စပ်ဗိုအလီ(အ.စ)

wikishia မှ

စပ်ဗိုအလီ(အ.စ) (အရဘီ - سَبُّ علي ) ဆိုသည်မှာ မိုအာဝေယဟ် ဘင်န် အဘီ စိုဖီယန် စတင်ခဲ့သည့် အေမာမ်အလီ(အ.စ) အား ဆဲရေးတိုင်းထွာ ခြင်း၊ အေမာမ် (အ.စ) အပေါ်လအ်နသ် ပို့ခြင်း အားခေါ်ဆို ပါသည်။ ဘနီ အိုမိုင်ယဟ် အာဏာရှင်များ နှင့် နောက်လိုက်များသည် မင်ဘဲရ်များ ပေါ်မှ တရားဝင် အဖြစ် အေမာမ် အလီ (အ.စ) အပေါ်လအ်နသ် ပို့ခြင်း နှင့် ဆဲရေးတိုင်းထွာ အား ပြုလုပ်ခဲ့ကြပါသည်။ ဤအလေ့အကျင့်သည် နှစ်ပေါင်း ခြောက်ဆယ်ခန့် ကြာမြင့်ခဲ့ပြီး နောက်ဆုံးတွင် အုမရ်ဘင်န် အဗ်ဒိုလ်အဇီးဇ် မှ တားမြစ်ခဲ့ပါသည်။ ဤအခြေအနေတွင်ပင် အေမာမ်အလီ (အ.စ) သည် မိမိ ၏ နောက်လိုက်များ ကို မိုအာဝေယဟ် အပေါ် ဆဲရေးတိုင်းထွာ ပြုခြင်းကို တားမြစ်ခဲ့ပါသည်။

မိုအာဝေယဟ်၊ မရ်ဝန်ဘင်န်ဟေကန်မ်မိုဂိုက်ရဟ်ဘင်န် ရှိုအ်ဗဟ် နှင့် ဟဂျာဂျ်ဘင်န် ယူစွဖ် စကဖီ စသည်ဖြင့် ဘနီအိုမိုင်ယဟ် ၏ အာဏာရှင်များသည် အေမာမ် အလီ (အ.စ) အား မင်ဘရ် ပေါ်မှ ဆဲရေး တိုင်းထွာ ပြုခဲ့ကြပါသည်။ထိုနည်းတူစွာ အသီယဟ်ဘင်န် စအ်ဒ် မှ အေမာမ် အလီ (အ.စ) အား ဆဲရေး တိုင်းထွာ ခြင်း ကို ရှောင်ကြဥ်ခဲ့သည့် အတွက် ဟဂျာဂျ်ဘင်န် ယူစွဖ် အမိန့်ဖြ င့်အပြစ်ပေးခြင်းခံခဲ့ရပါသည်။

အချို့ ရှီအဟ် အိုလမာ အနေဖြင့် အေမာမ် အလီ (အ.စ) ) အပေါ်လအ်နသ် ပို့ခြင်း နှင့် ဆဲရေးတိုင်းထွာ ခြင်း ကို နာဆေဘီ ဝါဒ ၏ နမူနာ အဖြစ် တင်ပြကြပါသည်။

ဆိုလိုချက်ကို သိနားခြင်း

  • လအ်နသ် ဆောင်းပါးကို ကြည့်ပါ။

စပ် «سب» ဆိုသည်မှာ ဆဲရေးတိုင်းထွာ ခြင်း ၊ ညစ်ညမ်းစွာ ပြောခြင်း ဖြစ်ပါသည်။ (1) အစ်ဗ်နေအစီးရ် အနေဖြင့် လူသားများ ပေးပို့သည့် လအ်နသ် ၊ ကျိန်ဆဲခြင်း «لعن» ကိုလည်း စပ် «سب» နှင့် အတူတူ ဟု ဆိုထားပါသည်။ (2) အချို့ ပညာရှင်များ အနေဖြင့်လည်း လအ်န် (ခ )လအ်နသ် ၏ အဓိပ္ပာယ်အား စပ်(ခ) ဆဲရေး တိုင်းထွာခြင်း နှင့် နှင်ထုတ်ခံရခြင်း ဟု အဓိပ္ပာယ် ဖွင့်ဆို ကြပါသည်။(3) အချို့ ပညာရှင်များ အနေဖြင့် လည်း စပ် နှင့်လအ်န် အကြား ကွာြခားသည်ဟုဆိုပြီး စပ်အား ဆဲရေးတိုင်းထွာခြင်း ၊ယုတ်ညံ့သည့်စကား ဟု ဆိုထားပြီး လအ်န်အား အလ္လာဟ်၏ ရဲဟ်မသ်တော် မှ ‌ဝေးအောင် ကျိန်ဆိုခြင်း ဟု ဆိုထားပါသည်။ (4)

အေမာမ် ဘာကဲရ် (အ.စ) အနေဖြင့် အေမာမ် စဂျာဒ် (အ.စ) ထံ မှ ဆင့်ပြန် သည်မှာ အေမာမ်စဂျာဒ် (အ.စ) သသည် မိမိ၏ ကြင်ယာတော် တစ်ပါး အား အေမာမ် အလီ (အ.စ) အား ဆဲရေးတိုင်းထွာ သည့် အတွက် သွာလက် (ကွာရှင်းပြစ်စဲခြင်း) ပေးခဲ့ကြောင်း ဖြစ်ပါသည်။ (5)အချို့ ပညာရှင်များ အနေဖြင့် ဤ ရီဝါယသ် တော် အား မှီငြမ်းပြီး အလီဘင်န် အဘီသွာလစ်ဗ် (အ.စ) အား ဆဲရေးတိုင်းထွာ ခြင်းကို နဆေဘီ ၏ နမူနာ များ မှ တစ်ခု ဟု သက်သေထူကောက်ချက် ချထားပါသည်။ (6) ဂျအ်ဖရ်စိုဗဟာနီ အနေဖြင့် မိုအာ ဝေယဟ် အား အလီဘင်န် အဘီသွာလစ်ဗ် (အ.စ) အား ဆဲရေးတိုင်းထွာ ခြင်း ၏ အခြေခံအုတ်မြစ် တည်ခဲ့သူ နှင့် မွတ်စ်လင်မ်များအကြားနာဆေဘီ ပျံ့နှံ့မှု၏ အစပျိုး ခဲ့သူ အဖြစ် လက်ခံ ထားပါသည်။(7)

ရှီအဟ် ဖေကဟ် ပညာရှင်များ သည်လည်း အေမာမ် အလီ (အ.စ) အား ဆဲရေးတိုင်းထွာ သူကို မဲဟ်ဒူရိုလ်ဒန်မ် (သတ်နိုင်ကြောင်း) သတ်မှတ်ထားကြပါသည်။(8)

သမိုင်းရာဇဝင်

အေမာမ် အလီ (အ.စ) အား ဆဲရေးတိုင်းထွာ ခြင်း၊ အေမာမ် (အ.စ) အပေါ်လအ်နသ် ပို့ခြင်း ၏ အစ ပထမ သည် ဘနီအိုမိုင်ယဟ် မှ စတင်ခဲ့ပြီး ၎င်း၏ သက်တမ်း ကတည်းဖြစ်ကြောင်း တင်ပြချက်လာရှိပါသည်။ အေမာမ် ဟစန် (အ.စ) နှင့် မိုအာဝေယဟ် တို့ ချုပ်ဆိုသည့် ငြိမ်းချမ်းရေး စာချုပ် တွင် စည်းကမ်းချက်များ မှ တစ်ခု မှာ အေမာမ် အလီ ဘင်န် အဘီသွာလစ်ဗ် (အ.စ) အား မင်ဘဲရ်များ ပေါ် မှ လအ်နသ် မပို့ ရန် ဖြစ်ပါသည်။ (9) အေမာမ် အလီ (အ.စ) ၏ ကြီးကျယ် မြင့်မြတ်မှုကိုတင်ပြရန် တားမြစ်ထားခြင်း၊ အေမာမ် အလီ(အ.စ) ထံ မှ ရီဝါယသ် တော်များ ဆင့်ပြန်ခြင်း ကိုတား မြစ်ထား ခြင်း ၊ အေမာမ် (အ.စ) အား ကောင်းခြင်း ဖြင့် တမ်းတ တသတိ ရခြင်း ကို တားမြစ် ထားခြင်း ၊သားသမီး များ ၏ အမည် ကို အေမာမ် အလီ (အ.စ) ၏ အမည် ပေးခြင်းကို တားမြစ်ထား ခြင်း ၊ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ရန်သူများ မှ အကောင်အထည်ဖော်ခဲ့သည် အရာများ မှ ဖြစ် ပါသည်။ (10)

အွတ်စ်မာန် အသတ်ခံရပြီးနောက် ၎င်းအား ထောက်ခံသူ နောက်လိုက်များ သည် အေမာမ် အလီ (အ.စ) ထံဗိုက်အသ် (သစ္စာခံယူထားခြင်း) မှ ပုန်ကန် ခဲ့ကြပြီး အေမာမ် အလီ (အ.စ) အား အွတ်စ်မာန် အသတ်ခံရမှု ၏ အကြောင်းခံ ဖြစ်ကြောင်း လုပ်ဆောင်ခဲ့ကြပါသည်။ မိုအာဝေယဟ် အနေဖြင့် လည်း ဤ လုပ်ဆောင် ချက်ကို ထိန်းသိမ်းထားရန် အေမာမ် အလီ (အ.စ) အား ဆဲရေးတိုင်းထွာရန် လအ်နသ် ပို့ရန် အမိန့် ပေးခဲ့ပါသည်။ (11) မရ်ဝန် မှ အေမာမ် စဂျာဒ် (အ.စ) အား ပြောလေ၏။ “ အွတ်စ်မာန် အား ဝိုင်းထားစဉ် အတွင်း အေမာမ် အလီ (အ.စ) ကဲ့သို့ မည်သူကမျှ သူ့ကို ကာကွယ်ပြောဆိုခြင်း မရှိပါ။ “ ဟုဖြစ်ပါသည်။ အေမာမ် (အ.စ) မိန့်တော်မူသည်မှာ “ ဒါဆို ရင်အဘယ်ကြောင့် အားလုံး အေမာမ်အလီ (အ.စ) အား မင်ဘဲရ်များ အပေါ်ကနေ ဆဲရေးတိုင်းထွာ ခဲ့ကြရပါသနည်း? “ မရ်ဝန် အဖြေပေးပြောကြားသည်မှာ ကျွန်ုပ်တို့ ၏ အစိုးရ၏ အခြေခံအုတ်မြစ် မှာ ဤ ဆဲရေးတိုင်းထွာ ခြင်းများ ဖြစ်ကြောင်း “ ဖြစ်ပါသည်။(12)

ဇမခ်ရှာရီ ၏ အဆို အရ ဘနီအိုမိုင်ယဟ် လက်ထက်တွင် မင်ဘဲရ်ပေါင်း ၇ သောင်း ပေါ်မှ မိုအဝေယသ် တည်ထောင် ခဲ့ သည့် စွန္နသ် ဖြစ် သည့် အေမာမ် အလီ (အ.စ) အပေါ် လအ်နသ် ပို့ ခြင်း ကို ပြုခဲ့ကြ ကြောင်း ဖြစ်ပါ သည်။ (13)

အေမာမ်အလီ (အ.စ) အား ဆဲရေးတိုင်းထွာ ခြင်းသည် နှစ်ပေါင်း ‌ခြောက်ဆယ်ခန့် အုမရ်ဘင်န် အဗ်ဒိုလ်အဇီးဇ် (ဟီဂျရီ ၉၉ မှ ၁၀၁ ) အထိ ရှိခဲ့ပါသည်။ ပြီးနောက် ၎င်းခလီဖွာ ဖြစ်သည့် အချိန် မိမိ၏ အုပ်ချုပ်ရေးမှူးများ အားလုံး ကို အေမာမ် အလီ (အ.စ) အပေါ် ဆဲရေးတိုင်းထွာ ခြင်း လအ်နသ်ပို့ခြင်းကို ရပ်ကြရန် အမိန့်ပေးခဲ့ပါသည်။ ၈ ရာစု၏ သမိုင်းပညာရှင် အစ်ဗ်နေခလ်ဒူန် မှ ဘနီအိုမိုင်ယဟ် သည် အလီ (အ.စ) ပေါ် အဆက်မပြတ် လအ်နသ် အုမရ်ဘင်န် အဗ်ဒိုလ်အဇီးဇ် လက်ထက်ရောက်မှ ၎င်း အနေဖြင့် အစ္စလာမ့်ဒေသများအားလုံးထံ စာတစ်စောင်ရေး ပို့ ပြီး ရပ်တန့်ရန် အမိန့်ထုတ်ပြန်ခဲ့ ကြောင်း တင်ပြထား ပါသည်။ (၁၄)

အွန်မ်မေစလ်မဟ် ၏ တမန်တော်မြတ် (ဆွ) ထံမှ ဆင့်ပြန်သည့် ရီဝါယသ်တော် အဆို တစ်ခု အရ အေမာမ် အလီ (အ.စ) အား ဆဲရေး တိုင်းထွာ ခြင်း သည် မိမိအား အား ဆဲရေး တိုင်းထွာ ခြင်း ဖြစ်ကြောင်း အခြား ပုံနှိပ်မှတ်တမ်းများ တွင် အေမာမ်အလီ (အ.စ) နှင့် တမန်တော်မြတ် (ဆွ) အား အား ဆဲရေး တိုင်းထွာ ခြင်း သည် အလ္လာဟ် ဟို အရှင်မြတ် အား ဆဲရေး တိုင်းထွာ ခြင်း ဖြစ်ကြောင်း အဆိုလာရှိပါသည်။ (15)

အလာမာ မဂျ်လေစီ အနေဖြင့် ဘေဟာရိုလ်အန်နဝါရ် ကျမ်းတွင် အွန်မ်မေစလ်မဟ် ၏ ဆင့်ပြန်မှု အပြင် အခြား ဆင့်ပြန်ထားချက်များကိုလည်း တင်ပြထားပါသည်။ (16)

မိုအာဝေယဟ်

အေမာမ်အလီ (အ.စ) အား ဆဲရေးတိုင်းထွာခြင်း လအ်နသ် ပို့ခြင်း သည် မိုအာဝေယဟ် မှ စခဲ့ကြောင်း တင်ပြပြီး ဖြစ်ပါသည်။ လေးရာစု ၏ သမိုင်း ပညာရှင် သွဗရီ ၏ ဆင့်ပြန် ချက်အရ မိုအာဝေယဟ် အနေဖြင့် ဟီဂျရီ ၄၁ ခုနှစ် တွင် မိုဂိုက်ရဟ်ဘင်န် ရှိုအ်ဗဟ် အား ကူဖာ မြို့ဝန် အဖြစ် ခန့်အပ် ပြီးနောက် အလီ ဘင်န် အဘီသွာလစ်ဗ် (အ.စ) အား ဆဲရေးတိုင်းထွာခြင်း နှင့် အွတ်စ်မာန် ကို ဂုဏ်ပြုခြင်းပြုရန် တောင်းဆို ခဲ့ပါ သည်။(17)

ထိုနည်းတူစွာ မိုအာဝေယဟ် မှ မိုဂိုက်ရဟ်ဘင်န် ရှိုအ်ဗဟ် အား အေမာမ် အလီ (အ.စ) ဘက်ပါ သူများကို ပြည်နှင်ဒစ်ပေးရန် အကြံပေး ပြောဆိုခဲ့ပါသည်။ (18)

မိုအာဝေယဟ် အနေဖြင့် အေမာမ် ဟစန် (အ.စ) နှင့် ငြိမ်းချမ်းရေး စာချုပ် ၊ ချုပ်ဆိုပြီးနောက် နခီလဟ် မြို့သူမြို့သားများ ထံ သစ္စာ ခံယူပြီးနောက် မိမိ၏ ခွသ်ဗဟ် တွင် အေမာမ် အလီ (အ.စ) နှင့် အေမာမ် ဟစန် (အ.စ) အား ဆဲရေးတိုင်းထွာ ခဲ့ပါသည်။(19)

မရ်ဝန်ဘင်န်ဟေကန်မ်

စွန်နီပညာရှင် ဇဟ်ဘီ ၏ အဆိုအရ မရ်ဝန်ဘင်န်ဟေကန်မ် သည် ဟီဂျရီ ၄၁ ခုနှစ် တွင် မဒီနာ မြို့ အား အုပ်ချုပ်သူ ဖြစ်လာပြီး နောက် ‌ခြောက်နှစ်တာ မိမိအုပ်ချုပ်သည့် ကာလအတွင်း သောကြာခွသ်ဗဟ် တိုင်း တွင် မင်ဘဲရ် ပေါ် မှ အေမာမ် အလီ (အ.စ) အား ဆဲရေးတိုင်းထွာ ခဲ့ ကြောင်း ဖြစ်ပါသည်။ ၎င်းပြီးနောက် စအီးဒ် ဘင်န် အာဆ် ၂နှစ်တာ အုပ်ချုပ် သူ ဖြစ်ခဲ့ပါသည်။ ၎င်းအနေဖြင့် အေမာမ် အလီ (အ.စ) အား ဆဲရေးတိုင်းထွာ ခြင်း မပြုခဲ့ချေ။ ၎င်းပြီးနောက် နောက်တဖန် မရ်ဝန်ဘင်န်ဟေကန်မ် အုပ်ချုပ်ပြီး အေမာမ် အလီ (အ.စ) အား ဆဲရေး တိုင်းထွာ ခြင်းကို ပြန်လည်လုပ်ခဲ့ပါသည်။(20)

မိုဂိုက်ရဟ်ဘင်န် ရှိုအ်ဗဟ်

၃ရာစု၏ သမိုင်းပညာရှင်ဘလာဇရီ မှ တင်ပြသည်မှာ မိုဂိုက်ရဟ်ဘင်န် ရှိုအ်ဗဟ် သည် မိုအာဝေယဟ် ဘက်မှ ကူဖာ မြို့ဝန် အဖြစ် ၉နှစ်တာ အုပ်ချုပ်ခဲ့ပြီး ၎င်း၏ ထူးခြားချက်မှာ အလီဘင်န် အဘီ သွာလစ်ဗ် (အ.စ) စဥ်ဆက်မပြတ်စော်ကား ပြီး ဆဲရေးတိုင်းထွာ ခဲ့ခြင်း ဖြစ်သည်ဟု ဖြစ်ပါသည်။ (21)

ဟဂျာဂျ်ဘင်န် ယူစွဖ် စကဖီ

နဲဟ်ဂျိုဗလာဂါကျမ်း အကျယ်ရေးသားသူ အစ်ဗ်နေအဘီ အလ်ဟဒီးဒ် ၏ အဆို တင်ပြချက် အရ ဟဂျာဂျ်ဘင်န် ယူစွဖ် စကဖီ သည် အေမာမ် အလီ (အ.စ) အပေါ် လအ်နသ် ပို့သည့် အပြင် အခြား သူများ ကိုလည်း လအ်နသ် ပို့ရန် အမိန့်ပေးခဲ့ကြောင်း ၎င်း လုပ်ရပ်ကို သဘောကျ နှစ်သက်ကြောင်း တင်ပြထား ပါသည်။ (22)

ဤသို့ဖြင့် အမျိုးသားတစ်ဦးမှ ၎င်းအား ပြောလေ၏။ “ ကျွန်ုပ်၏ မိသားစု မှ ကျွန်ုပ်အပေါ် မတရား ညှဥ်းပန်း မှု ကို လုပ်ခဲ့ကြပါသည်။ ကျွန်ုပ် နာမည် ကို အလီဆိုပြီး ခေါ် စေပါသည်။ ဒါကြောင့် ကျွန်ုပ်အမည် ကို ပြောင်းပေးပါ။ ပြီးနောက် ကျွန်ုပ်သည် ဆင်းရဲသည့် အတွက် ဘဝတည်ဆောက်နိုင် အောင် ဆုလာဒ် ချီးမြှင့် ပါဟုဆိုလေသည်။ ဟဂျာဂျ် မှ ပြန် ဖြေလေ၏။ ငါအနေဖြင့်မင်းအမည်ကို မောင်ဘယ် သူဘယ်ဝါ ဟု ထားခဲ့ပြီး ဟိုအလုပ်ကို အပ်လိုက်ပါသည်။” (23)

အခြားရီဝါယသ်တော်များအရ ဟဂျာဂျ်ဘင်န် ယူစွဖ် စကဖီ သည် အေမာမ် အလီ (အ.စ) အား ဆဲရေးတိုင်းထွာ ခြင်း ကို ကြီးကျယ်မြင့်မြတ်သည့် လုပ်ရပ်ဟုခံယူထားပါသည်(24)

အသီယဟ်ဘင်န် စအ်ဒ် ဘင်န် ဂျနာဒဲဟ် ကူဖီ ၏ အတ္ထုပ္ပတ္တိတွင် လာရှိသည်မှာ ဟဂျာဂျ် ၎င်း အား အလီ(အ.စ) အားဆဲရေးတိုင်းထွာပြီး လအ်နသ် ပို့ရန် တောင်းဆိုခဲ့ပါသည်။ မလုပ်လည်း ကြိမ် ဒဏ် ၄၀၀ ခံရမည် ဖြစ်ကြောင်း သို့သော် အသီယဟ်ဘင်န် စအ်ဒ် သည် အေမာမ် အလီ (အ.စ) အား ဆဲရေးတိုင်းထွာ ခြင်း နှင့် လအ်နသ် ပို့ခြင်း မပြုခဲ့သည့် အတွက် ကြိမ် ဒဏ် ၄၀၀ ခံခဲ့ရပြီး ဆံပင်နှင့်မုတ်ဆိတ် များကိုလည်း ရိတ်ပစ်ခြင်းခံခဲ့ရပါသည်။(25)

မိုအာဝေယဟ် အပေါ် ဆဲရေးတိုင်းထွာခြင်း ကို အေမာမ် အလီ (အ.စ) မှ ဆန့်ကျင်ကန့်ကွက်

မိုအာဝေယဟ် မှ မင်ဘဲရ်များ ပေါ်မှ အေမာမ် အလီ (အ.စ) ကို ဆဲရေး တိုင်းထွာ ခြင်း ပြုဖို့ အမိန့် မပေးမည် အလျှင် စစ်ဖီးန် စစ်ပွဲ တွင် မိုအာဝေယဟ် အပေါ် ဆဲရေးတိုင်းထွာခြင်း ၊ ကြမ်းတမ်းသည်စကားများ မပြောရန် အေမာမ် အလီ (အ.စ) မှ တားမြစ်ခဲ့ပါသည်။(26) အေမာမ် အလီ (အ.စ) စစ်တပ်မှ ဟဂျရ်ဘင်န်အဒီ နှင့် အမ်ရ် ဘင်န် ဟမ်က် တို့မှ မိုအာဝေယဟ် နှင့် ဆီးရီးယားပြည်သူများ ကိုလအ်နသ် ပို့သည့် အခါ အေမာမ် အလီ (အ.စ) မှ ဤသို့ မလုပ်ကြရန် တားမြစ်ခဲ့ ပါ သည်။ ၎င်းတို့ မှ “ ကျွန်ုပ်သည် အမှန်တရား ပေါ်တွင် မဟုတ်ပါသနည်း? ဟု အေမာမ် အား မေးမြန်း လျှောက်ထားလေ၏။ ငါတို့သည် အမှန်တရား ပေါ်တွင်ရှိ ပါသည်။ သို့သော် ငါအနေဖြင့် လအ်နသ် ပို့ခြင်း ဆဲရေးတိုင်းထွာ ခြင်းကို မနှစ်သက်ကြောင်း မိန့်ကြား လေ၏။” ဆက်လက်ပြီး အေမာမ် အလီ (အ.စ) မိန့်တော်မူလေ၏။ “ အလ္လာဟ်ဟို အရှင်မြတ်သခင် သူတို့ ၏ သွေး နှင့် ငါတို့၏ သွေး ကို ထိန်းသိမ်းပြီူ လုံခြုံစွာ ထားတော်မူပါ။ ပြီးနောက် ငါတို့ အကြားငြိမ်းချမ်းရေး ကို တည်ဆောက်ပေးတော်မူပါ။ အလ္လာဟ် ဟို အရှင်မြတ် အနေဖြင့် ၎င်း တို့အား လမ်းလွဲလမ်းမှား မှ လွတ်‌မြောက် စေတော်မူပါ။ ထိုမှသာ အမှန်တရား ကို မသိသူအား သိစေတော်မူပါ ။ အကြင်မည်သူ မဆို ဘာသွေလ် (အမှားမတရား ) ကို စွဲမြဲစွာလုပ်သူအား လက်လွတ်တော်မူပေးပါ။” ဖြစ်လေ၏။(27)

ဆက်နွယ်နေသည့် ဆောင်းပါးများ

  • နာဆေဘီ

အောက်ခြေ မှတ်စုများ

ကျမ်းကိုးများ