စဂ်ျဒေ ယေ သေလာဝသ်

wikishia မှ

စဂ်ျဒေ -ယေ သေလာဝသ် ဆိုသည်မှာ ၊ ကျမ်းတော်မြတ် ကုရ်အာန်မှ စဂ်ျဒဟ် ပါရှိသည့် အာယသ်တော်များကို ဖတ်ရွတ်သည့်အခါ သို့မဟုတ် ကြားသည့်အခါ၊ စဂ်ျဒဟ် ပြုလုပ်ရမည်မှာ ဝါဂျီဘ် သို့မဟုတ် မွတ်စ်သဟဘ် ဖြစ်သည်။ (1) ရှီအဟ် ဖကီးဟ် ပညာရှင်များ၏ အမြင်အရ၊ စူရဟ် စဂ်ျဒဟ် အာယသ် ၁၅, စူရဟ် ဖု(ဆွ်)ဆွေလသ် အာယသ် ၃၇ ၊ စူရသ် နဂ်ျမ် အာယသ် ၆၇ နှင့် စူရဟ် အလက္က် အာယသ် ၉ တို့၌ ဝါဂျီဘ် စဂ်ျဒဟ်များ ရှိသည်။ (2) ထို့အတူ၊ ဆွာဟီဘ် ဂျဝါဟီရ်၏ အဆိုအရ၊ ကုရ်အာန်မှ အာယသ်ပေါင်း ၁၁ ခု၌ မွစ်သဟဘ် စဂ်ျဒဟ်များ ရှိသည်။ (3)

ထိုအာယသ်များမှာ အောက်ပါတို့ ဖြစ်သည်။

စူရဟ် အဲအ်ရာဖ် အာယသ် ၂၀၆ ၊ စူရဟ် ရအ်ဒ် အာယသ် ၁၅ ၊ စူရဟ် နဟ်လ် အာယသ် ၄၉ -၅၀ ၊ စူရဟ် အိစ်ရာအ် အာယသ် ၁၀၉ ၊ စူရဟ် မရ်ယမ် အာယသ် ၅၈ ၊ စူရဟ် ဟဂ်ျ(((ဂျ))) အာယသ် ၁၈ နှင့် ၇၇ ၊ စူရဟ် ဖုရ်ကားန် အာယသ် ၆၀ ၊ စူရဂ် နမ်လ် အာယသ် ၂၆ ၊ စူရဟ် ဆွာဒ် အာယသ် ၂၄ ၊ နှင့် စူရဟ် အင်န်ရှေကာက် အာယသ် ၂၁ တို့ဖြစ်သည်။ (4) ရှီးခ်ဆူဒူက် သတ်မှတ်ထားခြင်းအရ၊ အာယသ်တော်၌ “စဂ်ျဒဟ်” ဟူသော ဝေါဟာရ ပါရှိပါက ထိုအာယသ်သည် မွစ်သဟဘ် စဂ်ျဒဟ် ရှိပေသည်။ (5) စဂ်ျဒေ -ယေ- သေလာဝသ်၏ ဇီကီရ် لا اِلهَ اِلَّا اللهُ حَقًّا حَقًّا، لا اِلهَ اِلَّا اللهُ ایماناً وَ تَصْدیقاً، لا اِلهَ اِلَّا اللهُ عُبُودِیةً وَرِقّاً، سَجَدْتُ لَک یا رَبِّ تَعَبَّداً وَرِقّاً، لا مُسْتَنْکفاً وَ لا مُسْتَکبِراً، بَلْ اَنَا عَبْدٌ ذَلیلٌ ضَعیفٌ خائفٌ مُسْتَجیرٌ (6) စဂ်ျဒေ -ယေ- သေလာဝသ် နှင့် ၎င်း၏ ဥပဒေသများ အကြောင်းကို သွဟာရသ် (7) နှင့် နမာဇ် (8) ဟူသော အပိုင်း၊ ဖိက္ကဟ် စာအုပ်များတွင် ဖော်ပြထားသည်။ ၎င်း၏ အချို့ ဥပဒေသများမှာ : ကုရ်အာန်မှ ဝါဂျီဘ်စဂ်ျဒဟ်များကို အလျင်အမြန် ပြုလုပ်ရမည်။ ထို့ကြောင့် အဇာအင်မ် စူရသ်များ၏ စဂ်ျဒဟ် ပါရှိသော အာယသ်တော်များကို ဖတ်ရွတ်သောအခါ သို့မဟုတ် ကြားသောအခါ အလျင်အမြန် စဂ်ျဒဟ် ပြုလုပ်ရမည်။ (9) စဂ်ျဒေ -ယေ- သေလာဝသ် တွင် ၊ ဝူဇူ ၊ ဂိုစိုလ်၊ ကိဗ်လဟ် ဘက်မျက်နှာမူခြင်း နှင့် သီးသန့်ဇီကီရ် ရွတ်ဖတ်ခြင်း စငည့် ပညတ်ချက်များ မရှိပေ။ သို့သော် နဖူးသည် စဂ်ျဒဟ် ပြုလုပ်ပိုင်ခွင့်ရှိသည့် အရာများ အပေါ်သာ စဂ်ျဒဟ် လုပ်ရပေမည်။ (10) သို့သော် စဂ်ျဒေ -ယေ- သေလာဝသ် အတွက် သီးသန့် ဇီကီရ်များကို ဖော်ပြထားသည်။ (11) ရာသီလာနေသူ နှင့် ဂျနာဗသ် ဖြစ်နေသူသည် စဂ်ျဒဟ် ပါရှိသော အာယသ်တော်များကို ကြားပါက စဂ်ျဒဟ် ပြုလုပ်ရမည်မှာ ဝါဂျီဘ် ဖြစ်သည်။ (12) ဖက္ကီးဟ် ပညာရှင်များ၏ ဖသ်ဝါအရ၊ (1 ဂျနာဗသ် ဖြစ်နေသူသည် (13) နှင့် ရာသီလာနေသူ (14) အဇာအင်မ် စူရဟ်များ ဖတ်ရွတ်ခြင်းသည် ဟရာမ် ဖြစ်သည်။ အကယ်၍ တစ်ဦးတစ်ယောက်သည့် မေ့လျော့၍ အဇာအင်မ်စူရဟ်များမှ တစ်ပုဒ်ကို နမာဇ်၌ ဖတ်ရွတ်လိုက်မိပါက ၊ စဂ်ျဒဟ် အာယသ်သို့ မရောက်မီ သို့မဂုတ် စူရသ် တစ်ဝတ်၌ သတိရ နားလည်လာပါက ၊ စဂ်ျဒဟ် ပါရှိငည့် စူရဟ်များကို ဆက်မဖတ်တော့ပဲ အခြားစူရဟ် တစ်ပုဒ်ကို ပြောင်းဖတ်ရပေမည်။ သို့သော် အကယ်၍ စဂ်ျဒဟ် အာယသ် ပြီး‌နောက် သို့မဟုတ် စူရဟ် ထက်ဝက်၌ သဘောပေါက်လာပါက ၊ စဂ်ျဒဟ်နှင့် နမာဇ်အား မည်သို့မည်ပုံ ဆက်လက်ပြုလုပ်ရမည် နှင့်ပတ်သက်ပြီး ဖက္ကီးဟ် ပညာရှင်များအကြား ကွဲပြားသော အမြင်များ ရှိပေသည်။ (15) အေမာမ်ခိုမိနီ၏ ဖသ်ဝါအရ၊ ထိုသို့ပုံစံ၌၊ အညွှန်းဖြင့် (အီရှာရဟ်)ဖြင့်)) စဂ်ျဒဟ် ပြုလုပ်ရမည်။ စဂ်ျဒဟ် စူရဟ်များကို ပြီးအောင်ဖတ်ရမည်။ (16) ထို့အတူ၊ အာယသုလ္လာသ် စီစ်သာနီ နှင့် စိုင်ယိဒ် မူစာ ရှဘီရီး ဇန်ရျာနီ တို့သည် အကယ်၍ ဝါဂျီဘ် စဂ်ျဒဟ်ကို မပြုလုပ်ပါက ၎င်းဖတ်နေသည့် နမာဇ်မှာ မှန်ကန်ပေသည်။ သို့သော် အပြစ်ထိုက်ပေသည်။ (17) ရှီအဟ် ဖက္ကီးဟ် ပညာရှင်များ၏ ဖသ်ဝါအရ၊ ဝါဂျီဘ်နမာဇ်များတွင် ၊ ဝါဂျီဘ် စဂ်ျဒဟ် ပါရှိသော စူရဟ်များကို ရည်ရွယ်ချက်ရှိရှိ ဖတ်ရွတ်ပါက ၊ နမာဇ်ကို ပျက်ပြားစေသည်။ (18)