ဂျဲဟ်ဇီယေဟ် ဟဇရသ် ဇဲဟ်ရာ (စ.အ)

wikishia မှ

ဂျဲဟ်ဇီယေဟ် ဟဇရသ် ဇဲဟ်ရာ (စ.အ) (အရဘီ - جهاز السيدة الزهراء ) ဆိုသည်မှာ ဟဇရသ် မိုဟမ္မဒ် (ဆွ) မှ ဟဇရသ် အလီ (အ.စ) နှင့် ဟဇရသ် ဖွာတွေမဟ် (စ.အ) တို့ လက်တွဲ ပေါင်းဖက်သည့် ဘဝ ခရီး အစအတွက် ပြင်ဆင်ပေးသော ခန်းဝင်ပစ္စည်းများဖြစ်သည်။ ဤခန်းဝင် ပစ္စည်းများကို အေမာမ် အလီ (အ.စ) ၏ သံချပ်ကာ အဝတ် ရောင်းချပြီး မှ စီစဥ် ခဲ့ခြင်း ဖြစ်ပါသည်။ ရီဝါယသ်တော် တစ်ခု အရ အေမာမ် အလီ (အ.စ) ၏ သံချပ်ကာ အဝတ် သည် ဟဇရသ် ဖွာတွေမဟ် (စ.အ) အတွက် မဟာ‌ ငွေ ဖြစ်ပါသည်။

ခန်းဝင်ပစ္စည်းများ


     ရှိကိခ်သူစီ ဟဇရသ် ဖွာတွေမဟ် (စ.အ) ခန်းဝင်ပစ္စည်း ၏ စာရင်း ကို အလ်အမာလီ စာအုပ်တွင် ရေးသား ဖော်ပြထားပါသည်။ ၎င်းတို့မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

  • ခုနစ်ဒဲရ်ဟမ်တန် အင်္ကျီတစ်ထည်
  • လေးဒဲရ်ဟမ်တန် ပဝါ တစ်ထည်
  • ခိုင်ဘဲရ်က ရက်လုပ်ထားသည့် အနက်ရောင် ကတ္တီပါ
  • ကုတင်နှစ်လုံး ၊တစ်လုံး မှာ စွန်ပလွံ ဖြင့်ခင်းထားပြီး နောက်တစ်လုံး မှာ သိုးမွှေး နှင့် ခင်းထား ခြင်း ဖြစ်ပါသည်။
  • သွာအေဖ်သားရေခေါင်းအုံးလေးလုံး
  • ဖျာ
  • လက်ကြိတ်စုံ
  • အဝတ်လျှော်ရန် ကြေးပန်းကန်
  • အနက်ရောက် သားရေ
  • နို့ထည့်ခွက်
  • စဥ့်သုတ်ထားသည့် သန့်စင်ခန်းသုံးအိုး
  • အစိမ်းရောင် မြေအိုး
  • မြေအိုး နှစ်လုံး (1)တို့ဖြစ်ပါသည်။


      အချို့သော အရင်းအမြစ်များတွင် ဖော်ပြထားသည့် အတိုင်း မင်္ဂလာပွဲအပြီးတွင် ဖွာတွေမဟ်(စ.အ) ထံလိုအပ်နေသည့် အမျိုးသမီးတစ်ဦး မှ တောင်းဆိုသည့် အတွက် သခင်မကြီး (စ.အ) မှ မိမိ မင်္ဂလာဦး အဝတ်သစ်အား ပေးခဲ့ပြီး သုံးနေကျအဝတ်ကိုသာ ဝတ်ဆင်ခဲ့ကြောင်းလာရှိပါသည်။ (2)

အေမာမ် အလီ (အ.စ)၏ သံချပ်ကာအဝတ် ကိုရောင်းချပြီး ခန်းဝင် ပစ္စည်းများကို စီစဥ် ခြင်း


     အလ်အမာလီကျမ်းရှင် ရှိက်ခ်သူစီ (ကွယ်လွန် ဟီဂျရီ ၄၆၀ ခုနှစ်) ၏ အစီရင်ခံစာအရ ဟဇရသ် ဇဲဟ်ရာ (စ.အ) ၏ ခန်းဝင်ပစ္စည်းများ ကို အေမာမ် အလီ (အ.စ) ၏ သံချပ်ကာ အဝတ် ကို ရောင်းချပြီး စီစဥ် ခဲ့ခြင်းဖြစ် ပါသည်။ ဟဇရသ် အလီ (အ.စ) သည် တမန်တော်မြတ်(ဆွ) ၏ အမိန့်တော်ဖြင့် မိမိ သံချပ်ကာအဝတ်ကို ရောင်းချခဲ့ခြင်း ဖြစ်ပါသည်။(3) တမန်တော်မြတ်(ဆွ) ထံငွေရောက်ရှိပြီး နောက် ဟဇရသ် ဖွာတွေမဟ် (စ.အ) အတွက် ရေမွှေးဝယ်ရန် ငွေအချို့ကို ဘေလာလ် ဟဗ်ရှီးအား ပေးခဲ့ပါသည်။(4)ပြီးနောက်ကျန်သည်ငွေများ ဖြင့် ဘဝအတွက် လိုအပ်သည့် ပစ္စည်းများ စီစဥ် ဝယ်ယူနိုင်ရန် အဘူဘကဲရ်အားပေးလိုက်ပါသည်။ ပြီးနောက် အမါရ်ယစေရ် နှင့် မိမိ ၏ သာဝကတော်များ အချို့ အား အဘူဘကဲရ် နှင့် သွားစေခဲ့ပါသည်။(5) ကရှာဖိုလ်ဂွန်မဟ် ( ဟီဂျရီ ၇ ရာစု တွင်ရေးသားခဲ့သည်) တွင် အေမာမ်အလီ (အ.စ)ထံ မှရီဝါယသ်တော် ဆင့်ပြန် ထားချက်လာရှိပါသည်။ မောင်လာအလီ (အ.စ)၏သံချပ်ကာအဝတ်သည် ဟဇရသ် ဖွာတွေမဟ် (စ.အ) ၏ မဟောငွေ ဖြစ်ကြောင်း ဖြစ်ပါသည်။ (6)

ဆက်နွယ်နေသည့် ဆောင်းပါးများ

အလီ (အ.စ) နှင့်ဖွာတွေမဟ် (စ.အ) တို့၏ လက်ထပ်မင်္ဂလာမဲဟ်ရိုစ်စွန္နဟ်

အောက်ခြေ မှတ်စုများ

ကျမ်းကိုးများ