ခိုဝိုင်လဟ်

wikishia မှ

ခိုဝိုင်လဟ် သည် မန်ဇူးရ် ဗင်န် ဇဗ္ဗာန် ဖဇာရီ ၏ သမီး ဖြစ်ပြီး အေမာမ်ဟစန်(အစ) ၏ ဇနီး ၊ ဟစန်မိုစနာ၏ မိခင် ဖြစ်သည်။ သူမသည် ယခင်၌ မုဟမ္မဒ် ဗင်န် သွလ်ဟေဟ် ၏ဇနီးဖြစ်ပြီး ဂျမလ်စစ်ပွဲ၌ ၎င်းအသတ်ခံပြီးနောက် အေမာမ်ဟစန်(အစ) ၏ ဇနီး ဖြစ်လာခဲ့သည်။

အထ္ထုပတ္တ

ခိုဝိုင်လဟ် သည် မန်ဇူးရ် ဗင်န် ဇဗ္ဗာန် ဗင်န် စိုင်ယားရ် ဗင်န် အွမ်ရို ဖဇာရီ ၏ သမီးဖြစ်ပြီး အေမာမ်ဟစန်(အစ) ၏ ဇနီး၊ ယခင်၌ မုဟမ္မဒ် ဗင်န် သွလ်ဟေဟ် ၏ဇနီးဖြစ်ပြီး ဂျမလ်စစ်ပွဲ၌ ၎င်းအသတ်ခံပြီးနောက် အေမာမ်ဟစန်(အစ) ၏ ဇနီး ဖြစ်လာခဲ့ပြီး ဟစန်မိုစနာ၏ မိခင် ဖြစ်သည်။ (1) ခိုဝိုင်လဟ် ၏ မိခင်မှာ မလီကဟ် ဖြစ်ပြီး ၊ ခါရိဂျဟ် ဗင်န် စန်နာန် ၏ သမီးဖြစ်သည်။ (2) သူမ၏ ညီမ သမာဇုရ်သည် ၊ အဗ္ဗ်ဒုလ္လာဟ် ဗင်န် ဇိုဘိုင်းရ် ၏ ဇနီး ဖြစ်သည်။ ခိုဝိုင်လဟ်၏ ပထမအိမ်ထောင် အသတ်ခံပြီးနောက်၊ သူမ၏ ဖခင် မရှိသည့်အချိန် အဗ္ဗ်ဒုလ္လာဟ်သည် အေမာန်ဟစန်(အစ)အား ခိုဝိုင်လဟ် နှင့် ထိန်းမြားရန် အကြံပြုခဲ့သည်။ အေမာမ်သည်လည်း လက်ခံခဲ့သည်။ သူမ၏ ဖခင်သည် ထိုသတင်းကို ကြားပြီးနောက် စိတ်မကောင်းဖြစ်သော်လည်း နောက်ပိုင်း၌ သဘောတူလက်ခံခဲ့သညည်ဟု ဆိုထားသည်။ (3) အဘူလ်ဖက်ဇ်ွလ် အိဆ်ွဖှာဟာနီ ဆိုထားသည်မှာ ၊ သူမသည် အေမာန်ဟစန်(အစ) ရှဟီးဒ် ဖြစ်သည့်အချိန် ၎င်း၏ အိမ်၌ ရှိနေခဲ့သည်။ သို့မဟုတ် အေမာမ်သည် သူမအား ကွာရှင်းလိုက်သည်။ (4) ထို့ကြောင့် ၊ အဘူလ်ဖက်ဇ်ွလ် အိဆ်ွဖှာဟာနီ၏ အဆိုကို တွေးတောခြင်းဖြင့် သူမသည် အေမာန်၏ နောက်ဆုံးသက်ထွက်ချိန်ထိ ၎င်း၏ ဇနီမယား ဖြစ်ခဲ့သည်။ အချို့သုတေသီများသည်လည်း ထိုအချက်ကို အတည်ပြုထားသည်။ (5) အေမာမ် ဆုံးပါးမှုအတွက် သူမ၏ ပြင်းပြင်းထန်ထန် ဝမ်းနည်းပူဆွေးမှုကို သမိုင်းပညာရှင်များမှ ကိုးကားခဲ့သည့် ဖော်ပြချက်အရ ဖြစ်နိုင်ခြေမှာ သူမသည် အေမာမ်၏ နောက်ဆုံးအချိန်ထိတိုင်အောင် အေမာန်၏ဇနီးဖြစ်ခဲ့သည်။ သူမ အဖေသည် မိမိ့သမီးကို နှစ်သိမ့်ဖို့ရန် ကဗျာတစ်ပုဒ်ရေးရသည့် အထိ ဝနိးနည်းခဲ့သည်။ (6)

သားသမီးများ

ခိုဝိုင်လဟ်သည် မုဟမ္မဒ် ဗင်န်သွလ်ဟေဟ် ဖြင့် အိဗ်ရာဟီးမ်၊ ဒါဝူးဒ် နှင့် အွမ်မေကာစင် ဟူသော အမည်ဖြင့် သားသမီး သုံးယောက် ရှိခဲ့သည်။ အေမာန်ဟစန်(အစ) ဖြင့် ဟစန်ဟူသော သားတစ်ယောက်ရှိခဲ့ပြီး ဟစန်မိုစနာ ဟူ၍ ကျော်ကြားပေသည်။ (7)