ကုရ်အာန် အစောင်လိုက် ဖတ်ရွတ်ခြင်း

wikishia မှ

ဂျွဇ်အ် ခွာန်နီ ဆိုသည်မှာ ကုရ်အာန်ကို ဂျွဇ်အ် အစောင် လိုက် ဖတ်ရွတ်ခြင်း ဖြစ်ပြီး အများအားဖြင့် အုပ်စုလိုက် ပြုလုပ်ကြသည်။ ရမဿွာန်လတွင် ကုရ်အာန်ကို ဂျွဇ်အ် အစောင်လိုက် ဖတ်ရွတ်ခြင်း ၊ ခသ်မေကုရ်အာန် အခမ်းအနား အပြင် ဖှာသီဟဟ် နှင့် မိုင်ယိဒ် အခမ်းအနားများတွင် ပြုလုပ်လေ့ရှိသည်။ ကုရ်အာန်အား အပိုင်း (၃၀) ခွဲ၍ ပိုင်းခြားခြင်းကို ဟီဂျရီ ပထမနှစ် သို့မဟုတ် ဟီဂျရီ ဒုတိယနှစ်တွင် ပြုလုပ်ခဲ့သည်။

ကုရ်အာန်ကို ဂျွဇ်အ် အစောင်လိုက် ဖတ်ရွတ်ခြင်း ၏ စန္နသ်

ကုရ်အာန်ကို ဂျွဇ်အ် အစောင်လိုက် ဖတ်ရွတ်ရာတွင် ကာရီ ရွတ်ဆိုသူသည် တစ်ဂျွဇ်အ် သို့မဟုတ် တစ်ဂျွဇ်အ် ထက်ပိုဖတ်ကာ ကျန်သူများသည် နားထောင်မည် သို့မဟုတ် တိုးတိုးလေးဖတ်ပြီး တီးတိုးလိုက်ဖတ်ကြသည်။ (1) ထိုသို့ဖတ်ရွတ်ခြင်းသည် ရမဿွာန်လ (2) နှင့် ခသ်မေကုရ်အာန် အခမ်းအနားများတွင် အသုံးများသည်။ ထို့အပြင် ဖှာသီဟဟ် နှင့် မိုင်ယိဒ် အခမ်းအနားများတွင် ကုရ်အာန် အဆောင် ၃၀ အား တစ်စောင်ချင်းစီ သို့မဟုတ် တစ်ပိုင်းစီ ခွဲဖတ်ကြပြီး များသောအားဖြင့် ကုရ်အာန် တစ်ခသမ် သို့မဟုတ် ၎င်းထက်ပို၍ ပြီးဆုံးအောင် ဖတ်ရွတ်ကြသည်။ (3) ကုရ်အာန်အား ဂျွဇ်အ် အစောင်လိုက် ဖတ်ရွတ်ခြင်း အွန်လိုင်းဖြင့်လည်း ပြုလုပ်ကြသည်။ (4)

ခသ်မေကုရ်အာန်

ခသ်မေကုရ်အာန် ဖတ်ရွတ်သည့် ပုံစံများ အနက်တစ်ခုမှာ ၊ ဂျွဇ်အ် အစောင်လိုက် ဖတ်ရွတ်ခြင်း ဖြစ်သည်။ အိမ် သို့မဟုတ် ဗလီ ၌ ပြုလုပ်သော ပွဲများတွင် ၊ တစ်ဦးချင်းစီတိုင်း ဂျွဇ်အ် တစ်စောင် သို့မဟုတ် ၎င်းထက်ပို၍ ဖတ်ရွတ်ကြသည်။ ထို့အပြင် ရမဿွာန်လတွင် နေ့စဉ်နေ့တိုင်း ကုရ်အာန် တစ်စောင်လိုက် ဖတ်ရွတ်ခြင်းဖြင့် လကုန်သွားသည့်အခါ ကုရ်အာန် တစ်အုပ်လုံး ကုန်သွားလေသည်။ (6) ဤနည်းဖြင့် အီရာန်နိုင်ငံတောင်ဘက်တွင် “ထိပ်တိုက်ရင်ဆိုင် ဖတ်ရွတ်ခြင်း” ဟုခေါ်သည်။ (7) ရမဿွာန်လတွင် နိုင်ငံအသီးသီး၌ ကုရ်အာန်ရွတ်ဆိုခြင်း အခမ်းအနားကို ကျင်းပကြသည်။ ဤအခမ်းအနားအား အီရန်ာရေဒီယိုနှင့် ရုပ်မြင်သံကြားတွင် အေမာမ်ရေဇွာ(အစ) နှင့် ဟဇရသ်မအ်စူမဟ် (စအ) တို့၏ ဘာသာရေးဆိုင်ရာ နေရာများမှ ထုတ်လွှင့်သည်။ (8)

ကုရ်အာန်ကို ဂျွဇ်အ် အစောင် အဖြစ် ပိုင်းခြားခြင်း

ကုရ်အာန်ကို ဂျွဇ်အ် အစောင် ၃၀ အဖြစ် ပိုင်းခြားခြင်းသည် ကုရ်အာန်ကို ဖတ်ရှုခြင်း၊ ကျက်မှတ်ခြင်း၊ သင်ကြားခြင်းနှင့် သယ်ဆောင်ခြင်းတို့ကို လွယ်ကူစေရန် ရည်ရွယ်ချက်ဖြင့် ဟီဂျရီ ပထမနှစ် သို့မဟုတ် ဒုတိယနှစ်၌ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ (9) ကုရ်အာန်ကို ဂျွဇ်အ် အစောင် ၃၀ အဖြစ် ပိုင်းခြားခြင်းကို ဟဂျာဂ်ျ ဗင်န် ယူစုဖ် စကဖီ (10) နှင့် မာအ်မူန် အဘ္ဘာစီ (11) တို့အား ပတ်သက်မှု ပေးထားသည်။ ဟီဂျရီ ရှစ်ရာစု သဖ်စီးရ် ပညာရှင် ဇဲရ်ကရှီးသည် ၊ ကုရ်အာန်ကို ဂျွဇ်အ် အစောင် ၃၀ အဖြစ် ပိုင်းခြားခြင်းကို ဘာသာရေးကျောင်းများ မှ ဖြစ်သည်ဟု လပ်ခံထားသည်။ (12) အီရာန်ကဲ့သို့သော အစ္စလာမ့်နိုင်ငံ အချို့တွင် ကုရ်အာန်၏ ဂျွဇ်အ် အစောင်များကိုလည်း ပုံနှိပ်ကာ ထုပ်ဝေကြသည်။ ဤကျမ်းတော်မြတ် ကုရ်အာန်များကို အစောင် ၃၀ ပုံစံဖြင့် ဖတ်ရွတ်ကြပြီး မိုင်ယိဒ်များ၏ အခမ်းအနားတွင် အသုံးပြုကြသည်။ (13)