မာတိကာသို့ ခုန်သွားရန်

စူရဟ်အာလေအင်န်မရာန် ၏အာယသ်တော် အမှတ် ၁၃၉

wikishia မှ
စူရဟ်အာလေအင်န်မရာန် ၏ အာယသ်တော် အမှတ် ၁၃၉
အာယသ်တော် အမည်စူရဟ်အာလေအင်န်မရာန် ၏အာယသ်တော် အမှတ် ၁၃၉
လာရှိသည့် စူရဟ်အာလေအင်န်မရာန်
အာယသ်တော်အမှတ်၁၃၉
ဂျွတ်ဇ် နံပါတ်
အကြောင်းမိုအ်မင်န် များအတွက် အောင်ပွဲရမည်ဟု ကတိပေးရန်
ပတ်သက်ဆက်နွယ်နေသည့် အာယသ်တော်များစူရဟ်မိုဟမ္မဒ် ၏ အာယသ်တော်အမှတ် ၃၅


စူရဟ်အာလေအင်န်မရာန် ၏အာယသ်တော် အမှတ် ၁၃၉ သည်ကာဖေရ်များ (မယုံကြည်သူများ) ကို အောင်နိုင် ခြင်းနှင့် ကာဖေရ် (မယုံကြည်သူများ) အပေါ် အောင်ပွဲခံရန် မိုအ်မင်များ (အီမာန် သက်ဝင်ယုံကြည်သူများ ) အား အလ္လာဟ်ဟို အရှင်မြတ် ပ ကတိပြုထားပြီး မယုံကြည်သူများ နှင့် ရင်ဆိုင်ချိန် တွင် ကြံ့ကြံ့ခံရန် တိုက်တွန်း ထားပါသည်။[] အာယသ်တော် အစတွင် မွတ်စလင်မ်များ အား တိုက်ပွဲ တွင်ရှုံးနိမ့်ခြင်းကြောင့် စိတ်ပျက် အား လျော့ခြင်း သို့မဟုတ် စိတ်မကောင်းခြင်းမဖြစ်အောင် သတိ ပေးထား ခြင်းဖြစ်ပါသည်။[]

(وَلَا تَهِنُوا وَلَا تَحْزَنُوا وَأَنْتُمُ الْأَعْلَوْنَ إِنْ كُنْتُمْ مُؤْمِنِينَ)
(အကယ်၍ သင်သည် အီမာန် သက်ဝင် ယုံကြည်သူဖြစ်ပါက အားမလျော့ပါနှင့် ဝမ်းနည်းမနေပါနှင့်၊။ အကြောင်း မူကား သင်သည်သာလျင် အောင်မြင်မည် ဖြစ်သည့် အတွက်ကြောင့် ဖြစ်ပါသည်။)



စူရဟ်အာလေအင်န်မရာန် ၊ အာယသ်တော် အမှတ် ၁၃၉


သဖ်စီးရ် မဂျ်မအိုလ်ဗရန်းန် ကျမ်းရှင် ရှီအဟ် သဖ်စီးရ် ပညာရှင် ဖွဇ်လ် ဗင် ဟစန် သွဗရ်စီ က ဤအာယသ် တော် ၏ ရှာနေနိုဇူလ် မှာ အိုဟွဒ် တိုက်ပွဲအပြီးတွင် မွတ်စလင်မ်များ မှ ရှဟီးဒ် ဖြစ်သွားသူများ ဒဏ်ရာ ရသွားသူများ ကြောင့် ၎င်းတို့အား နှစ်သိမ့်မှုနှင့် မျှော်လင့်ချက်ပေးရန်အတွက်ကျရောက်လာခြင်း ဖြစ် ကြောင်း ဆိုထားပါသည်။[] ဖွဇ်လ် ဗင် ဟစန် သွဗရ်စီ အနေဖြင့် အခြားဆင့်ပြန်ချက်တစ်ခုကို တင်ပြ သည်မှာ အိုဟွဒ် စစ် ပွဲအပြီး နောက်တစ်နေ့တွင် ဒဏ်ရာရစစ်သည်တစ်စုနှင့်အတူ တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) သည် မက္ကဟ် စစ်တပ်မှ မဒီနာ ကို ထပ်မံတိုက်ခိုက်ခြင်းမှ တားဆီးရန် ဟမရာအိုလ်အစဒ် သို့ သွား ရောက်ခဲ့ ကြောင်း အလ္လာဟ် ဟို အရှင်မြတ်သည် ဤ နေရာတွင် ဤ အာယသ်တော် အား ချပေးတော် မူခဲ့ကြောင်း လာရှိပါသည်။[] ဤအာယသ် တော် သည် မိုအ်မင်များ အား မွတ်ရှ်ရေက်များ နှင့် ရင်ဆိုင်ရချိန် တွင် ကြံ့ကြံ့ခံ ရပ်တည်ရန် တိုက်တွန်းထားပါသည်။[]

အလ်မီးဇန်း ကျမ်းရှင် ရှီအဟ် သဖ်စီးရ် ပညာရှင် ဆယက်ဒ် မိုဟမ္မဒ် ဟိုစိုင်းန် သွဗာသွဗာရီ မှ «تَهِنُوا» (ခ) ပျင်းရိခြင်း ၏ သအ်ဘီးရ် (ခ) ဆိုလိုသည့်အနက်အဓိပ္ပာယ်မှာ ဂျေဟာဒ် အတွက် စိတ်ပိုင်းဖြတ်မှု အားနည်း ခြင်း နှင့် သာသနာအတွက် ရပ်တည် ခြင်း၏ အရေးပါမှုကို ဂရုမပြုခြင်းတို့ ကို အလ္လာဟ်ဟို အရှင်မြတ် က တားမြစ်တော်မူခြင်းဖြစ်သည်ဟု ဆိုထားပါသည်။[] «وَأَنْتُمُ الْأَعْلَوْنَ» (ခ) အသင်တို့ အောင်နိုင်မည် ဟူသော စကားနှင့်ပတ်သက်၍ အီမာန်သက်ဝင် ယုံကြည်သူများ(ခ) မိုအ်မင်များ သည် နောက်ဆုံးတွင် အောင်ပွဲခံ ကြလိမ့်မည်ဟု ဆိုထားခြင်း ဖြစ်ကြောင်းဆိုထားပါ သည်။[] သဖ်စီးရ် ပညာရှင် မိုဟမ္မဒ် ဂျဝါဒ် မွတ်ဂ်နီ ယေဟ် မှ ဤ အာယသ်တော် အားသဖ်စီးရ် ဖွင့်ဆိုချိန်တွင် တမန်တော်မြတ် ကြီး (ဆွ) ၏ ဟဒီးစ်စေ အဲအ်သေလာ ကို မှီးငြမ်းပြီး အစ္စလာမ် သာသနာ သည် သာလွန် မြင့်မြတ်သည့် သာသနာ ဖြစ်ကြောင်း မည်သည့် အရာ မျှအစ္စလာမ်မသာသနာ ကို လွမ်းမိုး အောင်နိုင်မည် မဟုတ်ကြောင်း ဆိုထားပါသည်။[] ထို့အပြင်«إِنْ کنْتُمْ مُؤْمِنینَ» အဓိပ္ပာယ် သင်တို့သည် သက်ဝင် ယုံကြည်သူများဖြစ်လျှင် ဟူသောစကားစုကို အီမာန် (ခ) သက်ဝင် ယုံကြည်ခြင်းသည် အလ္လာဟ် ဟို အရှင်မြတ် နှင့် အရှင်၏ ကတိကဝတ် တော်များကို ယုံကြည် ကိုးစားခြင်းဟု အကျယ်အဓိပ္ပာယ်ဖွင့်ဆိုထားကြပါသည်။[] အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ ၏ ထိပ်တန်းခေါင်းဆောင် အာယာသွလ္လာဟ် ခါမေနာအီ မှ အစ္စရေး အနေဖြင့် အီရန်ကို တိုက်ခိုက်ပြီး အီရန် ၏ စစ်ဘက်ဆိုင်ရာ ဗိုလ်ကြီးများ ကို လုပ်ကြံ သတ်ဖြတ်ပြီးနောက် အီရန်ပြည်သူများအား မိန့်ခွန်းပြောကြားစဥ် ဤ အာယသ်တော် အား သေလာဝသ်ပြုခဲ့ ပါသည်။[၁၀] အာယာ သွလ္လာဟ် အနေဖြင့် ဤ အာယသ်တော် ကို ကိုးကား၍ ကျွန်ုပ်တို့သည် သက်ဝင်ယုံကြည်သူများ ဖြစ်လျှင် ရန်သူသည် လက်တွေ့ နယ်ပယ်တွင် မည်သည့်အရာကိုမျှ လုပ်ဆောင်နိုင်မည်မဟုတ်ဟု ယုံကြည် ပါ သည်။[၁၁] ဆယက်ဒ် မိုဟမ္မဒ် သကီ မိုဒရစီ အနေဖြင့်လည်း ဤအာယသ်တော် နှင့် စပ်လျဥ်းပြီး စွန္နသ်သေအေလာဟီ ဘက်သို့ ရည်ညွှန်း ကြောင်းဆိုထားပါသည်။ ဤသည်ကို အခြေခံ၍ သာလွန်ခြင်း နှင့် ရုတ်တရက် အောင်မြင်ခြင်း သို့မဟုတ် စတေး မှုမရှိဘဲ မဆွတ်ခူးနိုင်ချေ။ တစ်နည်းအားဖြင့် အခက်အခဲများကို ခံနိုင်ရည်ရှိရန် အဆင်သင့်ရှိရန် အရေးကြီးလိုအပ်ပါသည်။ အကြောင်းသည်ကား ရန်သူ ကလည်း မိမိကို ရင်ဆိုင်ရန် အတွက် အသင့် ဖြစ်နေသည့် အတွက်ကြောင့် ဖြစ်ပါသည်။[၁၂] စူရဟ်မိုဟမ္မဒ်၏ အာယသ်တော်အမှတ် ၃၅ တွင်လည်း အလားတူ အဓိပ္ပါယ်လာရှိပါသည်။ « ပြီးနောက် အသင် တို့ သည် မပျော့ညံ့ကြနှင့်။မပျင်းရိကြနှင့်။ ပြီးနောက် [ကာဖေရ်များကို ] စစ်ပြေငြိမ်းမှုဘက်သို့ မဖိတ် ခေါ်ပါ နှင့်။ [ အကြောင်းမှာ ] အသင်တို့သည် သာလွန်မြင့်မြတ်သောကြောင့် ဖြစ်ပါသည်။ အလ္လာဟ် အရှင် မြတ်သည် အသင်တို့ နှင့် အတူ ရှိတော်မူပြီး အသင်တို့၏ လုပ်ရပ်များ၏ [ တန်ဖိုး ] ကို မည်သည့် အခါမျှ လျော့ပါး စေမည်မဟုတ်ချေ။  »

အောက်ခြေ မှတ်စုများ

  1. သွရစ်ဗ် ၊ အသွရစ်ဗ်ဗိုလ်ဗယာန်း ၊ ၊ အီရန် သက္ကရာဇ် ၁၃၇၈ ခုနှစ် ၊ အတွဲ ၃ ၊ စာမျက်နှာ ၃၆၆ ။
  2. မကာရေမ်မိုရှီရာဇီး ၊ သဖ်စီးရ် နမူနာ ၊ အီရန် သက္ကရာဇ် ၁၃၇၄ ခုနှစ် ၊ အတွဲ ၃ ၊ စာမျက်နှာ ၁၀၈။
  3. သွဗ်ရေစီ ၊ မဂျ်မအိုလ်ဗယာန်း ၊ အီရန် သက္ကရာဇ် ၁၃၇၁ ခုနှစ် ၊ အတွဲ ၂၊ စာမျက်နှာ ၈၄၃။
  4. သွဗ်ရေစီ ၊ မဂျ်မအိုလ်ဗယာန်း ၊ အီရန် သက္ကရာဇ် ၁၃၇၁ ခုနှစ် ၊ အတွဲ ၂၊ စာမျက်နှာ ၈၄၃။
  5. စောင်အ်လဘီ နီးရှားပူရီ ၊ အလ်ကရှ်ဖ် ဝလ်ဗယာန်း ၊ ဟီဂျီ သက္ကရာဇ် ၁၄၂၂ ခုနှစ် ၊ အတွဲ ၃၊ စာမျက်နှာ ၁၇၂။
  6. သွဗာသွဗာရီ ၊ အလ်မီးဇန်း ဖီး သဖ်စီးရ် ရိုလ်ကုရ်အာန် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၇ခုနှစ် ၊ အတွဲ ၄ ၊ စာမျက်နှာ ၂၆-၂၇။
  7. ဖခ်ရေရာဇီး ၊ မဖာသီဟိုလ် ဂိုင်းဗ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၀ ခုနှစ် ၊ အတွဲ ၃ ၊ စာမျက်နှာ ၃၇၁။
  8. မွတ်ဂ်နီယေဟ် ၊ သဖ်စီးရ် ရိုလ်ကာရှစ်ဖ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၄ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၁၆၃။
  9. သွဗ်ရေစီ ၊ မဂျ်မအိုလ်ဗယာန်း ၊ အီရန် သက္ကရာဇ် ၁၃၇၁ ခုနှစ် ၊ အတွဲ ၂၊ စာမျက်နှာ ၈၄၃။
  10. « ဇီယွန်ဝါဒီအစိုးရ ကျူးကျော်ပြီးနောက် အီရန် ပြည်သူများ သို့ အာယာသွလ္လာဟ် ခါမေနာအီ ၏ ဒုတိယအကြိမ် ရုပ်မြင်သံကြား မိန့်ခွန်း » ၊ အာယာ သွလ္လာဟ် ခါမေနာအီ ၏ တရားဝင်ဝက်ဘ်ဆိုက်။
  11. «အီရန် အစိုးရအရာရှိများ နှင့် တွေ့ဆုံစဥ် မိန့်ကြားသည့် မိန့်ခွန်း » ၊ အာယာသွလ္လာဟ် ခါမေနာအီ ၏ တရားဝင်ဝက်ဘ်ဆိုက်။
  12. မိုဒရစီ ၊ မင်န်ဟုဒါ အလ်ကုရ်အာန် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၉ ခုနှစ် ၊ အတွဲ ၁ ၊ စာမျက်နှာ ၆၆၆။

ကျမ်းကိုးများ

  • «အီရန် အစိုးရအရာရှိများ နှင့် တွေ့ဆုံစဥ် မိန့်ကြားသည့် မိန့်ခွန်း » ၊ အာယာသွလ္လာဟ် ခါမေနာအီ ၏တရားဝင်ဝက်ဘ်ဆိုက်။အကြောင်းအရာထည့်သွင်း သည့်ရက်စွဲ - သီးရ် ၁၆ ရက် ၊ အီရန် သက္ကရာဇ် ၁၃၉၃ ခုနှစ် ၊ လည်ပတ်ရက်စွဲ - သီးရ် ၁ ရက် ၊ အီရန် သက္ကရာဇ် ၁၄၀၄ ခုနှစ် ။
  • စောင်အ်လဘီ နီးရှားပူရီ ၊ အဲဟ်မဒ် ဘင်န် အီဗရာဟီးမ် ၊ အလ်ကရှ်ဖ် ဝလ်ဗယာန်း အန်သဖ်စီးရ် ရေကုရ်အာန် ၊ ဘေရွတ် ၊ ဒါရိုလ်ဟယာ အိုသိုရာစေလ်အရဘီ ၊ ပထမကြိမ် ပုံနှိပ် ၊ ဟီဂျီ သက္ကရာဇ် ၁၄၂၂ ခုနှစ်။
  • « ဇီယွန်ဝါဒီအစိုးရ ကျူးကျော်ပြီးနောက် အီရန် ပြည်သူများ သို့ အာယာသွလ္လာဟ် ခါမေနာအီ ၏ ဒုတိယအကြိမ် ရုပ်မြင်သံကြား မိန့်ခွန်း » ၊ အာယာ သွလ္လာဟ် ခါမေနာအီ ၏ တရားဝင်ဝက်ဘ်ဆိုက်။ အကြောင်းအရာထည့်သွင်း သည့်ရက်စွဲ - ခိုရ်ဒါဒ် ၂၈ ရက် ၊ အီရန် သက္ကရာဇ် ၁၄၀၄ ခုနှစ် ၊ လည်ပတ်ရက်စွဲ - သီးရ် ၁ ရက် ၊ အီရန် သက္ကရာဇ် ၁၄၀၄ ခုနှစ် ။
  • သွာလေကာနီ ၊ ဆရက်ဒ် မဲဟ်မူဒ် ၊ ပရ်သူယေအဇ်ကုရ်အာန် ၊တီဟီရန် ၊ ‌ရှေရ်ကသ်သေစဟာမီ အန်သေရှာရ် ၊ အီရန်သက္ကရာဇ် ၁၃၆၂ ခုနှစ်။
  • အလာမဟ် သွဗာသွဗာရီ ၊ ဆယက်ဒ် မိုဟမ္မဒ် ဟိုစိုင်းန် ၊ အလ်မီးဇန်း ဖီး သဖ်စီးရ် ရိုလ်ကုရ်အာန် ၊ကွမ်း ၊ ဒဖ်သရ် ရေ အင်န်သေရှာရာသ်သေ အစ္စလာမ်မီ ၊ ငါးကြိမ်မြောက် ပုံနှိပ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၇ခုနှစ်။
  • သွဗ်ရေစီ ၊ ဖွဇ်လ် ဗင် ဟစန် ၊ မဂျ်မအိုလ်ဗယာန်း ဖီး သဖ်စီးရ်ရေလ်ကုရ်အာန် ၊ တီဟီရန် ၊ အင်န်သေရှာ ရာသ်သေ ဒါနစ်ရှ်ဂါဟ် တီဟီရန် ၊ မိုဒီရီယသ် သေ ဟောင်ဇေအေလ်မီယေ ကွမ်း ၊ ပထမ ကြိမ် ပုံနှိပ် ၊ အီရန် သက္ကရာဇ် ၁၃၇၇ ခုနှစ်။
  • သွဗ်ရေစီ ၊ ဖွဇ်လ် ဗင် ဟစန် ၊ မဂျ်မအိုလ်ဗယာန်း ၊ မိုကဒမဟ် မိုဟမ္မဒ် ဂျဝါဒ် ဘလာဂီ ၊ တီဟီရန် ၊ နာဆေရ် ခွတ်ရူ ၊ တတိယကြိမ် ပုံနှိပ် ၊ အီရန် သက္ကရာဇ် ၁၃၇၂ ခုနှစ် ။
  • သွရစ်ဗ် ၊ ဆယက်ဒ် အဗ်ဒိုလ်ဟိုစိုင်းန် ၊ အသွရစ်ဗ်ဗိုလ်ဗယာန်း ဖီသဖ်စီးရေလ် ကုရ်အာန် ၊ တီဟီရန် ၊ အင်န်သေရှာ ရာသ်သေ အစ္စလာမ် ၊ ဒုတိယကြိမ် ပုံနှိပ် ၊ အီရန် သက္ကရာဇ် ၁၃၇၈ ခုနှစ်။
  • ဖခ်ရေရာဇီး ၊ မိုဟမ္မဒ် ဘင်န် အုမရ် ၊ မဖာသီဟိုလ် ဂိုင်းဗ် ၊ ဘေရွတ် ၊ ဒါရိုလ်ဟယာ အိုသိုရာစေလ်အရဘီ ၊ တတိယကြိမ် ပုံနှိပ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၀ ခုနှစ်။
  • မိုဒရစီ ၊ ဆယက်ဒ် မိုဟမ္မဒ် သကီ ၊ မင်န်ဟုဒါ အလ်ကုရ်အာန် ၊ တီဟီရန် ၊ ဒါရ်မိုဟစ်ဗ် ဗိုလ်ဟိုစိုင်းန် ၊ပထမကြိမ်ပုံနှိပ်၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၉ ခုနှစ်။
  • မွတ်ဂ်နီယေဟ် ၊ မိုဟမ္မဒ် ဂျဝါဒ် ၊ သဖ်စီးရ် ရိုလ်ကာရှစ်ဖ် ၊ တီဟီရန် ၊ ဒါရိုလ်ကိုသွဗ်ဗေ အစ္စလာမ်မီယဟ် ၊ ပထမကြိမ် ပုံနှိပ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၄ ခုနှစ် ။
  • မကာရေမ်မိုရှီရာဇီး ၊ နာစေရ် ၊ သဖ်စီးရ် နမူနာ ၊ တီဟီရန် ၊ ဒါရိုလ်ကိုသွဗ် ဗေလ်အစ္စလာမ်မီယဟ် ၊ အီရန် သက္ကရာဇ် ၁၃၇၄ ခုနှစ် ။