စိန်းဖ် ဗင်န် ဟာရီစ် ဗင်န် စရီးအ် ဟမေဒါနီ

wikishia မှ

စိန်းဖ် ဗင်န် ဟာရီစ် ဗင်န် စရီးအ် ဟမေဒါနီ (ဟီဂျရီ ၆၁ ရှဟာဒသ်) ကရ်ဘလာ ရှိုဟဒါများမှ ဖြစ်ပြီး ညီဝမ်းကွဲဖြစ်သူ မာလီက် ဗင်န် အဗ္ဗ်ဒုလ္လာဟ် ‌ဗင်န် စရီးအ် နှင့်အတူ ကရ်ဘလာတွင် အာရှုရာနေ့၌ ရှဟီးဒ် ဖြစ်ခဲ့သည်။ စိန်းဖ်သည် ဟမေဒါန် မျိုးနွယ် ၊ ဂျာဘီရ် မျိုးရိုးမှ ဖြစ်သည်။ ထို့ကြောင့် ၎င်း နှင့် ၎င်းညီဝမ်းကွဲတို့အား ဂျာဘေရီး ရှိုဟာဒါများ ဟူ၍ ခေါ်ဆိုကြသည်။ ကျမ်းကိုး၌၊ ၎င်းနှင့် ယူစုဖ် တို့သည် အေမာမ်ဟိုစိုင်းန်(အစ) တှင့်အတူ ပြောဆိုသည့် စကားများကို ဖော်ပြထားသည်။ ထိုဖော်ပြချက်တွင်၊ ထိုနှစ်ဦးသည် အာရှုရာနေ့၌ ငိုရိုလျက် အေမာမ်ဟိုစိုင်းန်(အစ) ထံသို့ ရောက်လာကြသည်။ အေမာမ်မေးမြန်းသည့်အခါ မိမိတို့ ငိုကြွေးရသည့် အကြောင်းအရင်းကို ၊ မိမိတို့သည် ရန်သူများကို အေမာမ်အတွက် ဘာမှမလုပ်ပေးနိုင်သောကြောင့် ဖြစ်သည်ဟု ဖြေဆိုခဲ့သည်။

အမည်နှင့် မျိုးရိုး

စိန်းဖ် ဗင်န် ဟာရီစ် ဗင်န် စရီးအ် သည် ကရ်ဘလာ ရှိုဟဒါများမှ ဖြစ်သည်။ (1) အချို့များ ယုံကြည်ထားသည်မှာ ၎င်း၏ အမည်သည် ကျမ်းကိုးများ၌ ( ရှဘီးဘ် ဗင်တ် ဟာရီစ် ဗင်တ် စရီးအ်) (2) နှင့် (စိုဖီယားန် ဗင်န် စရီးအ်) (3) ဟူ၍ ပုံစံအမျိုးမျိုးဖြင့် လာရှိထားသည်။ အချို့ကျမ်းကိုးများတွင် ကရ်ဘလာ ၏ ရှိုဟဒါများထဲမှ တစ်ဦးဟုဘယူဆရသော စိန်းဖ် ဗင်န် ဟရက်စ် ကို (4) စိန်းဖ် ဗင်န် ဟာရီစ် ဖြစ်သည်ဟု ဖော်ပြထားသည်။ (5) ဇေယာရက်သေ ရဂျက်ဘီယေဟ် အေမာမ်ဟိုစိုင်းန် (အစ) ၌ စိန်းဖ် ဗင်န် ဟာရီးစ် ကိုဖော်ပြထားသည်။ (6) သို့သော် ဇေယာရက်သေ ရှိုဟဒါ (ဇေယာရက်သေ နာဟီယေဟ် ဂိုင်းရေ မက်ရှ်ဟူးရ်) ၌ ရှဘီးဘ် ဗင်န် ဟာရီစ် ဗင်န် စရီးအ် ကို စလာမ် ပို့သထားသည်။ (7) အချို့သည် ထိုနှစ်ဦးကို တစ်ဦးတည်း ဖြစ်သည်ဟု ယူဆထားသည်။ (8) အချို့သာ် စိန်းဖ် ကို ကရ်ဘလာ၏ လူငယ်ရှိုဟဒါများ အနက်မှ ဖြစ်သည်ဟု သတ်မှတ်ထားသည်။ (9) သမိုင်ူကျမ်းကိုး၌လည်း စိန်းဖ် ဗင်န် ဟာရီစ် ကို လူရွယ်ဟူ၍ ဖော်ပြထားသည်။ (10)

မျိုးရိုး

စိန်းဖ်သည် ဟမေဒါန် မျိုးနွယ် (11) ဂျာဘီရ် မျိုးရိုးမှ ဖြစ်သည်။ (12) အချို့သည် ၎င်းကို ဗနီဖှာအီစ် မျိုးရိုးမှ ဖြသ်သည်ဟု လက်ခံထားသည်။ (13) ၎င်း နှင့် မာလီက် ဗင်န် အဗ္ဗ်ဒုလ္လာဟ် စရီးအ် တို့သည် မိခင်ဘက်မှ တော်စပ်သည့် ညီအကိုဝမ်းကွဲ ဖြစ်ကြသည်။ (14) ၎င်းတို့အား ဂျာဘေရီရှိုဟဒါများ ဟူ၍ ဖခါ်ဆိုကြသည်။ (15)

ရှဟာဒသ်

စိန်းဖ် နှင့် ‌၎င်း၏ ညီဝမ်းကွဲ ဖြစ်သူ မာလီက် ဗင်န် အဗ္ဗ်ဒုလ္လာဟ် တို့သည် ၎င်းတို့၏ ကျေးကျွန် ရှဘီးဘ် ဗင်န် အဗ္ဗ်ဒုလ္လာဟ် နဟ်ရှလီ တို့ဖြင့် အေမာန်ဟိုစိုင်းန် အစ ထံ ရောက်ရှိခဲ့ကြသည်။ (16) ထိုသုံးဦးသည် ကူဖှမှ အေမာမ်ထံ လာခဲ့သည်ဟု ဆိုထားကြသည်။ (17) အဟ်လေစွန္နသ် သမိုင်းသု‌ေတသီ ဖြစ်သူ မုဟမ္မဒ် ဗင်န် ဂျရီးရ်သွီဘ်ရီ (ဟီဂျရီ ၃၁၀ ကွယ်လွန်) သည် မာလီက် နှင့် စိန်းဖ် တို့သည် အာရှုရာနေ့ ဇိုဟိုရ် နောက်ပိုင်း၌ ရှဟီးဒ် ဖြစ်ခဲ့သည် ဟုမှတ်ယူထားသည်။ သွီဘ်ရီ၏ အဆိုအရ၊ အေမာမ်ဟိုစိုင်းန် (အစ) ၏ နောက်လိုက်သားများသည် ရန်သူ၏ ဘက်သား ကိုမိုတိုးပွားလာခြင်းကြောင့် မိမိတို့ အနိုင်ရရန် မဖြစ်နိုင်ကြောင်း သဘောပေါက်သောအခါ နောက်လိုက်သားများသည် အေမာမ်အတွက် မိမိတို့၏ အသက်ကို လှူဒါန်းရာတွင် အချင်းချင်း ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့ကြသည်။ (18) ဂျာဘေရီ လူငယ် ရှဟီးဒ် နှစ်ယောက် နှင့် အေမာမ်ဟိုစိုင်းန်(အစ) တို့အကြား ပြောဆိုခဲ့သည့် စကားများ

အေမာမ်ဟိုစိုင်းန်(အစ) ၎င်းတို့အား မိန့်ဆိုသည်မှာ : အိုတူလေးတွေ ဘာလို့များ ငိုနေကြသနည်း၊ အရှင်မြတ်အား ကျိန်ဆိုပါ၏ သိမ်မကြာမီ ပျော်ရွှင်လာပါစေဟု မျှော်လင့်ပါသည်။ ၎င်းတို့ ပြောသည်မှာ : အရဗင်မြတ်သည် အသင့်အား ကယ်တင်တော်မူပါစေ၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ အတွက် ငိုကြွေးနေခြင်း မဟုတ်ပါ သို့သော် အသင့်အတွက် ငိုကြွေးနေခြင်း ဖြစ်ပါသည်။ အသင် အကျပ်အတည်း နှင့် ရင်ဆိုင်နေရသည်ကို တွေ့နေရပါလျှက် အသင့်အား ကာကွယ်ရနိ စွမ်းအားမရှိပေ။ အေမာမ် မိန့်ဆိုသည်မှာ၊ အိုတူတော်တို့၊ အရှင်မြတ်သည် ကောငမွန်သူတို့အား အကောင်းဆုံး ဆုလာဘ်ကို ပေးသနားတော်မူပေသည်။ (19) ဆိုထားသည်မှာ ၊ မာလီက် ဗင်န် အဗ္ဗ်ဒုလ္လာဟ် နှင့် စိန်းဖ် တို့သည် ရန်သူများ အေမာန်ဟိုစိုန်း(အစ ၏ တဲနန်းသို့ နီးကပ်လာသည်ကို မြင်တွေ့သောအခါ ၊ အေမာမ်ထံ ငိုကြွေးလျက် ရောက်လာကြသည်။ (20) (13) အေမာန်သည် ၎င်းတို့ ငိုကြွေးရသည့် အကြောင်းကို မေးမြန်းသောအခါ ၎င်းတို့သည် အေမာမ်၏ အခြေအနေ နှင့် အေနာန်အား ကူညီနိုင်စွမ်း မရှိသောကြောင့် ဖြစ်ကြောင်းကို ဖြေဆိုလိုက်ကြသည့်အခါ အေမာမ်သည် ၎င်းတို့အား ကျေးဇူးတင်ကြောင်းနှင့် ၎င်းတို့အတွက် ဆုတောင်းဒိုအာ ပြုပေးခဲ့သည်။ (21) ကျမ်းကိုးများ၏ အဆိုအရ၊ မာလီက် နှင့် စိန်းဖ် တို့သည် အေမာမ်နှင့် စကားပြောပြီးနောက် စစ်မြေပြင်သို့ အပြိုင်အဆိုင် သွားခဲ့ကြသည်။ (22) (15) စစ်ပွဲ၌ တစ်ဦးကိုတစ်ဦး ကူညီဖေးမခဲ့ကြသည်။ (16)(23) မာလီက် နှင့် စိန်းဖ် တို့သည် အချိန်အနည်းငယ်အကြာ အေမာမ်အားစလာမ် ပို့သကြရာ အေမာမ်သည်လည်း ၎င်းတို့၏ စလာမ်ကို တုံ့ပြန်ခဲ့သည်။ (24) အလားတူ စကားပြောဆိုမှုများကို ဂဖှာရီ လူရွယ်နှစ်ဦး ဆိုလိုသည်မှာ အဗ္ဗ်ဒုလ္လာဟ် နှင့် အဗ္ဗ်ဒုရ်ရဟ်မာန် ဗင်န် အုရ်ဝဟ် ဂဖှာရီ တို့အကြောင်းလည်း လာရှိထားသည်။ (25) (18) သို့သော် အချို့သော်သူမျာသည် ၊ ကျမ်းကိုးအချို့၌ ဥပမာ မက္က်သလုလ်ဟိုစိုင်းန် ခဝါရ်ဇေမီ ၊ ဂျာဘေရီ လူရွယ်နှစ်ဦး နှင့် ဂဖှာရီ လူရွယ်နှစ်ဦး တို့အကြား ရှုပ်ထွေးမှုများ ရှိခဲ့သည် ဟုယုံကြည်ထားသည်။ (26) (19) မက္က်သလ်လေခဝါရ်ဇေမီ၌၊ အေမာမ်နှင့် စကားပြောဆိုခဲ့သည့် လူရွယ်နှစ်ဦးမှာ ဂဖှာရီ လူရွယ်နှစ်ဦး ဖြစ်ပြီး ဂျာဘေရီ လူရွယ်နှစ်ဦးသည် ၎င်းတို့၏ စလာမ်သည် အေမာမ်ဟိုစိုင်းန်(အစ ထံပို့သပြီး အေမာနိဘက်မှ ပြန်လည်စလာမ် တုံ့ပြန်ခဲ့ခြင်းသာ ဖြစ်သည်ဟု ဖော်ပြထားသည်။ (27) မာလီက် နှင့် စိန်းဖ် တို့၏ ရိုးသားမှုနှင့် ဆည်းကပ်မှုကို အတ္ထုပ္ပတ္တိအချို့က ထည့်သွင်း‌ ဖော်ပြထားသည်။ (28) ၎င်းတို့နှစ်ဦးသည် ပြင်းထန်သော တိုက်ခိုက်မှု ဖြင့် မြင်းစီးတပ်များနှင့် ခြေလျင်တပ်များ ကျရှုံး အောင် တိုက်ခိုက်ပြီးနောက် (29) (22) အေမာမ်၏ အနီးတွင် ဓားနှင့်လှံဖြင့် ထိုးနှက်မှုကြောင့် (23) (3၀) တစ်နေရာတည်းတွင် (31) (24) ရှဟီးဒ် ဖြစ်သွားခဲ့သည်။ အေမာမ်သည် ၎င်းတို့၏ ရုပ်အလောင်းများကိုမြင်ပြီး ၎င်းတို့အတွက် ခွင့်လွှတ်ရန် တောင်းခံခဲ့သည်။ ထိုသို့အချိန် ငိုကြွေးကာ ဖြစ်လာမည့် ကံကြမ္မာကို မလွှဲမရှောင်သာ လက်ခံရခြင်းနှင့် လူတိုင်းသည် အရှင်မြတ်ထံ ပြန်သွားရန်မည်ဖြစ်ကြောင်း စဉ်းစား တွေးတောခဲ့သည်။ (32) မာလီက် နှင့် စိန်းဖ်တို့ ရှဟီးဒ်ဖြစ်သည့် အချိန် နှင့်ပတ်သက်ပြီး ကွဲပြားစွာ ဖော်ပြထားသည်။ အချို့သည် ၎င်းတို့၏ ရှဟာဒသ် ဖြစ်ခြင်းကို ဟဂ်ျဂျာဂ်ျ ဗင်န် မက်စ်ရူက် (33) (26) ဟုလက်ခံထားပြီး အချို့မှာ ဟန်သွလက္က် ဗင်န် ကိန်းစ် (34) ပြီးနောက် (27) သို့မဟုတ် ဟန်သွလက္က် ဗင်န် အစ်အဒ် (35) (28) ပြီးနောက် ရှဟီးဒ် ဖြစ်သည်ဟု ဆိုထားသည်။ အချို့သည်လည်း ၎င်းတို့အား အဗ္ဗ်ဒုလ္လာဟ် နှင့် အဗ္ဗ်ဒရ်ရဟ်မာန် ဗင်န် အုက်ဝဟ် ဂဖှာရီ ပြီးနောက် ရှဟီးဒ်ဖြစ်သည် ဟူ၍ ယူဆထားကြသည်။ (36)