ဂဒီးရ်အတွက် ကျွေးမွေးခြင်း (ထုံးတမ်းစဉ်လာ)

wikishia မှ
အီးဒ်ဒေ ဂဒီးရ် (အဗ်ဒိုလ်အဇီးမ် ရောင်ဇာတော် တွင် ဇူလိုင်လ ၈ရက်နေ့ ၂၀၂၂ခုနှစ် ) တွင် လူ နှစ်သောင်း အား ကျွေးမွေးရန် ပြင်ဆင်နေသည့် ပုံ ဖြစ်ပါသည်။[၁]

ဂဒီးရ်အတွက် ကျွေးမွေးခြင်း (ထုံးတမ်းစဉ်လာ) (အရဘီ : الإطعام في عيد الغدير (مراسيم) ) ဆိုသည်မှာ ရှီအဟ် များ၏ ဓလေ့ထုံးတမ်းနှင့် ဓလေ့ထုံးတမ်းများထဲမှ တစ်ခုဖြစ်ပြီး ဂဒီးရ်နေ့ကို ဂုဏ်ပြုသောအားဖြင့် ဟဒီးစ် တော် များတွင် ညွှန်ကြားထားပါသည်။ အေမာမ် ရေဇာ(အ.စ) ထံမှ ဆင့်ပြန်ချက် ဟဒီးစ်တော် တစ်ပါးလာရှိပါသည်။ ဂဒီးရ် နေ့တွင် ကျွေးမွေးခြင်း၏ ဆဝါးဗ် သည် တမန်တော်မြတ်များ(အ.စ) နှင့် ဆစ်ဒစ်ကီးများ(ခ) သူတော်စင်များအားလုံးကို ကျွေးမွေးခြင်း၏ ဆဝါးဗ် နှင့် ညီမျှပြီး ရှီအဟ် များသည် ဂဒီးရ်နေ့ ကို မိမိ တို့ တတ်နိုင်မှုနှင့် အညီ ကျွေးမွေးရန် တိုက်တွန်းထားပါသည်။ ဂဒီးရ်အတွက် ကျွေးမွေးခြင်း ကို အီရန်၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန်နှင့် တူရကီစသည့် နိုင်ငံအသီးသီးတွင် မတူညီသော ဓလေ့ထုံးတမ်းများနှင့် နည်းလမ်းများဖြင့် ပြုလုပ်ပါသည်။ အီရန်တွင် လူများသည် အိမ်များ၊ ဗလီများနှင့် အေမာမ်ဘာရာ များတွင် ကျွေးမွေးကြပါသည်။ အီရန်သက္ကရာဇ် ၁၄၀၂ခုနှစ် ၊ ခရစ်နှစ်အားဖြင့် ၂၀၂၃ခုနှစ် တွင် တီဟီရန် ၌ ကျင်းပသည့် ဂဒီးရ် ၁၀ ကီလိုမီတာ အကွာအဝေး အခမ်းအနားတွင် လာရောက်သူ များ ကို စတုဒိသာ ပေါင်း ၁၃၀၀ မှ ကြိုဆို ကျွေးမွေး ခဲ့ကြပါသည်။

ရှီအဟ်များ ၏ ဓလေ့ထုံးတမ်း

ဂဒီးရ်အတွက် ကျွေးမွေးခြင်း သို့မဟုတ် အခြားသူများအား အီးဒ်ဒေ ဂဒီးရ်နေ့ တွင် ကျွေးမွေးခြင်း သည် ဂဒီးရ် နေ့တွင် ရှီအဟ် များ ပြုလုပ်သည့် ဓလေ့ထုံတမ်း များထဲမှတစ်ခု ဖြစ်ပါသည်။[၂] ဂဒီးရ် အတွက် ကျွေးမွေးခြင်းသည် ရှီအဟ် များအနေဖြင့် ဂဒီးရ်နေ့ အား ရှင်သန် ရန် နှင့် အေမာမ် အလီ (အ.စ) အပေါ် သစ္စာခံမှုအား အသစ်တဖန် ပြုလုပ်သည့် ဓလေ့တစ်ခုဟု ယူဆပါသည်။[၃] အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) ထံ မှ ဟဒီးစ်တော်တစ်ပါးဆင့်ပြန် လာရှိပါသည်။ ဂဒီးရ်နေ့ အားယောင်းမွလ်အစ်ငွာအာန် (ခ) ကျွေးမွေးသည့်နေ့ ဟု အမည်ပေးထားပါသည်။[၄] ဂဒီးရ် ကျွေးမွေးခြင်းသည် နိုင်ငံအသီးသီးမှ ရှီအဟ် များ၏ အာရုံကို ဆွဲဆောင်ခဲ့သည်။ အာဖဂန်နစ္စတန်တွင် ဆယက်ဒ် များ သည် ၎င်းတို့၏ အိမ်နီးချင်းများ နှင့် ဆွေမျိုးများကို ထမင်းကျွေး ခြင်း နှင့် နဇရ်ပေး ခြင်း တို့ကို ပြုကြပါသည်။ [၅]လာဟိုးရ် ၊ ကရာချီ ၊ ‌ကွေသာ နှင့် ‌ပေရှာဝရ် ကဲ့သို့သော ပါကစ္စတန်၏ မြို့ များတွင် ဂဒီးရ်နေ့ ကျင်းပနေစဉ် ထမင်းစားပွဲခင်းများကို ဖြန့်ကြက်ထားကြပါသည်။[၆] တူရကီ ၏အချို့ဒေသများတွင် အလဝီများသည် အီးဒ်‌ဒေ ဂဒီးရ် နေ့တွင် ဟရီစဟ် ဟုခေါ်သောအစားအစာများကို ဝေငငှကြပါသည်။[၇]

အီရန်နိုင်ငံ တွင် ဤဓလေ့ကို အိမ်များ၊ ဗလီများ၊ အေမာမ်ဘာရာများ တွင် လူထု အနေဖြင့်ပြုလုပ်ကြပါ သည်။[၈] ၂၀၂၃ ခုနှစ်တွင် တီဟီရန်၌ ကျင်းပခဲ့သော ဂဒီးရ် ၏ ၁၀ ကီလိုမီတာအကွာအဝေးရှိ ဂျရှ်န်(ခ)ပျော်ပွဲ အခမ်းအနား လူသန်းပေါင်းများစွာ တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများ ကိုစတုဒိသာ ပေါင်း ၁၃၀၀ ကျော်က ကြိုဆို ကျွေးမွေး ဧည့်ခံ ခဲ့ကြ ပါသည်။[၉] အေမာမ်ရေဇာ (အ.စ) ရောင်ဇာတော် မှ ၂၀၂၁ခုနှစ် ခုနှစ်တွင် «ဂဒီးရ် အကျွေးအမွေး » ကမ်ပိန်းကိုဖန်တီးပြီးလူများ၏ ပါဝင်မှုကို ဆွဲဆောင်ခြင်းဖြင့် အီရန် တစ်ဝှမ်း ထမင်းဗူး ပေါင်းတစ်သန်းဖြန့်ဝေခဲ့ပါ သည်။[၁၀]

ဂဒီးရ် ကျွေးမွေးခြင်း တွင် အီမာမ်များ ၏ အမိန့်နှင့် အစဉ်အလာ

အချို့သော အစီရင်ခံစာ များ အရ အေမာမ်များ (အ.စ) အနေဖြင့် မိမိတို့ နောက်လိုက် ရှီအဟ် များ ကို ဂဒီးရ်နေ့ တွင် ကျွေးမွေးရန် တိုက်တွန်း အားပေးထားပါသည်။ ထို့ကြောင့်ဟဒီးဆ်တော် တစ်ပါးတွင် အီးဒ်ဒေဂဒီးရ် နေ့တွင် ရိုဇဟ် ထားခြင်းအပြင် လူများကိုထမင်းကျွေးခြင်း ၊ အီးဒ်ဒီ ပေးခြင်း နှင့် ဆေလာဟေရဲဟ်မ် (မိဘ ၊ညီအစ်ကိုမောင်နှမ ၊ ဆွေမျိုးသားချင်းများကို ကူညီခြင်း) တို့ကို ပြုလုပ်ရန် အကြံပြုထားပါသည်။[၁၁] ဟဒီးစ်တော် တစ်ပါးတွင် အေမာမ်ရေဇာ (အ.စ) မှ ရှီအဟ် များအား ဂဒီးရ်နေ့ ကို မိမိ တို့ တတ်နိုင်မှုနှင့် အညီ ကျွေးမွေးရန် တိုက်တွန်းထားပါသည်။[၁၂]

ဟဒီးစ်ကျမ်းကိုး အမျိုးမျိုး အနက်ပမာအားဖြင့် ရှိက်ခ်သူစီ (ဟီဂျရီ ၄၁၃ ကွယ်လွန် ) မှ မစ်ဆ်ပါဟိုလ် မိုသဟဂျစ်ဒ် ကျမ်းတွင် အေမာမ် ရေဇာ (အ.စ) ထံတော် မှ ဆင့်ပြန် လာရှိ သည့် ဟဒီးစ်တော် တစ်ပါး အေမာမ်ရေဇာ (အ.စ) သည် အီးဒ်ဒေ ဂဒီးရ် နေ့ ညနေခင်းတွင် မိမိ၏ အထူး ဆွဟာဗဟ်များ ကို ဝါဖြေ ရန် ဖိတ်ခေါ်တော်မူပါသည်။ပြီးနောက် ၎င်းတို့၏ အိမ်သားများအတွက် ထမင်း ၎င်းတို့ကို ပေး‌တော်မူပါသည်။[၁၃]

ဂဒီးရ် အတွက်ကျွေးမွေးခြင်း၏ ဆဝါးဗ်

အေမာမ် ရေဇာ(အ.စ) ထံမှ ဆင့်ပြန်ချက် ဟဒီးစ်တော် တစ်ပါးလာရှိပါသည်။ ဂဒီးရ် နေ့တွင် မိုအ်မင်အား ကျွေးမွေးခြင်း၏ ဆဝါးဗ် သည် တမန်တော်မြတ်များ(အ.စ) နှင့် ဆစ်ဒစ်ကီးများ(ခ) သူတော်စင်များ အားလုံးကို ကျွေးမွေးခြင်း၏ ဆဝါးဗ် နှင့် ညီမျှကြောင်းဖြစ်ပါသည်။[၁၄] ထိုနည်းတူစွာ အီးဒ်ဒေ ဂဒီးရ် နေ့ နှင့်ပတ် သက်ပြီး အေမာမ် အလီ (အ.စ) ၏ ခွသ်ဗဟ် တစ်ခု အားအေမာမ် ရေဇာ (အ.စ) မှဆင့်ပြန် ထားပါသည်။ထိုခွသ်ဗဟ် တွင် အီးဒ်‌ဒေ ဂဒီးရ်နေ့ တွင် မိုအ်မင် တစ်ဦးတစ်ယောက်အား ဝါဖြေပေးခြင်းသည် ဖေအာမ် ၁၀ ပါး ကို ဝါဖြေပေးနှင့် အတူတူ ဖြစ်ကြောင်း ဖြစ်ပါသည်။ အေမာမ် အလီ (အ.စ) ၏ အဆိုအရ ဖေဟာမ် တစ်ပါးသည် တမန်တော်မြတ်များ(အ.စ) အပါး တစ်သိန်း နှင့် ဆစ်ဒစ်ကီးများ(ခ) သူတော်စင်များ အပါး တစ်သိန်း နှင့် ရှိုဟဒါအ် (သာသနာ့ အာဇာနည်) အပါးတစ်သိန်း နှင့် ညီမျှ ကြောင်းဖြစ် ပါသည်။ ထိုနည်းတူစွာ အေမာမ်အလီ (အ.စ) အနေဖြင့် အီးဒ်ဒေ ဂဒီးရ်နေ့ ထမင်းကျွေးသူ အတွက် အလ္လာဟ် ဟို အရှင်မြတ် ဘက်မှ ကူဖ်ရ် နှင့် ဆင်းရဲခြင်း ကို ကာကွယ်ပေးမည်ဟုလည်း အာမခံ ခဲ့ထား ပါသည်။[၁၅]

ဟဒီးစ်တော်များတွင် အီးဒ်ဒေ ဂဒီးရ် နေ့တွင် လိုအပ်နေသူများ[၁၆] မိုအ်မင် အီမာန် ယုံကြည်သူများ[၁၇] နှင့် သာသနာ့ညီ‌ နှောင်များ ကို[၁၈]ထမင်းကျွေး ရန် နှင့် ရိုဇဟ်သမားများကိုဝါဖြေပေးရန်[၁၉] တိုက်တွန်း ထားပါ သည်။ အီးဒ်ဒေ ဂဒီးရ် နေ့ ရိုဇဟ် ထားခြင်းသည် မွတ်စ်သဟဗ်[၂၀] ဖြစ်ကြောင်း ရှီအဟ် များ ကြား တွင် ကျော်ကြားပါသည်။[၂၁]

အောက်ခြေ မှတ်စုများ

  1. « ဂဒီးရ် အကျွေးအမွေး နေ့ ၊မေ့လျော့နေကြသည့် စွန္နသ်တော် တစ်ခု » ၊ Mehr သတင်းအေဂျင်စီ။
  2. « ဂဒီးရ် အကျွေးအမွေး နေ့ ၊မေ့လျော့နေကြသည့် စွန္နသ်တော် တစ်ခု » ၊ Mehr သတင်းအေဂျင်စီ။
  3. « အီးဒ်ဒေ ဂဒီးရ် ၏ စည်းမျဥ်းစည်းကမ်းများ နှင့် ဓလေ့များ မှာ အဘယ်နည်း ? » ၊ Mizan သတင်းဌာန။
  4. ဟစ်လီ ၊ အလ်အဒဒိုလ်ကဝီယဟ် ၊ ၁၄၀၈ ဟီဂျရီ ၊ စာမျက်နှာ ၊ ၁၆၉ ။
  5. « အီးဒ်ဒေဝေလာယသ် ကျင်းပရန် နိုင်ငံအသီးသီး၏ ဓလေ့ထုံးစံများ» ၊ Mehr သတင်းအေဂျင်စီ။
  6. « ပါကစ္စတန် နိုင်ငံသား အေမာမ်မသ် နှင့် ဝေလာယသ် နောက်လိုက်များ ပြုလုပ်သည့် အီးဒ်ဒေ ဂဒီးရ် ၏ ဓလေ့များ + ဗီဒီယို » ၊ IRNA သတင်းဌာန။
  7. htm «Gadir Hum Nedir, Ğadir Hum Bayramı Nasıl Kutlanılır»၊ Bölge Gündem Haber။
  8. « အီးဒ်ဒေ ဂဒီးရ် အာဇာဘိုင်ဂျန် မှ ခူရ်ဇစ်သာန် အထိ ကျင်းပ ၊ အလဝီ ထမင်း ပွဲ အီရန် နိုင်ငံ တစ်ဝှမ်း ခင်း ကျင်း » ၊ Mehr သတင်းအေဂျင်စီ ။
  9. « တီဟီရန် မြို့ တွင် ဂဒီးရ် အတွက် ၁၀ ကီလိုမီတာပွဲ ကျင်းပရန် အသေးစိတ်အချက်အလက်များကိုကြေငြာ » ၊ လူငယ်သတင်းထောက်များအသင်း ။
  10. « ဂဒီးရ် အကျွေးအမွေး အတွက် ကမ်ပိန်းကို တည်ထောင်ပြီး ပြည်သူများ၏ ပူးပေါင်းပါဝင်မှုကို ဆွဲဆောင်ကာ ထမင်း နှင့် ဟင်း တစ်သန်းကို နိုင်ငံအနှံ့ ချက်ပြုတ်ပြီး ဝေငှ»၊ဗွန်ယာဒ် ဒေ ကေရာမသ် ရဇဝီ ။
  11. ဟစ်လီ ၊ အလ်အဒဒိုလ်ကဝီယဟ် ၊ ၁၄၀၈ ဟီဂျရီ ၊ စာမျက်နှာ ၊ ၁၆၉ ။
  12. ရှိက္ခ် သူစီ ၊ မစ်ဘာဟိုလ်မသဟဂျစ်ဒ် ဝ စလာဟိုလ်မိုစအဗ်ဗစ်ဒ် ၁၄၁၁ ဟီဂျရီ၊ အတွဲ ၂ ၊ စာမျက်နှာ ၇၅၇။
  13. ရှိက္ခ် သူစီ ၊ မစ်ဘာဟိုလ်မသဟဂျစ်ဒ် ဝ စလာဟိုလ်မိုစအဗ်ဗစ်ဒ် ၁၄၁၁ ဟီဂျရီ၊ အတွဲ ၂ ၊ စာမျက်နှာ ၇၅၇။ အစ်ဗ်နို သွာအူစ် ၊ အစ်က်ဘာလိုလ်အအ်မါလ် ၊ ၁၄၀၉ ဟီဂျရီ ၊ အတွဲ ၁ ၊ စာမျက်နှာ ၄၆၁ ။
  14. အစ်ဗ်နို သွာအူစ် ၊ အစ်က်ဘာလိုလ်အအ်မါလ် ၊ ၁၄၀၉ ဟီဂျရီ ၊ အတွဲ ၁ ၊ စာမျက်နှာ ၄၆၅။
  15. ရှိက္ခ် သူစီ ၊ မစ်ဘာဟိုလ်မသဟဂျစ်ဒ် ဝ စလာဟိုလ်မိုစအဗ်ဗစ်ဒ် ၁၄၁၁ ဟီဂျရီ၊ အတွဲ ၂ ၊ စာမျက်နှာ ၇၅၇။ အစ်ဗ်နို သွာအူစ် ၊ အစ်က်ဘာလိုလ်အအ်မါလ် ၊ ၁၄၀၉ ဟီဂျရီ ၊ အတွဲ ၁ ၊ စာမျက်နှာ ၄၆၃ ။ ကဖ်အမီ ၊အလ်မတ်ဆ်ဗာဟ် ၊ ၁၄၀၅ ဟီဂျရီ ၊စာမျက်နှာ ၇၀၀။ ရှိက်ခ် ဟူရိုရ် အာမိုလီ ၊ ဝစာအေလွတ်ရှ်ရှီအဟ် ၁၄၀၉ ဟီဂျရီ ၊ အတွဲ ၁၀ ၊ စာမျက်နှာ ၄၄၅။
  16. ရှိက္ခ် သူစီ ၊ မစ်ဘာဟိုလ်မသဟဂျစ်ဒ် ဝ စလာဟိုလ်မိုစအဗ်ဗစ်ဒ် ၁၄၁၁ ဟီဂျရီ၊ အတွဲ ၂ ၊ စာမျက်နှာ ၇၅၇။ မဂျ်လေစီ ၊ ဘေဟာရိုလ်အန်နဝါရ် ၊ ၁၄၀၃ ဟီဂျရီ ၊ အတွဲ ၉၄ ၊ စာမျက်နှာ ၁၁၇။
  17. အစ်ဗ်နို သွာအူစ် ၊ အစ်က်ဘာလိုလ်အအ်မါလ် ၊ ၁၄၀၉ ဟီဂျရီ ၊ အတွဲ ၁ ၊ စာမျက်နှာ ၄၆၃ ။
  18. အစ်ဗ်နို သွာအူစ် ၊ အစ်က်ဘာလိုလ်အအ်မါလ် ၊ ၁၄၀၉ ဟီဂျရီ ၊ အတွဲ ၁ ၊ စာမျက်နှာ ၄၇၅ ။
  19. ရှိက္ခ် သူစီ ၊ မစ်ဘာဟိုလ်မသဟဂျစ်ဒ် ဝ စလာဟိုလ်မိုစအဗ်ဗစ်ဒ် ၁၄၁၁ ဟီဂျရီ၊ အတွဲ ၂ ၊ စာမျက်နှာ ၇၅၇။
  20. ခသီးဗ် ဘဂ္ဂဒတ်ဒီ ၊ သာရီးခ် ဘဂ္ဂဒတ် ၊ဘေရွတ် ၊ အတွဲ ၈ ၊ စာမျက်နှာ ၂၈၄ ။
  21. « ဂဒီးရ်နေ့ မှာ ထမင်းကျွေးခြင်းဆိုင်ရာ အေမာမ် ဆွာဒစ်က် (အ.စ) ဟဒီးစ်‌တော် သည် မှန်ကန် ပါသလား?»၊ ဒိုင်းလ ၈ ရက်နေ့ သတင်း ။

ကျမ်းကိုးများ