စိုင်ယိဒုလ် စာဂျိဒီးန်

wikishia မှ
 ဤစာစောင်သည် စိုင်ယိဒုလ်စာဂျိဒီးန် ဟူသော ဂုဏ်ပုဒ်နှင့် ပတ်သက်ပြီး လာရှိထားသည်။ လေးပါးမြောက် အေမာမ် အကြောင်း ပိုမိုသိလိုပါက အေမာမ်စဂျာဒ်(အစ)၏ သမိုင်းကြောင်းကို လေ့လာပါလေ။

        စိုင်ယိဒုလ်စာဂျိဒီးန် သည် ရှီအာတို့၏ လေးပါးမြောက်အေမာမ် ဖြစ်သူ အေမာမ်စဂျာဒ်(အစ) ၏ ပုဏ်ပုဒ်များအနက်မှ ဂုဏ်ပုဒ်တစ်ခု ဖြစ်ပြီး စဂ်ျဒါပြုလုပ်သူများ၏ ခေါင်းဆောင် ဟူ၍ အနက်အဓိပ္ပါယ် ရှိ‌ပေသည်။ (1) ရှီးခ်ဆူဒူက်သည် အိလက်လုလ်ရှရာယေအ် စာအုပ်၌ ၊ အေမာမ်စဂျာဒ်(အစ) ၏ စဂ်ျဒါမြောက်များစွာ ပြုလုပ်ရခြင်း၏ အကြောင်းအရင်းကို ဖော်ပြထားပြီး အေမာမ်ဘာကဲရ်(အစ) ၏ ဟဒီးစ်တစ်ခု၌ ကောက်နုတ်ထားသည်မှာ “ကျွန်ုပ်၏ ဖခင် အလီ ဗင်န် ဟိုစိုင်းန်(အစ) သည် ရှုကူရ် စဂ်ျဒါများကို ပြုလုပ်ပြီး အရှင်မြတ်၏ နေအ်မသ်များအပေါ် ကျေးဇူးထောပနာ တင်လေ့ရှိသည်။ ကျမ်းမြတ်ကုရ်အာန်၌ စဂ်ျဒါပါရှိသော အာယသ်တော်များကို ဖတ်ရွတ်လေ့ရှိသည်။ အရှင်မြတ်သည် အန္တရာယ်တစ်ခု သို့မဟုတ် ကောက်ကျစ်စဉ်းလဲမှုတစ်ခုကို ၎င်းထံမှ ဖယ်ရှားသည့်အခါတိုင်း စဂ်ျဒါ ပြုလုပ်လေ့ရှိသည်။ နမာဇ်ပြီးတိုင်း စဂ်ျဒါ ပြုလုပ်လေ့ရှိသည်။ လူနှစ်ဦးအကြား သင့်မြတ်ကအာင် ပြုလုပ်ပြီးတိုင်း စဂ်ျဒါ ပြုလုပ်ပေသည်။ စဂ်ျဒါ အရာများသည် ၎င်း၏ စဂ်ျဒါပြုလုပ်ရာ အစိတ်အပိုင်း၌ ထင်ရှားလျက်ရှိသည်။ ထို့ကြောင့်ပင် ၎င်းကို စဂျာဒ် ဟူ၍ ခေါ်ဆိုကြသည်။ (2) ရှီအာ ဟဒီးစ် ပြုစုသူ စိုင်ယိဒ် နေအ်မသုလ္လာဟ် ဂျဇာအိရီး (ဟီဂျရီ ၁၁၁၂ကွယ်လွန်) သည် ၊ အေမာမ်စဂျာဒ်(အစ) အား စိာင်ယိဒုလ် စာဂျိဒီးန် ဟူသော ဂုဏ်ပုဒ် ပေးရခြင်း၏ အကြောင်းအရင်းကို ဖော်ပြရာ၌ ထိုရေဝါယသ်ကို ကောက်နုတ်ဖော်ပြခဲ့သည်။ (3) ရှီအာ သုသေတီ တစ်ဦးဖြစ်သူ ဘာကဲရ် ရှရီးဖ် ကိုက်ရှီး (ဟီဂျရီ ၁၄၃၃ ကွယ်လွန်) သည်လည်း ပြောထားသည်မှာ ၊ အစ္စလာမ့် သမိုင်းကြောင်း၌ ၊ အေမာမ်စဂျာဒ်(အစ) တစ်ဦးတည်းသာလျှင် စိုင်ယိဒုလ် စာဂျိဒီးန် ဟူသော ဂုဏ်ပုဒ် ရရှိခဲ့သည်။ (4)

        အေမာမ်စဂျာဒ်(အစ) သည် စဂ်ျဒါ အမြောက်အများ ပြုလုပ်သည့်အတွက်ကြောင့် ၊ နဖူး (5) နှင့် အခြားသော စဂ်ျဒါ အစိတ်အပိုင်းများ၌ စဂ်ျဒါအရာများ ရှိနေသောကြောင့် ၎င်းအား ဇုလ်စဖိနားသ် ဟူ၍ ခေါ်ဆိုကြသည်။ (6) ဟီဂျရီ သုံးရာစု၏ သမိုင်းသုတေသီ ဖြစ်သူ အဟ်မဒ် ဗင်န် အဘီယအ်ကူးဘ် ၏ အဆိုအရ ၊ အလီ ဗင်န် ဟိုစိုင်းန်(အစ) သည် နေ့စဉ်နေ့တိုင်း နမာဇ် ရကအသ် တစ်ရာကို ဖတ်ရွတ်လေ့ရှိသည်။ (7)