ကခုန်ခြင်း

wikishia မှ

ကခုန်ခြင်း (အာရဘီ - الرقص) ကခုန်ခြင်းဆိုသည်မှာ တီးလုံးအတိုင်းခန္ဓာကိုယ်အား အချိုးအစားညီညီလှုပ်ရှားခြင်းဖြစ်သည်။ များစွာသော ဓမ္မသတ်ပညာရှင်ကြီးတို့သည် ကခုန်ခြင်းကို ဟရာမ်ဟုသတ်မှတ်ထားကြသည်။သို့သော် အချို့ကမူ ဟရာမ်ကိစ္စပါဝင်သော ကခုန်ခြင်းသာ ဟရာမ်ဖြစ်သည်ဟု ဆိုကြသည်။ ဥပမာ - ရာဂစိတ်ကြွစေရန် ကခုန်ခြင်း ဖြစ်သည်။ အချို့သော ဓမ္မသတ်ပညာရှင်များကို ကခုန်ခြင်းကိုယ်၌သည် ဟရာမ်ဖြစ်သည်ဟုသတ်မှတ်ထားကြလေသည်။ သို့သော် အမျိုးသမီးတို့အကြား အမျိုးသမီးမှကခုန်ခြင်း နှင့် လင်ယောကျ်ားအတွက် ဇနီးဖြစ်သူမှ ကခုန်ခြင်းတို့သည် အခြားဟရာမ်ကိစ္စများနှင့် ရောယှက်နေမှုမရှိပါက ဟရာမ်မဟုတ်ပေ ဟု ဆိုထားကြသည်။

အဓိပ္ပါယ်

ကခုန်ခြင်းဆိုသည်မှာ တီးလုံးအတိုင်းခန္ဓာကိုယ်အား အချိုးအစားညီညီလှုပ်ရှားခြင်းဖြစ်သည်။ [၁]ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး ဓမ္မသတ်ပညာရှင်ကြီးများသည် ((မကာစိဘ်-ဘေ-မိုဟရမာဟ်)) ဟရာမ်ရောင်းဝယ်ဖေါက်ကားခြင်းများ နှင့် ((မဆာအိလ်-လေ-မိုဟဒ္ဒစာ)) အကြောင်းအရာအသစ်များ အခန်းဂဏ္ဠတွင် ပြောဆိုထားလေသည်။[၂]

ကခုန်ခြင်းနှင့်ပတ်သက်သောဥပဒေ

ကခုန်ခြင်းသည် ဓမ္မသတ်အခန်းဂဏ္ဠတွင် ယေဘုယျအမြင်နှစ်မျိုးရှိသည်။ ၎င်းတို့အတွင်းမှ ပထမအမြင်သည် ဓမ္မသတ်ပညာရှင်အများစု၏အမြင်ဖြစ်သည်။ ၎င်းမှာ ကခုန်ခြင်းကိုယ်၌သည် ဟရာမ်ဖြစ်သည်ဟူ၍ဖြစ်သည်။ [၃]သို့သော် ဒုတိယအမြင်မှာ- ကခုန်ခြင်းသည် ရာဂစိတ်ကို ကြွစေရန် ၊ အပြစ်ဂိုနာပြုသူကို[၄] ထောက်ခံအားပေးရန် နှင့် အပြစ်ဂိုနာဖြစ်စေပါက ဂျာအိဇ်မဟုတ် ဟုဖြစ်သည်။[၅] همچنین از نظر فقیهان نگاه کردن به رقص حکم خود رقص را دارد.[၆။ မကာရေမ်ရှီရာဇီ၊ အိစ်သိဖ်သာအာသ်၊ ဟိဂျရီ ၁၄၂၇၊ အတွဲ ၁၊ စာမျက်နှာ ၁၅၅၊ س ၅၃၆။] و در صورتی که موجب تحریک شهوت، تأیید و جر‌أت گناهکار و نیز ترتب فساد بشود، جایز نیست.[۷၇။ ခါမေနာအီ၊ အဂျူဘသွလ်အိစ်သိဖ်သာအာသ်၊ ဟိဂျရီ ၁၄၂၄၊ စာမျက်နှာ ၂၅၆၊ س ၁၁၆၉။]

ကခုန်ခြင်းဟရာမ်ဖြစ်စေသော အကြောင်းတရား

ဓမ္မသတ်ကျမ်းများတွင် ကခုန်ခြင်းဟရာမ်ဖြစ်စေသော အကြောင်းတရားများကို အောက်ပါအတိုင်းရေးသားထားကြသည်။၎င်းတို့မှာ-

  • ကခုန်ခြင်းသည် လဟ်ဝ်(အကျိုးအမြတ်မဲ့ပြီး လိင်ပိုင်းဆိုင်ရာအရသာခံမှု)လုပ်ရပ်သာဖြစ်ပြီး လဟ်ဝ်လုပ်ရပ်သည် ဟရာမ်ဖြစ်သည်။[၆]
  • တမန်တော်မြတ်(ဆွ)ထံမှ ဆင့်ပြန်ချက်တစ်ခုတွင် မည်သို့သောကခုန်ခြင်းမျိုးကိုမဆို တားမြစ်ထားပေသည်။[၇]
  • ကခုန်ခြင်းသည် အပြစ်ဂိုနာ၏ လမ်းစဖြစ်ပြီး အရှက်တရားကို ပပျောက်စေသည်။[၈]

ချွင်းချက်များ

များစွာသော ဓမ္မသတ်ပညာရှင်တို့သည် ကခုန်ခြင်းကို ဟရာမ်ဟု သတ်မှတ်ထားကြသော်လည်း ၎င်းနှင့်ပတ်သက်ပြီး ချွင်းချက်များကို ဖေါ်ပြပေးထားလေသည်။

  • ဇနီးမောင်နှံနှစ်ဦးအကြား တစ်ဦးအတွက်တစ်ဦးကခုန်ခြင်း- အချို့သော ဓမ္မသတ်ပညာရှင်ကြီးများသည် ဇနီးဖြစ်သူသည် မိမိလင်ယောကျ်ားအတွက်ကခုန်ခြင်းကို ဂျာအီဇ် ဟု ဆိုထားကြသည်။[၉] ဇနီးမောင်နှံနှစ်ဦးအကြား တစ်ဦးအတွက် တစ်ဦးကခုန်မှု ဂျာအိဇ်ဖြစ်သည်။[၁၀]အချို့သော ဓမ္မသတ်ပညာရှင်ကြီးများသည်ဂျာအိဇ်ဖြစ်ပေဆိုသည်မှာ[၁၁]အခြားဟရာမ်ကိစ္စတစ်စုံတစ်ရာ ပါဝင်မှုမရှိစေရပါ။[၁၂] အာယသုလ္လာဟ် ဗဟ်ဂျသ်သည် ဇနီးမောင်နှံနှစ်ကိုယ်အကြား ကခုန်ခြင်းကိုလည်း ဟရာမ်ဟု သတ်မှတ်ထားသည်။[၁၃]
  • အမျိုးသမီးတို့အကြား အမျိုးသမီးကခုန်ခြင်း- အချို့သော ဓမ္မသတ်ပညာရှင်ကြီးတို့၏ အမြင်အရ ကခုန်ခြင်းကိုယ်၌သည် ဟရာမ်ဖြစ်သော်လည်း အမျိုးသမီးတို့အကြား အမျိုးသမီးကခုန်ခြင်းမှာ ဂျာအိဇ်ဖြစ်ပေသည်။[၁၄] သို့သော် ထိုသို့ဂျာအီဇ်ဖြစ်မှုတွင် ကခုန်ခြင်း၌ အခြားသော ဟရာမ်ကိစ္စဖြစ်သည့် ဂေနာ (တေးဂီတ)ပါဝင်မှုမရှိစေရပါ။ ထို့အပြင် မည်သည့်အမျိုးသားတစ်ဦးတစ်ယောက်မှ ထိုနေရာတွင်မရှိစေရပါ ။ သွေးသားအရင်းအခြာ အမျိုးသားပင်ဖြစ်ပါစေ။[၁၅]

စေမာအ်

စူဖီများသည် စေမာအ်မည်သော ကခုန်ခြင်းမျိုးကို ၎င်းတို့၏သီးသန့်အချိန်နှင့် နေရာများတွင် ကျင်းပပြုလုပ်ကြလေသည်။ ၎င်းသူတို့သည် ထိုသို့ ကခုန်ခြင်းကြောင့် စိတ်၏ခွန်အားကို ပိုမိုအားကောင်းစေပြီး အလ္လာဟ်နှင့် နီးစပ်မှုကို ဖြစ်စေသည်ဟုယုံကြည်ကြ၏။ [၁၆]သို့သော် အချို့သော စူဖီများသည် တေးသံနှင့် ကခုန်ခြင်းကို စူဖီတို့အဖို့ ဂျာအီဇ်ဖြစ်သည်ဟု မမြင်ကြပါ။[၁၇]

မှတ်စုများ

  1. မဟရ်ဘာနီ၊ (ရက်စ်), စာမျက်နှာ ၂၁၅။
  2. ဒါအေရသွလ်မအာရိဖ် ဖိက်ဟ်ဖာရ်စီဌာန၊ ဖရ်ဟန်ရ်ဖိက်ဟ်၊ အီရန်သက္ကရာဇ် ၁၃၈၄၊ အတွဲ ၄၊ စာမျက်နှာ ၁၂၄။
  3. ဥပမာအဖြင့် ဂွလ်ပိုယ်ဂါနီသိုကြည့်ပါ၊ အိရ်ရှာဒ်အလ်ဆာအိလ်၊ ဟိဂျရီ ၁၄၁၄၊ စာမျက်နှာ ၁၅၆; မွန်သဇေရီ၊ ရေဆာလဟ် အိစ်သိဖ်သာအာသ်၊ ဘီသာ၊ အတွဲ ၁၊ စာမျက်နှာ ၁၄၄; စစ္စသာနီ၊ အလ်ဖသာဝီ အလ်မစီရဟ်၊ ဟိဂျရီ ၁၄၁၆၊ စာမျက်နှာ၄၃၆ နှင့် ၄၃၇; မကာရေမ်ရှီရာဇီ၊ အိစ်သ်ဖ်သာအာသ်ဂျဒီးဒ်၊ ဟိဂျရီ ၁၄၂၇၊ အတွဲ ၁၊ စာမျက်နှာ ၁၅၅။
  4. ခွီး၊ ဆွေရာသ်နေဂျာသ်၊ ဟိဂျရီ ၁၄၁၆၊ အတွဲ ၁၊ စာမျက်နှာ ၃၇၂။
  5. ခါမေနာအီ၊ အဂျူဘသွလ်အိစ်သိဖ်သာအာသ်၊ ဟိဂျရီ ၁၄၂၄၊ စာမျက်နှာ ၂၅၆။
  6. အူရ်ဒဘီလီ၊ ရေဆာလဟ် ဖီ ဂေနာအ်၊ ဟိဂျရီ ၁၄၁၈၊ စာမျက်နှာ ၂၇; သဗ်ရီဇီ၊ အိစ်သိဖ်သာအာသ်ဂျဒီးဒ်၊ အတွဲ ၁၊ စာမျက်နှာ ၂၁၉။
  7. မွန်သဇေရီ၊ ရေဆာလဟ် အိစ်သိဖ်သာအာသ်၊ ဘီသာ၊ အတွဲ ၁၊ စာမျက်နှာ ၁၄၄။
  8. ဖာဇိလ် လန်ကရာနီ၊ ဂျာမေအ်မဆာအိလ်၊ ဟိဂျရီ ၁၄၂၅၊ စာမျက်နှာ ၄၄၃။
  9. သဗ်ရီဇီသိုကြည့်ပါ၊ ဆွေရာသ်နေဂျာသ်၊ ဘီသာ၊ အတွဲ ၅၊ စာမျက်နှာ ၃၈၅; ရှီရာဇီ၊ အိစ်သိဖ်သာအာသ်ဂေနာ၊ ဘီသာ၊ စာမျက်နှာ ၄၈; မကာရိမ်ရှီရာဇီ၊ အိစ်သိဖ်သာအာသ်ဂျဒီးဒ်၊ ဟိဂျရီ ၁၄၂၇၊ အတွဲ ၁၊ စာမျက်နှာ ၁၅၅။
  10. သဗ်ရီဇီ၊ ဆွေရာသ်နေဂျာသ်၊ ဘီသာ၊ အတွဲ ၅၊ စာမျက်နှာ ၃၈၅; ရှီရာဇီ၊ အိစ်သိဖ်သာအာသ်ဂေနာ၊ ဘီသာ၊ စာမျက်နှာ ၄၈။
  11. မကာရိမ်ရှီရာဇီ၊ အိစ်သိဖ်သာအာသ်ဂျဒီးဒ်၊ ဟိဂျရီ ၁၄၂၇၊ အတွဲ ၁၊ စာမျက်နှာ ၁၅၅။
  12. ခါမေနာအီ၊ အဂျူဘသွလ်အိစ်သိဖ်သာအာသ်၊ ဟိဂျရီ ၁၄၂၄၊ စာမျက်နှာ ၂၅၇၊ س ၁၁၇၂။
  13. ဘဟ်ဂျသ်၊ အိစ်သိဖ်သာအာသ်၊ ဟိဂျရီ ၁၄၂၈၊ အတွဲ ၄၊ စာမျက်နှာ ၅၃၁။
  14. ဖာဇိလ်လန်ကရာနီ၊ အဂျူဘသူလ်ဆာအေလီးန်၊ ဟိဂျရီ ၁၄၁၆၊ စာမျက်နှာ ၁၄၈; သဗ်ရီဇီ၊ အိစ်သိဖ်သာအာသ်ဂျဒီးဒ်၊ ဘီသာ၊ အတွဲ ၂၊ စာမျက်နှာ ၂၁၉။
  15. သဗ်ရီဇီသိုကြည့်ပါ၊ အိစ်သိဖ်သာအာသ်ဂျဒီးဒ်၊ ဘီသာ၊ အတွဲ ၂၊ စာမျက်နှာ ၂၁၉။
  16. နောင်ရူဇီ သွလဘ်၊ ( မိုတွလေအဟ် သတ်ဘီကီ ရက်ဆ် ရှီဝါ နှင့် ရက်ဆ် စမာအ် )စာမျက်နှာ ၁၉။
  17. ကာရှာနီ၊ မိစ်ဘာဟ် ဟေဒါရာ၊ အီရန်သက္ကရာဇ် ၁၃၇၆၊ စာမျက်နှာ ၁၇၈။

ကျမ်းကိုးမျာ

  • အူရ်ဒဘီလီ၊ မီရ်ဇာယူစွဖ်၊ ရေဆာလဟ် ဖီ ဂေနာ၊ အလီအက္ကဘရ်ဇမာနီနေဂျာသ်၏ ပြင်ဆင်မှုနှင့်သုတေသန၊ ကွမ်မြို၊ မိရ်ဆွာဒ်၊ ပထမအကြိမ်ပုံနှိပ်၊ ဟိဂျရီ ၁၄၁၈။
  • ဘဟ်ဂျသ်၊ မိုဟမ္မဒ်သကီ၊ အိစ်သိဖ်သာအာသ်၊ ကွမ်မြို၊ ဟဇရသ်အယသွလ္လာဘဟ်ဂျသ်ရုံး၊ ပထမအကြိမ်ပုံနှိပ်၊ ဟိဂျရီ ၁၄၂၈။
  • သဗ်ရီဇီ၊ ဂျဝါဒ်၊ အိစ်သိဖ်သာအာသ်ဂျဒီးဒ်၊ ပထမအကြိမ်ပုံနှိပ်၊ ဘီသာ။
  • သဗ်ရီဇီ၊ ဂျဝါဒ်၊ ဆွေရာသ်အလ်နေဂျာသ်၊ ဘီသာ။
  • ခါမေနာအီ ၊ ဆိုင်န်ယီဒ်အလီ၊ အဂျူဘသူလ်အိစ်သိဖ်သာအာသ်၊ ကွမ်မြို၊ ကွမ်မြိုရှိမကာမ်မိုအဇ်ဇွမ်ရဟ်ဘရီရုံး၊ ပထမအကြိမ်ပုံနှိပ်၊ ဟိဂျရီ ၁၄၂၄။
  • ခွီး၊ ဆိုင်န်ယီဒ်အဘူလ်ကာဆင်မ်၊ ဆွေရာသ်အလ်နေဂျာသ်၊ ကွမ်မြို၊ မက်သဘ်နရှ်ရ်မွန်သခဗ်၊ ပထမအကြိမ်ပုံနှိပ်၊ ဟိဂျရီ ၁၄၁၆။
  • စစ္စသာနီ၊ ဆိုင်န်ယီဒ်အလီ၊ အလ်ဖသာဝီ အလ်မစီရဟ်၊ ဆိုင်န်ယီဒ်အဗ်ဒူလ်ဟာဒီဟကီးမ်၏စုစည်းမှု၊ ကွမ်မြို၊ အာယသွလ္လာစစ္စသာနီရုံး၊ ပထမအက်ြမ်ပုံနှိပ်၊ ဟိဂျရီ ၁၄၁၆။
  • ရှီရာဇီ၊ ဆိုင်န်ယီဒ်ဆွာဒေက်၊ အိစ်သိဖ်သာအာသ်အလ်ဂေနာ၊ ဘီသာ။
  • ဖာဇိလ် လန်ကရာနီ၊ မိုဟမ္မဒ်၊ အဂျူဘသူလ်ဆာအေလီးန်၊ ကွမ်မြို၊ အာယသွလ္လာဖာဇိလ်လန်ကရာနီ၏ရုံး၊ ပထမအက်ြမ်ပုံနှိပ်၊ ဟိဂျရီ ၁၄၁၆။
  • ဖာဇိလ် လန်ကရာနီ၊ မိုဟမ္မဒ်၊ ဂျာမေအ်အလ်မဆာအိလ်၊ ကွမ်မြို၊ အမီးရ်ကလမ်၊ ပထမအကြိမ်ပုံနှိပ်၊ ဟိဂျရီ ၁၄၂၅။
  • ကာရှာနီ၊ အီဇ်ဇွဒ်ဒီးန်မဟ်မူဒ်၊ မိဆ်ဘဟ် အလ်ဟေဒါယဟ် နှင့် မိဖ်သဟ် အလ်ကေဖာယဟ်၊ ဂျလာလ်လွဒ္ဒီးန်ဟမာယီ၊ တီဟ်ရန်မြို၊ ဟမာဖြန့်ချီရေး၊ အီရန်သက္ကရာဇ် ၁၃၇၆။
  • ဂွလ်ပိုင်ရ်ဂါနီ၊ ဆိုင်န်ယီဒ်မိုဟမ္မဒ်ရေဇာ၊ အိရ်ရှာဒ်အလ်ဆာအိလ်၊ ဘေရွသ်မြို၊ ဒါရ်ရူလ်ဆွဖ်ဝါ၊ ဒုတိယအကြိမ်ပုံနှိပ်၊ ဟိဂျရီ ၁၄၁၄။
  • မကာရီမ်‌ရှီရာဇီ၊ နာဆိရ်၊ အိစ်သိဖ်သာအာသ်ဂျဒီးဒ်၊ ကွမ်မြို၊ အေမာမ်အလီ ဘင်န် အဘီတွာလီဗ်(အ စ)ကျောင်းဖြန့်ချီရေး၊ ဟိဂျရီ ၁၄၂၇၊ မွန်သဇေရီ၊ ဟိုစိုင်န်အလီ၊ ရေဆာလဟ်အိစ်သိဖ်သာအာသ်၊ ကွမ်မြို၊ ပထမအကြိမ်ပုံနှိပ်မှု၊ ဘီသာ။
  • မွန်သဇေရီ၊ ဟိုစိုင်န်အလီ၊ ရေဆာလဟ် အိစ်သိဖ်သာအာသ်၊ ကွမ်မြို၊ ပထမအကြိမ်ပုံနှိပ်၊ ဘီသာ။
  • မဟရ်ဘာနီ၊ အမီးန်၊ (ရက်ဆ်)၊ အစ္စလာမ့်ကမ္ဘာစွယ်စုံကျမ်းတွင်၊ တီဟ်ရန်မြို၊ ဖရ်ဟန်ဂ်ဂီ ဟိုနရီ ‌ကိသာဘ် မရ်ဂျအ် ဌာန၊ အီရန်သက္ကရာဇ် ၁၃၉၄။
  • ဒါအေရသွလ်မအာရိဖ် အစ္စလာမီဌာန၊ မဇ်ဟဗ်အဟ်လေဘိုသ်(အ စ)ဖြင့်ကိုက်ညီသော ဖရ်ဟန်ရ်ဖိက်ဟ်၊ ကွမ်မြို၊ ဒါအေရသွလ်မအာရိဖ်ဖိက်ဟ်အစ္စလာမီဖြန့်ချီရေး၊ ပထမအကြိမ်ပုံနှိပ်မှု၊ အီရန်သက္ကရာဇ် ၁၃၈၉။
  • နောင်ရူဇ်သွလဘ်၊ အလီရေဇာ၊ အာဒေလူနဒ်၊ (မိုတွလေအဟ် သတ်ဘီကီ ရက်ဆ် ရှီဝါ နှင့် ရက်ဆ် စမာအ်)၊ ဖြစ်ရပ်၊ ဘာဂ်နဇရ်မဂ္ဂဇင်းတွင်၊ တီဟ်ရန်မြို၊ အနုပညာသုတေသနဌာနချုပ်၊ နဇရ်ဗိသုကာပညာ နှင့် မြိုပြစီမံကိန်း၊ အီရန်သက္ကရာဇ် ၁၃၉၃။