ဂျန္နသ်သုလ်ဘကီးအ်အားဖျက်စီးခဲ့သောနေ့

wikishia မှ

ဤဆောင်းပါးသည် ဂျန္နသ်သုလ်ဘကီးအ်အားဖျက်စီးခဲ့သောနေ့နှင့် ပတ်သက်ပြီး ဖြစ်သည် ။ အဖျက်အပျက်အစုံအလင်ကို သိရှိလိုပါက ဘကီးအ်အားဖျက်စီးပစ်ခဲ့ပုံ အကြောင်းတွင် ပိုမို လေ့လာနိုင်ပါသည်။

ဖိုင်:Baghi tomb.jpg
၀ဟာဘီများ လက်ချက်ဖြင့် ဘက္ကီးအ်သချိုင်းတော်အား မဖြတ်စီးမီအရင် တွေ့မြင်ရသည့်ပုံ
၀ဟာဘီ များလက်ချက်ဖြင့် အအင်မ္မဟ်များ၏ အုတ်ဂူများ ဖျက်ဆီးခံရပြီးနောက် တွေ့မြင်ရသည့် သင်္ချိုင်းမြင်ကွင်း
ဘက္ကီးအ်သချိုင်း‌ေတာ်ရှိ အီမာမ်များအုပ်ဂူ၏ လက်ရှိအခြေအနေ

ယောင်မုလ်ဟဒ်မ်(အာရဗီ-یوم الهدم )ဆိုသည်မှာ -ဂျန္နသ်သုလ်ဘကီးအ်အားဖျက်စီးခဲ့သောနေ့ ကိုခေါ်သည်။ ၁၉၂၃ ခုနှစ် ရှောင်ဝါလ်လ (၈)ရက်နေ့တွင် ဝဟာဘီတို့သည် မဒီနာမြို့တော်အား ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြပြီး အချို့သော အစ္စလာမ်အမွေအနှစ်အဆောက်အဦးများကိုဖျက်စီးပစ်ခဲ့ကြသည်။ ထိုအတွင်း၌ ဂျန္နသုလ်ဘကီးအ် ရှိမြင့်မြတ်လှသော အဆောက်အဦးများလည်းပါဝင်ခဲ့သည်။[၁] ဝဟာဘီတို့သည် ၁၉၂၃ ခုနှစ် ဆွဖဲရ်လတွင် မဒီနာမြို့တော်အား စီးနင်းတိုက်ခိုက်ခဲ့ကြသည်။ [၂] ထို့သို့ စီးနင်းတိုက်ခိုက်ခဲ့မှုကြောင့် မြတ်တမန်(ဆွ)၏ ဗိမ္မာန်တော်အပါအဝင် အခြားသော သာသနာ့အမွေအနှစ်အဆောက်အအုံများတွင် ပျက်စီးမှုများဖြစ်ပေါ်ခဲ့လေသည်။ [၃] ထို့နောက် (၇)လကြာပြီး ၁၉၂၃ ခုနှစ် လမြတ်ရမ်ဒွါန်တွင် ၁၉၂၄ မှ ၁၉၂၂ ခုနှစ်အထိ မက္ကာမြို့တော်တွင် တရားသူကြီးဖြစ်ခဲ့သူ အဗ်ဒုလ္လာဟ် အိဘ်နေ ဘိုလိုင်ဟီဒ် (၁၈၆၃-၁၉၃၈)သည်[၄] မဒီနာမြို့တော်သို့ ရောက်ရှိလာခဲ့ပြီး မဒီနာမြို့တော်ရှိ ဓမ္မသတ်မှူး(မွဖ်သီ)များထံမှ ဘကီးအ် ကို ဖျက်စီးရန် ဓမ္မသတ်အဆုံးအဖြတ်ရယူခဲ့လေသည်။ [၅] ထို့နောက် ၁၉၂၃ ခုနှစ် ရှောင်ဝါလ်လ(၈) ရက်နေ့တွင် ဘကီးအ်ရှိ အထွဋ်အမြတ်ထားဖွယ်ရာ အဆောက်အအုံများကို ဖျက်စီးစေခဲ့သည်။[၆] လက်ရှိစာရွက်စာတမ်းသက်သေအထောက်အထားများအရ ထိုသို့ ဖျက်စီးခြင်းခံရပြီးနောက် ဆော်အူဒီဘုရင် မလီက်အဘ်ဒုလ်အဇီးဇ်သည် ၁၉၂၃ ခုနှစ် ရှောင်ဝါလ်လ ၁၂ ရက်နေ့၌ အဗ်ဒုလ္လာဟ် အိဘ်နေ ဘိုလိုင်ဟီဒ် ထံစာရေးကာ ၎င်း၏လုပ်ရပ်များကို ထောက်ခံအားပေးချီးမွမ်းခဲ့လေသည် [၇] ဟုသိရသည်။

1400 ခုနှစ် မေလ (မေလ 1400) တွင် အေမာမ်ဟိုစိာင်းန်(အစ) ၏ ဟရမ်တော်၌ ဘက္ကီးအ် ဖျက်စီးခံရသည့်နေ့ အထိန်းအမှတ်ဖြင့် ဝမ်းနည်းခြင်း ဆိုင်းဘုတ်အား တပ်ဆင်ခြင်း၊[၈]

ရှီအာတို့သည် ရှောင်ဝါလ်လ (၈)ရက်နေ့ကို (یوم الهدم) (အဖျက်ခံရသောနေ့) ဟု သတ်မှတ်ထားကြသည်။ [၉] ရှီအာတို့သည် ဘကီးအ် ဖျက်စီးခြင်းခံရမှုအပေါ် ထိုနေ့ရက်၌ ဝမ်းနည်းအောက်မေ့ဖွယ်အခမ်းအနားများ ကျင်းပပြုလုပ်ကြပြီး ထိုအခမ်းအနားများတွင် လွမ်းချင်းတေးများဖတ်ရွတ်ခြင်းနှင့် ဘကီးအ်အပေါ် သက်ရောက်ခဲ့သည့် အဖြစ်အပျက်များကို ပြန်လည်တမ်းတသတိရခြင်းများ ပြုလုပ်လျှက်ရှိကြသည်။[၁၀] မရ်ဂျာအ်-အေ-သက္ကလီးဒ်များအတွင်းမှ တစ်ဦးဖြစ်သူ ဆွာဖီဂွလ်ပိုင်ယ်ဂါနီသည် ဤနေ့ရက်ကို “အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ဘကီးအ်နေ့” ဟု သတ်မှတ်ခဲ့သည်။ ထို့အပြင် မွတ်စ်လင်မ်တို့အား ဘကီးအ်နှင့် အခြားသော အစ္စလာမ်အမွေအနှစ်အဆောက်အဦးများကို ဝဟာဘီများမှ ဖျက်စီးပစ်ခဲ့ခြင်းအပေါ် ရှုံ့ချရန်နှင့် ဖျက်စီးလိုက်သော အဆောက်အဦးများကို အသစ်ပြန်လည်ဆောက်လုပ်ပေးရေးအတွက် ဆန္ဒဖေါ်ထုတ်တောင်းခံရန် တောင်းဆိုခဲ့သည်။[၁၁] ဝဟာဘီတို့သည် ၁၈၀၆ ခုနှစ်တွင် လည်း စအူးဒ် အိဘ်နေ အဘ်ဒုလ်အဇီးဇ် အမိန့်ဖြင့် အေမာမ်(၄)ပါးတို့၏ ဗိမ္မာန်တော်များနှင့် သမင်မကြီးဖှာတေမာ(စ.အ)ဖခင်အပေါ် ငိုကြွေးလေ့ရှိခဲ့သည့် အဆောက်အဦး( ဘိုင်သုလ်အဟ်ဇာန်း) အား ပထမဦးဆုံးအကြိမ် ဖျက်စီးခဲ့မှုများပြုလုပ်ခဲ့ကြသည်။ [၁၂] အဘ်ဒုလ်ရဟ်မားန်း ဂျဘရ်သီးရေးသားဖေါ်ပြချက်တွင် ဝဟာဘီတပ်များသည် တမန်တော်မြတ်ကြီး(ဆွ)၏ ဂူဗိမ္မာန်တော်မှလွဲ၍ ကျန်ဗိမ္မာန်တော်အားလုံးတို့အား မြေလှန်ဖျက်စီးခဲ့ကြသည်။[၁၃] သို့သော် အချို့သော ဗိမ္မာန်တော်များအား ၁၈၁၃ ခုနှစ်တွင် (၁၈၀၂ ခုနှစ်မှ ၁၈၃၄ ခုနှစ်ထိ အုပ်ချုပ်မင်းလုပ်ခဲ့သူ) စွလ်သွားန်မဟ်မူးဒ် ဆာနီ၏ အမိန့်ဖြင့် ပြန်လည် ပြုပြင်ပေးခဲ့သည် [၁၄]ဟုဖြစ်သည်။ ဘကီးအ်အားဖျက်စီးခဲ့ကြပုံအကြောင်းတွင် ပိုမိုလေ့လာရန်

မှတ်စုများ

  1. نجمی، تاریخ حرم ائمه بقیع و آثار دیگر در مدینه منوره، ۱۳۸۶ش، ص۵۱.
  2. هاجری، البقیع قصة التدمیر، ۱۴۱۱ق، ص۱۱۳-۱۳۹؛ امینی، بقیع الغرقد، ۱۳۸۶ش، ص۴۹.
  3. هاجری، البقیع قصة التدمیر، ۱۴۱۱ق، ص۱۱۳-۱۳۹؛ امینی، بقیع الغرقد، ۱۳۸۶ش، ص۴۹.
  4. زرکلی، الاعلام، ۲۰۰۲م، ج۴، ص۹۱.
  5. البلاغی، الردَ علی الوهابیة، ۱۴۱۹ق، ص۳۹-۴۱؛ هاجری، البقیع قصة التدمیر، ۱۴۱۱ق، ص۱۱۳-۱۳۹؛ امینی، بقیع الغرقد، ۱۳۸۶ش، ص۴۹.
  6. نجمی، تاریخ حرم ائمه بقیع و آثار دیگر در مدینه منوره، ۱۳۸۶ش، ص۵۱.
  7. العساف، «عبدالله بن سلیمان البلیهد.. القاضی والمستشار فی زمن التأسیس».
  8. «تصاویر مراسم عزاداری سالروز تخریب قبور ائمه بقیع در حرم امام حسین(ع)»، خبرگزاری حوزه.
  9. «به مناسبت ۸ شوال "یوم‌الهدم"/ حادثه دردناک تخریب بقیع زخمی بر قلب شیعیان»، سایت شفقنا.
  10. .«آیین بزرگداشت یوم‌الهدم در مسجد زیارت قدمگاه برگزار می‌شود»، خبرگزاری شبستان.
  11. «تخریب قبور ائمه بقیع(ع) خیانت بزرگ به اسلام است»، پایگاه اطلاع‌رسانی حوزه.
  12. جبرتی، عجائب الآثار، دارالجیل، ج۳، ص۹۱.
  13. جبرتی، عجائب الآثار، دارالجیل، ج۳، ص۹۱.
  14. جعفریان، پنجاه سفرنامه، ۱۳۸۹ش، ج۳، ص۱۹۶.

ကျမ်းကိုးမျာ