ကျမ်းမြတ်ကုရ်အာန်၏ အံ့ဖွယ်မှုများ

wikishia မှ

ကျမ်းမြတ်ကုရ်အာန်၏ အံ့ဖွယ်မှုများ ဆိုသည်မှာ ၊ မည်သည့်လူသားမှ ကျမ်းမြတ်ကုရ်အာန် ကဲ့သို့ ကျမ်းစာအုပ်မျိုးကို မရေးသားနိုင်ပေ၊ မယူဆောင်နိုင်ပေ ၊ ယင်းမှာ ထိုကျမ်းမြတ်ကုရ်အာန်သည် အရှင်မြတ်ဘက်မှ နာဇီလ် ပို့ချထားတော်မူသော ကျမ်းစာအုပ် ဖြစ်ကြောင်း ထုတ်ဖော်ပြသသည့် လက္ခဏာပင် ဖြစ်သည်။ မွတ်စ်လင်မ် အိုလမာ ပညာရှင်များသည် ကျမ်းမြတ်ကုရ်အာန်ကို တမန်တော်မြတ်(ဆွ) ၏ အကြီးမားဆုံးသော မိုအ်ဂျေဇာ နှင့် ၎င်း နဗူဝသ် အရိုက်အရာ၏ သက်သေအထောက်အထား ဖြစ်သည် ဟူ၍ သတ်မှတ်ထားကြသည်။ ကျမ်းမြတ်ကုရ်အာန်၏ အံ့ဖွယ်မှုများ အကြောင်းအရာသည် ကုရ်အာန်အသိ့ပညာ နှင့် အစ္စလာမ့် သီအိုလောဂျီ၏ အကြောင်းအရာများထဲမှ တစ်ခုဖြစ်သည်။ မွတ်စ်လင်မ် များသည် ကျမ်းမြတ်ကုရ်အာန်အား ၎င်း၏ သဒ္ဒါပိုင်းဆိုင်ရာ စာသား အနေအထား ၊ ပညာရပ်များ၊ အသိတရားများ ၊ အကွယ်မှ သတင်းပေးမှုများ နှင့် ချို့ယွင်းချက် မရှိမှုများ ကြောင့် အဲအ်ဂျာဇ် အံ့ဖွယ်ဖြစ်သည် ဟူ၍ ယူဆထားကြသည်။ ကျမ်းမြတ်ကုရ်အာန် ကိုယ်တိုင်သည်လည်း ဤကျမ်းစာအုပ် အဲအ်ဂျာဇ် အံ့ဖွယ်ဖြစ်ကြောင်းကို သက်သေပြုထားသည်။ အာယသ်ခြောက်ခု၌ ၊ အသုံးအနှုန်းအရ ဆိုရသော် ၊ စိန်ခေါ်မှု နှင့်ပတ်သက်ပြီး လာရှိထားသည်။ ဆိုလိုသည်မှာ သွေဖည်ငြင်းပယ်သူများမှ အကယ်၍ တတ်စွမ်းနိုင်ပါက ကုရ်အာန်ကဲ့သို့ စာအုပ်မျိုးကို ယူဆောင်လာရန် ဖိတ်ခေါ်ထားလေသည်။ မွတ်စ်လင် အိုလမာ ပညာရှင်များသည်၊ ကျမ်းမြတ်ကုရ်အာန်၏ အံ့ဖွယ်မှုများ နှင့်ပတ်သက်ပြီး စာအုပ်များစွာကို ပြုစုရေးသားခဲ့ကြသည်။ ၎င်းတို့အနက် အချို့စာအုပ်များမှာ ၊ အဘူဘက်ရ် ဘာကိလာနီ (ဟီဂျရီ ၄၀၃ ကွယ်လွန်) ရေးသားထားသည့် အဲအ်ဂျာဇေကုရ်အာန် စာအုပ်၊ ရှီးခ်မိုဖီးဒ် (ဟီဂျရီ ၄၁၃ ကွယ်လွန်) ရေးသားထားသည့် အအ်ဂျာဇုလ် ကုရ်အာန် ဝလ် ကလာမ် ဖီဝိုဂျူဟဟ် စာအုပ်၊ စိုင်ယိဒ်မုရ်သဇွာ ရေးသားထားသည့် အဆ်ွဆွရ်ဖဟ် ဖီ အအ်ဂျာဇိလ်ကုရ်အာန် စာအုပ်၊ အဗ္ဗ်ဒုရလ်ကာဟိရ် ဂျရ်ဂျာနီ (ဟီဂျရီ ၄၇၁ ကွယ်လွန်) ရေးသားထားသည့် ဒလာအိလုလ်အအ်ဂျာဇ် စာအုပ် တို့ဖြစ်သည်။

ကျမ်းမြတ်ကုရ်အာန်၏ အံ့ဖွယ်မှုများ ၏ဆိုလိုရင်း နှင့် ၎င်း၏ အရေးပါမှု

မွတ်စ်လင်မ် များသည် ကျမ်းမြတ်ကုရ်အာန်ကို တမန်တော်မြတ်(ဆွ) ၏ မိုအ်ဂျေဇာ ဟူ၍ သိထားကြသည်။ (1) ကုရ်အာန်သည် မိုအ်ဂျေဇာ အံ့ဖွယ်အရာ ဖြစ်သည် ဟူသော အဓိပ္ပါယ်၏ ဆိုလိုရင်းမှာ ၊ ဤကျမ်းစာအုပ်သည် ၊ လူသားများ၏ တတ်စွမ်းနိုင်မှု ၊ စွမ်းဆောင်တိုင်မှုမှ ကင်းဝေးပြီး အရှင်မြတ်ဘက်မှ ပို့ချထားသည့် ကျမ်းစာအုပ် ဖြစ်ကာ မည်သူမှ ကုရ်အာန်ကဲ့သို့ ကျမ်းစာအုပ်ကို မယူဆောင်နိုင်ကြပေ။ (2) ရှီးခ်သူစီသည် ၊ ၎င်း၏ သဖ်စီးရ်စာအုပ် ဖြစ်‌သည့် အသ်သီဘ်ယာန် ၌၊ ကုရ်အာန်ကို တမန်တော်မြတ်(ဆွ) ၏ အကြီးမားဆုံး နှင့် အကျော်ကြားဆုံးသော မိုအ်ဂျေဇာ အံ့ဖွယ်အရာ ဖြစ်သည် ဟူ၍ သတ်မှတ်ထားကြသည်။ (3) အဲဟ်လေစွန္နသ် ပညာရှင်ဖြစ်သူ ၊ အဘူဘက်ရ် ဘာကိလာနီ (ဟီဂျရီ ၄၀၃ ကွယ်လွန်) သည်၊ ကုရ်အာန်၏ အံ့ဖွယ်ရာကို အာရုံစိုက်ခြင်း၏ အရေးပါမှုကို ရေးသားထားသည်။ တမန်တော်မြတ်(ဆွ)တွင် အခြားသော အံ့ဖွယ်ရာများ ရှိသော်လည်း၊ ၎င်း နဗူဝသ်၏ အတည်ပြုချက်သည် ကျမ်းမြတ်ကုရ်အာန်၏ အံ့ဖွယ်မှုများ အပေါ် အခြေခံသည်။ အဘယ်ကြောင့်ဆိုသော် ၎င်း၏ အခြားအံ့ဖွယ်မှုများသည် သီးသန့် အချိန် ၊ ပညတ်ချက် အခြေအနေများ နှင့် လူအနည်းငယ် ဖြင့်သာ ဖြစ်‌ေပါ်ခဲ့သောကြောင့် ဖြစ်သည်။ သို့သော် ကျမ်းမြတ်ကုရ်အာန်သည် လူသားအားလုံး မြင် တွေ့ရပြီး မည်သူမှ ထိုကျမ်းကို မငြင်းပယ်ထားပေ။ (4)

ကျမ်းမြတ်ကုရ်အာန်၏ စိန်ခေါ်မှု

စိန်ခေါ်မှု ဟူသည် ၊ ကာရ်အာန်၏ အသိပညာရပ် (အူလူမေကုရ်အာန်) (5) နှင့် အစ္စလာမ့်သီအိုလောဂျီ (6) တို့၌ “တမန်တော်များဘက် သွေဖည်ငြင်းဆန်သူများကို မိမိတို့၏ အံ့ဖွယ်အရာများ ကဲ့သို့ ယူဆောင်လာရန် ဖိတ်ခေါ်ချက် ဖြစ်သည် ဟူ၍ အနက်အဓိပ္ပါယ် လာရှိထားသည်။ (7) ကုရ်အာန်၌ အာယသ်ခြောက်ခုတွင် စိန်ခေါ်မှု နှင့်ပတ်သက်ပြီး လာရှိထားသည်။ ဆိုလိုသည်မှာ ၊ ကုရ်အာန်သည် အံ့ဖွယ်မှု ဖြစ်သည်ကို ငြင်းပယ်ထားသူများမှ ထိုကဲ့သို့ စာအုပ်မျိုး ယူဆောင်လာရန် ‌မိန့်ဆိုထားသည်။ (8) ထိုအာယသ်များကို ၊ အာယသ်သေ သဟဒ္ဒီး စိန်ခေါ်မှု အာယသ်များ ဟူ၍ ခေါ်ဆိုထားသည်။ (9)

ကျမ်းမြတ်ကုရ်အာန်သည် အံ့ဖွယ်မှုအရာ ဖြစ်ခြင်းဆိုင်ရာ ကွဲပြားသော အမြင်များ

မွတ်စ်လင်မ် ပညာရှင်များသည် ကုရ်အာန်သည် အဘယ်ကြောင့် အံ့ဖွယ်အမှု ဖြစ်သနည်း ဟူသည်နှင့် ပတ်သက်ပြီး အမြင်အမျိုးမျိုး ရှိကြသည်။ အဲဟ်လေစွန္နသ်၏ ထင်ရှားသော ကုရ်အာန်သုတေသီ ဖြစ်သူ စီယူသွီး (ဟီဂျရီ ၉၁၁ ကွယ်လွန်) သည် အလ်-အတ္တကန်တွင် ပေးဆောင်ခဲ့သော အမြင်အများစုမှာ ကုရ်အာန်၏ စာပေသဒ္ဒါပိုင်းဆိုင်ရာ အံ့ဖွယ်အမှုများ အကြောင်း ဖြစ်သည်။ ဤအမြင် တစ်ခုချင်းစီတိုင်းသည် စာပေသဒ္ဒါပိုင်းဆိုင်ရာ အံ့ဖွယ်အမှုများ အကြောင်းကို ရှုထောင့်အမျိုးမျိုးမှ ရှင်းပြထားသည်။ (10) သျို့သာ် မွတ်စ်လင်မ် အိုလမာ ပညာရှင်များ ယုံကြည်ထားသည်မှာ ၊ ကျမ်းမြတ်ကုရ်အာန်သည် အခြားသော အရာများ၌လည်း အအ်ဂျာဇ် အံ့ဖွယ်မှု ရှိပေသည်။ ဥပမာ ၊ ကာရ်အာန် သဖ်စီးရ် ပညာရှင် ဖြစ်သူ အလ္လာမဟ် သွဗာသွဗာယီး ( အီးရာန်နှစ် ၁၃၆၀ ကွယ်လွန်) ပြောထားသည်မှာ ၊ ကုရ်အာန်၏ အံ့ဖွယ်မှုများသည် ၎င်း၏ စာပေသဒ္ဒါပိုင်းဆိုင်ရာ အံ့ဖွယ်အမှုများ အပြင် ၊ ပညာ ၊ အသိတရား ၊ ဆင်ခြင်တုံတရား၊ တမန်တော်မြတ် (ဆွ) သည် အွမ္မီ ဖြစ်ခြင်း ၊ အကွယ်မှသတင်းများ၊ နှင့် ကုရ်အာန်၌ ဆန့်ကျင်ဘက် ဟူ၍ မရှိခြင်း စသည်တို့ ဖြစ်သည်။ (11) အဘူဘက်ရ် ဘာကီလာနီ သည်လည်း ကုရ်အာန်၏ စာပေသဒ္ဒါပိုင်းဆိုင်ရာ အံ့ဖွယ်အမှုများအား ‌ထောက်ခံထားသည့်အပြင် ၊ အကွယ်မှသတင်းများ၊ နှင့် တမန်တော်မြတ် (ဆွ) သည် အွမ္မီ ဖြစ်ခြင်း ကိုလည်း ဖော်ပြထားသည်။ ကုရ်အာန်၏ သုတေသီ တစ်ဦးဖြစ်သူ မုဟမ္မဒ် ဟာဒီ မအ်ရိဖသ် (အီရာန်နှစ် ၁၃၈၅ ကွယ်လွန်) သည် ၊ ကုရ်အာန်သည် စာပေသဒ္ဒါပိုင်းဆိုင်ရာ အံ့ဖွယ်အမှုများ အပြင် ပညာ နှင့် ပြဌာန်းမှု ဆိုင်ရာတို့တွင့်လည်း အအ်ဂျာဇ် အံ့ဖွယ်မှု ရှိခြင်းကိုလည်း ဖော်ပြထားသည်။ (12)

ဆွဲရ်ဖဟ် ရှုထောင့်

ကျမ်းမြတ်ကုရ်အာန်၏ အံ့ဖွယ်မှုများ နှင့်ပတ်သက်ပြီး အခြားရှုထောင့် တစ်ခုမှာ ၊ ဆွဲရ်ဖဟ် ရှုထောင့်ပင် ဖြစ်သည်။ ဤရှုထောင့်အရ၊ ကုရ်အာန် အံ့ဖွယ်ခြင်း ဆိုသည်မှာ ၊ အကယ်၍ တစ်ဦးတစ်ယောက်သည် ကာရ်အာန်နှင့် ဆန့်ကျင်ရန် ရည်ရွယ်ပါက အရှင်မြတ်သည် ထိုကဲ့သို့ စာအုပ်တစ်အုပ်ကို ယူဆောင်လာခြင်းမှ တားဆီးမည်ဟု ဆိုလိုသည်။ ဤစကား၏ ဆိုလိုရင်းမှာ လူသားများသည် ကုရ်အာန်ကဲ့သို့ စာအုပ်တစ်အုပ်ကို ရေးသားနိုင်သော်လည်း အရှင်မြတ်သည် ဤစွမ်းရည်ကို ၎င်းတို့၌ ဆုံးရှုံးစေသည် ဟူ၍ဖြစ်သည်။ (13) စီယူသွီး ၏ အဆိုအရ၊ အလ်အိသ္သီကာန် တွင် အိဗ်ရာဟီးမ် နဇ္ဇာမ် (ဒုတိယနှင့် တတိယလ ရာစုနှစ်များအတွင်း နေထိုင်သော) စွန္နီပညာရှင် တစ်ဦးသည် ဤအမြင် ရှုထောင့်ကို အဆိုပြုခဲ့သည်။ (14) ရှီအာ ပညာရှင်များ ဖြစ်ကြသည့် စိုင်ယိဒ်မုသဇွာ နှင့် ရှီးခ်မိုဖီးဒ် တို့သည်လည်း ဤရှု့ထောင့်အမြင်ကို လက်ခံထားကြသည်။ (15) မုဟမ္မဒ် ဟာဒီ မအ်ရိဖသ် ၏ အဆိုအရ၊ မွတ်စ်လင်မ် ပညာရှင်များသည် ၊ ယခင်၌ ဖြစ်စေ ယခု၌ ဖြစ်စေ၊ ဤရှုထောင့်အမြင်ကို ငြင်းပယ်ထားကြသည်။ (16)

ကုရ်အာန်ကျမ်းတော်မြတ်၏ အံ့ဖွယ်သွင်ပြင်

ကုရ်အာန်ကျမ်းတော်မြတ်၏ အံ့ဖွယ်သွင်ပြင် အချို့မှာ အောက်ပါအတိုင်းဖြစ်သည်။

စာပေသဒ္ဒါပိုင်းဆိုင်ရာ အံ့ဖွယ်ဖြစ်ခြင်း

ကုရ်အာန်ကျမ်းတော်မြတ်၏ စာပေသဒ္ဒါပိုင်းဆိုင်ရာ အံ့ဖွယ်မှုများဆိုသည်မှာ ကုရ်အာန်ကျမ်းတော်မြတ်၏ စာသားတွင် ဤဝိသေသလက္ခဏာများဖြင့် စာသားကို လူသားတစ်ဦးတစ်ယောက်မှ ယူဆောင်လာရန် မဖြစ်နိုင်ကြောင်း အင်္ဂါရပ်များပါရှိပေသည် ဟူ၍ဖြစ်သည်။ (17) ဤအင်္ဂါရပ်အချို့မှာ အောက်ပါအတိုင်းဖြစ်သည်။ ဝေါဟာရများကို တိကျစွာ အသုံးပြုထားခြင်း၊ သာမန်ကဗျာ နှင့် သာမန်စကားပြေ ကဲ့သို့မဟုတ်သော ထူးဆန်းပြီး ထူးခြားသော ပုံစံအသစ်ရှိခြင်း ၊ ချိုမြိန်သော စကားလုံးများ နှင့် သာယာသော တေးသွားရှိခြင်း (18) တို့ ဖြစ်သည်။

အကွယ်မှ သတင်းပေးခြင်း

မွတ်စ်လင်မ် ပညာရှင်များ၏ အဆိုအရ ကုရ်အာန်သည် မည်သူမျှ မသိသော အတိတ်နှင့် အနာဂတ်အကြောင်း သတင်ပေး ပေသည်။ (19) ဥပမာပေးရသော်၊ ဟဇရသ်‌‌ေသ မရ်ယမ် ၊ တမန်တော်နူဟ် နှင့် ၎င်း၏ ရေလွှမ်းမိုးမှု ၊ တမန်တော် ယူစွဖ် နှင့် ၎င်း၏ ညီအကိုများ အကြောင်း နှင့်သက်ဆိုင့်သည့် အသေးစိတ် အချက်အလက် များကို ပြောပြခဲ့ပြီး မည်သူမှ ထိုသတင်းအချက်အလက်များကို မသိကြပေ။ (20) ထို့အပြင် အေဒီ ၆၁၅ တွင် အီရာန်နိုင်ငံမှ ရောမမြို့ကို ရှုံးနိမ့်ပြီးနောက် ရောမမြို့သည် ဆယ်နှစ်အတွင်း အီရန်ကို အနိုင်ယူမည်ဟု သေချာစွာ ကြေညာခဲ့ပြီး ယင်းမှာ အမှန်တကယ် ဖြစ်ပျက်ခဲ့သည်။ (21) အဘူလဟဗ် နှင့် အဘူဂျဟလ် ကဲ့သို့သော လူအချို့၏ ကံကြမ္မာကို ဟောကိန်းထုတ်ခြင်း နှင့် မက္ကာကို အောင်ပွဲဟု ခန့်မှန်းခြင်းသည် ကုရ်အာန်၏ အခြား‌ မမြင်နိုင်သော သတင်းများဖြစ်သည်။ (22)

ပညာရပ်ပိုင်းဆိုင်ရာ အံ့ဖွယ်မှုဖြစ်ခြင်း

ကျမ်းမြတ်ကုရ်အာန်၏ ပညာပိုင်းဆိုင်ရာ အံ့ဖွယ်မှု ဖြစ်ခြင်း ဆိုသည်မှာ ဤကျမ်းစာအုပ်သည် ထိုအချိန်က ရှာဖွေတွေ့ရှိခြင်း မရှိသေး‌ေသာ စူးစမ်းလေ့လာဆန်းစစ်မှု ဆိုင်ရာ ပညာရပ်များအကြောင်းကို ပြောဆိုထားပြီး ထိုပြောကြားချက်မျသည်လည်း မည်သည့်အခါမှ ဆန့်ကျင်ဘက်အရာ မရှိလာခဲ့ပေ။ (23) ကုရ်အာန်ကျမ်းတော်မြတ်နှင့် စပ်လျဉ်း၍ သိပ္ပံနည်းကျ အံ့ဖွယ်အမှုဟု ယူဆကြသော အချို့အရာများမှာ-ကမ္ဘာ၏ အနေအထားနှင့် အသွင်ကူးပြောင်းမှု၊ ဆွဲငင်အား၊ အပင်များနှင့် တိရိစ္ဆာန်များ တွဲစပ်မှုနှင့် အချို့သော ပတ်လမ်းများတွင် ဂြိုလ်များ၏ လှည့်ပတ်မှု (24) တို့ဖြစ်သည်။ ကာရ်အာန် သုတေသီ ဖြစ်သူ မုဟမ္မဒ် မအ်ရိဖသ် သည် ၊ ရှိရှိသမျှ သက်ရှိသတ္တဝါများ အရာအားလုံးကို ရေမှ ဖန်ဆင်းခဲ့သည် (25) ဟူသော အာယသ်တော် နှင့် ရေမှ သက်ရှိသတ္တဝါများ၏ ဇာစ်မြစ်ဆိုင်ရာကို စူးစမ်းလေ့လာဆတ်းစစ် သောပညာရပ်၏ တွေ့ရှိချက်များ ကို ထောက်ထားခြင်း အားဖြင့် ၊ ဤအာယသ်တော်ကို ကုရ်အာန်၏ ပညာပိုင်းဆိုင်ရာ အံ့ဖွယ်မှုများ ဖြစ်သာ် ဟူ၍ သတ်မှတ်ထားကြသည်။ (26)

အခြားသော အသွင်အပြင်များ

ပြဌာန်းမှုဆိုင်ရာ အံ့ဖွယ်ဖြစ်ခြင်း (27) ကုရ်အာန်၏ ကိန်းဂဏာန်း ဆိုင်ရာ အံ့ဖွယ်ဖြစ်ခြင်း (28) နှင့် ကုရ်အာန်၏ အံ့ဖွယ်အမှုများဆိုင်ရာ အခြားရှုထောင့်များကို မွတ်စ်လင်မ် တွေးခေါ်ရှင် အချို့က အဆိုပြုထားသည်။ ပြဌာန်းမှုဆိုင်ရာ အံ့ဖွယ်ဖြစ်ခြင်း၏ ရှုထောင့်အရ၊ လူသားများအတွက် အစ္စလာမ် သာသနာမှ ပြဌာန်းသတ်မှတ်ထားသည့် ဥပဒေသများသည် ၊ လူသားများ ပြဌာန်းသတ်မှတ်ထားသည့် ဥပဒေသများ နှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး ၊ လူသားဖြစ်တည်မှု၏ ရှုထောင့်အားလုံးကို လွှမ်းခြုံထားပြီး လူသား၏ ရုပ်ဝတ္ထုဆိုင်ရာ အတိုင်းအတာ နှင့် ၎င်းတို့၏ ဝိညာဉ်ရေးရာ အတိုင်းအတာ နှစ်ခုလုံးနှင့် ညီညွတ်မှု ရှိပေသည် ။ ထို့အပြင် ၊ အစ္စလာမ် သာသနာမှ ပြဌာန်းသတ်မှတ်ထားသည့် ဥပဒေသများသည် လောကီပျော်ရွှင်မှု နှင့် ငြိမ်းချမ်းမှုကို ပေးစွမ်းပြီး လူသားတို့၏ သဘောသဘာဝ နှင့် သဟဇာတ ကိုက်ညီမှု ရှိပေသည်။ လူသားတစ်ဦးမှ ထိုသို့လုပ်ဆောင်ရန် စွမ်းအားမရှိသောကြောင့်၊ ကျမ်းမြတ်ကုရ်အာန်ကို အရှင်မြတ်ထံမှ နာဇီလ် ပို့ဆောင်ထားသည် ဟူ၍ သတ်မှတ်ရမည်။ (29) ကုရ်အာန်၏ ကိန်းဂဏာန်း ဆိုင်ရာ အံ့ဖွယ်ဖြစ်ခြင်း ၏ ရှုထောင့်အရ ၊ ကုရ်အာန်ကျမ်းတော်မြတ်၏ စာလုံးအရေအတွက်နှင့် ဝေါဟာရများသည် စာရေးဆရာတစ်ဦးမှ ထိုသို့သော စနစ်ကျမှုကို မစဉ်းစားနိုင်သော စနစ်ကျမှုမျိုး ရှိပြီး ဤ စနစ်ကျမှုသည် ၎င်း၏ အံ့ဖွယ်လက္ခဏာတစ်ခုဖြစ်ကြောင်း ဆိုထားကြသည်။ (30) ဥပမာအားဖြင့်၊ ကုရ်အာန်တွင် “နာရီ” ဟူသော စကားလုံးကို နေ့၏ နာရီပေါင်းများစွာအဖြစ်၊ ဆိုလိုသည်မှာ ၂၄ ကြိမ် အသုံးပြုထားသည်။ “မြို့” (လ) ဟူသော စကားလုံးကို တစ်နှစ်တာ၏လအရေအတွက်အတွက် ၁၂ ကြိမ်အသုံးပြုခဲ့သည်။ ကုရ်အာန်ကျမ်းတော်မြတ်တွင် “ဗလီ” ဟူသော စကားလုံးကို ၃၄ ကြိမ် အသုံးပြုထားပြီး ယင်းသည် ဝါဂျီဘ် နမာဇ်များ၏ စဂ်ျဒါ အရေအတွက်နှင့် ညီမျှသည်။ (31) ဤရှုထောင့်သည် ဆန့်ကျင်သူများစွာ ရှိပေသည်။ (32)

ကျမ်းမြတ်ကုရ်အာန်၏ အံ့ဖွယ်မှုများ နှင့်ပတ်သက်ပြီး ရေးသားထားသည့် စာအုပ်များ

ကျမ်းမြတ်ကုရ်အာန်၏ အံ့ဖွယ်မှုများ နှင့်ပတ်သက်ပြီး ရှေးယခင်မှ ယခုအချိန်ထိ မွတ်စ်လင်မ် ပညာရှင်များသည် ရေးသားနေစဲ ဖြစ်ကြသည်။ (33) ဥပမာ ၊ သီအို‌လောဂျီ စာအုပ်များ၌၊ တမန်တော်မြတ်(ဆွ)၏ နဗူဝသ် ကို သက်သေပြုဖို့ရန်အတွက် ကျမ်းမြတ်ကုရ်အာန်၏ အံ့ဖွယ်မှုများအား သက်သေအဖစ် ထောက်ထားကြသည်။ (34) ထို့အတူ၊ ကုရ်အာန့်အသိပညာများ စာအုပ်မျညယ၏ အချို့အခန်းများတွက်လည်း ထိုအကြောင်းအရာ နှင့်ပတ်သက်ပြီး သီးသန့်ဂဏ္ဌ လာရှိထားသည်။ (35) ထို့အပြင် ၊ ကျမ်းမြတ်ကုရ်အာန်၏ အံ့ဖွယ်မှုများသည် မွတ်စ်လင်မ် အိုလမာ ပညာရှင်များ၏ စာအုပ်များတွင် တိုက်ရိုက်ဘာသာရပ် တစ်ခုဖြစ်သည်။ ကျမ်းမြတ်ကုရ်အာန်၏ အံ့ဖွယ်မှုများ နှင့်ပတ်သက်ပြီး တိုက်ရိုက်ရေးသား ထာပ်နုတ်ထားသည့် အချို့စာအုပ်များမှာ : ဘဂ္ဂဒက်၏ ကျော်ကြားသော သီအိုလောဂျီ ပညာရှင်တစ်ဦး ဖြစ်သည့် အဘူအဗ္ဗ်ဒုလ္လာဟ် မုဟမ္မဒ် ဗင်န် ဇိုင်ဒ် ဝါစိသွီး (ဟီဂိရီ ၃၀၆ သို့မဟုတ် ၃၀၇ ကွယ်လွန်) ‌ရေးသားထားသည့် “အဲအ်ဂျာဇုလ်ကုရ်အာန် နဇွမိဟိ ဝါ သအ်လီးဖဟ်” စာအုပ်။ အလီ ဗင်န် အီစာ ရုမ္မာနီ (ဟီဂျရီ ၃၈၄ ကွယ်လွန်) ရေးသားထားသည့် ၊ အအ်ဂျာဇုလ်ကုရ်အာန် စာအုပ်။ ခိုရာစာန်၏ ဟဒီးစ်ပညာရှင် တစ်ဦးဖြစ်သည့် အဘူစိုလိုင်မားန် ဟမ်ဒ် ဗင်န် မုဟမ္မဒ် ခသွာဘီ (ဟီဂျရီ ၃၈၈ ကွယ်လွန်) ၊ ရေးသားထားသည့် ဘယာနေ အအ်ဂျာဇေ ကုရ်အာန် စာအုပ်။ ဤစာအုပ် နှင့် အရင်စာအုပ်သည် မဂ်ျမူအေယေ စလာစု ရစာအိလ ဖီ အအ်ဂျာဇေ ကုရ်အာန် ဟီဂျရီ ၁၃၇၄ တွင် မိဆ်ွရ် ၌ ပုံနှိပ်ထုပ်ခဲ့သည်။ (38) အအ်ဂျာဇုလ်ကုရ်အာန် စာအုပ်၊ ကာဇွီ အဘူဘက်ရ် ဘာကေလာနီ (ဟီဂျရီ ၄၀၃ ကွယ်လွန်) ရေးသားထားပြီး ၎င်းမှ အမျိုးမျိုးသော ထုတ်ဝေမှုများကို ထုတ်ဝေခဲ့ပြီး ၎င်းကိုယ်တိုင် အချို့ ပညာရှင်များ၏ အယူအဆ အမြင်များကို သုတေသန ပြုလုပ်သူလည်း ဖြစ်သည်။ (39) အအ်ဂျာဇေကုရ်အာန် ဝလ် ကလာမ် ဖီ ဝိုဂျူဟဟ် စာအုပ်၊ ရှီးခ်မိုဖီးဒ် (ဟီဂျရီ ၄၃၁ ကွယ်လွန်) ရေးသားထားပြီး ၎င်းသည် ဖက္ကီးဟ်ပညာရှင် ၊ သီအိုလောဂျီ နှင့် ဟဒီးစ် သုတေသီ ပညာရှင် တစ်ဦး ဖြစ်သည်။ (40) အဆ်ွဆွဲရ်ဖသု ဖီ အအ်ဂျာဇိ ကုရ်အာန် စာအုပ်၊ စိုင်ယိဒ်မုသဇွာ (ဟီဂျရီ ၄၃၆ ကွယ်လွန်) ရှီအာတို့၏ သီအိုလောဂျီ ၊ ဖက္ကီးဟ် နှင့် အူစူလ် ပညာရှင် ဖြစ်သည်။ ဤစာအုပ်ကို “အလ်မောင်ဇုဟ် အန် ဝဂ်ျဟု အအ်ဂျာဇုလ် ကုရ်အာန် ဟူသော အမည်ဖြင့်လည်း ခေါ်ဝေါ်ကြသည်။ (41) ဒလာအိလုလ် အအ်ဂျာဇ် စာအုပ်၊ အဗ္ဗ်ဒုလ်ကာဟီရ် ဂျဲရ်ဂျာနီ (ဟီဂျရီ ၄၇၁ ကွယ်လွန်) ရေးသားထားသည်။ ၎င်းသည် အာရဗီဘာသာရပ်ပညာ၏ ဘလာဂသ် သဒ္ဒါပိုင်းဆိုင်ရာ ကြွယ်ဝ‌မှု အကြောင်းကို ပထမဆုံးရေးဖွဲ့သူများထဲမှ တစ်ဦးဖြစ်သည်။ ဤစာအုပ်ကို အကြိမ်ပေါင်းများစွာ ထုတ်ဝေခဲ့ပြီး လေ့လာမှုများစွာ ပြုလုပ်ခဲ့သည်။ (42) အလ်လရစာလသုလ် ရှာဖီယဟ် ဖီ အအ်ဂျာဇိလ် ကုရ်အာန် စာအုပ်၊ အဗ္ဗ်ဒုလ်ကာဟီရ် ဂျဲရ်ဂျာနီ ရေးသားထားပြီး ၎င်းသည် အဂျ်မူအေယေ စလ စု ရစာအိလ ဖီ အအ်ရျာဇိလ် ကုရ်အာန် ကို ထုပ်ဝေခဲ့သည်။ (43) နိဟာယသုလ် အီဂျာဇ် ဖီ ဒရာယသိလ် အအ်ဂျာဇ် စာအုပ်၊ ဖက်ခ်ရုလ်ဒီးနေ ရာဇီ (ဟီဂျရီ ၆၀၆ ကွယ်လွန်) ရေးသားထားသည်။ (44) အအ်ဂျာဇုလ်ကုရ်အာန် စာအုပ် ၊ စိာင်ယိဒ် မုဟမ္မဒ် ဟုစိုင်းန် သွဗာသွဗာယီ ရေးသားထားသည်။ ဤစာအုပ်သည် ကုရ်အာန်၏ အံ့ဖွယ်အမှုများအကြောင်း အထူးသဖြင့် အလ်-မီဇန်၏ လက်ရာများကို လိုက်လျောညီထွေဖြစ်အောင် ရေးထားသည်။ (45) ကုရ်အာန်၏ အံ့ဖွယ်အမှုအကြောင်း စာအုပ်များ၊ ဆောင်းပါးများနှင့် စာတမ်းများစွာကိုလည်း ရေးသားထားသည်။ ဤဆောင်းပါးတွင်၊ ဤနယ်ပယ်တွင် လက်ရာ ၃၄၈ ခုကို မိတ်ဆက်ခဲ့သည်။ (46)