စဟ်မိုင်းန်

wikishia မှ
(စဟ်မိုင်းန် (ဝေစုနှစ်စု) မှ ပြန်ညွှန်းထားသည်)

စဟ်မိုင်းန် (အာရဘီ - السهمين) ဟူသည်မှာ ဝေစုနှစ်စုဟူ၍ အဓိပ္ပါယ်ရသည်။ ခွမ်စ် လှူဖွယ်ဝတ္ထုများမှ အေမာမ်၏ဝေစုနှင့် စိုင်ယိဒ်များ၏ ဝေစုကို ရည်ညွှန်းသည်။[၁] အဘိဓာန်၌ ‘စဟ်မ်’ဟူသည်မှာ ဝေစု[၂] ၊ အချိုးကျရရှိသည့်အစု ဟူ၍ အဓိပ္ပါယ်ရသည်။[၃] ရှီအာဟ် ဓမ္မသတ်ပညာရှင်များယုံကြည်ကြသည်မှာ ခွမ်စ်ကို ယေဘုယျအားဖြင့် အေမာမ်၏ဝေစုနှင့် စိုင်ယိဒ်များ၏ဝေစုဟူ၍ နှစ်မျိုးခွဲရသည်။ [၄]

ရှီအာဟ် ဖှီကဟ်(ဓမ္မသတ်)ပညာရှင်ကြီးများဖြစ်ကြသော ရှိခ်တူစီသည် ‘အလ်မဗ်စူးသ်’[၆] ကျမ်းတွင်လည်းကောင်း၊ ရှဟီးဒ်-ဒေ-အောင်ဝ်ဝလ်သည် ‘လွမ်အသွဒ်ဒမီရှ်ကီယဟ်[၇]’ ကျမ်းတွင်လည်းကောင်း၊ရှဟီးဒ်-ဒေ-စာနီသည် ရှရ်ဟွလ် လွမ်အဟ်[၈]’ ကျမ်းတွင်လည်းကောင်း ခွမ်စ်အာယသ်တော်အခြေခံ၍ ခွမ်စ်ကို ဝေစု(၆)စုခွဲကြသည်။ ၎င်းကို ရှီအာဟ်၏ ကျော်ကြားသောအဆိုဟူ၍ မှတ်ယူကြသည်။ [၉] သို့သော် ဤ(၆)ဝေစုကို (၂)စုတွင် တဖန်ပြန်ပေါင်းစည်း၍ရသည်။ ၎င်းမှ အလ္လာဟ်အရှင်မြတ်၏ဝေစု၊ နဗီတမန်တော်မြတ်၏ဝေစု၊ ဆွေမျိုးရင်းခြာများ၏ဝေစု စသည်ဖြင့် (၃)စုသည် အေမာမ်အဖို့ ဖြစ်သည်။ ထို့နောက် တမန်တော်မြတ်(ဆွ)၏မျိုးဆက်မှဖြစ်သည့် မိဖမဲ့ကလေးများ၏ဝေစုမရှိဆင်းရဲသားများ၏ဝေစုခရီးလမ်းတွင် ဒုက္ခရောက်နေသူများ၏ဝေစု စသည်ဖြင့် (၃)စုကို စိုင်ယိဒ်များ၏ဝေစုဟူ၍ခေါ်ဆိုကြသည်။ [၁၀] ခွမ်စ်ကို ဤသို့ နှစ်စုခွဲရခြင်းမှာ လာရှိထားသည့်ရေဝါယသ်များကြောင့်ဖြစ်သည်။[၁၁] အေမာမ် မူစာ ဗင်န် ကာဇွင်းမ် (အ.စ)သည် ရေဝါယသ်တော်တစ်ခု၌ ခွမ်စ်အကြောင်းရှင်းပြထားပြီး ၎င်း၌ ဝေစုတစ်စုကို အုပ်ချုပ်မင်း(အေမာမ်)အဖို့ သတ်မှတ်ပေးထားပြီး၊ အခြားဝေစုတစ်ခုကို တမန်တော်မြတ်(ဆွ)၏မျိုးဆက်မှ ဖမဲ့ကလေးများ၊ မရှိဆင်းရဲသားများ၊ ခရီးလမ်းတွင်ဒုက္ခတွေ့နေသူများအဖို့ သတ်မှတ်ပေးထားသည်။[၁၂]

မှတ်စုများ

  1. မိုဟက္ကစ် ဟိလ္လီ၊ အလ်မွခ်သစရ်၊ ဟိဂျရီ ၁၄၁၈၊ အတွဲ ၁၊ စာမျက်နှာ ၆၃။
  2. ဘတ်စ်သာနီ၊ ဖရ်ဟန်ဂ်အဘ်ဂျဒီ၊ အီရန်သက္ကရာဇ် ၁၃၇၅၊ စာမျက်နှာ ၅၀၃၊ ဇီးလ်ဝါဂျဟ်ဆဟ်မ်။
  3. အိဗ်နေဖာရ်စ်၊ မိုအဂျမ်မိုကာယီးစ်လိုဂသ်၊ ဟိဂျရီ ၁၄၀၄၊ အတွဲ ၃၊ စာမျက်နှာ ၁၁၁၊ ဇီးလ်ဝါဂျဟ်ဆဟ်မ်။
  4. သွဘာသွဘာယီ ယဇ်ဒီ၊ အလ်အူရ်ဝသူလ်ဝူစ်ကာ၊ ဟိဂျရီ ၁၄၁၉၊ အတွဲ ၄၊ စာမျက်နှာ ၃၀၃။
  5. အေမာမ်ခိုမေနီ၊ သောဝ်ဇီဟူလ်မဆာအိလ်၊ ခူးမ်စ်အပိုင်း၊ ဟိဂျရီ ၁၄၂၄၊ အတွဲ ၂၊ စာမျက်နှာ ၅၉။
  6. ရှိခ်သူစီ၊ အလ်မဘ်စူသ်ဖီဖိက်ဟ်အေမာမီယဟ်၊ ဟိဂျရီ ၁၃၈၇၊ အတွဲ ၁၊ စာမျက်နှာ ၂၆၂။
  7. ရှဟီးဒ်အောဝ်ဝလ်၊ အလ်လိုမ်အဟ်ဒမိရှ်ကီယဟ်၊ ဟိဂျရီ ၁၄၁၀၊ စာမျက်နှာ ၅၅။
  8. ရှဟီးဒ်ဆာနီ၊ အလ်ရောင်ဇသူလ်ဘဟီယဟ်၊ ဟိဂျရီ ၁၄၁၂၊ အတွဲ ၁၊ စာမျက်နှာ၁၃၇။
  9. ရှဟီးဒ်ဆာနီ၊ အလ်ရောင်ဇသူလ်ဘဟီယဟ်၊ ဟိဂျရီ ၁၄၁၂၊ အတွဲ ၁၊ စာမျက်နှာ၁၃၇။
  10. မဂ်နီယဟ်၊ ဖိက်ဟ်ဆွာဒေက်(အ စ) ၊ ဟိဂျရီ ၁၄၂၁၊ အတွဲ ၂၊ စာမျက်နှာ ၂။
  11. ၁၁။ နဂျဖ်အာဘာဒီ၊ အလ်ခူမ်စ် ဝါ အင်ဖာလ်၊ ဘီသာ၊ စာမျက်နှာ ၂၆၁; နဂျဖီ၊ ဂျဝါဟိရ်ကလာမ်၊ ဟိဂျရီ ၁၄၀၄၊ အတွဲ ၁၆၊ စာမျက်နှာ ၈၅။
  12. ဟူရ်အာမိုလီ၊ သက်မိလသူလ်ဝဆာအိလ်၊ ဟိဂျရီ ၁၄၁၈၊ အတွဲ ၂၊ စာမျက်နှာ ၁၄၆။

ကျမ်းကိုးမျာ

  • အိဗ်နေဖာရ်စ်၊ အဟ်မဒ် ဘင်န် ဖာရ်စ်၊ မိုအဂျမ်မိုကာယီးစ်လိုဂသ်၊ ကွမ်း၊ မက်သဘ်အအ်လာမ်အစ္စလာမ်မီ၊ ဟိဂျရီ ၁၄၀၄
  • အေမာမ်ခိုမေနီ၊ ဆိုင်ယီဒ်ရူဟ်ဟူလ္လာဟ်၊ သောဝ်ဇီဟူလ်မဆယအိလ်၊ ကွမ်း၊ ကွမ်းမြိုရှိဂျာမေအဟ်မိုဒရ်ရေစီးန်ဟောဝ်ဇာနှင့် ဆက်နွယ်နေသော အစ္စလာမ်မီ ဖြန့်ချီရေး ရုံး၊ ၈ကြိမ်မြောက်ပုံနှိပ်၊။
  • ဘတ်စ်သာနီ၊ ဖဝါဒ် အဖ်ရာမ်၊ ဖရ်ဟန်ဂ် အဘ်ဂျဒီ၊ တီဟ်ရန်၊ အစ္စလာမ်မီ၊ ဒုတိယအကြိမ်ပုံနှိပ်၊ အီရန်သက္ကရာဇ် ၁၃၇၅။
  • ဟူရ်အာမိုလီ၊ မိုဟမ္မဒ်ဘင်န်ဟဆန်၊ အလ်ဖိုစူလ်မိုဟင်မ်မဟ်ဖီအူစူလ်အအေမ်မာဟ်၊ သက်မိလသူလ်ဝဆာအိလ်၊ အေမာမ်ရေဒွါ(အ စ) ၏မအာရိဖ်အစ္စလာမီဌာန၊ တီဟ်ရန်။
  • ရှဟီးဒ်အောဝ်ဝလ်၊ မိုဟမ္မဒ်ဘင်န်မက္ကီ၊ အလ်လိုမ်အဟ်ဒမိရှ်ကီယဟ်၊မိုဟမ္မဒ်တကီမွရ်ဝါရီဒ်၊ ဘေရွသ်၊ ဒါရ်ရူဘ်သိုရာစ်၊ ဒါရ်ရူလ်အစ္စလာမီယဟ်၊ ဟိဂျရီ ၁၄၁၀။
  • ရှဟီးဒ်ဆာနီ၊ ‌ဇိုင်နွဒ်ဒီးန်ဘင်န်အလီ၊ အလ်ရောင်ဇသူလ်ဘဟီယဟ်၊ ရှရ်ဟ်ဆွလ်တွာန်အိုလမာ၊ ကွမ်၊ ကွမ်မြိုရှိဒဖ်သရ်သဘ်လီဂါသ်အစ္စလာမီ‌‌ေဟာဝ်ဇာ၏ဖြန့်ချီ‌‌ေရး၊ ဟိဂျရီ ၁၄၁၂။
  • သွဘာသွဘာအီယဇ်ဒီ၊ ဆိုင်ယီဒ်မိုဟမ္မဒ် ကာဇင်းမ်၊ အလ်အူရ်ဝသူလ်ဝူစ်ကာဖီမာသအ်မ်ဘေဟိလ်ဘူလ်ဝါ၊ ကွမ်းမြိုရှိဂျာမေအဟ်မိုဒရ်ရေစီးန်ဟောဝ်ဇာနှင့် ဆက်နွယ်နေသော အစ္စလာမ်မီ ဖြန့်ချီရေး ရုံး၊၊
  • မိုဟက္ကစ်ဟိလ္လီ၊ ဂျအ်ဖရ်ဘင်န်ဟဆန်၊ အလ်မွခ်သဆရ်၊ ကွမ်း၊ မသ်ဘူအာသ်ဒီးန်နီယဟ်ဌာန၊ ၆ကြိမ်မြောက်ပုံနှိပ်၊ ဟိဂျရီ ၁၄၁၈။
  • မဂ်နီယဟ်၊ မိုဟမ္မဒ်ဂျဝါဒ်၊ ဖိက်ဟ်အေမာမ်ဆွာဒေက်( အ စ)၊ အန်ဆွာရီယားန်ဌာန၊ ကွမ်း၊ ဟိဂျရီ ၁၄၂၁။
  • နဂျဖီ၊ မိုဟမ္မဒ်ဟဆန်၊ ဂျတါဟိရ်ကလာမ်ဖီရှရ်ဟ်ရှရာ‌ေယအ်အစ္စလာမ်၊ အဘ္ဘာစ်ကူချာနီ နှင့် အလီအာခူးန်ဒီတို၏ သုတေသန၊ ဘေရွသ်မြို၊ ဒါရ်ရူလ်အဟ်ယာအ်သိုရာစ်အရဗီ၊ ၇ကြိမ်မြောက်ပုံနှိပ်၊ ဟိဂျရီ ၁၄၀၄။
  • မွန်သဇေရီ၊ ဟိုစိုင်န်အလီ၊ ခူမ်စ်နှင့်အင်ဖာလ်၊ ကွမ်း၊ ဟိဂျရီ ၁၄၃၁။