ရိုဟ်ဘဟ် အဖြစ်အပျက်

wikishia မှ
(ရိုဟ်ဘဟ် သို့ မိုနာရှေဒဟ် မှ ပြန်ညွှန်းထားသည်)

ရိုဟ်ဘဟ် အဖြစ်အပျက် (အာရဘီ - يوم الرحبة) ၏ အဓိပ္ပါယ်သည် (ဖန်ဆင်းရှင်အား ကျိန်ဆိုခြင်း၊ တစ်နည်းအားဖြင့် ဖန်ဆင်းရှင်ကို ကျိန်ဆိုပြီး အကြောင်းအရာ တစ်ခုကို သက်သေထွက်ဆိုခြင်း) ဖြစ်သည်။ ရိုဟ်ဘဟ် သို့မဟုတ် မိုနာရှေဒဟ် အဖြစ်အပျက် ဆိုသည်မှာ- ဆွဟာဘဟ် အုပ်စုအနက်မှ သက်သေထွက်ဆိုသူများကို ရည်ညွှန်းထားပေသည်။ ၎င်းတို့သည် ဟဒီးစေဂဒီးရ် ကို တမန်တော်မြတ်(ဆွ)ထံ မှကြားခဲ့ကြသည်။ ထိုအဖြစ်အပျက်သည် အေမာမ်အလီ (အစ) ၏တောင်းဆိုမှုကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ သက်သေထွက်ဆိုသုများကို ၁၂ ယောက် သို့မဟုတ် အယောက် ၃၀ ဟူ၍ ခန့်မှန်းထားကြလေသည်။

အဖြစ်အပျက် နှင့် အမည်ပေးခြင်း

အလ္လာမဟ်အမီနီး ၏ ပြောကြားချက်အရ ၊ ကမရီ ၃၅ ခုနှစ်တွင် ၊ အချို့သောသူများသည် တမန်တော်မြတ်ထံမှ အေမာမ်အလီသည် အခြားသူအားလုံးထက် ပိုမိုသာလွန်မှုရှိသည် ဟူသော ဩဝါဒတော်ကို ငြင်းဆိုခဲ့ကြပြီး အေမာမ်အလီ၏ ခေလာဖသ် နှင့်ပတ်သက်ပြီး ငြင်းခုံခဲ့ကြလေသည်။[၁] ထို့ကြောင်း အေမာမ်အလီသည် ကူဖွာမြိ့ရှိ ရိုဟ်ဘဟ် ဟူ‌သောနေရာ၌ ပြည်သူလူထုအကြား မိမိ၏ ဟက္က် အမှန်တရားကို ခုခံကာကွယ်ရန် နှင့် မိမိ၏ ခေလာဖသ်နှင့်ပတ်သက်ပြီး ငြင်းငုံလက်မခံသူများအား ငြင်းပယ်ဖို့ရန် ဂဒီးရ်၏ ဩဝါဒမိန့်ဆိုချက်များကို ကျိန်ဆိုပြီး ပြောခဲ့လေသည်။ ထို့ကြောင့် ယင်းနေ့၏ မဖြစ်အပျက်များကို အမှုးပြုပြီး ထိုနေ့အား ( မိုနာရှေဒေ -ယေ- ရိုဘေဟ်) ရိုဟ်ဘဟ် နေရာ၌ ကျိန်ဆိုပြောဆိုသောနေ့ ဟု ခေါ်ဆိုခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် အေမာမ်အလီ(အစ)သည်၎င်း၏ စကားအစ၌ပင် (انشد الله) အရှင်မြတ်အားကျိန်ဆိုပါ၏။ဟူ၍ အစပြုပြောဆိုခဲ့ပြီး ထိုနေရာ၌ ရှိနေသူများအားလုံးကိုလည်း ဟဒီးစေဂဒီးရ် နှင့်ပတ်သက်ပြီး သက်သေထွက်ဆိုရန် တောင်းဆိုခဲ့သောကြောင့် ဖြစ်ပေသည်။ [၂]မိုနာရှေဒဟ် ဆိုသည်မှာ အရှင်မြတ်အားကျိန်ဆိုခြင်း ဟူ၍ အဓိပ္ပါယ်ဖြစ်သည်။ [၃]

အေမာမ်အလီ မိန့်ဆိုပြီးနောက် အချို့သော ဆွဟာဘာ များသည် ဂဒီးရ်၏ဩဝါဒတော်များကို တမန်တော်မြတ်ထံမှ ကြားသိခဲ့ကြောင်း သက်သေထွက်ဆိုခဲ့လေသည်။ သို့သော် အချို့စာအုပ်များ၌ လာရှထားသည်မှာ ဇိုင်းဒ် ဗင်န် အရ်ကမ် သည် ထိုသို့ သက်သေထွက်ရန် ငြင်းပယ်ခဲ့လေသည်။ အေမာမ်အလီသည် ၎င်းတို့အား ရှုတ်ချခဲ့သည် ဟူ၍ ဖော်ပြထားလေသည်။ [၄]သို့သော် ဆိုင်ယဒ်မိုဟ်စင်န်အမီးန် ရေးသားထားသည်မှာ ထိုသို့သော် ရေဝါယသ်မျိုးသည် ဘရာအ် ဗင်န် အာဇဘ် နှင့်ပတ်သက်ပြီး ရှိခဲ့သော်လည်း အပေါ်ယံအရ သက်သေထွက်ဆိုရန် ငြင်းပယ်ခဲ့သည့် ရေဝါယသ်မျိုးမှ ဟဒီးစေဂဒီးရ် ကို ဇိုင့်ဒ် နှင့်ပတ်သက်ပြီးပြောဆိုခြင်းသည် ဘရာအ်၏ အမှားပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် များစွာသော ကောက်နုတ်တင်ပြသူများသည် ဂဒီးရ်၏ဩဝါဒတော်ကို ထိုဇိုင်းဒ် ထံမှ ကောက်နုတ်ခဲ့ကြ‌သောကြောင့် ဖြစ်သည်။ ထို့အပြင် ဇိုင်ဒ်သည် အေမာမ်အလီအား အခြားသူများထက် သာလွန်သည်ဟု လက်ခံထားသူလည်း ဖြစ်ပြီး ၎င်း ၏ နောက်လိုက်သားကောင်းတစ်ယောက်လည်း ဖြစ်ပေသည်။[၅]

သက်သေထွက်ဆိုကြသူများ

ကိုးကားစာအုပ်များ၌ လာရှိထားသည်မှာ ၊ ရိုဟ်ဘဟ်နေ့၌ ဂဒီးရ်၏ဩဝါဒတော်များကို ကြားခဲ့ခြင်းနှင့်ပတ်သက်ပြီး သက်သေထွက်ဆိုကြသူများ၏ အရေအတွက်ကို အမျိုးမျိုး ဖော်ပြထားပေသည်။ ၎င်းတို့၏ အရေအတွက်ကို အနည်းဆုံး ၁၂ယောက် အများဆုံး ‌အ‌ယောက် ၃၀ ဟူ၍ ဖော်ပြထားသည်။ အလ္လာမဟ်အမီးနီးသည် စွန္နီ စာအုပ်ထဲ၌ ၎င်းတို့၏ အရေအတွက်ကို ၂၄ယောက်ဟူ၍ ဖော်ပြထားသည်။ [၆]သို့သော် အဟ်မဒ် ဟမ်ဘလ် သည် ၎င်းတို့၏ အရေအတွက်ကို ယောက် ၃၀ ဟူ၍ ဖော်ပြထားလေသည်။[၇] ၎င်းတို့မှာ

အဗူအွမ်ရေ အန်ဆွာရီအဗူအလ်ဟီစမ် ဗင်န် အလ်သီဟာန်အဗူအယွဘ်အန်ဆွာရီခိုဇိုင်မေ့ ဗင်န် စာဗီဘ် အန်ဆွာရီစဂ်လ် ဗင်န် ဟနီးဖ်အဗူစအီးဒ်ခဒ်ရီစဟ်ရ် ဗင်န် စအ်ဒ် အန်ဆွာရီအဘ်ဒူလာ ဗင်န် စာဗီသ် အန်ဆွာရီအိုဘိုင်သ် ဗင်န် ရာရီဘ် အန်ဆွာရီအဒီ ဗင်န် ဟာသင်မ်နာဂျီယေ ဗင်န် အိမ်ရို ခဇာအီနအ်မာ ဗင်န် အဂ်ျလာန် အန်ဆွာရီ ။ ထိုသူများသည် ကျော်ကျားဆုံးသော သူများဖြစ်ကြလေသည်။[၈]

နေရာ နှင့် အချိန်

ရိုဟ်ဘဟ် ဆိုသည်မှာ ကူဖွာ မစ်ဂျီဒ်၏ ပရဝုဏ်အလယ်ဖြစ်ပြီး ယေဘုယျအားဖြင့် အေမာမ်အလီသည် တရားစီရင်ရန် သို့မဟုတ် တရားဟောရန် ထိုနေရာ၌ ထိုင်လေ့ရှိသည်။ [၉]ပြောကြသည်မှာ ဇေယာဒ် ဗင်န် အဗီယေဟ် ခေတ်ကာလ၌ ရေးသားသူများသည် ကြောက်စိတ်ကြောင့် အေမာမ်အလီ၏ အမည်အစား ( ဆွာဟိဘုလ် ရိုဟ်ဘဟ်) ရိုဘဟ်ပိုင်ရှင် ဟူ၍ ပြောခဲ့ကြသည်။[၁၀] မည်မျှပင် ရိုဟ်ဘဟ်သည် နေရာတစ်ခု၏ အမည် ဖြစ်နေပါစေ အေမာမ်အလီအား ပတ်သက်မှုပေးခဲ့လေသည်။[၁၁]ရိုဟ်ဘဟ် အဖြစ်အပျက်သည် ကမရီ ၃၅ ခုနှစ်၌ ဖြစ်ပြီ[၁၂] အေမာမ်အလီ၏ ခေလာဖသ်အစပျိုးသည့်အချိန် ဖြစ်ပေါ်ခဲ့သည်။ ယအ်လာ ဗင်န် မရ်ရအ် ဖော်ပြထားသော ရေဝါ‌‌ယသ်၌ လာရှိထားသည်မှာ အေမာမ်အလီ ကူဖွာမြို့သို့ ၀င်ရောက်သည့်အချိန် ဤအဖြစ်အပျက် ဖြစ်ပေါ်လာခဲ့လေသည်။[၁၃]

ကောက်နုတ်မှု(ရေဝါယာသ်)

အလ္လာမဟ်အမီးနီးသည် ရိုဟ်ဘဟ် အဖြစ်အပျက်နှင့် ပတ်သက်ပြီး ကောက်နုတ်ဖော်ပြသူများ၏ အရေအတွက်ကို ၁၈ယောက် ဖြစ်သည်ဟု ဖော်ပြထားသည်။၎င်းတို့အနက်မှ လေးယောက်သည် ဆွာဟာဘာများဖြစ်ပြီး ကျန်သော ၁၄ ယေ က်မှာ သာဗေအီးန် အနက်မှ ဖြစ်ပေသည်။[၁၄] ၎င်းတို့၏အမည်များမှာ အောက်ပါအတိုင်းဖြစ်သည်။

ဆွဟာဘာ အမည်များ

သာဗေအီးအမည်များမှာ

မှတ်စုများ

  1. အမီနီ၊ အလ်ဂဒီးရ်၊ ဟိဂျရီ ၁၄၁၆၊ အတွဲ ၁၊ စာမျက်နှာ ၃၃၉။
  2. အိဗ်နေအဘိလ်ဟဒီးဒ်၊ ရှရ်ဟ်နဟ်ဂျူလ်ဘလာဂဟ်၊ ဟိဂျရီ ၁၄၀၄၊ အတွဲ ၄၊ စာမျက်နှာ ၇၄။
  3. ဒဟ်ခိုဒါ၊ အဘိဓာန်၊ ဇီးလ်( မနာရှိဒဟ်)
  4. ဟလဘီ၊ စီရဟ် ဟလဘီယဟ်၊ ဟိဂျရီ ၁၃၅၃၊ အတွဲ ၃၊ စာမျက်နှာ ၃၀၈။
  5. အလ်အမီးန်၊ အအ်ယာနွလ်ရှီအဟ်၊ အတွဲ ၇၊ စာမျက်နှာ ၈၈။
  6. အမီနီ၊ အလ်ဂဒီးရ်၊ ဟိဂျရီ ၁၄၁၆၊ အတွဲ ၁၊ စာမျက်နှာ၃၇၆-၃၇၇။.
  7. အမီနီ၊ အလ်ဂဒီးရ်၊ ဟိဂျရီ ၁၄၁၆၊ အတွဲ ၁၊ စာမျက်နှာ ၃၇၇။
  8. အမီနီ၊ အလ်ဂဒီးရ်၊ ဟိဂျရီ ၁၄၁၆၊ အတွဲ ၁၊ စာမျက်နှာ၃၇၆-၃၇၇။
  9. မသ်ရေဇီ၊ အလ်မဂ်ရိဗ်၊ အတွဲ ၁၊ စာမျက်နှာ ၃၂၄။
  10. မဒနီ၊ အလ်သရာဇ်အောဝ်ဝလ်၊ အီရန်သက္ကရာဇ် ၁၃၈၄၊ အတွဲ ၂၊ စာမျက်နှာ ၆၁။
  11. ၁၁။ ဟိုစိုင်နီ တီဟ်ရာန်နီ၊ အေမာမ်ရှနာစီ၊ ဟိဂျရီ ၁၄၂၇၊ အတွဲ ၉၊ စာမျက်နှာ ၄၁။
  12. အမီနီ၊ အလ်ဂဒီးရ်၊ ဟိဂျရီ ၁၄၁၆၊ အတွဲ ၁၊ စာမျက်နှာ ၃၇၇။
  13. ဟိုစိုင်နီ တီဟ်ရာန်နီ၊ အေမာမ်ရှနာစီ၊ ဟိဂျရီ ၁၄၂၇၊ အတွဲ ၉၊ စာမျက်နှာ ၄၁။
  14. အမီနီ၊ အလ်ဂဒီးရ်၊ ဟိဂျရီ ၁၄၁၆၊ အတွဲ ၁၊ စာမျက်နှာ ၃၃၉။
  15. အမီနီ၊ အလ်ဂဒီးရ်၊ ဟိဂျရီ ၁၄၁၆၊ အတွဲ ၁၊ စာမျက်နှာ ၃၃၉-၃၇၆။

ကျမ်းကိုးမျာ

  • အိဗ်နေအဘီလ်ဟဒီးဒ်၊ အဗ်ဒူလ္လာဟမီးဒ်ဘင်န်ဟဘသူလ္လဟ်၊ ရှရ်ဟ်နဟ်ဂျူလ်ဘလာဂါ၊ ကွမ်မြို၊ နရှ်ရ်မက်သဘ်အာယသွလ္လာမရ်အရှီနဂျဖီ၊ ဟိဂျရီ ၁၄၀၄။
  • အမီနီ၊ အဗ်ဒူလ်ဟိုစိုင်းန်၊ အလ်ဂဒီးရ်၊ ကွမ်မြို၊ မရ်ကဇ်ဂဒီးရ်၊ ဟိဂျရီ ၁၄၁၆။
  • ဟိုစိုင်န်တီဟ်ရာန်နီ၊ ဆိုင်ယီဒ်မိုဟမ္မဒ်ဟိုစိုင်န်၊ အေမာမ်ရှနာစီ၊ မရှ်ဟဒ်မြို၊ နရဇ်ရ်အလ္လာမာသွဘာသွဘာအီ၊ ဟိဂျရီ ၁၄၂၇။
  • ဟလ်ဘီ ရှာ‌ဖေအီ၊ အလီ ဘင်န် ဘူရ်ဟာန်နူဒ်ဒီးန်၊ စီရဟ်ဟလဘီယဟ်၊ အီဂျစ်မြို၊ ဟိဂျရီ ၁၃၅၃။
  • မဒနီ၊ အလီခါန် ဘင်န် အဟ်မဒ်၊ အလ်သရာဇ်အောဝ်ဝလ်၊ မရှ်ဟဒ်မြို၊ အာလေဘိုသ်အဟ်ယာအ်သိုရာစ်ဌာန၊ အီရန်သက္ကရာဇ် ၁၃၈၄။
  • မသ်ရေဇီ၊ နာစိရ်ဘင်န်အဗ်ဒူလ်ဆိုင်ယီဒ်၊ အလ်မဂ်ရိဗ်၊ မဟ်မူဒ်ဖာခူရီ နှင့် အဗ်ဒူလ်ဟမီဒ်မူခ်သာရ်၏ပြင်ဆင်မှု၊ ဟလဘ်၊ မက်သဘ် အဆာမဟ် ဘင်န် ဇိုဒ်၊ ခရစ်နှစ် ၁၉၇၉။