ကိုရ်ဒူစ် ဗင်န် ဇိုဟိုင်းရ်

wikishia မှ

ကုရ်ဒူစ် ဗင်န် ဇိုဟိုင်းရ် ဗင်န် ဟာရီစ် သဂ်လဘီ (ဟီဂျရီ ၆၁ ရှဟီးဒ်)) ကရ်ဘလာ၏ ရှိုဟာဒါ နှင့် အေမာမ်အလီ (အစ)) ၏ နောက်လိုက်သားများ အနက်မှ ဖြစ်သည်။ ကိုရ်ဒူစ်သည် ဂျမလ်၊ ဆွီဖီးန် နှင့် နဟ်ရဝါးန် စစ်ပွဲများတွင် အေမာမ်အလီ (အစ)) ၏ တပ်များအနက်မှ ဖြစ်သည်။ ၎င်းသည် ကရ်ဘလာ အဖြစ်အပျက်တွင် ၎င်း၏ ညီအစ်ကိုများ ဖြစ်သော ကာစိသ်ွ နှင့် မက်စသ်ွ တို့နှင့်အတူ ညဘက်တွင် အေမာမ်ဟိုစိုင်းန်(အစ) ထံသို့ သွားရောက်ခဲ့ကြသည်။ ၎င်းသည် အာရှုရာနေ့၌ အွမ်ရ် ဗင်န် စအ်ဒ်၏ တပ်သားများမှ ပထမစစ်ဆင်ရေးတွင် ရှဟီးဒ် ဖြစ်ခဲ့သည်။

မျိုးရိုး

ကိုရ်ဒူစ် ဗင်န် ဇိုဟိုင်းရ် ဗင်န် ဟာရီစ် သဂ်လဘီ သည် သဂ်ရက်ဘ် မျိုးရိုးမှ ဖြစ်သည်။ ထို့ကြောင့် အဗ်ဆွာရုလ်အိုင်းန် စာအုပ်တွင် ၎င်း၏ အမည်သည် သဂ်ရဘီ ရှိုဟာဒါများ၏ အမှတ်စဉ်၌ လာရှိထားသည်။ (1) ဆွီဖီးနိ စစ်ပွဲတွင်လည်း ၎င်းအား ( သဂ်လဘ် မျိုးနွယ် ခေါင်းဆောင်၏ သား) ဟူ၍ ဖော်ပြထားသည်။ (2) ၎င်းအတွက် ကရ်ရှ်၊ ကရ်ဒူရှ် ဟူသော အခြားအမည်များကိုလည်း ဖော်ပြထားသည်။ ထို့အတူ ၎င်း၏ဖခင်ကို အဗ္ဗ်ဒုလ္လာဟ် ဗင်န် ဇိုဘိုင်းန် ဟူ၍လည်း ဆိုထားသည်။ (3)

ဂျမလ်၊ ဆွီဖီးန် နှင့် နဟ်ရဝါးန် စစ်ပွဲများတွင် ပါဝင်ခြင်း

မုဟမ္မ် ဗင်န် သွာဟိရ် စမာဝီ (ဟီဂျရီ ၁၂၉၂- ၁၃၇၀) သည် အဗ်ဆွာရုလ်အိုင်းန် စာအုပ်၌ ဖော်ပြထားချက်အရ၊ ကိုရ်ဒူစ်သည် ဂျမလ်၊ ဆွီဖီးန် နှင့် နဟ်ရဝါးန် စစ်ပွဲများတွင် အေမာမ်အလီ (အစ)) ၏ တပ်များအနက်မှ ဖြစ်သည်။ ထို့အတွက်ကြောင့်၊ စစ်ပွဲများ အထူးသဖြင့် ဆွီဖီးန် စစ်ပွဲ၌ လာရှိထားသည်။ (4) ထို့အတူ၊ စမာဝီသည် ၎င်းအား အေမာမ်ဟိုစိုင်းန် (အစ)) ၏ နောက်လိုက်သားများ အနက်မှ ဖြစ်သည်ဟူ၍လည်း ဖော်ပြထားသည်။ (5)

ကရ်ဘလာ၌ ရှဟီးဒ် ဖြစ်ခြင်း

ကိုရ်ဒူစ်သည် ကူဖှာ၌ နေထိုင်ပြီး ၊ အေမာမ်ဟိုစိုင်းန် (အစ)) ကရ်ဘလာသို့ ရောက်ရှိပြီးနောက် ၊ ၎င်း၏ ညီအစ်ကိုများ ဖြစ်သော ကိုရ်ဒူစ် နှင့် မက်စသ်ွ တို့နှင့်အတူ ညဘက်တွင် အေမာမ်ဟိုစိုင်းန်(အစ) ၏တပ်သားများနှင့် ပူးပေါင်းကာ အာရှုရာနေ့၌ အွမ်ရ် ဗင်န် စအ်ဒ်၏ တပ်သားများမှ ပထမစစ်ဆင်ရေးတွင် ရှဟီးဒ် ဖြစ်သွားခဲ့သည်။ (6) ဇေယာရက် သေ ရှိုဟဒါ၌၊ ၎င်း နှင့် ၎င်း၏ ညီအကို ဖြစ်သူ ကာစိသ်ွ အား «السلام علی قاسط و کردوس إبنی زهیر التغلبیین» ဟူသော စကားစုဖြင့် စလာမ် ပို့သထားပြီး ကရ်ဘလာ ရှိုဟဒါများ ဟူသော ခေါင်းစဉ်ဖြင့် ဖော်ပြထားသည်။ (7)