စီက္က်လေ အဆွ်ဂဲရ်

wikishia မှ

        စီက္က်လေ အဆွ်ဂဲရ် ဟူသည် ဟဒီးစေ စက္က်လိုင်းန် ၌ လာရှိထားသည့် တမန်တော်မြတ်(ဆွ) ၏ အဲဟ်လေဘိုင်းသ် နှင့်သက်ဆိုင်သော ဂုဏ်ပုဒ် ဖြစ်သည်။ စိက္က်လ် ၏ အနက်အဓိပ္ပါယ်မှာ လေးလံသော အထုပ်အပိုး (1) ဖြစ်ပြီး စက္က်လ် ဆိုသည်မှာ အဖိုးတန်သောအရာကို ဆိုလိုသည်။ (2) ဖီရူးဇ်အာဘာဒီ (ဟီဂျရီ ၈၁၇ ကွယ်လွန်) ၏ အဆိုအရ ၊ အလ်ကာမူစုလ်မိုဟီးသ်ွ အဘိဓာန် စာအုပ်၌ ၊ ဟဒီးစေ စက္က်လိုင်းန် ၌ လာရှိထားသော စက္က်လိုင်းန် ဟူသော ဝေါဟာရသည် စက္က်လ် ဟူသော ဝေါဟာရမှ ရယူထားခြင်း ဖြစ်သည်။ (3) တမန်တော်မြတ်(ဆွ) သာ် ဟဒီးစေ စက္က်လိုင်းန် ၌ ၊ မိမိ၏ အဲဟ်လေဘိုင်းသ် ကို စိက္က်လေ အဆ်ွဂဲရ် ၊ ကျမ်းမြတ်ကုရ်အာန် ကို စိက္က်လေ အက္က်ဘရ် ဟူ၍ မိန့်ဆိုထားပြီး အကယ်၍ မွတ်စ်လင်မ်များသည် ထိုအရာ နှစ်ခုအား လက်ကိုင်ထားမည် ဆိုပါက မည်သည့်အခါမှ လမ်းလွဲ လမ်းမှားသို့ ရောက်ရှိမည် မဟုတ်ပေ။ (4) ထို့အတူ တမန်တော်မြတ်(ဆွ) သည် ဂဒီးရ် မိန့်ခွန်း၌ ကျမ်းမြတ်ကုရ်အာန် အား စိက္က်လေ အက္က်ဘရ် ၊ အလီ(အစ) နှင့် ၎င်း၏ သားသမီးများကို စိက္က်လေ အဆ်ွဂဲရ် ဟူ၍ မိတ်ဆက်ပေးသွားခဲ့သည်။ (5) အေမာမ်အလီ(အစ) သည်လည်း ခွဒ်ဘာဟ် မိန့်ခွန်းတစ်ခု ၌ (6) ထို့အပြင် ကိုမိုင်းလ် ဗင်န် ဇေယာဒ် အား မှာကြားရာ၌ မိမိသည် စိက္က်လေ အဆ်ွဂဲရ် ဖြစ်ကြောင်း နှင့် ၊ ကျမ်းမြတ်ကုရ်အာန် သည် စိက္က်လေ အက္က်ဘရ် ဖြစ်ကြောင်ကို မိန့်ဆိုသွားခဲ့သည်။ (7) အဗ္ဗဒုလ္လာဟ် ဂျဝါဒီယ အာမိုလီ ၏ အမြင်အရ ၊ ကျမ်းတာ်မြတ်ကုရ်အာန် ကို အလင်းဖွင့်ဆိုသူများမှာ အဲဟ်လေဘိုင်းသ် (အစ) တို့ ဖြစ်ကြပြီး ၎င်းတို့သည် အပြင်ပိုင်း အရ ကြည့်မည်ဆိုပါက သာသနာ့ ပညာရပ်များကို သွန်သင်ပေးခြင်း နှင့် နားလည်သဘောပေါက်ခြင်း တို့အတွက် စိက္က်လေ အဆ်ွဂဲရ် ဖြစ်ကြသော်လည်း မအ်နဝီ (နာမ်) ပိုင်းဆိုင်ရာ အရိုက်အရာတို့ နှင့် အတွင်းကြကြ ကြည့်မည်ဆိုပါက ၎င်းတို့၏ အရိုက်အရာသည် ကျမ်းတာ်မြတ်ကုရ်အာန် ၏ အရိုက်အရာထက် နည်းပါးမှု မရှိပေ။ (8) ရေဝါယသ် တစ်ခုအရ၊ အေမာမ်အလီ(အစ) အား အရှင်မြတ်၏ အသံတိတ် ကုရ်အာန် (ကုရ်အာ နေ ဆွာမီသ်) ၊ ကုရ်အာန်၏ အတွင်းပိုင်း (နာသွီကေ ကာရ်အာန်) ဟူ၍ ခိုင်းနှိုင်းထားသည်။ (9) အေမာမ်ခိုမိန်နီ သည် နိုင်ငံရးဗျူဟာ ဆိုင်ရာ ၀စီယသ် သေတမ်းစာ၌ ၊ "(10)