စိုဝိုင်းဒ် ဗင်န် အမ်ရို

wikishia မှ

စိုဝိုင်းဒ် ဗင်န် အမ်ရို ဗင်န် အဘီမိုသွာအ် ခက်စ်မီ၊ ကရ်ဘလာ အဖြစ်အပျက်၏ နောက်ဆုံး ရှဟီးဒ် ဖြစ်ပြီး အေမာမ်ဟိုစိုင်းန်(အစ) ရှဟီးဒ်ဖြစ်ပြီး ခဏအကြာတွင် ၎င်း ရှဟီးဒ် ဖြစ်သွားခဲ့သည်။ စိုဝိုင်းဒ် ဗင်န် အမ်ရို ဗင်န် အဘီမိုသွာအ် ခက်စ်မီ သည် ခက်စ်အမ် မျိုးနွယ်မှ ဖြစ်သည်။ စမာဝီ (ဟီဂျရီ ၁၃၇၀ ကွယ်လွန်) သည် အိဘ်ဆွာရုလ်အိုင်းန် စာအုပ်၌ ဖော်ပြထားချက်အရ၊ ၎င်းသည် ဂုဏ်သိက္ခာရှိသူ၊ ရိုသေကိုင်းရှိုင်းသူ၊ ရဲရင့်ပြီး စစ်ပွဲတွင် အတွေ့အကြုံရှိသူ ဖြစ်သည်။ (1) မုဟမ္မဒ် ဗင်န် ဂျရီးရ် သွီဗ်ရီ (ဟီဂျရီ ၃၁၀ ကွယ်လွန်) သည် သာရီခေသွီဗ်ရီ ၌ ဖော်ပြထားချက်အရ၊ စိုဝိုင်းဒ် သည် ကရ်ဘလာ၌ စသ်မြေပညင်သို့ နောက်ဆုံးထွက်သွားခဲ့သူ ဖြစ်သည်။ (2) ၎င်းသည် ဒဏ်ရာများ ရရှိသည်အထိ တိုက်ပွဲဝင်ခဲ့ပြီး အခြား‌ေသာ ရှဟီးဒ်ဖြစ်သူများ အကြားတွင် လဲကျခဲ့သည်။ ၎င်းအား အသတ်ခံရသည်ဟု အားလုံးက ထင်နေခဲ့ကြည်။ အချိန်အနည်းငယ်အကြာ၊ စိုဝိုင်းဒ် သည် အေမာမ်ဟိုစိုင်းန် အသတ်ခံလိုက်ရပြီ ဟုကြားသောအခါ ၎င်းသည် သတိနှင့်ပြန်ထကာ ၎င်းသယ်ဆောင်လာသော ဓားမြှောင်နှင့် တိုက်ခိုက်ခဲ့ပြီး နောက်ဆုံး၌ ရှဟီးဒ် ဖြစ်သွားခဲ့သည်။ သွီဗ်ရီ (3) နှင့် ဗေလာဇဲရီ (4) တို့၏ အဆိုအရ ၊ အုရ်ဝဟ် ဗင်န် ဗသွာန် စအ်လဘီ နှင့် ဇိုင်းဒ် ဗင်န် ရိုကာဒ် ဂျွန်ဒဘီ တို့သည် ၎င်းအား သတ်လိုက်ကြသည်။ သို့သော် သစ်မီယဟ် မန် ကုသိလ မအလ် ဟိုစိုင်းန် (ဟီဂျရီ ၂ရာစု၌ ခုပ်ဝေ) စာအုပ်တွင် ၎င်းအား သတ်သူမှာ ဟာနီ ဗင်န် စိုဘိုင်းသ် ဟဇ်ွရမီ ဖြစ်သည်ဟု ကျော်ကြားပေသည်။(5)