မာတိကာသို့ ခုန်သွားရန်

ခါသမွန်နဘီယီးန် (ဘွဲ့တော်)

wikishia မှ
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.
ဤဆောင်းပါး သည် ခါသမွန်နဘီယီးန် (ဘွဲ့တော်) ၏ ခေါင်းစဉ်အကြောင်းဖြစ်ပါသည်။ တမန်တော်မြတ်(ဆွ) ၏ ဘဝ သမိုင်းနှင့် စရိုက်လက္ခဏာ တော် သိရှိရန် တမန်တော် မိုဟမ္မဒ်(ဆွ) ဆောင်းပါး ကို ကြည့်နိုင်ပါသည်။
မတ်စ်ဂျစ်ဒွန်နဘီ (ဆွ) ၊မဒီနာ မြို့

ခါသမွန်နဘီယီးန် (အရဘီ : خاتَم الأنبياء أو خاتَم النبيين) နှင့် ခါသမိုလ်အန်ဗီယဟ် ဆိုသည်မှာ ကျမ်းတော်မြတ် ကုရ်အာန်၏ စကားစု ဖြစ်ပြီး ဟဇရသ် မိုဟမ္မဒ်ဘင်န် အဗ်ဒိုလ္လာဟ် (ဆွ) ၏ ဘွဲ့တော်များ မှ ဖြစ်ပြီးကိုယ်တော် မြတ် (ဆွ) ၏ နဘူဝသ် နှင့် နဘူဝသ် အဆုံးသတ်ခြင်း ကို ဖော်ပြနေခြင်းဖြစ်ပါသည်။ [1] ခါသမွန်နဘီယီးန် ၏ အနက် အဓိပ္ပာယ် ကို ကျမ်းတော်မြတ်ကုရ်အာန် စူရဟ် အဲဟ်ဇာဗ် ၏ အာယသ်တော်အမှတ် ၄၀ တွင် ဖော်ပြ လာရှိပြီး အာယသ်သေ ခါသမီယသ် အမည်ဖြင့် ကျော်ကြားပါသည်။ [2]

ဤ အနက် အဓိပ္ပာယ်ဖွင့်ဆိုချက်နှစ်ခုကိုအေမာမ် (အ.စ) ထံမှ ကိုးကားထားသော ဟဒီးစ်တော် များနှင့် စကား စုများ ပမာအားဖြင့် ဒိုအာယေ ဆဟီးဖဟ်စဂျာဒီယဟ် ၏ ဒိုအာအမှတ်ခုနှစ် ၊ ဆစ်ဖီးန်စစ် ပွဲတွင် မိန့်ကြား တော် မူခဲ့သည့် အေမာမ် အလီ (အ.စ) ၏ ခွသ်ဗဟ် အချို့ [3] ကိုရ်ဘိုလ်အစ်နာဒ် ၏ စာအုပ်တွင် အေမာမ် အလီ (အ.စ) ၏ ဟဒီးစ်တော် [4] အူစူလေကာဖီကျမ်း[5] ၏ ရီဝါယသ် တော်များ တွင် အသုံးပြုထား ပါ သည်။

၁၂ ရာစုတွင် ပေါ်ထွန်းလာသည့် ဘာသာတရားသစ်တစ်ခု ကိုလက်ခံသူ ဘဟာအီများ အနေဖြင့် ခါတမ် ဟူသော ဝေါဟာရသည် လက်စွပ် ၏ ကျောက် [6] ဟုအဓိပ္ပာယ်ရပြီး တမန်တော်မြတ် (ဆွ) ၏ အထူး ရာထူးကို ညွှန်ပြခြင်းဖြစ်ကြောင်း တမန်တော်မြတ် (ဆွ) အား တမန်တော်များ (အ.စ) ၏ ကျက်သရေ မင်္ဂလာ ဖြစ် ကြောင်း နဘူဝသ် ကိုအဆုံးသတ် ခြင်း ဆိုသည့် အဓိပ္ပာယ် မဟုတ်ကြောင်းဆိုထား ကြပါ သည်။ [7] အချို့က လည်း ကုရ်အာန် သည် ခါသမွန်နဘီယီးန် ဟူသော ဝေါဟာရ အား ခါသမိုလ်မိုရ်စလီးန် အဖြစ် သုံးထားခြင်း မဟုတ်ကြောင်း ဤအတွက် ကြောင့် တမန်တော်မြတ်(ဆွ) သည် နောက်ဆုံးသောရစူလ် တမန်တော် မဟုတ်ဘဲ နောက်ဆုံးနဘီ သာဖြစ်ကြောင်း တမန်တော်မြတ် (ဆွ) ပြီးနောက် တခြား ရစူလ် တမန်တော် ကို လည်းစေလွတ်နိုင်ကြောင်း ဟု ဆိုထားကြပါသည်။ [8]

မွတ်စလင်မ်ပညာရှင်များက တုံ့ပြန် အဖြေပေးရာတွင် ခါတမ် ၏ မူလ အဓိပ္ပာယ် မှာ နိဂုံးချုပ်အဆုံးသတ်ပေးသည် အရာ ဟု အဓိပ္ပါယ်ရပြီး လက်စွပ်ကို လည်းခါတမ် ဟုခေါ်ဆိုပါသည်။ လက်စွပ် အား အဘယ်ကြောင့် ခေါ်ဆို ရ သည် ဆိုသော် ယခင်က စာများကို အဆုံးသတ်သည့် အခါ လက်စွပ် ၏ တံဆိပ်ခတ်ထားပြီး အဆုံးသတ် ထားသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် "အလှဆင်ခြင်း" ဟူသော စကားလုံးတွင် "ခါတမ် " ဟူသော စကားလုံးကို အသုံးပြုခြင်းသည် ကျမ်းတော်မြတ် ကုရ်အာန် အာယသ်တော် အဓိပ္ပါယ် နှင့် ဆန့်ကျင်ဘက် ဖြစ်နေ ပါသည်။ [9] ထို့အပြင် နမူနာအဓိပ္ပာယ်ဖွင့်ဆိုချက်တွင် ဖော်ပြထားသည့်အတိုင်း တမန်တော်၏ အဆင့် သည် နဘူဝသ် အဆင့်ထက်မြင့်ပြီး မည်သူမဆို တမန်တော် (ရစူလ်) ဖြစ်ပြီးမှ နဘီ ဖြစ် ပါသည်။ ရလဒ်အနေနှင့်ဖြင့် (အဆင့်နည်းသည့်) နဘူဝသ် အဆုံးသတ်သောအခါ (အဆင့်မြင့်သည့်) ရေစာလသ် သည် လည်း ပထမနည်းလမ်းဖြစ် အဆုံးသတ်ပြီးသွားဖြစ်ပေသည်။ [10]

အီရန် နှင့် အခြားသော အစ္စလာမ်မစ် နိုင်ငံများတွင် အချို့သော ဗလီ ဝတ်ကျောင်းတော် များ စာသင်ကျောင်း များ တက္ကသိုလ်များ စသည်တို့ကို ခါသမွန်နဘီယီးန် နှင့် ခါသမိုလ်အန်ဗီယဟ် ဟူ၍ အမည် ပေးထားပါ သည်။ [11] ထိုနည်းတူစွာ ဤဘွဲ့ မှ နှုတ်ယူထားသော စကားစုများဖြစ်သည့် ပမာအားဖြင့် «السَّلامُ علی خاتَم النَّبیین» အဓိပ္ပာယ် "ငြိမ်းချမ်းမင်္ဂလာအဖြာဖြာသည် နောက်ဆုံးတမန်တော်မြတ် (ဆွ) ပေါ်သို့ကျရောက်ပါစေ ။" စာသားအားလက်စွပ်များတွင် တပ်သည့်ကျောက်များပေါ်တွင်ရေးထွင်းပြီး အသုံးပြုကြပါသည်။

ဆက်နွယ်နေသည့် ဆောင်းပါး

*ရဟ်မသွန်လစ်လ်အာလေမီးန်

အောက်ခြေ မှတ်စုများ

ကျမ်းကိုးများ