စရ်ဒါဗ် ဘေ မိုကဒတ်စ်

wikishia မှ
ဖိုင်:سرداب غیبت.jpg
စရ်ဒါဗ် ဘေ မိုကဒတ်စ်

စရ်ဒါဗ် ဘေ မိုကဒတ်စ် (အရဘီ : سرداب الغيبة ) သို့မဟုတ် စရ်ဒါဗ် ဘေ ဂိုက်ပတ်သ် ဆိုသည်မှာ အေမာမ် ဟစန် အက္စ်ကရီ (အ.စ) ၏အိမ်တော်၏မြေအောက်ခန်းကိုဖြစ်ပြီး အက္စ်ကရီရိုင်း (အ.စ) ရောင်ဇာတော် ၏ အနောက်မြောက်ဘက်တွင်ရှိပြီး အီရတ်နိုင်ငံ စာမရာ မြို့ ဖြစ်ပါတယ်။ ဤနေရာမြတ်သည် အေမာမ် ဟာဒီ (အ.စ) ၊ အေမာမ်အက္စ်ကရီ(အ.စ) နှင့် အေမာမ်ဇမာန်း (အ.ဂျ) တို့နေထိုင် ဘဝတည်ဆောက်ခဲ့သည့် နေရာ ဖြစ်သည့် အတွက်ကြောင့် ရှီအဟ် များ ၏ အမြင်တွင် မြင့်မြတ်သည့်နေရာဖြစ်ပါသည်။

စွန်နီစာရေး ဆရာအချို့ မှရှီအဟ် များ သည် စရ်ဒါဗ် ဘေ မိုကဒတ်စ် သည် အေမာမ်ဇမာန်း (အ.ဂျ) ဂိုက်ပတ်သ် ပြုတော်မူသွားသည့် အချိန်တွင် နေထိုင် ဘဝတည်ဆောက်ခဲ့သည့်နေရာ ထိုနည်းတူစွာ အေမာမ် ဇမာန်း (အ.ဂျ) ဤနေရာ မှ ဇဟူးရ် ဖြစ်မည်ဟု ယုံကြည်ကြသည်ဟုဆိုပြီး ဆိုထားကြပါသည်။

သို့ရာတွင် ရှီအဟ် ရင်းမြစ်များတွင် ထိုသို့သောအရာမျိုးမရှိသော်လည်း ရှီအဟ်များ၏ သက်ဝင်ယုံကြည် ချက်အရ အေမာမ် ဇမာန်း (အ.ဂျ)သည် မက္ကဟ်မြို့ တွင် ဇဟူးရ် ဖြစ်မည် ဖြစ်ပါသည်။

စရ်ဒါဗ်(ခ)မြေအောက်ခန်း ပထမဆုံး အဆောက်အအုံသည် အဘာစီ ခလီဖဟ်များလက်ထက် တွင် စတင် ခဲ့ပြီး နောက်ပိုင်းတွင် အက္စ်ကရီရိုင်း (အ.စ) ရောင်ဇာတော် နှင့်အတူ ခေတ်ကာလများအသီးသီးတွင် ပြန်လည် မွမ်းမံ တည်ဆောက်ပြုပြင်ခဲ့ပါ သည်။

နေရာအဆင့်အတန်း နှင့်အရေးပါမှု

စရ်ဒါဗ်(ခ)မြေအောက်ခန်းသည် စာမရာ မြို့ ရှိ အေမာမ် ဟစန် အက္စ်ကရီ (အ.စ) ၏ အိမ်တော်၏ မြေအောက်ခန်းဖြစ်ပါသည်။ [1] ဤနေရာ၏ မြင့်မြတ်မှုသည် ပြစ်မဲ့ အေမာမ်များ (အ.စ) နှင့် နွယ်နေသည့် အတွက်ကြောင့်ဖြစ်ပါသည်။ [2] အဘယ်ကြောင့်ဆိုသော် အေမာမ် ဟာဒီ (အ.စ) ၊ အေမာမ်အက္စ်ကရီ(အ.စ) နှင့် အေမာမ်ဇမာန်း (အ.ဂျ) တို့နေထိုင် ဘဝတည်ဆောက်ခဲ့သည့် နေရာ ဖြစ်သည့် အတွက်ကြောင့် ဖြစ်ပါ သည်။ [3] စရ်ဒါဗ်(ခ)မြေအောက်ခန်းသည် အက္စ်ကရီရိုင်း (အ.စ) ရောင်ဇာတော် နှင့် ၁၅ မီတာခန့်အကွာတွင်ရှိ ပါသည်။ [4] ပြီးနောက် အက္စ်ကရီရိုင်း (အ.စ) ရောင်ဇာတော် ၏ အနောက်မြောက် ဘက်တွင်တည်ရှိပါ သည်။[5]

ရှီအဟ် သမိုင်းပညာရှင် ရှိက်ခ် အဘာစ် ကွမ်းမီ ( ဟီဂျရီ ၁၃၅၉ခုနှစ် ကွယ်လွန် ) ၏ အဆိုအရ နှောင်းပိုင်းခေတ် ဤနေရာအား စရ်ဒါဗ် ဘေ ဂိုက်ပတ်သ် ဆိုပြီးအမည် ပေးခဲ့ကြောင်း ဤအတွက်သက်သေ အထောက်အထား အဖြစ် အေမာမ် ဇမာန်း (အ.ဂျ) အကြောင်း ရေးသားထားသည့် စာအုပ်များ မတွေ့ ရကြောင်းဖြစ်ပါသည်။ [6]

အေမာမ်ဇမာန်း (အ.ဂျ) သည် စရ်ဒါဗ်(ခ)မြေအောက်ခန်း မှဇဟူးရ် ဖြစ်မည်ဖြစ်ပါသလား?

မတ်စ်ဂျစ်ဒ် ဆွာဟေဗ် (အ.ဂျ) ၏ ဂွန်ဗတ်သ်

အချို့ စွန်နီ စာရေးဆရာများ ပမာအားဖြင့် ယာကူသ် ဟမ်ဝီ အနေဖြင့် မိုအဂျန်မိုလ်ဘလ်ဒါန် တွင် လည်းကောင်း အစ်ဗ်နေဟဂျ်ရ် ဟိုင်ဒမီ အနေဖြင့် အလ်ဆွဝါအေက်ကိုလ်မော်ဟရကဟ် ကျမ်း တွင် လည်းကောင်း ရှီအဟ်များအနေဖြင့် အေမာမ် ဇမာန်း (အ.ဂျ)သည် စရ်ဒါဗ်(ခ)မြေအောက်ခန်း တွင်ပုန်း ကွယ်သွား ကြောင်းထိုနေရာမှဇဟူးရ်ပြန်ဖြစ်မည် ဖြစ်ကြောင်း သက်ဝင်ယုံကြည်ကြသည် ဟုရေးသား ထား ကြပါ သည်။ [7] ၎င်းတို့မှ ဆက်လက်ပြီးမြင်းများနှင့် မြေအောက်ခန်းဘေးတွင် ရပ်နေသော ရှီအဟ် အဖွဲ့ တစ်ဖွဲ့ အကြောင်းထိုအဖွဲ့တစ်ဖွဲ့သည် အေမာမ် ဇမာန်း (အ.စ) အပြင်ထွက်လာမည် ကို စောင့်နေကြ ကြောင်း ဆိုထားပါသည်။ [8]

၁၅ရာစု ၏ ရှီအဟ် စာရေးဆရာ ဇဘီးဟွလ္လာဟ် မဟလာသီ ၏ အဆိုအရ «  مآثر الکبراء فی تاریخ سامراء » ကျမ်းတွင် ဖော်ပြ ပါ အဆို သည် မှားယွင်းကြောင်း ဖြစ်ပါသည်။ အကြောင်းမှာ ရှီအဟ်အိုလမာ အနေဖြင့် တစ်ညီတစ်ညွတ်တည်း ဟဇရသ် အေမာမ် ဇမာန်း (အ.ဂျ)သည် မက္ကဟ် မြို့ တွင် ဇဟူးရ် ဖြစ်သည် ဆိုသည့် အတွက်ကြောင့် ဖြစ်ကြောင်း ဆိုထားပါသည်။ [9] ထိုနည်းတူစွာ ရှီအဟ်မရ်ဂျာများမှ တစ်ပါးဖြစ်သည့် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ လွတ်သွ်ဖိုလ္လာဟ် ဆာဖီ ဂိုလ်ဗိုင်းဂါနီ ၏ အဆိုအရ ဤအဆိုသည် ရှီအဟ်အား ရန်ုငြိုးထားသည့်အတွက်ကြောင့် ဖန်တီးထားခြင်း ဖြစ်ပြီး အဲဟ်လေ့ဘိုက်(သ) (အ.စ) နှင့် မျက်နှာ လွဲသွားရန် နှင့် ဘနီအိုမိုင်းယဟ် နှင့် အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ရန်သူများဘက်သို့ မျက်နှာသာပေးရန် အတွက် လုပ်ထားကြခြင်း ဖြစ်ကြောင်း ဖြစ်ပါသည်။[10] ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ လွတ်သွ်ဖိုလ္လာဟ် ဆာဖီ ဂိုလ်ဗိုင်းဂါနီ ၏ အဆိုအရ အေမာမ် ဇမာန်း (အ.ဂျ) သည် စာမရာ မြို့ ၏ မြေအောက်ခန်းထဲတွင် ပုန်းဝှက်နေ သည်ဟု ရှီအဟ်များ ထဲမှ တစ်ဦးတစ်ယောက်မျှ မပြောခဲ့ကြသော်လည်း ရှီအဟ် စာအုပ်များ နှင့် ရီဝါယသ်တော်များဤကဲ့သို့ အဆို အား ငြင်းဆိုထားပါသည်။ [11]

ရှီအဟ်မရ်ဂျာများမှ တစ်ပါးဖြစ်သည့် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် ဆဒရွတ်ဒ်ဒီးန် ဆယက်ဒ် ( ဟီဂျရီ ၁၃၇၃ ခုနှစ် ကွယ်လွန် ) မှ အစ်ဗ်နေဟဂျ်ရ် ဟိုင်ဒမီ ပြောကြားချက်သည် အီရတ် နှင့် အီရတ်ရှိ ရှီအဟ် များနှင့် ရင်းနှီးမှုမရှိခြင်းကြောင့်ဖြစ်ကြောင်း အကြောင်းမှာ အစ်ဗ်နေဟဂျ်ရ် ဟိုင်ဒမီသည် ‌ဟေဂျာဇ် (ဆော်ဒီ) မှ အပြင်မထွက်ခဲ့သည့် အတွက်နှင့် စာမရာမြို့ကို မမြင်ဖူးသည့် အတွက်ကြောင့် ဖြစ်ကြောင်းဆို ထားပါသည်။ [12] ဤအကြောင်းအရာနှင့်ပတ်သက်ပြီး မော်ဟဒစ် နူးရ်ရီ [13] ဆယက်ဒ် မော်စင်န်အမီးန် [14] ဆယက်ဒ် မိုရ်သဇာ အက္စ်ကရီ [15] ဆယက်ဒ် ဟာဒီ ခွတ်စရူရှာဟီ [16] နှင့် အီဗရာဟီးမ်အမီးနီ [17] တို့သည်လည်းပဲ အေမာမ် ဇမာန်း (အ.ဂျ)သည် စရ်ဒါဗ်(ခ)မြေအောက်ခန်း တွင်ပုန်း ကွယ်သွား ကြောင်း ထိုနေရာ မှဇဟူးရ်ပြန်ဖြစ်မည် ဖြစ်ကြောင်း ကို ပယ်ချထားပါသည်။

ဂိုက်ပတ်သ် ရေထွင်း

စရ်ဒါဗ်(ခ)မြေအောက်ခန်း တွင် «ဂိုက်ပတ်သ်ရေထွင်း» ဆိုပြီး နာမည်ကျော်ကြားသည် ရေထွင်း တစ်ခု ရှိပါ သည်။ [18] ရှိက်ခ်အဘာစ် ကွမ်းမီ ၏အဆိုအရ အချို့ဇေယာရသ် ပြုသူများသည် စရ်ဒါဗ်(ခ)မြေအောက်ခန်း ရှိ အက္စ်ကရီရိုင်း (အ.စ) ၏ ဝဇူကန် မှ မြေ ကို သဗရွတ်ခ်အဖြစ် ယူဆောင်ကြလေရှိပြီး တဖြည်းဖြည်း ဤနေရာ သည် တွင် «ဂိုက်ပတ်သ်ရေထွင်း» ကျော်ကြားလာကြောင်း ဆိုထားပါသည်။ [19] ရှိက်ခ်အဘာစ် ကွမ်းမီ သည် ထိုနည်းတူစွာ မော်ဟဒစ် နူးရ်ရီ ထံမှဆင့်ပြန်သည်မှာ အချို့ သော စရ်ဒါဗ်(ခ)မြေအောက်ခန်း ၏ ဝန်ထမ်းများသည် ရုပ်ဝတ္ထုနှင့် လောကီအကျိုးစီးပွား အတွက် ဤနေရာအား အေမာမ်ဇမာန်း ၏ ရေထွင်းအဖြစ် ကျော်ကြားအောင်ပြုခဲ့ကြကြောင်းပြီးနောက် ထိုနေရာမှ မြေကို သဗရွတ်က် အဖြစ် ဇေယာရသ်ပြုသူများ ကိုရောင်းစားခဲ့ကြကြောင်း ရှိက်ခ်အရာက်ကိုင်းန် အနေဖြင့် ဤလုပ်ရပ် ကို တားဆီးရန် ရေထွင်းကို မြေဖြည့်ပြီးပိတ်ခဲ့ကြောင်း သို့သော်နောက်ပိုင်းတွင် ဝန်ထမ်းများသည် ထပ်မံ၍ ဖွင့်ခဲ့ကြောင်း ဆိုထားပါသည်။ [20]

အဆောက်အဦး နှင့် ၎င်း၏သမိုင်း

စရ်ဒါဗ် (ခ) မြေအောက်ခန်း အဝင်ပေါက်

စရ်ဒါဗ်(ခ)မြေအောက်ခန်းသည် ဆဋ္ဌဂံမအခန်း တစ်ခုနှင့် စတုဂံပုံ သေးငယ်သည့် အခန်း နှင့် ကြီးမား သည့်အခန်း ပေါင်း နှစ်ခန်း ပါဝင်ပြီး လမ်းသွား စင်္ကြံ ရှည်ဖြင့် ဆက်ထားပါသည်။ [21] ကြီးမားသည့် စတုဂံအခန်းကို အမျိုးသားများ ဝတ်ပြုရန် နှင့် စတုဂံပုံအခန်း ကို အမျိုးသမီးများ ဝတ်ပြုရန် ဖြစ်ကြောင်း ဟု လူသိများကျော်ကြား ပါသည်။ [22] မြေအောက်ခန်း ၏ ဝင်ပေါက်နှင့် ထွက်ပေါက်သည် ဆဋ္ဌဂံအခန်း ဆီသို့ ဦးတည်သော လှေကားပုံစံဖြစ်ပါသည်။ [23] ထို့အပြင် ကြွေပြားအမိုးခုံးပါရှိသော မတ်စ်ဂျစ်ဒ် တစ်လုံး ကိုတည်ဆောက်ထားပြီး မတ်စ်ဂျစ်ဒ်‌ဒေ ဆွာဟေဗ် (အ.ဂျ) ဟု လူသိများ ကျော်ကြားပါသည်။ [24] မော်ဟဒစ် နူးရ်ရီ( ဟီဂျရီ ၁၃၂၀ ခုနှစ် ကွယ်လွန် ) ၏အဆိုအရ အဘာစီခလီဖဟ်များမှ တစ်ဦး ဖြစ်သည့် အန်နဆွေရ်ရိုဒ်ဒီးန်နိုလ္လာဟ် မှ စရ်ဒါဗ်(ခ)မြေအောက်ခန်း ကို ဟီဂျရီ ၆၀၆ ခုနှစ် ဆောက်လုပ်ခဲ့ကြောင်း ပြီးနောက် မအ်စူမ်၁၄ပါး(ပြစ်မဲ့ ၁၄ပါး)၏ အမည်များ ကို ကမ္ပည်း ရေထိုးခဲ့ပါသည်။[25] သို့သော်လည်း နာစေရ်ရွတ်ဒ်ဒေါင်လဟ် အာလေ့ ဟမ်ဒါန် သည် အေမာမ် ဟာဒီ (အ.စ) အိမ်တော် အား ဟီဂျရီ သက္ကရာဇ် ၃၃၃ ခုနှစ် ပထမဆုံး ဆောက်လုပ်ခဲ့ပြီး ဟီဂျရီ သက္ကရာဇ် ၃၃၇ ခုနှစ် တွင် မအဒွတ်ဒ်ဒေါင်လဟ် အာလေ့ ဘူဝိုင်းယဟ် သည် အေမာမ် (အ.စ) ၏ ကို ပြီးစီးသွား အောင် အထိ ဆောက်လုပ် ပေးခဲ့ပါသည်။ [26]

စရ်ဒါဗ် (ခ) မြေအောက်ခန်း ပြုပြင်မွမ်းမံပြီးနောက်

စရ်ဒါဗ် (ခ) မြေအောက်ခန်းသည် အက္စ်ကရီရိုင်း (အ.စ) ရောင်ဇာတော် နှင့် အတူ ခေတ်ကာလ အသီးသီး ပြုပြင်ပြီး ပြန်လည်မွမ်းမံခဲ့ပါသည်။ [27] ဥပမာအားဖြင့် ဟီဂျရီ သက္ကရာဇ် ၁၂၀၂ ခုနှစ် တွင် အဲဟ်မဒ်ခန်းန် ဒွန်ပလီ မှ အက္စ်ကရီရိုင်း (အ.စ) ရောင်ဇာတော် ပြုပြင်မှုပြုလုပ်သောအခါ သူသည် မြေအောက်ခန်းအတွက် ရင်ပြင်တော်တစ်ခုကို တည်ဆောက်ပြီး ၎င်းအတွက် လမ်းသစ်တစ်ခုကို ဖန်တီးခဲ့ပါသည်။[28] မြေ အောက်ခန်း တွင် ကြွေပြားခင်းခြင်း နှင့် အခြားသော ဗိသုကာအနုပညာလက်ရာများကို အသုံးခဲ့ပါ သည်။ [29]

၂၀၀၆ခုနှစ် ဖေဖော်ဝါရီလ ၂၂ရက် နေ့ နှင့် ၂၀၀၇ ခုနှစ် ဇွန် လ တွင် အက္စ်ကရီရိုင်း (အ.စ) ရောင်ဇာတော် အား သက္က်ဖီးရီးများ မှ ဗုံးကွဲ တိုက်ခိုက်ခံရာ စရ်ဒါဗ် (ခ) မြေအောက်ခန်းသည် ပျက်စီးခဲ့ရပါသည်။ [30]

ဆက်နွယ်နေသည့် ဆောင်းပါးများ

  • ဂိုက်ပတ်သ်သေ အေမာမ် ဇမာန်း (အ.ဂျ)
  • မတ်စ်ဂျစ်ဒ် ဒေ စဲဟ်လဟ်
  • မတ်စ်ဂျစ်ဒ် ‌ဒေဂျန်မရာန်

အောက်ခြေ မှတ်စုများ

ကျမ်းကိုးများ