စဟ်ရီ

wikishia မှ

စဟ်ရီ ဆိုသည်မှာ ရိုဇာဆောက်တည်သူသည် ဖဂျရ်အချိန် မတိုင်မီ စားရသည့် အစားအစာ ကိုခေါ်ဆိုသည်။ ဟဒီးစ်တော်များ၌ စဟ်ရီစားရန် တိုက်တွန်းထားသည်။ ဖိက္က်ဟ် ဓမ္မပညာအရ၊ စဟ်ရီစားခြင်းသည် မွစ်သဟဘ် ဖြစ်သည်။ အကယ်၍ စဟ်ရီမစားပါက ရိုဇာ‌ေဆာက်တည်သူ အဖို့ ပြင်းထန်သော အားနည်းခြင်းကို ဖြစ်စေပြီး ရိုဇာပျက်နိုင်ခြေရှိပါက စဟ်ရီစားရမည်မှာ ဝါဂျီဘ် ဖြစ်သည်ဟု သတ်မှတ်ထားသည်။ စဟ်ရီခွာန်နီ နှင့် ဂျာကိုလှည့်ခြင်း တို့သည် စဟ်ရီစားရန် လူများကို နှိုးရာ၌ အသုံးပြုသည့် အမျိုးမျိုးသော ထုံးတမ်းဓလေ့များ ဖြစ်သည်။

အရေးပါမှု နှင့် အရိုက်အရာ

စဟ်ရီ ဆိုသည်မှာ ရိုဇာဆောက်တည်သူသည် ဖဂျရ်အချိန် မတိုင်မီ စားရသည့် အစားအစာ ကိုခေါ်ဆိုသည်။ (1) ရေဝါယသ်များအရ၊ စဟ်ရီ စားခြင်းသည် အိဖ်သွာရ် စားခြင်းထက် ပိုမိုသာလွန်ပေသည်။ (2) တမန်တော်မြတ် (ဆွ));ထံမှ လာရှိထားသည့် ဟဒီးတော်၌၊ စဟ်ရီ စားခြင်းသည် ကောင်းချီးမင်္ဂလာဟု ယူဆထားပြီး ၎င်း၏ အွမ္မသ်များကို ထိုအရာကို မစွန့်လွှတ်ပေ။ (3) ထို့အတူ တမန်တော်မြတ် (ဆွ)); ထံမှ လာရှိထားသည့် အခြားရေဝါယသ် တစ်ခုအရ၊ စဟ်ရီ စားကြသော မိုအ်မင်န်များ နှင့် ဝန်ချတောင်းပန်သူများ အပေါ် အရှင်မြတ် နှင့် ကောင်းကင်တမန်များ၏ စလာမ်မေတ္တာ ကျရောက်မှု ရှိပေသည် ဟု ယူဆထားသည်။ (4) မအ်စူးမ် ၁၄ ပါးတို့၏ ဟဒီးစ်တော်များတွင်၊ စဟ်ရီစားခြင်းအား မည်မျှပင် ရေတစ်ငုံသာ သောက်သည့် အနေအထား ဖြစ်ပါစေ တိုက်တွန်းထားသည်။ (5) ထိုသို့ဖြင့် ရိုဇာဆောက်တည်သူ၏ အခက်အခဲကို လျှော့ချနိုင်မည် ဖြစ်သည်။ (6) ရေဝါယသ် တစ်ခု၌၊ ကာဝူးသ် နှင့် စွန်ပလွန်သီး သည် စဟ်ရီ အတွက် အကောင်းဆုံး အစားအစာဖြစ်သည် ဟု ဖော်ပြထားသည်။ (7) အေမာမ်ဘာကရ်(အစ)) ၏ ရေဝါယသ်တော်အရ ၊ တမန်တော်မြတ် (ဆွ) သည် စဟ်ရီ၌ စွန်ပလွန်သီး နှင့် စပျစ်သီးခြောက် စားပေသည်။ (8) အေမာမ်ဆွာဒီက် (အစ) ၏ ရေဝါယသ်တော်အရ၊ ရိုဇာဆောက်တည်သူတိုင်းသည် စဟ်ရီ နှင့် အိဖ်သွာရ် စားရာ၌ ၊ စူရဟ် ကဒဲရ်ကို ဖတ်ရွတ်ပါက ၊ ထိုအချိန် နှစ်ချိန်အကြား ရှဟီးဒ်၏ အကျိုးစဝါးဘ်ကို ရရှိပေမည်။ (9)

ဥပဒေသများ

အောက်ပါ ဥပဒေသများသည် စဟ်ရီစားခြင်း နှင့်ပတ်သက်၍ ဥပဒေပညာရှင်များက ဖော်ပြထားသည့် အကြောင်းအရာများ အနက်တွင် ပါဝင်သည်။ စဟ်ရီစားခြင်းသည် မွစ်သဟဘ် ဖြစ်သည်။ (10) ရေဝါယသ်များ၌ ၊ ရမ်ဇာန်လ၌ စဟ်ရီစားခြင်းအပေါ် များစွာ တိုက်တွန်းထားသည်။ (11) အကယ်၍ စဟ်ရီမစားပါက ရိုဇာ‌ေဆာက်တည်သူ အဖို့ ပြင်းထန်သော အားနည်းခြင်းကို ဖြစ်စေပြီး ရိုဇာပျက်နိုင်ခြေရှိပါက စဟ်ရီစားရမည်မှာ ဝါဂျီဘ် ဖြစ်သည်။ (12) လူသားသည် စဟ်ရီ မစားသည့်အတွက် ရိုဇာမထားဘူး ဟူ၍ လုပ်ပိုင်ခွင့် မရှိပေ။ သျို့သာ် အကယ်၍ စဟ်ရီ မစားခြင်းကြောင့် ပြင်းထန်သော အားနည်းခြင်းကို ဖြစ်စေပြီး ယင်းအား သည်းခံနိုင်ရန် ခွန်အားမရှိပါက ၊ ရိုဇာ မထားပိုင်ခွင့် ရှိပြီး နောက်ပိုင်း၌ ရိုဇာကဇွာ ပြန်ထားရပေမည်။ (13) အကယ်၍ တစ်ဦးတစ်ယောက်သည် စူးစမ်းလေ့လာခြင်း မရှိဘဲ ဖဂျရ် အာဇာန်အချိန် စဟ်ရီစားလိုက်ပါက ၊ ထို့နောက် အာဇာန်ပေးပြီးသည့်အချိန် စဟ်ရီစားလိုက်သည်ကို သဘောပေါက်သွားပါက ၊ ထိုရိုဇာ၏ ကဇွာကို နောက်ပိုင်းတွင် ပြန်ထားရပေမည်။ (14) အကယ်၍ စဟ်ရီ စားနေသည့်အချိန်၊ ဖဂျရ်အဇာန် အချိန် ရောက်ရှိပါက၊ ပါးစပ်ထဲ ရှိနေသည့် အစားအစာ မှန်သမျှကို ထွေးထုပ်ရပေမည်။ အကယ်၍ ယင်းအစားအစာအား ရည်ရွယ်ချက်ရှိရှိ မြိုချလိုက်ပါက ၊ ၎င်း၏ ရိုဇာမှာ ပျက်သွားပြီး ကဖှာရဟ် ထိုက်ပေသည်။ (15)

ဓလေ့ထုံးတမ်းများ

ဖော်ပြချက်နျားအရ၊ အစ္စလာမ်သာသနာ အစပိုင်း၌၊ အိဗ်နေအက်သူးမ် သည် စဟ်ရီ အချိန်၌ အာဇာန်ဆိုခြင်းဖြင့် မွစ်လင်မ်များကို စဟ်ရီစားရန် နိုးကြားစေပေသည်။ လူများသည် စဟ်ရီ စားပြီးနောက်၊ ဘီလ္လာဟ် ဟဘရှီး၏ အာဇာန်အသံကို ကြားခြင်းဖြင့် ဖဂျရ်နမာဇ် အချိန် ရောက်ရှိလာကြောင်း နားလည်ကြပြီး အစားစားခြင်းမှ ရပ်တန့်လိုက်ကြသည်။ (16) စဟ်ရီအချိန် ကြေငြာခြင်း နှင့် လူများအား နိုးကြားခြင်းသည် နည်းလမ်းပေါင်းစုံ ရှိပေသည်။ ဥပမာ မိုအ်ဇင်န်များ လှည့်လည်၍ ကြေငြာခြင်း နှင့် လမ်းကြားများ၌ လိုက်အော်ခြင်း ၁၇ မီးအိမ်ထွန်း၍ ကြေငြာခြင်း ၁၈ အိမ်တံခါးခေါက်၍ ကြေငြာခြင်း ၁၉ ဘောလုံးပစ်ပေါက်၍ ကြေငြာခြင်း စသည်တို့ကို ပြုလုပ်ကြသည်။ ၂၀ စဟ်ရီခွာန်နီသည် အီရာန်နိုင်ငံရှိ ရမ်ဇာန်လ ရိုဇာဥပုသ်နေ့တွင် လူများကို နိုးကြားစေသည့် ထုံးတမ်းတစ်ခုဖြစ်သည်။ (21) စဟ်ရီခွာန်နီ ထုံးတမ်းသည် အိန္ဒိယမွတ်စလင်များ အကြားတွင်လည်း ရှိသည်ဟု ဆိုကြသည်။ (22) ဆီးရီးယားတွင် ဒရမ်တီးခြင်း နှင့် တူရကီတွင် ရွတ်ဆိုခြင်း ဓလေ့သည် စဟ်ရီချိန်တွင် ပြုလုပ်လေ့ရှိသည့် အခြားသော ထုံးတမ်းများဖြစ်သည်။ (23) လက်ဘနွန်တွင် စဟ်ရီချိန်တွင် လူများကို နိုးကြားစေရန် မိုစဟ်ဟိရာသီး ဟုခေါ်သော လူများပေါ်တွင် တာဝန်ရှိသည်။ (24) အိန္ဒိယတွင် ဂန်ဂျီ ဟုခေါ်သောအစားအစာ (25) နှင့် လက်ဘနွန်တွင် မန်ကူးရှ် အစားအစာ ပြုလုပ်ကြသည်။ (26) ဆီးရီးယားတွင် စဟ်ရီစားရန် အချိန်တစ်ခု သတ်မှတ်ထားပြီး အုပ်စုလိုက် စားကြသည်။ (27) ပါကစ္စတန်၌ ရမ်ဇာန်လ၏ နောက်ဆုံး ဆယ်ရက်တွင် အမျိုးသားများသည် ဗလီများတွင် စဟ်ရီစားကြသည်။ (28) တူရကီတွင် အိဖ်သွာရ် အပြင် စဟ်ရီ စားပွဲ များကိုလည်း ဗလီများတွင် ခင်းကျင်းထားသည်။ (29)

လေ့လာသင့်သည့် အရာများ

အိဖ်သွာရီ စဟ်ရီနိုးထခြင်း စဟ်ရီဒိုအာ