မာတိကာသို့ ခုန်သွားရန်

ကာဖေရ်များနှင့်ဆင်တူ ပြုခြင်း

wikishia မှ
ဤဆောင်းပါးသည် တရားစီရင်ရေးဆိုင်ရာ အယူအဆတစ်ခုအကြောင်း ဖော်ပြသည့် ဆောင်းပါးဖြစ်ပြီး ဘာသာရေးဆိုင်ရာ ကျင့်ထုံးများအတွက် စံသတ်မှတ်ချက်တစ်ခု မဟုတ်ပါ။ ဘာသာရေး အလေ့ အကျင့်များ အတွက် အခြားအရင်းအမြစ်များကိုလေ့လာ ရမည် ဖြစ်ပါသည်။
သောင်ဇီးဟိုလ်မစာအေလ် ကျမ်း

ကာဖေရ်များနှင့်ဆင်တူ ပြုခြင်း (အရဘီ : التشبه بالكفار) ဆိုသည်မှာ မွတ်စလင်မ်များ အနေဖြင့် မိမိတို့၏ တစ်ဦး ချင်းနှင့် စုပေါင်းဘဝတွင် ကာ‌ဖေရ်များနောက်လိုက်ခြင်း နှင့် မိမိကိုယ်ကို အား ၎င်းတို့ပမာ ပြုလုပ် ခြင်းကို ခေါ် ဆိုပါသည်။ ဓမ္မသတ်ပညာရှင်များ အနေဖြင့် ၎င်းတို့၏ အမျိုးအစားအချို့ကို ဟရာမ်အဖြစ် သတ်မှတ်ထားပါသည်။ သိပ္ပံနှင့်စက်မှုကိစ္စများတွင် ကာဖေရ်များကို အတုခိုးခြင်းကို ကာဖေရ်များနှင့်ဆင်တူ ပြုခြင်း အဖြစ် မသတ်မှတ်ထားချေ။ အချို့ ဓမ္မသတ်ပညာရှင်များ မှ ကာဖေရ်များနှင့်ဆင်တူ ပြုခြင်း အား ဖေက်အီ ကာအေဒဟ် (ဖေက်ဆိုင်ရာနည်းဥပဒေ) တစ်ခု အဖြစ်လက်ခံ ထားပါသည်။ ဖေက်အီ ကာအေဒဟ် (ဖေက်ဆိုင်ရာနည်းဥပဒေ) မှတဆင့်၊ အမျိုးမျိုး သော ကိစ္စရပ်များနှင့်စပ်လျဉ်းသည့် ရှရီအီအမိန့်များ ကိုရှင်းလင်းစွာ သိရှိရမည် ဖြစ်ပါသည်။ ဓမ္မသတ်ပညာရှင်များ အကြား ကာဖေရ်များနှင့်ဆင်တူ ပြုခြင်း နှင့်ပတ်သက်သည့် ရှရီအီ အမိန့် နှင့်ပတ်သက် ၍ အမြင်ကွဲလွဲမှုများ ရှိပါသည်။ ၎င်း ရှရီအီ အမိန့် များ မှ ဟိုရ်မသ်သေမိုသွလတ်က် ( လုံးဝ ဟရာမ်ဖြစ်ခြင်း ) ၊ ကရာဟသ် သေ မိုသွလတ်က် (လုံးဝ မကရူဟ်ဖြစ်ခြင်း ) နှင့် ဟိုရ်မသ်သေ မိုကယသ် ( သတ်မှတ် ဟရာမ် ဖြစ်ခြင်း ) စသည်တို့ ဖြစ်ပါသည်။ ရှီအဟ် ဓမ္မသတ်ပညာရှင်အများစု သည် ကာဖေရ်များနှင့်ဆင်တူ ပြုခြင်း တွင် ဟိုရ်မသ်သေ မိုကယသ် ( သတ်မှတ် ဟရာမ် ဖြစ်ခြင်း ) ကို လက်ခံ ယုံကြည် ကြပါသည်။ ရှီအဟ် ဓမ္မသတ် ပညာရှင်များ အနေဖြင့် ကျမ်းတော်မြတ် ကုရ်အာန် ၊ ဟဒီးစ်တော် နှင့် အက်လ်(ခ) အသိဥာဏ် ဆိုင်ရာ အထောက်အထား သက်သေများ ဖြင့် ကျိုးကြောင်းဆီလျော်သော ကာဖေရ်များနှင့်ဆင်တူ ပြုခြင်း ကိစ္စ ကို လက်ခံ ထား သော်လည်း ကာဖေရ်များနှင့်ဆင်တူ ပြုခြင်း ကိစ္စ တွင် အေသွာလတ်က် (အသုံးချမှု ) နှင့် အိုမူမီယသ်( ယေဘုယျ) သဘောကို လက်မခံကြချေ။

ကာဖေရ်များနှင့်ဆင်တူ ပြုခြင်း ကို သက်သေထူရန် အဒေလဟ်ဟေအရ်ဗအ်ဟ် ( ကုရ်အာန် ၊ စွန္နသ် ၊ အက်လ်၊ အစ်ဂျ်မအ်) ကိုကိုးကားကြပါသည်။ကျမ်းတော်မြတ်ကုရ်အာန် ၏ အာယသ်တော် များ မှ သုံးမျိုးသုံးစား ကို အကိုးအကား ပြုကြပါသည်။ ကာဖေရ်များနှင့်ဆင်တူ ပြုခြင်း အား လုံးဝတားမြစ်ထားသည့် အာယသ်တော် ၊ မွတ်စလင်မ်များ အနေဖြင့် ကာဖေရ်များ ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေခြင်း ၊၎င်းတို့နှင့် မိတ်ဆွေ ပြုခြင်း ကို သတိပေးသော အာယသ် နှင့် သီးသန့် ခေါင်းစဥ် တစ်ခု တွင် ကာဖေရ်များနှင့်ဆင်တူ ပြုခြင်း ကို တားမြစ်သည့် အာယသ်တော် ဖြစ်ပါသည်။ထို့အပြင် အချို့သော ဟဒီးစ်များသည် ယေဘုယျအားဖြင့် ကာဖေရ်များနှင့်ဆင်တူ ပြုခြင်း အကြောင်းဖြစ်ပြီး အချို့ကမူ ကာဖေရ်များနှင့်ဆင်တူ ပြုခြင်း သည်သီးသန့် ခေါင်းစဥ် အကြောင်း ဖြစ်ပါသည်။ ဉာဏရှု ထောင့်မှကြည့်လျှင် ကာဖေရ်များနှင့်ဆင်တူ ပြုခြင်း သည် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုနယ်ပယ်များတွင် မွတ်ဆလင်များအပေါ် ၎င်းတို့၏ လွှမ်းမိုးချုပ် ကိုင်မှုကို ဖြစ်ပေါ်စေသည့် အတွက်ကြောင့် ၎င်းကို တားမြစ်ထားခြင်း ဖြစ်ပါသည်။

ကာဖေရ်များနှင့်ဆင်တူ ပြုခြင်း ၏ အဓိပ္ပာယ် ဖွင့်ဆိုချက် နှင့် ၎င်း ၏ အ‌ရေးပါမှု

ကာဖေရ်များနှင့်ဆင်တူ ပြုခြင်း ဆိုသည်မှာ မွတ်စလင်များသည် တစ်ဦးချင်း နှင့် စုပေါင်း ဘဝဆိုင်ရာ ကိစ္စရပ်များတွင် ကာဖေရ် များနောက်သို့ လိုက်ကြခြင်းဖြစ်ပါသည်။ [1] ကာဖေရ်များနှင့်ဆင်တူ ပြုခြင်း ၏နိယာမသည် ရှရီအီ ၏ရှုထောင့်မှကန့်ကွက် ထားသည့် ကိစ္စ တစ်ခု ဖြစ်ပါသည်။ ဤကိစ္စတွင် ရှီအဟ် နှင့်စွန်နီ ဓမ္မသတ် ပညာရှင်များအကြားကွာခြားချက်မရှိချေ။ [2] သို့သော်လည်း ဟွတ်က်မေသက်လီဖီ (မဖြစ်မနေ ဆောင်ရွက်ရန်) နှင့် ၎င်း၏ အခြားအသေးစိတ်အချက်အချို့နှင့် ပတ်သက်၍ မွတ်စလင်မ် ဓမ္မသတ်များ အကြား သဘောထားကွဲလွဲမှုများ ရှိပါသည်။ [3]

ကာဖေရ်များနှင့်ဆင်တူ ပြုခြင်း ဖေက်ဟီ ဆိုင်ရာ ဥပဒေသ မဟုတ်သော်လည်း ဖေက်အီ ကာအေဒဟ် (ဖေက်ဆိုင်ရာနည်းဥပဒေ) တစ်ခု အဖြစ်လက်ခံထားပါသည်။ မိုကလစ်(သက္က်လီးဒ် လုပ်သူ) အနေဖြင့် ဖေက်အီ ကာအေဒဟ် (ဖေက်ဆိုင်ရာနည်းဥပဒေ) ကို စိစစ် ၍ ခေါင်းစဥ် မျိုးစုံ နှင့်ပတ်သက်သည့် ဖေက်ဟီဆိုင်ရာ အခန်းကဏ္ဍ များတွင် မိမိထမ်းဆောင်ရမည့် တာဝန်ကို ထင်ရှားစွာ သိမြင်ရမည် ဖြစ်ပါ သည်။ [4]

အေမာမ်မီယဟ် ဓမ္မသတ် ပညာရှင်များသည် ဝတ်ပြုရေး နယ်ပယ်တွင် အများအားဖြင့် ကာဖေရ်များနှင့် ဆင်တူ ပြုခြင်း ကိစ္စရပ်ဖြစ်သည့် နမာဇ်ဝတ်ပြုသည့် အဝတ်အစားများ၊ နမာဇ်ကို ပျက်ပြား စေခြင်း ၊ သဝါဖ်ပြု ခြင် အကြောင်းအရာများတွင် ထုတ်ဖော်ပြောဆိုခဲ့ကြပြီး အခြားသော တစ်ဦးချင်း နှင့် စုပေါင်းဘဝ ဆိုင်ရာ ကိစ္စရပ်များတွင် သိပ်ဂရုမစိုက်ကြပေ။ [5]

ကာဖေရ်များနှင့်ဆင်တူ ပြုခြင်း ဆိုင်ရာ ရှရီအီ တရားစီရင်ချက်

ကာဖေရ်များနှင့်ဆင်တူ ပြုခြင်း ၏ တရားစီရင်ရေးဆိုင်ရာ စီရင်ချက်တွင် ရှီအဟ် နှင့် စွန်နီ များကြားတွင် ရှုထောင့်အမျိုးမျိုးရှိပြီး ဟိုရ်မသ်သေမိုသွလတ်က် ( လုံးဝ ဟရာမ်ဖြစ်ခြင်း ) မှ ကရာဟသ် သေ မိုသွလတ်က် (လုံးဝ မကရူဟ်ဖြစ်ခြင်း ) အထိ ရှိပါသည်။ [6]

ဟိုရ်မသ်သေမိုသွလတ်က် ( လုံးဝ ဟရာမ်ဖြစ်ခြင်း ) - ဤစီရင်ချက် (အမိန့်) ကို စွန်နီ နှင့် အေမာမ်မီယဟ် ရှီအဟ် ဓမ္မသတ် ပညာရှင်အချို့ ၏ ကျော်ကြားသော ထင်မြင်ယူဆချက်အဖြစ် သတ်မှတ်ထားပါသည်။ [7] ဤရှုထောင့်မှကြည့်လျှင် မွတ်စဆလင်များနှင့် မွတ်စလင်မဟုတ်သူများ (ကာဖေရ် ၊ မွတ်ရ်ရေက် ၊ အဲဟ်လေ့ ကေသာဗ် (ဂျူး၊ခရစ်ယာန် ) နှင့် ယုတ်စွ အနောက်တိုင်းသားများ) နှင့်ဆင်တူ ပြု၍ တစ်ဦးချင်း နှင့် စုပေါင်း ဘဝဆိုင်ရာ ကိစ္စရပ်များတွင် ဘဝတည်ဆောက်ခြင်းသည် ဟရာမ် ဖြစ်ပါသည်။ [8] ဤသီအိုရီကို ယုံကြည် သူများအရ အမှန်တကယ် လုပ်ရပ်သည် မိုဗါဟ် ဖြစ်သလား၊ မဖြစ်သလား နှင့်ပတ်သက်ပြီး မိုကလစ် အနေဖြင့် သိသည်ဖြစ်စေ မသိသည် ဖြစ်စေ ထိုနည်းတူစွာ ကာဖေရ်များနှင့်ဆင်တူ ပြုရန် ရည်ရွလ်ချက် ရှိရှိ ပြုသည် ဖြစ်စေ မပြုသည် ဖြစ်စေ ထိုနည်းတူစွာ မည်သည့် မွတ်စလင်မ် တစ်ဦးဦး ပြုလုပ်သည်ဖြစ်စေ သို့မဟုတ် မည်သည့် မွတ်စလင်မ် အစိုးရ တစ်ခုခု ပြုလုပ်သည်ဖြစ်စေမည်သို့ မှ မကွာခြားချေ။ အခြေအနေတိုင်းတွင် ဤ လုပ်ရပ်သည် ဟရာမ် ဖြစ်ပါသည်။ [9]


အောက်ခြေ မှတ်စုများ

ကျမ်းကိုးများ