စိက္က်လေ အက္က်ဘရ်

wikishia မှ

စီက္က်လေ အက္က်ဘရ် ဟူသည် တမန်တော်မြတ်(ဆွ) သည် ဟဒီးစေ စက္က်လိုင်းန်ကျမ်းတာ်မြတ် ကုရ်အာန် အတွက် သုံးနှုံးထားသည့် ဂုဏ်ပုဒ်တစ်ခု ဖြစ်သည်။ စိက္က်လ် ၏ အနက်အဓိပ္ပါယ်မှာ လေးလံသော အထုပ်အပိုး (1) ဖြစ်ပြီး စက္က်လ် ဆိုသည်မှာ အဖိုးတန်သောအရာကို ဆိုလိုသည် ။ (2) ဟီဂျရီ ကိုးရာစု ပညာရှင် ဖြစ်သူ ဖီရူးဇ်အာဘာဒီ ၏ အဆိုအရ ၊ ဟဒီးစေ စက္က်လိုင်းန် ၌ လာရှိထားသော စက္က်လိုင်းန် ဟူသော ဝေါဟာရသည် စက္က်လ် ဟူသော ဝေါဟာရမှ ရယူထားခြင်း ဖြစ်သည် (3) ဟဒီးစေ စက္က်လိုင်းန် ၏ အချို့သော ကိုးကားချက်များအရ ၊ တမန်တော်မြတ်(ဆွ) သည် ဟဒီးစေ စက္က်လိုင်းန် ၌ ၊ မိမိ၏ အဲဟ်လေဘိုင်းသ် ကို စိက္က်လေ အဆ်ွဂဲရ် ၊ ကျမ်းမြတ်ကုရ်အာန် ကို စိက္က်လေ အက္က်ဘရ် ဟူ၍ မိန့်ဆိုထားပြီး အကယ်၍ မွတ်စ်လင်မ်များသည် ထိုအရာ နှစ်ခုအား လက်ကိုင်ထားမည် ဆိုပါက မည်သည့်အခါမှ လမ်းလွဲ လမ်းမှားသို့ ရောက်ရှိမည် မဟုတ်ပေ။ (4) ထို့အတူ တမန်တော်မြတ်(ဆွ) သည် ဂဒီးရ် မိန့်ခွန်း၌ ကျမ်းမြတ်ကုရ်အာန် အား စိက္က်လေ အက္က်ဘရ် ၊ အလီ(အစ) နှင့် ၎င်း၏ သားသမီးများကို စိက္က်လေ အဆ်ွဂဲရ် ဟူ၍ မိတ်ဆက်ပေးသွားခဲ့သည်။ (5) အေမာမ်အလီ(အစ) သည်လည်း အကြောင်းရာ တစ်ခု၌ မိကိုယ်ကို စိက္က်လေ အဆ်ွဂဲရ် ဖြစ်ကြောင်း နှင့် ၊ ကျမ်းမြတ်ကုရ်အာန် သည် စိက္က်လေ အက္က်ဘရ် ဖြစ်ကြောင်ကို မိန့်ဆိုသွားခဲ့သည် ။ ဥပမာ ၎င်း ဟောကြားခဲ့သည့် ခွဒ်ဘာဟ် မိန့်ခွန်းတစ်ခု ၌ (6) ထို့အပြင် ကိုမိုင်းလ် ဗင်န် ဇေယာဒ် အား မှာကြားရာ၌ (7) ထိုသို့ မိန့်ဆိုခဲ့သည်။ အဘယ်ကြောင့် ကျမ်းမြတ်ကုရ်အာန် အား စိက္က်လေ အက္က်ဘရ် ဟူ၍ သုံးနှုံးရခြင်းနှင့် ပတ်သက်ပြီး လာရှိထားသည်မှာ အဲဟ်လေဘိုင်းသ်(အစ) သည် ကျမ်းတာ်မြတ် ကုရ်အာန်၏ နောက်လိုက်သားများ ဖြစ်သည့်အတွက် ကျမ်းတော်မြတ် ကုရ်အာန်အား ‌‌၎င်းတို့ထက် ပိုမိုကြီးမြတ်သည့်အရာ အဖြစ် မိတ်ဆက်ပေးထားခြင်း ဖြစ်သည်။ (8) အချို့သည်လည်း ၊ ကျမ်းတော်မြတ် ကုရ်အာန် သည် တမန်တော်မြတ်(ဆွ) ၏ မိုအ်ဂျဇာ ဖြစ်ပြီး သာသနာ၏ အဓိက မဏ္ဌိုင် အုတ်မြစ် ဖြစ်သောကြာင့် အဲဟ်လေဘိုင်းသ် (အစ) ထက် ပိုမို ကြီးမြတ်သည် ဟူ၍ ပြောဆိုထားသည်။ (9)