အဲဟ်လေစွန္နသ်တို့အလေးအမြတ်ထာသည်းအရာများအား ပုတ်ခတ်ခြင်းမှာ ဟရာမ်ဖြစ်ကြောင်းဖှသ်ဝါ

wikishia မှ

အဲဟ်လေစွန္နသ်တို့အလေးအမြတ်ထားသည်အရာများအား ပုတ်ခတ်ခြင်းမှာ ဟရာမ်ဖြစ်ကြောင်း (အာရဘီ - فتوى تحريم الإساءة لمقدسات أهل السنة) ဖှသ်ဝါ၎င်းမှာ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ၏ ခေါင်းဆောင်ကြီး အာယာသွလ္လာဟ် ခါမေနအီ၏ ဖှသ်ဝါ ဖြစ်ပြီး အဲဟ်လေ့ စွန္နသ်တို့၏အထိမ်းအမှတ်များနှင့်တမန်တော်မြတ်(ဆွ)၏ ကြင်ယာတော်များ ကိုပုတ်ခတ်ပြောဆိုခြင်းသည် ဟရာမ်ဖြစ်ကြောင်း ဖှသ်ဝါဖြစ်သည်။ ဤဖှသ်ဝါသည် ကူဝိတ်နိုင်ငံသား ရှီအာဟ်ပညာရှင် ယာစိရ် အလ်ဟဗီးဗ်မှ တမန်တော်မြတ်(ဆွ)၏ဇနီး သည် အာယေရှဟ်ကို ပုတ်ခတ်ပြောဆိုခြင်းကို တုံ့ပြန်သောအားဖြင့်လည်းကောင်း၊ ဆော်ဒီအာရေးဗျနိုင်ငံသား ရှီအာဟ် ပညာရှင်များတစ်စု၏ဖှသ်ဝါမေးမြန်းချက်ကိုအဖြေပေးသောအားဖြင့်လည်းကောင်း ထွက်ရှိလာခြင်းဖြစ်သည်။

အဲဟ်လေစွန္နသ်တို့အလေးအမြတ်ထားသည်များအားပုတ်ခတ်ခြင်းမှာ ဟရာမ်ဖြစ်ကြောင်းဖှသ်ဝါသည် အာရဗ်မီဒီယာများတွင် များစွာဖော်ပြခြင်းခံခဲ့ရသည်။ ထိုနည်းတူ ရှီအာဟ်နှင့်စွန္နီပညာရှင်အကြီးအကဲများအချို့ကလည်း ထိုဖှသ်ဝါသည် မွတ်စ်လင်မ်များစည်းလုံးညီညွှတ်ရေးကို အလွန်အထောက်အကူပြုကြောင်း မှတ်ချက်များပြုထားကြ သည်။

အကြောင်းအရင်းများ

အဲဟ်လေစွန္နသ်တို့အလေးအမြတ်ထားသည်များအားပုတ်ခတ်ခြင်းမှာ ဟရာမ်ဖြစ်ကြောင်းဖှသ်ဝါသည် ကူဝိတ်နိုင်ငံ သားရှီအာဟ်ပညာရှင် ယာစိရ်အလ်ဟဗီးဗ်မှ တမန်တော်မြတ်(ဆွ)၏ဇနီးသည် အာယေရှဟ်ကို ပုတ်ခတ်ပြောဆိုပြီး နောက်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ အလ်ဟဗီးဗ်သည် အဲဟ်လေစွန္နသ်တို့အထူးအလေးအမြတ်ထားသည့် အာယေရှဟ်နှင့် အိုမရ်ဗင်န်ခသွ်သွားဗ်တို့ကို ပုတ်ခတ်ပြောဆိုခဲ့သည်။[၁]

သူသည် ဟစ်ဂျရီ(၁၄၃၁)ခုနှစ်တွင် တမန်တော်မြတ်(ဆွ)၏ဇနီးသည် အာယေရှဟ်ကွယ်လွန်ခြင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ပျော်ပွဲရွှင်ပွဲတစ်ရပ်ကို လန်ဒန်တွင် ပြုလုပ်ခဲ့ပြီး ၎င်း၌ အာယေရှဟ်ကို ဆန့်ကျင်ပုတ်ခတ်သည့် အကြောင်းအရာများ ပြောဆိုခဲ့သည်။[၂] ယာစိရ် အလ်ဟဗီးဗ်သည် ထိုပျော်ပွဲရွှင်ပွဲကို ‘ဖှေဒက်’အမည်ရှိ သူ၏ဂြိုလ်တု ရုပ်သံလိုင်းမှထုတ်လွှင့်ခဲ့သည်။[၃] ဒုတိယခလီဖှဟ်ကွယ်လွန်သည့်နှစ်ပတ်လည်နေ့၌လည်း သူသည် ပျော်ပွဲရွှင်ပွဲတစ်ရပ် ကျင်းပခဲ့ပြီး ထိုအစီအစဉ်ကို သူ၏ဂြိုလ်တုရုပ်သံလိုင်းမှပင် ထုတ်လွှင့်ခဲ့သည်။[၄]

အလ်ဟဗီးဗ်၏ပြောကြားမှုများပျံ့နှံ့လာမှုသည် အဲဟ်လေစွန္နသ်တို့ကိုဒေါသထွက်စေခဲ့ကြပြီး တုန့်ပြန်မှုများလည်း ဖြစ်စေခဲ့သည်။ ထိုနည်းတူ အစ္စလာမ့်ကမ္ဘာ၌ အထူးသဖြင့် စွန္နီအများစုနေထိုင်ရာနိုင်ငံများ၌ ထကြွမှုများစွာရှိလာခဲ့သည်။ ထို့ပြင် ကူဝိတ်နိုင်ငံနှင့် ဆော်ဒီအာရေးဗျရှိ ရှီအာဟ်များအဖို့လည်း အခက်အခဲများစွာ ဖြစ်လာခဲ့သည်။ [၅] ဆော်ဒီနိုင်ငံသား မွဖှ်သီ အဗ်ဒွလ်အဇီးဇ် အာလေရှိခ်သည် အလ်ဟဗီးဗ်၏ပြောဆိုမှုများကိုတုံ့ပြန်သောအားဖြင့် “အရဗ်နိုင်ငံများနှင့် အစ္စလာမ်နိုင်ငံများတွင် ရှီအာဟ်မဇ်ဟဗ်ပျံ့နှံ့မှုများရပ်တန့်သွားပြီ။ အလ်ဟဗီးဗ်သည် ရှီအာဟ်၏အတွင်းစိတ်ထား အမှန်ကိုထင်ရှားစေသူဖြစ်ပြီး သူသည် အလ္လာဟ်အရှင်မြတ်ထံမှကောင်းချီးမင်္ဂလာတစ်ခု ဖြစ်သည်”ဟူ၍ ပြောကြားခဲ့ သည်။[၆] ဤအဖြစ်အပျက်များပြီးသည့်နောက်၌ ဆော်ဒီအာရေးဗျနိုင်ငံမှရှီအာဟ်ပညာရှင်ကြီးများသည် အီရန်အစ္စလာမစ် သမ္မတနိုင်ငံ၏ခေါင်းဆောင်ကြီး အာယသွလ္လာဟ်ခါမေနအီထံ ဖှသ်ဝါတစ်ခုမေးမြန်းခဲ့သည်။ ၎င်း၌ အာအေရှဟ်ကို တိုက် ရိုက်ပုတ်ခတ်ခြင်းနှင့်သူ့အား စော်ကားသည့်အပြောအဆိုများနှင့်စပ်လျဉ်း၍ ဓမ္မသတ်အဖြေတစ်ခုကိုဖြေဆိုပေးရန် ပန်ကြားထားသည်။[၇]

ဖှသ်ဝါ၏စာသား

အာယာသွလ္လာဟ် ခါမေနအီသည် ဆော်ဒီအာရေးဗျနိုင်ငံ၊ အဟ်စာအ်မြို့ရှိ ရှီအာဟ်ပညာရှင်တစ်စု တမန်တော်မြတ် (ဆွ)၏ဇနီးသည် အာယေရှဟ် ကိုပုတ်ခတ်ပြောဆိုခြင်း နှင့်စပ်လျဉ်း ၍ဖှသ်ဝါမေးမြန်းမှုကို ခရစ်နှစ် ၂၀၁၀ခုနှစ်၊ စက်တင် ဘာလ ၃၀ရက်နေ့ရက်စွဲဖြင့် အဖြေပေးခဲ့သည်။ ၎င်းမှာ “အဲဟ်လေစွန္နသ်ညီနောင်များ၏အထိမ်းအမှတ်များမှဖြစ်သည့် တမန် တော်မြတ်(ဆွ)၏ဇနီးသည် အာယေရှဟ်ကို ပုတ်ခတ်ပြောဆိုခြင်း ဟရာမ်ဖြစ်သည်။ ဤကြောင်းအရာသည် တမန် များအားလုံး၏ဇနီးသည်များ၊ အထူးသဖြင့် တမန်တော်များ၏ဦးသျှောင် တမန်တော်မြတ်ကြီး ဟဇရသ် မိုဟမ္မဒ်(ဆွ)၏ ဇနီးသည်များအားလုံးနှင့်စပ်လျဉ်း၍ အကျုံးဝင်သည်။[၈]

သက်ရောက်မှုများနှင့် တုံ့ပြန်မှုများ

အဲဟ်လေစွန္နသ်တို့အလေးအမြတ်ထားသည်များအားပုတ်ခတ်ခြင်းမှာ ဟရာမ်ဖြစ်ကြောင်းဖှသ်ဝါသည် မြောက်များ စွာသောသက်ရောက်မှုများ၊ တုံ့ပြန်မှုများကို ဖြစ်စေခဲ့ပြီး အာရဗ်နိုင်ငံများ၏မီဒီယာများတွင် ဖော်ပြခံရသည်။ နမူနာအနေ ဖြင့် တင်ပြရသော် ကူဝိတ်တွင်ပုံနှိပ်ထုတ်ဝေသည့် အလ်အန်ဗာအ် နှင့် အလ်ရိုင် အလ်အားမ်’သတင်းစာတွင်လည်း ကောင်း၊ မိုဟီးသွ် ဝက်ဘ်ဆိုဒ်တွင်လည်းကောင်း၊ လက်ဘနွန်နိုင်ငံတွင်ပုံနှိပ်ထုတ်ဝေသည့် အက်စ်စဖှီးရ် နှင့် အလ်အင်န်သေကားဒ် သတင်းစာတွင်လည်းကောင်း၊ ဆော်ဒီအာရေးဗျနိုင်ငံတွင်ပုံနှိပ်ထုတ်ဝေသည့် အလ်ဝဿန်၊ အက္ကားဇွ် သတင်းစာတို့တွင်လည်းကောင်း၊ လန်ဒန်တွင်ပုံနှိပ်ထုတ်ဝေသည့် အလ်ဟယားသ် သတင်းစာတွင်လည်း ကောင်း၊ အီဂျစ်တွင်ပုံနှိပ်ထုတ်ဝေသည့် အရှ်ရှိုရူးက် သတင်းစာတွင်လည်းကောင်း၊ ထိုနိုင်ငံ၏ရေဒီယိုနှင့်ရုပ်မြင်သံကြား ဝက်ဘ်ဆိုဒ်တွင်လည်းကောင်း၊ ထိုနည်းတူ အရဗီဂြိုလ်တုရုပ်သံလိုင်းများအချို့တွင်လည်းကောင်း ဖော်ပြခံရသည်။[၉]

အလ်ဂျဇီရဟ် ရုပ်မြင်သံကြားလိုင်းသည် ‘မာဝရာအလ်ခဗရ်’အစီအစဉ်၌ အစ္စလာမ်အတွင်းရှိမဇ်ဟဗ်အသီးသီး၏နောက်လိုက်များရင်းနှီးစေရေးနှင့်ညီညွတ်စေရေး၌ ကျွမ်းကျင်ပညာရှင်များဖိတ်ခေါ်၍ ဤဖှသ်ဝါ၏အချက်အချာကျမှုနှင့်ပတ်သက်ပြီး ဆွေးနွေးကြသည်။[၁၀]

အာရဗ်နိုင်ငံများရှိပညာရှင်ကြီးများကလည်း အဲဟ်လေ့စွန္နသ်တို့အလေးအမြတ်ထားသည်များအား ပုတ်ခတ်ခြင်းမှာ ဟရာမ်ဖြစ်ကြောင်းဖှသ်ဝါကို တုံ့ပြန်ခဲ့ကြသည်။ အလ်အဇ်ဟရ် တက္ကသိုလ်၏ပါမောက္ခ အဟ်မဒ် အလ်သွိုင်ယီဗ်သည် ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်၍ ဤဖှသ်ဝါသည် အကွဲအလွဲဖြစ်မှုများကိုကာကွယ်ရန်နှင့် ပြဿနာတံခါးများပိတ်စေ ရန်အချိန်ကိုက်ထွက်ပေါ်လာသည့်ဖှသ်ဝါဖြစ်ပြီး မွတ်စ်လင်မ်များစည်းလုံးညီညွတ်ရေးကိုနှစ်သက်လိုလာကြောင်းပြသသည့် ဖှသ်ဝါဖြစ်သည်ဟူ၍ထုတ်ပြန်ခဲ့သည်။[၁၁] လက်ဘနွန်နိုင်ငံရှိပညာရှင်ကြီးများကလည်း ဤဖှသ်ဝါကိုထောက်ခံကြပြီး၊ ရန်သူများ၏အကြံအစည်များကိုပျက်ပြားစေသည့်ဖှသ်ဝါဟူ၍ မှတ်ချက်ပြုကြသည်။ [၁၂] လက်ဘနွန်ရှိ ဟိဇ်ဗွလ္လာဟ်တပ်၏ အထွေထွေအတွင်းရေးမှူးချုပ် စိုင်ယိဒ်ဟစန်နဆွ်ရွလ္လာဟ်ကလည်း ဤဖှသ်ဝါသည် အစ္စလာမ့်အွမ္မသ်သားများစည်းလုံး ညီညွတ်မှုကိုဖျက်လိုဖျက်ဆီးလုပ်သူများအား လမ်းပိတ်စေခဲ့သည်ဟူ၍ မှတ်ချက်ပြုခဲ့သည်။[၁၃] လန်ဒန်ရှိ အစ္စလာမ့် စင်တာတွင်ကျင်းပသည့်(၁၄)ကြိမ်မြောက် စည်းလုံးညီညွတ်ရေးညီလာခံကလည်း မိမိတို့၏ထုတ်ပြန်ချက်၌ အာယာသွလ္လာဟ် ခါမေနအီ၏ဖှသ်ဝါကို ထောက်ခံခဲ့ကြသည်။ [၁၄]

အီရန်အစ္စလာမ့်ကောင်စီလွှတ်တော်တွင်လည်း အချို့ စွန္နီ လွတ်တော် ကိုယ်စားလှယ်များ မှ ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်၍ ဤဖှသ်ဝါကို ဂုဏ်ယူစရာနှင့် နိုင်ငံအတွင်းရှိ အဲဟ်လေ့ စွန္နသ်များအဖို့ ဝမ်းမြောက်ကြည်နူးစရာဖှသ်ဝါအဖြစ် မှတ်ချက်ပြုကြသည်။ [၁၅] ဂိုလစ်သာန် ပြည်နယ်မှ အဲဟ်လေစွန္နသ်ပညာရှင်များကလည်း အာယာသွလ္လာဟ် ခါမေနအီ၏ ဖှသ်ဝါသည် သူ၏အတွေးအခေါ်၊ လုပ်ရပ်များနှင့်တစ်ထပ်တည်းကျပြီး ရန်သူများ ၏ ပြဿနာမီးတောက်များ ကို ငြိမ်းသက်လိုက်သည်ဖြစ်ကြောင်း သီးခြားထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့ကြပါသည်။[၁၆]

မှတ်စုများ

  1. ယာစီရ်အလ်ဟဘီဘ်၊ လန်ဒန်မှာနေသည့်မောင်လာနာ၊ မနေ့က (ဖဒက်)ရုပ်မြင်သံကြားတွင်၊ယနေ့ «صوت العترة»တွင်၊ သက်စ်နီးမ် သတင်းဌာန။
  2. ( ရှီအာတိုထံမှအဟ်လေဘိုသ်၊ ဖဒက် နှင့် စလာမ် ရုပ်မြင်သံကြားတို၏ မဟုတ်မမှန်ဖန်တီးထားသောရေဝါယသ်များ )နယူဇီလန်အရှေ့ပိုင်း။
  3. ( ရှီအာတိုထံမှအဟ်လေဘိုသ်၊ ဖဒက် နှင့် စလာမ် ရုပ်မြင်သံကြားတို၏ မဟုတ်မမှန်ဖန်တီးထားသောရေဝါယသ်များ )နယူဇီလန်အရှေ့ပိုင်း။
  4. ယာစီရ်အလ်ဟဘီဘ်၊ လန်ဒန်မှာနေသည့်မောင်လာနာ၊ မနေ့က (ဖဒက်)ရုပ်မြင်သံကြားတွင်၊ယနေ့ «صوت العترة»တွင်၊ သက်စ်နီးမ် သတင်းဌာန။
  5. ( ဖသ်ဝါတစ်ခုသည် မွတ်စ်လင်မ်တို၏ ဂိုဏ်းဂဏအကြားရှိပြသာနများအား ငြိမ်အေးအောင်ပြုလုပ်စေသည်) ဖာရ်စ် သတင်းဌာန။
  6. ( ရှီအာတိုထံမှအဟ်လေဘိုသ်၊ ဖဒက် နှင့် စလာမ် ရုပ်မြင်သံကြားတို၏ မဟုတ်မမှန်ဖန်တီးထားသောရေဝါယသ်များ )နယူဇီလန်အရှေ့ပိုင်း။
  7. (တမန်တော်မြတ်(ဆွ)၏ ကြင်ယာတော်များနှင့်ပက်သက်၍ ရဟ်ဘရ်၏ဖသ်ဝါအား ကျယ်ျကယ်ပြန့်ပြန့်လက်ခံခြင်း )၊ အွန်လိုင်းသတင်း; ( အာယသွလ္လာခါမေနာအီ၏ အီစ်သိဖ်သာအ် အသစ်အား ကမ္ဘာ့အစ္စလာမ်မှ လက်ခံခြင်း)၊ ရေဆာလသ်သတင်းစာ၊ အီရန်သက္ကရာဇ် ၁၃၈၉၊ ၁၁ မဟ်ရ်၊ စာမျက်နှာ ၃။
  8. ( အာယသွလ္လာခါမေနာအီ၏ အီစ်သိဖ်သာအ် အသစ်အား ကမ္ဘာ့အစ္စလာမ်မှ လက်ခံခြင်း)၊ ရေဆာလသ်သတင်းစာ၊ အီရန်သက္ကရာဇ် ၁၃၈၉၊ ၁၁ မဟ်ရ်၊ စာမျက်နှာ ၃။
  9. ( ရဟ်ဘရ်အင်န်ကေလာဘ်၏အမြင်အရ ဝဟ်ဒသ်အစ္စလာမ်မီနှင့် ၎င်း၏ကမ္ဘာလုံးဆိုင်ရာလွှမ်းမိုးမှုများ) အရှေ့ပိုင်းဆိုဒ်။
  10. ( ရဟ်ဘရ်အင်န်ကေလာဘ်၏အမြင်အရ ဝဟ်ဒသ်အစ္စလာမ်မီနှင့် ၎င်း၏ကမ္ဘာလုံးဆိုင်ရာလွှမ်းမိုးမှုများ) အရှေ့ပိုင်းဆိုဒ်။
  11. ( ရဟ်ဘရ်အင်န်ကေလာဘ်၏ ဖသ်ဝါမှ ရှိခ်အလ်ဇဟ်ရ်အား ကြိုဆိုမှု )၊ အွန်လိုင်းသတင်းဆိုဒ် ။
  12. (လဘ်နွန်နိုင်ငံရှိဘာသာရေးအုပ်စုများမှ ရဟ်ဘရ်အင်န်ကေလာဘ်၏အရေးကြီးသောဖသ်ဝါအား ထောက်ခံခဲ့ကြသည်)၊ မဟ်ရ် သတင်းဌာန။
  13. ( ဆိုင်န်ယိဒ်ဟဆန်နဆ်ရူလ္လဟ်သည် ဝဟ်ဒသ်အစ္စလာမ်မီအားထိန်းသိမ်းရန်လိုအပ်မှုအပေါ်ထောက်ခံခြင်း)၊ အီစ်နာ။
  14. ( လန်ဒန်ညီလာခံတွင် အဟ်လေစွန္နသ်အား စော်ကားခြင်းအပေါ် ဟရာမ်ဖြစ်သည်နှင့်ပက်သက်ပြီး ရဟ်ဘရ်၏ဖသ်ဝါအားထောက်ခံထားခြင်း )အွန်လိုင်းသတင်း။
  15. ( အဟ်လေစွန္နသ်၏ သ‌က်ေတများအပေါ်လေးစားခြင်းနှင့်ပက်သက်ပြီး ရဟ်ဗရ်၏ဖသ်ဝါအား ခါရှ်၏ကိုယ်စာလှယ်မှ ကျေးဇူတင်ခြင်း)၊ အွန်လိုင်းသတင်းဆိုက်။
  16. ( ဂိုလစ်သာန်တိုင်းရှိ အဟ်လေစွန္နသ်အိုလမာများ: ရှီအာ နှင့် စွန္နီသည် အစ္စလာမ်ရန်သူများ၏ အမျိုးမျိုးသော ပူပေါင်းကြံစည်မှုများအား အဆုံးသတ်အောင်လုပ်မည်ဖြစ်သည်၊ မကာမ်မိုအဇ်ဇမ်ရဟ်ဘရီ ကမ္ဘာ့အစ္စလာမ်စည်းလုံးခြင်းအဖို ကြေငြာသူဖြစ်သည်) အိစ်နာ သတင်းဌာန။

ကျမ်းကိုးမျာ

  • ယာစီရ်အလ်ဟဘီဘ်၊ လန်ဒန်မှာနေသည့်မောင်လာနာ၊ မနေ့က (ဖဒက်)ရုပ်မြင်သံကြားတွင်၊ယနေ့ «صوت العترة»တွင်၊ သက်စ်နီးမ် သတင်းဌာန, အကြောင်းအရာရက်စွဲ: အီရန်သက္ကရာဇ် ၁၃၉၂ ၊ဒိယ်၊ စစ်ဆေးခြင်းရက်စွဲ: အီရန်သက္ကရာဇ် ၁၃၉၉၊ ဘဟ်မန် ၁ရက်။
  • ( အလ်ကူဝိသ်၊ အလ်ဂါအ် ဂျင်စ်စီယဟ် ရဂျိုလူဒ်ဒီးန် အလ်ရှီအီ ယာစီရ်ဟဘီဘ် )၊ ဘီဘီစီ အရဗီ၊ အကြောင်းအရာရက်စွဲ: အီရန်သက္ကရာဇ် ၁၃၈၉၊ ၂၉ ရှဟ်ရီဝရ်၊ စစ်ဆေးခြင်းရက်စွဲ : အီရန်သက္ကရာဇ် ၁၃၉၉၊ ၂၅ ဒိယ်။
  • ( ဖသ်ဝါတစ်ခုသည် မွတ်စ်လင်မ်တို၏ ဂိုဏ်းဂဏအကြားရှိပြသာနများအား ငြိမ်အေးအောင်ပြုလုပ်စေသည်) ဖာရ်စ် သတင်းဌာ၊ အကြောင်းအရာရက်စွဲ: အီရန်သက္ကရာဇ် ၁၃၈၉၊ ၂၀ မဟ်ရ်၊ စစ်ဆေးခြင်းရက်စွဲ : အီရန်သက္ကရာဇ် ၁၃၉၉၊ ၂၄ ဒိယ်။
  • ( ဂိုလစ်သာန်တိုင်းရှိ အဟ်လေစွန္နသ်အိုလမာများ: ရှီအာ နှင့် စွန္နီသည် အစ္စလာမ်ရန်သူများ၏ အမျိုးမျိုးသော ပူပေါင်းကြံစည်မှုများအား အဆုံးသတ်အောင်လုပ်မည်ဖြစ်သည်၊ မကာမ်မိုအဇ်ဇမ်ရဟ်ဘရီ ကမ္ဘာ့အစ္စလာမ်စည်းလုံးခြင်းအဖို ကြေငြာသူဖြစ်သည်) အိစ်နာ သတင်းဌာန၊ အကြောင်းအရာရက်စွဲ: အီရန်သက္ကရာဇ် ၁၃၈၉၊ ၂၀ မဟ်ရ်၊ စစ်ဆေးခြင်းရက်စွဲ : အီရန်သက္ကရာဇ် ၁၃၉၉၊ ဘဟ်မန် ၁ရက်နေ့။
  • ( လန်ဒန်ညီလာခံတွင် အဟ်လေစွန္နသ်အား စော်ကားခြင်းအပေါ် ဟရာမ်ဖြစ်သည်နှင့်ပက်သက်ပြီး ရဟ်ဘရ်၏ဖသ်ဝါအားထောက်ခံထားခြင်း )အွန်လိုင်းသတင်း၊အကြောင်းအရာရက်စွဲ: အီရန်သက္ကရာဇ် ၁၃၈၉၊ ၁၂ မဟ်ရ်၊ စစ်ဆေးခြင်းရက်စွဲ : အီရန်သက္ကရာဇ် ၁၃၉၉၊ ဘဟ်မန် ၄ရက်နေ့။
  • ( ရှိခ်အလ်ဇဟ်ရ်မှ ရဟ်ဗရ်၏ဖသဝါအလက်ခံခြင်း ) ၊ အွန်လိုင်းသတင်းဆိုက်၊ အကြောင်းအရာရက်စွဲ: အီရန်သက္ကရာဇ် ၁၃၈၉၊ ၁၂ မဟ်ရ်၊ စစ်ဆေးခြင်းရက်စွဲ : အီရန်သက္ကရာဇ် ၁၃၉၉၊ ဘဟ်မန် ၁ရက်နေ့။
  • ( အဟ်လေစွန္နသ်၏ သ‌က်ေတများအပေါ်လေးစားခြင်းနှင့်ပက်သက်ပြီး ရဟ်ဗရ်၏ဖသ်ဝါအား ခါရှ်၏ကိုယ်စာလှယ်မှ ကျေးဇူတင်ခြင်း)၊ အွန်လိုင်းသတင်းဆိုက်၊ အကြောင်းအရာရက်စွဲ: အီရန်သက္ကရာဇ် ၁၃၈၉၊ ၁၃ မဟ်ရ်၊ စစ်ဆေးခြင်းရက်စွဲ : အီရန်သက္ကရာဇ် ၁၃၉၉၊ ဘဟ်မန် ၁ရက်နေ့။
  • ( အာယသွလ္လာခါမေနာအီ၏ အီစ်သိဖ်သာအ် အသစ်အား ကမ္ဘာ့အစ္စလာမ်မှ လက်ခံခြင်း)၊ ရေဆာလသ်သတင်းစာ၊ အီရန်သက္ကရာဇ် ၁၃၈၉၊ ၁၁ မဟ်ရ်။
  • ( ရှီအာတိုထံမှအဟ်လေဘိုသ်၊ ဖဒက် နှင့် စလာမ် ရုပ်မြင်သံကြားတို၏ မဟုတ်မမှန်ဖန်တီးထားသောရေဝါယသ်များ )နယူဇီလန်အရှေ့ပိုင်း၊ အကြောင်းအရာရက်စွဲ: အီရန်သက္ကရာဇ် ၁၃၉၂၊ ၂၁ ရှဟ်ရီဝရ်၊ စစ်ဆေးခြင်းရက်စွဲ : အီရန်သက္ကရာဇ် ၁၃၉၉၊ ၂၅ ဒိယ်။
  • ( ရဟ်ဘရ်အင်န်ကေလာဘ်၏အမြင်အရ ဝဟ်ဒသ်အစ္စလာမ်မီနှင့် ၎င်း၏ကမ္ဘာလုံးဆိုင်ရာလွှမ်းမိုးမှုများ) အရှေ့ပိုင်းဆိုဒ်၊ အကြောင်းအရာရက်စွဲ: အီရန်သက္ကရာဇ် ၁၃၉၅၊ ၂၀ မွရ်ဒါဒ်၊ စစ်ဆေးခြင်းရက်စွဲ : အီရန်သက္ကရာဇ် ၁၃၉၉၊ ဘဟ်မန် ၂ရက်နေ့။
  • (လဘ်နွန်နိုင်ငံရှိဘာသာရေးအုပ်စုများမှ ရဟ်ဘရ်အင်န်ကေလာဘ်၏အရေးကြီးသောဖသ်ဝါအား ထောက်ခံခဲ့ကြသည်)၊ မဟ်ရ် သတင်းဌာန၊ အကြောင်းအရာရက်စွဲ: အီရန်သက္ကရာဇ် ၁၃၈၉၊ ၁၀ မဟ်ရ်၊ စစ်ဆေးခြင်းရက်စွဲ : အီရန်သက္ကရာဇ် ၁၃၉၉၊ ဘဟ်မန် ၁ရက်နေ့။