စာရုလ္လာဟ်

wikishia မှ

စာရုလ္လာဟ် ဆိုသည်မှာ အရှင်မြတ်၏ သွေး ဟုဆိုလိုပြီး အေမာမ်ဟိုစိုင်းန်(အစ) ၏ ဂုဏ်ပုဒ်များ အနက်မှ တစ်ခု ဖြစ်သည်။ ဇေယာရက်သေ အာရှုရာ၌ ၎င်းအား ဤဂုဏ်ပုဒ်ဖြင့် စလာမ် ပို့သထားသည်။ စာရုလ္လာဟ် နှင့်ပတ်သက်ပြီး အနက်အဓိပ္ပါယ်များစွာကို ဖွင့်ဆိုထားကြသည်။ ဥပမာ အရှင်မြတ် ကိုယ်တိုင် အေမာန်ဟိုစိုင်းန် (အစ) ၏ သွေးကြွေးကို ယူပေမည်။ ထို့အတူ အရှင်မြတ် လမ်းစဉ်၌ သွေးကြွေးယူသူ ဖြစ်သည်။

အေမာမ်ဟိုစိုင်းန်( (အစ)) ၏ ဂုဏ်ပုဒ်

ဇေယာရက်‌ သေ အာရှုရာမှ စာပိုဒ် السَّلاَمُ عَلَیكَ یا ثَارَ اللهِ وَ ابْنَ ثَارِهِ (1) အို အရှင်မြတ်၏ သွေး၊ အရှင်မြတ့် သွေး၏သား အသင့် အပေါ် စလာမ် ပို့သပါ၏။ စာရုလ္လာဟ် သည် အေမာမ်ဟိုစိုင်းန်(အစ) ၏ ဂုဏ်ပုဒ် ဖြစ်သည်။ အချို့ ရေဝါယသ်များ ဥပမာ ဇေယာရက်‌ သေ အာရှုရာ၌ အေမာမ်ဟိုစိုင်းန်(အစ) အပေါ်သို့ အရှင်မြတ်၏ သွေး၊ အရှင်မြတ့် သွေး၏သား ဟူ၍ စလာမ် ပို့သထားသည်။ (2) အလ္လာမဟ် မဂ်ျလေစီ၏ အဆိုအရ၊ အလ်ကာဖီ စာအုပ်၏ အချို့ စာသားများတွင် (3) စာရုလ္လာဟ် ဟူ၍ အသုံးပြုထားသည်။ (4) စာရုလ္လာဟ်ကို ရှေးကဗျာဆရာ အချို့၏ ကဗျာများတွင်လည်း အသုံးပြုခဲ့သည်။ ဥပမာပေးရသော်၊ အိဗ် ‌ေနရူမီ ၊ရှီအဟ် ကဗျာဆရာ (ဟီဂျရီ ၂၈၃ ကွယ်လွန်) သည် ယဟ်ယာ ဗင်န် အွမ်မရ် စူရူဒေဟ်၏ ဝမ်းနည်းခြင်း၌ ရေးစပ်ခဲ့သော ကဗျာတွင် စာရုလ္လာဟ်၏ အနက်အဓိပ္ပါယ်ကို အသုံးပြုခဲ့သည်။ (5) ယဟ်ယာ ဗင်န် အွမ်မရ် သည် အေမာမ်ဟိုစိုင်းန်(အစ) မှ ဆင်းသက်လာသူ ဖြစ်ပြီး အဘာစီ ခလီဖှာ မင်းဆက် မွန်သဇွဲရ် ဘုရင်ကို တော်လှန်ပုန်ကန်ခဲ့သူ ဖြစ်သည်။ (6)

အနက်အဓိပ္ပါယ်

စာရ် ثار ဟူသော ဝေါဟာရသည် စအ်ရ် ثَأر ဟူသော စကားလုံးမှ ရယူထားပြီး သွေးကြွေးယူခြင်း (အသတ်ခံရသူ၏ သွေးကြွေးကို ယူခြင်း) (7) နှင့် သွေး ဟူ၍ အဓိပ္ပါယ် ရှိပေသည်။ (8) အချို့ရေဝါယသ်များ၌၊ ‌အေမာမ်ဟိုစိုင်းန်(အစ)) အား «ثارالله فی الارض» ဟူ၍ ဖော်ညွှန်းပြီးနောက် အရှင်မြတ်သည် ၎င်း၏ သွေးကြွေးကို ယူမည်ဟု ဖော်ပြထားကာ လူသားများကိုလည်း ၎င်း၏ သွေးကြွေးကို ယူရန် ဖိတ်ခေါ်ထားသည်။ (9) အလ္လာမဟ် မဂ်ျလေစီ၏ အဆိုအရ၊ စာရုလ္လာဟ် ၏ အနက်အဓိပ္ပါယ်မှာ အေမာမ်ဟိုစိုင်းန် သည် ရီဂ်ျအသ် ကာလ၌၊ မိမိ နှင့် မိမိ အိမ်သားများ၏ သွေးကြွေးကို မိမိကိုယ်တိုင် ယူပေမည်။ (10)

ဖြစ်နိုင်ချေ ငါးမျိုး

အဘုလ်ဖဇ်ွလိ သီဟီရာနီ သည် ဇေယာရက်သေ အာရှုရာအား အလင်းဖွင့်ဆိုထားသည့် ရှေဖှာအုလ်ဆူဒူရ် စာအုပ်တွင် စာရုလ္လာဟ် အတွက် ဖြစ်နိုင်ချေ ငါးခုကို ဖော်ပြခဲ့သည်။ စာရုလ္လာဟ် ဟူသည် «اهل ثارالله» ဟူသော အရင်းမြစ်မှ လာရှိထားသည်။ ထို့ကြောင့် ယင်း၏ ဆိုလိုရင်းမှာ အရှင်မြတ် ကိုယ်တိုင် သွေးကြွေးယူရလောက်သည့် အထိ မြင့်မြတ်သောသူ ဖြစ်ပေသည်။ အရှင်မြတ် သွေးကြွေးယူမည့် အသတ်ခံရသူ၊ စာရုလ္လာဟ် ဟူသည် «الثائرُ لِله»ဟူသော အရင်းမြစ်မှ ဖြစ်ပြီး ယင်း၌ စကားလုံး အပို အလိုများ ဖြစ်ပေါ်နေကာ ၊ အရှင်မြတ်၏ လမ်းစဉ်၌ ၎င်းအတွက် သွေးကြွေးယူမည့်သူ ဖြစ်သည်ဟူ၍ အဓိပ္ပါယ် ရှိပေသည်။ စာရုလ္လာဟ် (အရှင်မြတ်၏သွေး) သည် အိုင်းနုလ္လာဟ် (အရှင်မြတ်၏ မျက်စိ) ) နှင့် ယဒုလ္လာဟ် (အရှင်မြတ်၏လက်) ကဲ့သို့ပင် ဖြစ်ပြီး ယင်းတို့၌ အပေါ်ယံ အနက်အဓိပ္ပါယ် အရ အရှင်မြတ်၏သွေး ဟူ၍ ထင်ရှားသော အဓိပ္ပာယ်ကို မဖော်ညွှန်းထားပေ။ သို့သော် သတင်းပေးသည့် ဂုဏ်ပုဒ် ကဲ့သို့ပင် တင်စားထားသည့် အနက်အဓိပ္ပါယ် အဖြစ် အသုံးပြုထားလေသည်။ စာရ် ဆိုသည်မှာ တောင်းခံထားသော သွေးဖြစ်သည်။ အလ္လာဟ် အား ထည့်ပေါင်းလိုက်ခြင်းဖြင့် အစစ်အမှန်၌ အရှင်မြတ်သည်သာ ဤသွေးကြွေးကို ယူမည့်သူ ဖြစ်ပေသည် ဟူ၍ ဖြစ်သည်။ (11) သီဟီရာနီ သည်၊ ပထမ အနက်အဓိပ္ပါယ်အား အလ္လာမဟ် မဂ်ျလေစီသို့ (12) ၊ ဒုတိယ အနက်အဓိပ္ပါယ်အား အဟ်လေစွန္နသ် သဖ်စီးရ် ပညာရှင် ဇမခ်ရှဲရီး နှင့် တတိယ အနက်အဓိပ္ပါယ်အား မဂ်ျမအုလ် ဗဲဟ်ရိုင်းန် (13) စာအာပ် ရေးသားသူ သိုရိုင်ဟီ သို့ ပတ်သက်မှု ပေးထားသည်။ ပစ္စမမြောက် အနက်အဓိပ္ပါယ်အား ၎င်းကိုယ်တိုင် လက်ခံထားပြီး စတုတ္ထ အနက်အဓိပ္ပာယ်ကို မဖော်ပြထားဘဲ ဖြစ်နိုင်ခြေ မရှိပေဟု ယူဆထားသည်။ (14)

အများသူဌာ ဖတ်ရွတ်ရန်

ယခုခေတ် သီအိုရီပညာရှင် အလီရှရီအသီး သည် စာရုလ္လာဟ် နှင့် စောင်ဝ်ရဟ် နှင့် ဝရာစသ် တို့အကြား အနက်အဓိပ္ပါယ်ဆိုင်ရာ ချိတ်ဆက်မှုကို ပြုလုပ်ခဲ့သည်။ ၎င်း၏ အဆိုအရ၊ စာရုလ္လာဟ် ဟူသည် လူ့သမိုင်း၏ ဒဿနအား ဖွင့်ဆိုခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူသားအားလုံးသည် အာဒမ် မှအစ အာခေရုလ်ဇမာန် အထိ မျိုးဆက်တစ်ခုမှ တစ်ခုသို့ ပြောင်းလဲသွားသော ဟာဘီးလ်၏ သွေးကြွေးကို စပ်ရန်ဖြစ်သည်။ ထိုသို့သွေးကြွေးယူရာ၌ သွေးမြေကျမှုများ ရှိပေမည်။ ၎င်းတို့အနက် ၊ အေမာမ်ဟိုစိုင်းန် (အစ)သည် အာဒမ် နှင့် အာခေရုလ်ဇမာန် တို့အကြား ချိတ်ဆက်ထားသည့် ကွင်းဆက်တွင်ရှိပြီး ထိုသွေးကြွေးယူမည့်သူ ဖြစ်ကာ မိမိကိုယ်တိုင်သည်လည်း သွေးသဏ္ဌန် ဖြစ်ပေါ်လာခဲ့သည်။ (15)

မုဂ်ျသဟီဒ် နှင့် အစ္စလာမ့် သုတေသီ အာယသုလ္လာဟ် ဂျဝါဒီ အာမိုလီ

ကျွန်ုပ်တို့သည် အရှင်မြတ်ထံမှ အေမာမ်ဟိုစိုင်းန်(အစ)၏ သွေးကြွေးကို ရယူရန် တောင်းခံရပေမည်။ ကျွန်ုတို့သည် အေမာမ်ဟိုစိုင်းန်(အစ)၏ သားသမီးများ ဖြစ်ကြသည်။ အဘယ်ကြောင့်နည်း? အဘယ်ကြောင့်ဆိုသော် တမန်တော်မြတ် (ဆွ)) သည် ပွင့်လင်းမြင်သာစွာ မိန့်တော်မူထားသည်မှာ «أنا و علی أبوا هذه الامّة» ကျွန်ုပ် နှင့် အလီသည် ဤအွမ္မသ်၏ ဖခင်နှစ်ဦး ဖြစ်သည်။ ဤသည်မှာ အာရှုရာ၏ သတင်းစကား ဖြစ်ပြီး အေမာမသ် နှင့် အွမ္မသ် စကား မဟုတ်ပဲ အဖေ နှင့် သား အကြောင်း ‌ေပြာထားသည့် စကားဖြစ်သည်။ အစစ်အမှန်၌ ရှီအဟ်များသည်၊ အေမာမ်ဟိုစိုင်းန်၏ သားသမီးများ ဖြစ်ကြပေသည်။ အာရှုရာ သည် ကျွန်ုပ်တို့အတွက် ယဉ်ကျေးမှု နှင့် အတွေးအခေါ် ဆိုင်ရာကျောင်း ဖြစ်သည်။ ရှီအဟ်များ ဖြစ်လာသော ကျွန်ုပ်တို့သည် ဤသက်သေခံ ကတ်ပြားကို ယူ၍ တမန်တော်မြတ်(ဆွ) အေမာမ်အလီ(အစ) နှင့် အေမာမ်ဟိုစိုင်းန်(အစ) (တို့၏ သားသမီးများ ဖြစ်လာကြသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် သွေးကြွေးယူရမည့်သူများ ဖြစ်သည်။ https://javadi.esra.ir/fa/w شیعه،-فرزند-حسین-بن-علی-ع-است-و-باید-خونبهای-او-را-ب

ရေးသားထားသည့် စာအုပ်များ

အလီ အက်ဘရ် ဗင်န် မုဟမ္မဒ် အမီးန် လာရီး၊သာ်ဟီဂျရီ ၁၃ ရာစုနှစ်၌ “ယာစာရလ္လာဟ် ဝဗ်န စာရိဟ်” ဟူသော ဟဒဖိးစ်အား အလင်းဖွင့်ဆိုထားသည့် စာအုပ်ကို ရေးသားခဲ့သည်။ ထိုစာအုပ်၏ အဓိက အကြောင်းအရာမှာ အေမာမ် (အစ)) များ၏ သွေးသည် သန့်ရှင်းစင်ကြယ်ကြောင်းကို သက်သေပြုခြင်း ဖြစ်သည်။ ဤစာအုပ်၌ အဆ်ွမသ် သာလွန်မြင့်မြတ်မှု နှင့်ပတ်သက်၍လည်း လာရှိထားသည်။ (16) [ဤစာအုပ်4086၏ လက်ရေးစာမူကို နံပါတ် ၄၀၈၆ ဖြင့် အာယသုလ္လာဟ် မရ်အရှီ စာကြည့်တိုက်တွင် ရနိုင်သည်။ (17) လေ့လာသင့်သည့် အကြောင်းအရာများ ယာလိစာရသဲလ် ဟိုစိုင်းန် စိုင်ယိဒုလ်ရှိုဟဒါ ကသီးလုလ် အဗ္ဗ်ရာသ်