ကိုနာစဟ် ကူဖှာ

wikishia မှ

ကိုနာစဟ် ကူဖှာ ဆိုသည်မှာ ၊ ကူဖှာ၌ ရှိသည့် နေရာတစ်ခု ဖြစ်ပြီး (1) ထိုနေရာ၌ မွတ်စ်လင်မ် ဗင်န် အကီးလ် (2) ဟာနီ ဗင်န် အုရ်ဝဟ် (3) နှင့် ဇိုင်းဒ် ဗင်န် အလီ (4) တို့အား ကြိုးနိန့်ပေး ဆွဲချခဲ့သည့် နေရာဖြစ်သည်။ ထို့အတူ အချို့ ရေဝါယသ်များ၌ ၊ ထိုနေရာသည် အာခေရုလ်ဇာန် နှင့် သက်ဆိုင်ပြီး ၊ ကိုနာစဟ် ကူဖှာသည် အပြစ်ပေးသည့်နေရာ ဖြစ်ပြီး (5) ဗေဟာရုလ်အန်ဝါရ် ၌ လာရှိထားသည့် ရေဝါယသ်တစ်ခု အရ၊ ‌အေမာမ်ဇမာန်(အစ) မှ ဒဂျာလ်ကို လက်ဝါးကပ်တိုင်တွင် ရိုက်ထားမည့်နေရာ ဟူ၍ မိတ်ဆက်ထားသည်။ (6) ရေဝါယသ်တစ်ခုအရ၊ ကိုနာစဟ် ကူဖှာ သည် အိဗ်နေမိုလ်ဂျင်မ် မိုရာဒီ မြုပ်ထားသည့်နေရာ ဖြစ်သည် ဟူ၍ ဖော်ပြထားသည်။ (7)

        ကိုနာစဟ် ကူဖှာ သည် အခြားမြို့များနှင့် ကုန်သွယ်မှုအတွက် ကြီးမားသော နေရာတစ်ခုအဖြစ် သတ်မှတ်ထားသည်။ ကိုနာစဟ် ကူဖှာ၏ အစိတ်အပိုင်းတစ်ခုတွင် ကျွန်များနှင့် တိရိစ္ဆာန်များ ရောင်းဝယ်ဖောက်ကားသည့် စျေးကွက်များရှိသည်။ ထို့အပြင် လူများကို လက်ဝါးကပ်တိုင်တွင် ရိုက်ထားမည့် သီးသန့်နေရာ တစ်နေရာလည်း ရှိပေသည်။ (8) စိုင်ယိဒ် အဗ္ဗ်ဒုရ်ရဇာက် မိုကရ်ရမ် (ဟီဂျရီ ၁၃၉၁ ကွယ်လွန်) ၏ အဆိုအရ၊ ကိုနာစဟ် သည် ကျော်ကြားသော နေရာတစ်ခုဖြစ်သော်လည်း၊ ၎င်းနှင့် ဆက်စပ်‌ေနသာ့် အမှတ်အသားများ ပျောက်ဆုံးမှုကြောင့် ၎င်း၏ တည်နေရာကို ခန့်မှန်းဆုံးဖြတ်ရန် မလွယ်ကူပေ။ (9) သို့သော်၊ အချို့သည် ကူဖှာ ၏အနောက်ဘက်ခြမ်းရှိ ကိုနာစဟ် ကို ဤမြို့၏ ဝင်ပေါက်များထဲမှ တစ်ခုအဖြစ် ဖြစ်ပြီး (10) ကူဖှာ စျေးကွက်နှင့် ချိတ်ဆက်ထားသည်ဟု သတ်မှတ်ထားသည်။ (11) တစ်ဖက်တွင်မူ ၎င်းသည် သဲကန္တာရများနှင့် မြို့ပြင်ဒေသများ၌ အဆုံးသတ်ပေသည်။ (12) ဤနေရာသည် ကူဖှာဗလီ နှင့် စဟ်‌လဟ်ဗလီ ကြားတွင် တည်ရှိသည်ဟု အချို့သူများက ယုံကြည်ကြသည်။ (13) မိုကရ်ရမ်သည် စိုင်ယိဒ် မဟ်ဒီ ကဇ်ဝီနီ (ဟီဂျရီ ၁၃၀၀ ကွယ်လွန်) ၏ ရှုထောင့်ကို ပိုမိုလက်ခံပြီး ကိုနာစဟ် သည် ဇီကိဖ်လ်ရွာ၏ဘအရှေ့ဘက်တွင် တည်ရှိသည်ဟု ဆိုထားသည်။ ၎င်းဤသို့ ဆိုရသည့် အကြောင်းရင်းမှာ ဤနေရာ၌ ဇေယာရသ် လုပြုပ်သည့် နေရာတစ်ခု တည်ရှိပြီး ထိုနေရာကို ဇိုင်ဒ် ဗင်န် အလီ (ဟီဂျရီ ၁၂၂ ရှဟာဒသ်) ၏ ရုပ်အလောင်းအား လက်ဝါးကပ်တိုင်၌ ရိုက်ကာ မီးရှို့ခဲ့သည့်နေရာ ဖြစ်‌ကြောင်း ကိုးကားဖော်ပြထားသောကြောင့် ဖြစ်သည်။ (14) ကိုနာစဂ် သည် အရဗီစကား၌ အမှိုက်စုဆောင်းသည့်နေရာ ဟုဆိုလိုသည်။ (15) အဘယ်ကြောင့်ဆိုသော် ၊ ဗနီအစဒ် မျိုးနွယ်နှင့် ဗနီသမီးမ် မျိုးနွယ်စုတို့သည် ၎င်းတို့၏ အမှိုက်များကို ထိုနေရာတွင် ထားသောကြောင့် ဖြစ်သည်။ (16) ထိုနေရာကို ကိုနာစဟ် အာဆတ် ဟုခေါ်ဆိုခဲ့ကြပြီး နောက်ပိုင်းတွင် ကိုနာစဟ်ကူဖှာ ဟူ၍ ကျော်ကြားလာခဲ့သည်။ (17)