စိုရ်မဟ် လိမ်းခြင်း

wikishia မှ

စိုရ်မဟ် လိမ်းခြင်း သည် တမန်တော်မြတ်(ဆွ) နှင့် အေမာမ်(အစ) များ၏ မွတ်စ်သဟဘ် ကျင့်ဝတ် နှင့် စန္နသ်တော်များ အနက်မှ တစ်ခုဖြစ်ပြီး အခြားသူများကို ထ်ုသို့လုပ်ဆောင်ရန် တိုက်တွန်းထားသည်။ ရေဝါယသ်များတွင် စိုရ်မဟ် လိမ်းခြင်း၏ လောကီ နှင့် လောကုတ္တရာ ဆိုင်ရာ အကျိုးအာနိသင်များကို ဖော်ပြထားသည် ယင်းတို့မှာ မျက်စိရောဂါများကို ကာကွယ်ခြင်းနှင့် ကုသခြင်း ၊ အေဘာဒသ် ပြုလုပ်ရန် နှင့် ညအချိန် နိုးထနေရန် (အေဘာဒသ်ပြုလုပ်ဖို့ရန်အတွက်) အထောက်အကူပြုခြင်း တို့ဖြစ်သည်။ စိုရ်မဟ် လိမ်းခြင်း ဆိုင်ရာ ဥပဒေသများကို ဖိက္က်ဟ် ၌ ဖော်ပြထားသည်။ အချို့သော ဥပဒေပညာရှင်များသည် နာမဟ်ရမ် သူစိမ်း အမျိုးသားများ ရှေ့မှောက်၌ အမျိုးသမီးများ စိုရ်မဟ် လိမ်းခြင်းကို တားမြစ်ထားသော တန်ဆာဆင်မှုတစ်ခုအဖြစ် မယူဆထားကြပေ။ ရိုဇာဥပုသ် ဆောက်တည်သူအတွက် စိုရ်မဟ် လိမ်းခြင်းသည် အကယ်၍ ၎င်း၏ အနံ သို့မဟုတ် အရသာသည် ရိုဇာထားသူ၏ အာခေါင်အတွင်းသို့ ရောက်ရှိပါက မကရူဟ် ဖြစ်သည်။ ထို့အတူ အချို့ ပညာရှင်များသည် စိုရ်မဟ် လိမ်းခြင်းကို ဝူဇူရေ ခန္ဓာကိုယ်သို့ မရောက်ရှိစေရန် တားဆီးစေသည် ဟု လက်ခံထားသည်။ ဥပဒေပညာရှင်များသည် စိုရ်မဟ် လိမ်းခြင်းကို အဟ်ရာမ်၏ ဟရာမ် တားမြစ်ထားသည့် အရာများမှ ဖြစ်သည်ဟူ၍ လက်ခံထားကြသည်။

အနက်အဓိပ္ပါယ် နှင့် အရိုက်အရာ

ဖိက္က်ဟ် ဓမ္မကျမ်း၌ လာရှိ‌ထားသည့် စိုရ်မဟ် လိမ်းခြင်းသည် (1) အလှတန်ဆာ ဆင်သည့် နည်းလမ်းများ (2) နှင့် မွတ်စ်သဟဘ် ကျင့်စဉ်များ အနက်မှ ဖြစ်ပြီး အမျိုးသား နှင့် အမျိုးသမီးများကို ပြုလုပ်ရန် တိုက်တွန်းထားပေသည်။ (3) အစ္စလာမ့် ကျမ်းကိုးများတွင် စိုရ်မဟ် လိမ်းခြင်းကို တမန်တော်မြတ်၏ ထုံးတမ်းအစဉ်အလာ စွန္နသ်တော်ဖြစ်သည် ဟုဖော်ပြထားသည်။ (4) အေမာမ်မများ အားလုံးသည်လည်း ထိုအရာကို ပြုလုပ်ရန် နိုးဆော်ထားသည်။ (5) ထို့အပြင် စိုရ်မဟ် လိမ်းခြင်းကို အီမာန်၏ အချင်းလက္ခဏာ ဖြစ်သည်ဟု ယူဆထားသည်။ (6) ၎င်းတို့သည် မိမိတို့၏ နောက်လိုက်သားများကို စိုရ်မဟ်လိမ်းရန် အစဉ်အမြဲ တိုက်တွန်းခဲ့လေသည်။ (7) အချို့ ရေဝါယသ် စာအုပ်များတွင်၊ စိုရ်မဟ်လိမ်းခြင်း ဟူသော ခေါင်းစဉ်နှင့် ပတ်သက်ပြီး သီးသန့် အခန်းဂဏ္ဌတစ်ခု လာရှိထားသည်။ (8) စိုရ်မဟ်လိမ်းခြင်း ဆိုသည်မှာ အဘိဓာန်၌၊ တစ်ခုခုကို မျက်လုံးပေါ်တင်ခြင်း ဖြစ်သည်။ (9) သို့မဟုတ် ကုသမှုအတွက် အသုံးဝင်သော အရာတစ်ခုခုကို မျက်လုံးပေါ်တင်ခြင်း ဖြစ်သည်။ (10)

စိုရ်မဟ်လိမ်းခြင်း၏ ဥပဒေများ

စိုရ်မဟ်လိမ်းခြင်း အကြောင်းကို ဖိက္ကဟ်၏ အခန်းအမျိုးမျိုး၌ ဖော်ပြထားသည်။

ဖုံးအုပ်ခြင်း၌ စိုရ်မဟ်လိမ်းခြင်း ဥပဒေသ

အချို့သော ဥပဒေပညာရှင်များသည် နာမဟ်ရမ် သူစိမ်း အမျိုးသားများ ရှေ့မှောက်၌ အမျိုးသမီးများ စိုရ်မဟ် လိမ်းခြင်းကို တားမြစ်ထားသော တန်ဆာဆင်မှုတစ်ခုအဖြစ် မယူဆထားကြပေ။ (11) ထို့အတူ အချို့သော ဥပဒေပညာရှင်များသည် စိုရ်မဟ် လိမ်းခြင်းကို ဤအာယသ် «وَ لا یبْدِینَ زِینَتَهُنَّ إِلّا ما ظَهَرَ مِنْها»၌ လာရှိထားသည့် «إِلّا ما ظَهَرَ مِنْها» ၏ ဆိုလိုရင်းကို (12) ( နာမဟ်ရမ် သူစိမ်း အမျိုးသားများ ရှေ့မှောက်၌ အမျိုးသမီးများအတွက် ဖုံးအုပ်ရန် မလိုအပ်သော အဆင်တန်ဆာများ) ဖြစ်သည် ဟူ၍ သတ်မှတ်ထားသည်။ (13) ဖော်ပြခဲ့သည့် အာယသ်တော်၏ သဖ်စီးရ်သည် အေမာမ်ဆွာဒီက်(အစ) (14) နှင့် အေမာမ်ဘာကရ် (အစ) ထံမှ ရေဝါယသ် ဖော်ပြထားသည်မှာ (15) စိုရ်မဟ်လိမ်းခြင်းသည် အမျိုးသမီးများအတွက် ခွင့်ပြုထားသော အဆင်တန်ဆာ အဖြစ် မိတ်ဆက်ပေးထားသည်။

အဟ်ရာမ်၌ စိုရ်မဟ်လိမ်းခြင်း ဥပဒေသ၊

အဟ်ရာမ်၌ အမည်းရောင် စိုရ်မဟ်အား အသုံးပြုခြင်းသည် မကရူဟ် ဖြစ်ခြင်း နှင့်ပတ်သက်ပြီး ဘငဘောထားကွဲလွဲမှုများ ရှိပေသည်။ (16) အချို့ ဥပဒေသ ပညာရှင်များသည်၊ အဟ်ရာမ်အချိန်၌ အမည်းရောင် စိုရ်မဟ် လိန်းခြင်းကို အမျိုးသား နှင့် အမျိုးသမီးများ အတွက် (17) ဟရမ် တားမြသ်ထားသည် ဟုလက်ခံထားသည်။ (18) မည်မျှပင် အလှတန်ဆာဆင်ရန် ဟူသော ရည်ရွယ်ချက် မရှိပါစေ။ (19) အကယ်၌ အင်ရာမ်အချိန်၌ အကျပ်အတည်းဖြင့် စိုရ်မဟ် လိမ်းလိုက်ရပါက ၊ ဟရာမ်မဟုတ်ပေ။ (20) အချို့သူများသည် အဟ်ရာမ်အချိန်၌ စိုရ်မဟ်လိမ်းခြင်းသည် ဟရာမ် တားမြစ်ထားကြောင်းကို ထင်ပေါ်ကျော်ကြားသော အဆို နှင့် လူအများလက်ခံထားသော အဆိုအဖြစ် အသိအမှတ်ပြုထားသည်။ (21) သို့သော် ရှီးခ်သူစီသည် အဟ်ရာမ်အချိန်၌ စိုရ်မဟ်လိမ်းခြင်းကို မကရူဟ် ဟူ၍ သတ်မှတ်ထားသည်။ (22) အချို့ ရေဝါယသ် စာအုပ်များတွင် ၊ ဥပမာ ဝစာအီလုလ်ရှီအဟ် ၊ (23) နှင့် မုစ်သက်ဒ်ရကုလ် ဝစာအီလ် (24) တို့တွင် အဟ်ရာမ်အချိန်၌ စိုရ်မဟ်လိမ်းခြင်းသည် ဟရာမ် တားမြစ်ထားသည့် ရေဝါယသ်များဖြင့် သီးသန့် အခန်းတစ်ခန်း လာရှိထားသည်။ အချို့ ဥပဒေသ ပညာရှင်များ လက်ခံထားသည်မှာ ၊ အဟ်ရာမ်အချိန်၌ စိုရ်မဟ်လိမ်းခြင်းသည် ကဖှာရဟ် မထိုက်ပေ။ သို့သော် အကယ်၍ မွှေးကြိုင်သော အနံ ရှိပါက ကဖှာရဟ် ထိုက်သည်။ (25)

နမာဇ် နှင့် ရိုဇာ၌ စိုရ်မဟ် လိမ်းခြင်း ဥပဒေသ

အချို့သူများသည် ရိုဇာထားသည့်အချိန် စိုရ်မဟ် လိမ်းခြင်းကို ခွင့်ပြုထားသော်လည်း အချို့သူများသည် ယင်းအား ရိုဇာပျက်စေသည့်အရာ ဖြစ်သည်ဟု သတ်မှတ်ထားသည်။ (26) သို့သော် အခ်ျု့ ဖကီးဟ် ပညာရှင်များ ယုံကြည်ထားသည်မှာ ရိုဇာထားသူ စိုရ်မဟ် လိမ်းခြင်းသည် အကယ်၍ စိုရ်မဟ်၏ အနံ သို့မဟုတ် အရသာ သည် ၎င်း၏ အာခေါင်ထဲသို့ ရောက်ရှိပါက မကရူဟ် ဖြစ်သည်။ (27) အချို့ ပညာရှင်များသည် စိုရ်မဟ် လိမ်းခြင်းကို ဝူဇူရေ ခန္ဓာကိုယ်သို့ မရောက်ရှိစေရန် တားဆီးစေသည် ဟု လက်ခံထားသည်။ (28)

အကျိုးအာနိသင်များ

အစ္စလာမ့် ရေဝါယသ်များတွင် မျက်လုံးအတွက် စိုရ်မဟ် လိမ်းခြင်း ၏အကျိုးကျေးဇူးများ (29) အချို့ ရေဝါယသ်များတွင် မျက်စိရောဂါများကိုကာကွယ်ခြင်း (30) နှင့် ကုသခြင်းအတွက် စိုရ်မဟ် လိမ်းရန် တိုက်တွန်းထားသည်။ (31) အေမာမ်ဆွာဒီက်(အစ) ထံမှ လာရှိထားသည့် ရေဝါယသ်အရ ညပိုင်း၌ စိုရ်မဟ် လိမ်းခြင်းသည် ခန္ဓာကိုယ်အတွက် ကောင်းမွန်ပြီး နေ့ပိုင်း၌ စိုရ်မဟ် လိမ်းခြင်းသည် အလှတန်ဆာ ဖြစ်သည်။ (32) မျက်တောင်‌ေမွှး ဖွင့်ဖြိုးခြင်း ၊ စူးရှသောမျက်လုံးဖြစ်ခြင်း (33) မျက်လုံးမှ ဖုန်မှုန့်များကို ဖယ်ရှားခြင်း ,(34) ညအချိန် နိုးထရန် အထောက်အကူပြုခြင်း (35) စဂ်ျဒဟ် ကြာမြင့်စွာ ပြုလုပ်နိုင်ခြင်း (36) လူ့မျက်နှာ လင်းဝင်းခြင်း (37) စသည်တို့သည် စိုရ်မဟ် လိမ်းခြင်း၏ အကျိုးအာနိသင်များ ဖြစ်သည်။ အချို့သော ရေဝါယသ်များတွင် စိုရ်မဟ် အမျိုးအစား (38) ၊ အသုံးပြုသည့် အတိုင်းအတာ (39) နှင့် စိုရ်မဟ် လိမ်းသည့်အချိန် (40) တို့ကို ဂရုပြုပေသည်။ စိုရ်မဟ် လိမ်းစဉ် ဖတ်ရွတ်သင့်သည့် ဒိုအာကိုလည်း ဖော်ပြပေးထားသည်။ (41)