စအ်ဒ် ဘင်န် ဟိုဇိုက်ဖဟ် ဘင် ယမန်နီ

wikishia မှ

စအ်ဒ် ဘင်န် ဟိုဇိုက်ဖဟ် ဘင် ယမန်နီ (ရှဟာဒသ် ဟီဂျရီ ၃၇ ခုနှစ် ) (အရဘီ : سعد بن حذيفة بن اليمان ) ဆိုသည်မှာ အေမာမ်အလီ (အ.စ) ၏ သာဝကတော် များ မှတစ်ပါးဖြစ်ပြီး ဆစ်ဖိုင်းန် တိုက်ပွဲတွင် ကျဆုံး ခဲ့သည့် အာဇာနည်များထဲမှ တစ်ပါးဖြစ်ပါသည်။ [1] စအ်ဒ် ၏ ဖခင် မှာ ဟိုဇိုက်ဖဟ် ဖြစ်ပြီး တမန်တော်မြတ် (ဆွ) ၏ ဆွဟာဗဟ် များ ထဲ မှ တစ်ဦးဖြစ်ပြီး အေမာမ်အလီ (အ.စ) သာဝကတော် များ မှ တစ်ပါးဖြစ်ပါသည်။ စအ်ဒ် နှင့် ၎င်း ၏အစ်ကို ဆဖဝန် တို့သည် မိမိတို့၏ဖခင် ၏ သေတမ်းစာ အရ အေမာမ်အလီ (အ.စ)နှင့် အတူ ဆစ်ဖိုင်းန် တိုက်ပွဲတွင် ပါဝင်ခဲ့ကြပြီး ဤတိုက်ပွဲမှာ ပင် ရှဟီးဒ်ဖြစ်ခဲ့ကြလေ၏။ [2] အချို့သော ရင်းမြစ်များ တွင် စအ်ဒ် ၏ အမည်ကို စအီးဒ် ဟုဖော်ပြထားပါသည်။ [3] စအ်ဒ်ဘင်န် မက်စ်အူဒ် မှ ရီဝါယသ်ဆင့်ပြန်ချက် မှဆိုထားသည်ဟု လာရှိပါသည်။ [4]

သဝါဘီးန် တော်လှန်ရေးတွင် စအ်ဒ် သည် အသက်ရှင်လျက်ရှိခဲ့ကြောင်း သာရီးခ်ခေသွဗရီ တွင် ဖော်ပြထားပြီး စိုလိုင်းမန်ဘင်န် ဆိုရဒ် ခိုဇာအီ မှ စအ်ဒ်ထဇံ စာတစ်စောင်ဖြင့် အကူအညီတောင်းခဲ့ပြီး စအ်ဒ် ကလည်း ၎င်းအတွက် ကူညီရန် အဆင်သင့်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။ [5] မွတ်ခ်သာရ် စကဖီ မှ စအ်ဒ် ဘင်န် ဟိုဇိုက်ဖဟ်အား ဟိုလ်ဝန် မြို့မှာ ခန့်အပ်ခဲ့ကြောင်းသွဗရီ မှဆိုထားပါသည်။ ။ [6] ဆယက်ဒ်မိုဟ်စင် အမီးန် နှင့် အခြားသုတေသီအချို့သည် သဝါဘီးန် တော်လှန်ရေးတွင် နှင့် မွတ်ခ်သာရ် စကဖီ တော်လှန်ရေး ကာလအထိ အသက်ရှင်နေသေးသောစအ်ဒ် အမည်ရှိ ဟိုဇိုက်ဖဟ် ၏ အခြား သားတော် တစ်ပါး ဖြစ် နိုင် ကြောင်း ဖော်ထုတ်ခဲ့ကြပါသည်။ [7]

ဆက်နွယ်နေသည့်ဆောင်းပါး

  • ဆဖဝန် ဘင်န် ဟိုဇိုက်ဖဟ် ဘင် ယမန်နီ

အောက်ခြေ မှတ်စုများ

ကျမ်းကိုးများ