ကူဖှာရှိ အေမာမ်အလီ(အစ) ၏အိမ်

wikishia မှ

ကူဖှာရှိ အေမာမ်အလီ(အစ) ၏အိမ် သည် ၊ ၎င်း ခေလာဖသ် အုပ်ချုပ်သည့် ကာလအတွင်း ထိုနေရာတွင် နေထိုင်ခဲ့သည်ဟု လူသိများ ကျော်ကြားသော အေမာမ်အလီ(အစ) နှင့် ပတ်သက်သည့် နေရာတစ်ခု ဖြစ်သည်။ ဤအိမ်သည် ကူဖှာ ဗလီ၏ အနောက်တောင်ဘက်ခြမ်းတွင် တည်ရှိပြီး ကူဖှာ ၏ ဒါရုလ်အေမာရဟ်နှင့် ချိတ်ဆက်‌နေသည်။ အိမ်၏ အတွင်းပိုင်းဖွဲ့စည်းပုံ နှင့်ပတ်သက်ပြီး အေမာမ်အလီ(အစ) နှင့် ၎င်း၏ သားသမီးများ၏ အခန်းများ နှင့် နေရာများ၊ အေမာမ်ဂိုစိုလ် ပြုလုပ်သည့်နေရာ၊ စသည်တို့ ရှိပေသည်။ ထိုအိမ်နှင့် ပတ်သက်ပြီး သမိုင်း နှင့် ဟဒီးစ် ပညာရှင်များမှ ဝေဖန်ထားသော ကိုးကားချက်များလည်း ရှိသည်။

မိတ်ဆက်

အေမာမ်အလီ(အစ) ၏ အိမ်သည် ကူဖှာ ဗလီ၏ အနောက်တောင်ဘက်ထောင့်တွင် တည်ရှိပြီး ဒါရုလ်အေမာရဟ်နှင့် နှင့်ချိတ်ဆက်ထားသည်။ (1) ဤအိမ်ကို အကြိမ်ပေါင်းများစွာ ပြန်လည် တည်ဆောက်ခဲ့ပြီး အီရတ်ရှိ ဘအ်စ် အစိုးရ ပြုတ်ကျပြီးနောက် နောက်ဆုံး ပြုပြင်မွမ်းမံမှု ပြုလုပ်ခဲ့သည်။ (2) အိမ်၏ အတွင်းပိုင်းတွင် အေမာမ်အလီ(အစ) နှင့် ၎င်း၏ သားသမီးများ၏ အခန်းများ နှင့်နေရာများ ရှိပေသည်။ (3) ဝင်ပေါက်၏ ညာဘက်ခြမ်းတွင်၊ အေမာမ်ဟစန်(အစ) နှင့် အေမာမ်ဟိုစိုင်းန် (အစ) တို့၏အခန်းနှင့် ဘယ်ဘက်တွင်၊ အေမာမ်အလီ (အစ) နှင့် မဟ်ရာဘ် ရှိပေသည်။ (4) ထို့အတူ ဟဇရက်သေ ဇိုင်နက်ဘ် ၊ အွမ်မေကုလ်စူမ် နှင့် အွမ်မုလ်ဘနီးန် တို့၏ အခန်းများလည်း ရှိပေသည်။ (5) အိမ်၏ အဆုံးတွင် ရေတွင်းတစ်တွင်း ရှိပြီး အေမာမ်အလီ(အစ) တူးထားပြီး ဇေယာရသ် လာရောက်ကြသူများသည် သဘရ်ရွက္က် ကောင်းချီးမင်္ဂလာ ရယူရန်အတွက် ထိုတွင်းမှ ရေကို သောက်ကြသည်။ (6)

အိမ်၏ စစ်မှန်မှု နှင့်ပတ်သက်ပြီး ဒွဟသံသယများ

အချို့သော ပညာရှင်များသည် ဤအိမ်အား အေမာမ်အလီ(အစ) နှင့် ပတ်သက်နေသည်ကို သံသယ ဝင်ခဲ့ကြသည်။ (7) ဥပမာ မည်မျှပင် အေမာမ်အလီ(အစ) ၏ ခေလာဖသ် အုပ်ချုပ်မှုသည် ‌‌၎င်း၏ နောက်ဆုံးအချိန်ထိ ကူဖှာ၌ ဖြစ်နေပါစေ (8) အေမာမ်အလီ(အစ) နေထိုင်သည့် နေရာ နှင့် အိမ် နှင့်ပတ်သက်ပြီး ကွဲပြားသော အမြင်များ ရှိပေသည်။ (9) မည်မျှပင် လက်ရှိ တည်ရှိနေသည့် နေရာသည် အေမာန်အလီ(အစ) ၏ နေအိမ် ဖြစ်သည်ဟူ၍ လူအများ အကြား ကျော်ကြားနေပါစေ။ (10) အခြားတစ်ဖက်တွင်၊ ဆက်ဒမ်၏ အုပ်ချုပ်မှု အဆုံးသတ်နှင့် ၎င်းကျဆုံးပြီးနောက် အပါအဝင် အိမ်ကို အကြိမ်ပေါင်းများစွာ ပြန်လည်တည်ဆောက်ရေး ပြုလုပ်ခြင်းသည် သံသယများကို ပိုမိုတိုးပွားစေခဲ့သည်။ (11) ထို့အပြင် ၊ ရှီအဟ်တို့၏ ယုံကြည်ချက်အရ၊ အေမာမ်ဟစန်(အစ) နှင့် အေမာန်ဟိုစိုင်းန်(အစ) တို့သည် အေမာမ်များ ဖြစ်ကြပြီး အီလ်မေလဒွန်နီ ရှိကြကာ သင်ယူမှု မလိုအပ်ပေ။ ထို့ကြောင့် နေရာတစ်ခုကို မက္က်သက်ဘေ ဟစန်နိုင်းန် (ဟစန်နှစ်ပါး၏ ကျောင်းတော်) ဟူ၍ သတ်မှတ်ခြင်းသည် ယုတ္တိမရှိပေ။ (12) သို့မဟုတ် မက္က်သက်ဘ် ကျောင်းအား အလုပ်လုပ်သည့်နေရာ နှင့် သင်ကြားသည့်နေရာ ဟူ၍ အဓိပ္ပါယ် သတ်မှတ်ခြင်း (13) ကို လက်ခံနိုင်သည်ဟု မယူဆထားကြပေ။ အဘယ်ကြောင့်ဆိုသော် အိမ်သည် သေးငယ်ပြီး သင်ကြားရေးနေရာ သို့မဟုတ် ရုံးခန်း မဖြစ်နိုင်သောကြောင့် ဖြစ်သည်။ (14) အေမာမ်ဟစန် (အစ) နှင့် အေမာမ်ဟိုစိုင်းန် (အစ) တို့သည် ကူဖှာ တွင် ဖခင် အုပ်ချုပ်သည့် လက်ထက်၌ သီးသန့်နေထိုင်နိုင်ခဲ့ကြပြီး ဖခင်၏ အိမ်တွင် ထိုသို့သော ကျောင်းရှိခြင်းမှာ မဖြစ်နိုင်ကြောင်းကိုလည်း ဂရုပြုရပေမည်။ (15)