ကာစင်မ် ဗင်န် ဟဘီးဘ်

wikishia မှ

ကာစင်မ် ဗင်န် ဟဘီးဘ် ဗင်န် အဘီဘရှဲရ် အဇ်ဒီ သည် ကရ်ဘလာ၏ ရှိုဟဒါ တစ်ဦး ဖြစ်သည်။ ရှီးခ်သူစီ သည် မိမိရေးသားထားသည့် ရေဂျာလ်စာအုပ်၌ ၎င်းအား အေမာန်ဟိုစိုင်းန်(အစ) ၏ နောက်လိုက်သားများ အနက်နှ ဖြစ်သည်ဟု ဖော်ပြထားသည်။ (1) မုဟမ္မဒ် စမာဝီ သည် အိဗ်ဆွာရုလ်အိုင်းန် စာအုပ်၌ ကာစင်မ်ကို ကူဖှာ၏ စစ်သည်တော်များထဲမှ တစ်ဦးအဖြစ် မိတ်ဆက်ခဲ့သည်။ (2) စမာဝီ၏ ဖော်ပြချက်အရ၊ ၎င်းသည် အွမရ် ဗင်န် စအ်ဒ် နှင့်အတူ ကရ်ဘလာသို့ ထွက်လာခဲ့သည်။ သို့သော် ကရါဘလာသို့ ရောက်ရှိသည့်အခါ၊ အေမာန်ဟိုစိုင်းနိ (အစ) ဖြင့်ပူးပေါင်းခဲ့ပြီး အေမာမ်ဘက်မှ ရပ်တည်ခဲ့ရာ အာရှုရာနေ့ ၌ ပထမစစ်ဆင်ရေးတွင် ရှဟီးဒ် ဖြစ်သွားခဲ့သည်။ (3) ကာစင်မ် သည် အေမာမ်ဟိုစိုင်းန် (အစ)) ထံရောက်ရှိသည့်နေ့ကို မိုဟရမ်လ ငါးရက်နေ့ သို့မဟုတ် ခြောက်ရက်နေ့ ဟူ၍ သတ်မှတ်ထားသည်။ (4) ရှဟီးဒ် ဖြစ်သည့်အချိန် ၎င်း၏ အသက်မှာ ၊ လေးဆယ်ဖြစ်သည် ဟူ၍ ဖော်ပြထားသည်။ (5) ဇေယာရက်သေ ရှိုဟဒါ (6) နှင့် ဇေယာရက်သေ ရဂျဘီယဟ် အေမာမ်ဟိုစိုင်းန် (အစ) (7) တို့တွင် «السَّلَامُ عَلَى قَاسِمِ‏ بْنِ‏ حَبِیبٍ‏ الْأَزْدِی» ဟူ၍ ၎င်းအား စလာမ် ပို့သထားသည်။ ကာစင်မ်သည် အဇ်ဒ် မျိုးနွယ်မှ ဖြစ်သည်။ (8) ဇေယာရက်သေ ရဂျဘီယဟ် ၌ (9) က စင်မ် ဗင်န် ဟာရီစ် ကာဟိလီ ဟူသော အမည်ကို ဖော်ပြထားပြီး ယင်းမှာ ထို ကာစင်မ် ဗင်န် ဟဘီးဘ် ဖြစ်နိုင်သည် ဟူ၍ ယူဆထားကြသည်။ (10) ထို့အတူ၊ သစ်မီယဟ် ကုသိလ မအလ် ဟိုစိုင်းန် ၊ (ဟီဂျရီ ၂ ၌ရေးသားခဲ့သည်) စာအုပ်တွင်၊ ကာစင်မ် ဗင်န် ဘရှဲရ် ဟူသော အမည်ရှိသူကို၊ ကရ်ဘလာ၏ ရှိုဟာဒါများ အနက်မှ ဖြစ်သည်ဟု ဖော်ပြထားသည်။ (11) ထိုသူမှာ ကာစင်မ် ဗင်န် ဟဘီးဘ် ဖြစ်သည်ဟု ‌ယူဆထားကြသည်။ (12) ၎င်း၏ အမည်ကို ကာစင်မ် ဗင်န် ဘရှီးရ် ဟူ၍လည်း ‌ဖော်ပြထားသည်။ (13)