးစွမ်းရည် နှင့် ပတ်သက်ပြီး ဆင့်ပြန်ချက်လာ ရှိပါသည်။ တမန် တော်မြတ် (ဆွ) သည် အေမာမ် ဟစန် မိုဂျ်သဗါ (အ.စ) နှင့် အေမာမ် ဟိုစိုင်းန် (အ.စ) တို့အား အောင်ဝေ ဇသ်သိုင်းန် သေလာဝသ်ပြု၍ သအ်ဝီးဇ် လက်ဆောင်လက်ဖွဲ့ အဖြစ် ချည်နှောင် အသုံးပြုခဲ့ပါသည်။(17) တမန်တော်မြတ် (ဆွ) ၏ အခြား ဆင့်ပြန် ချက် တစ်ခု လာရှိပါသည်။ “ အကြင်မည်သူမဆို စူရဟ် သောင်ဟီးဒ် ၊ စူရဟ် ဖလက် နှင့် စူရဟ်နာစ် အား ညစဥ်ညတိုင်း ၁၀ကြိမ် ဖတ်ရွတ်မည်ဆိုလျှင် ကျမ်းတော်မြတ် ကုရ်အာန် တစ်အုပ်လုံး အား သေလာဝသ်သည့်ပမာ ဖြစ်ပါသည်။ ပြီးနောက် မွေးခင်ဝမ်းမှ မွေးလာသကဲ့သို့ အပြစ်များ မှ စင်ကြယ် သွားမည် ဖြစ်ပါသည်။ ပြီးနောက် ထိုနေ့ သို့မဟုတ် ည တွင် ကွယ်လွန်ပါက ရှဟီးဒ် အဖြစ် သေဆုံး ခြင်း ဖြစ်ပေသည်။(18)

အောက်ခြေ မှတ်စုများ

ကျမ်းကိုးများ