မဲဟ်ရမ်ဖြစ်သူများ

wikishia မှ
(မဟာရင်မ် (မဲဟ်ရမ်ဖြစ်သူများ) မှ ပြန်ညွှန်းထားသည်)

မဲဟ်ရမ်ဖြစ်သူများ (အာရဘီ - المحرمية) မဲဟ်ရမ်ဖြစ်သူများ ဆိုသည်မှာ ထိုသူများနှင့်ထိမ်းမြားလက်ထပ်ခြင်း ဟရာမ်ဖြစ်သော သူများ ဖြစ်ကြသည်။အဘယ်ကြောင့်ဆိုသော် သွေးရင်းသားရင်းတော်စပ်မှုများကြောင့်ဖြစ်ပေသည်။ ဓမ္မသတ်ပညာရှင်ကြီးများ၏အမြင်အရ ဟေဂျားဗ်ဆိုင်ရာအမိန့်ဥပဒေများသည် မဟ်ရမ်ဖြစ်သူများ အကြား မသက်ရောက်ပေ။ မဟာရင်မ်အကြောင်းနှင့်ပတ်သက်သည့် အမိန့်ဥပဒေသများသည် ကျမ်းမြတ်ကုရ် အာန်တွင်လာရှိထားသည်။ သွေးသားတော်စပ်ခြင်း၊ ထိမ်းမြားခြင်းနှင့်နို့ချိုတိုက်ကျွေးခြင်းတို့သည် မဲဟ်ရမ်ဖြစ်စေသည့်အဓိက အကြောင်းအရင်းများဖြစ်သည်။ ထိုချက်များအပေါ်မူတည်၍ သွေးသားတော်စပ်ခြင်းကြောင့်မဲဟ်ရမ်ဖြစ်ခြင်း၊ ပတ်သက် ဆက်နွယ်ခြင်းကြောင့် မဲဟ်ရမ်ဖြစ်ခြင်း၊ နို့ချိုတိုက်ကျွေးခြင်းကြောင့်မဲဟ်ရမ်ဖြစ်ခြင်းဟူ၍ သုံးမျိုးကွဲသည်။

အမျိုးသားတစ်ဦး၏ မိခင်၊ အဘွား၊ အစ်မ၊ ညီမ၊ သမီး၊ မြေး၊ တူမ၊ အရီး၊ အဒေါ်တို့သည် သွေးသားတော်စပ်ခြင်းကြောင့် အကြင်အမျိုးသားနှင့်မဲဟ်ရမ်ဖြစ်သူများဖြစ်ကြသည်။အမျိုးသမီးတစ်ဦး၏ အဖေ၊ အဘိုး၊ သား၊ အစ်ကို၊ မောင်၊ တူ၊ ဘကြီး၊ ဦးရီးတို့သည် သွေးသားတော်စပ် ခြင်းကြောင့် အကြင်သူအမျိုးသမီးနှင့်မဲဟ်ရမ်ဖြစ်သူများဖြစ်ကြသည်။ ထိုနည်းတူ ဇနီး၊ ယောက်ခမ၊ ဇနီး၏အဘွား၊ မယားပါ သမီး၊ မိထွေး(ဖခင်၏ဒုတိယဇနီး)၊ ချွေးမ တို့သည် ပတ်သက်ဆက်နွယ်ခြင်းကြောင့် အကြင်အမျိုးသားနှင့် မဲဟ်ရမ် ဖြစ်သွားသူများဖြစ်ကြသည်။ ခင်ပွန်း၊ ယောက်ခထီး၊ ခင်ပွန်း၏အဘိုး၊ လင်ပါသား၊ ပထွေး(မိခင်၏ဒုတိယယောကျ်ား)၊ သားမက် တို့သည် ပတ်သက်ဆက်နွယ်ခြင်းကြောင့် အကြင်အမျိုးသမီးနှင့် မဲဟ်ရမ်ဖြစ်သွားသူများဖြစ်ကြသည်။ ဓမ္မသတ်ပညာရှင်ကြီးများ၏ဖှသ်ဝါများအရ သွေးသားတော်စပ်ခြင်းကြောင့် ၎င်းသူတို့နှင့်လက်ထပ်ထိမ်းမြားခြင်း ဟရာမ်ဖြစ်သည့်အမျိုးသမီးများအားလုံးသည် နို့ချိုတိုက်ကျွေးခြင်းကြောင့်လည်း ၎င်းသူတို့နှင့်လက်ထပ်ထိမ်းမြားခြင်းသည် ဟရာမ်ဖြစ်သည်။ အကြင် သားယောကျ်ားလေးအဖို့ နို့တိုက်မိခင်၊ ထိုနို့တိုက်မိခင်၏အမေ၊ အဘွား၊ အစ်မ၊ ညီမ၊ သမီး၊ မြေးများ၊ အရီး၊ အဒေါ်တို့သည် နို့ချိုတိုက်ကျွေးမှုအပေါ်မူတည်၍ မဲဟ်ရမ်များဖြစ်ကြသည်။ အကြင်သမီးမိန်းကလေးအဖို့ နို့တိုက်မိခင်၏ခင်ပွန်း၊ ထိုနို့တိုက်မိခင်၏ခင်ပွန်း၏အဖေ၊ အစ်ကို၊ မောင်၊ ဘကြီး၊ ဦးရီး၊ သား၊ မြေးများသည် နို့ချိုတိုက်ကျွေးမှုအပေါ်မူတည်၍ မဲဟ်ရမ်များ ဖြစ်ကြသည်။

အနက်အဓိပ္ပါယ်ဖွင့်ဆိုခြင်း

မဟာရင်မ် ဆိုသည်မှာ သွေးရင်းသားရင်းတော်စပ်ခြင်းကြောင့် တစ်ဦးနှင့်တစ်ဦး ထိမ်းမြားလက်ထပ်ခွင့်မရှိသူဖြစ်သည်။ [၁] မဟာရင်မ်နှင့် ၎င်း၏အမိန့်ဥပဒေသများအကြောင်း ကျမ်းမြတ်ကုရ်အာန်တွင်လာရှိထားသည်။ စူရဟ်နေစာအ်၊ အာယသ် တော် (၂၃)တွင် မဟာရင်မ်အကြောင်း၊ ထိုသူများနှင့်ထိမ်းမြားခွင့်မရှိခြင်းအကြောင်း လာရှိထားသည်။ [၂] စူရဟ် နူးရ်၊ အာယသ်တော် (၃၁)တွင် မဲဟ်ရမ်ဖြစ်သောအမျိုးသမီးများကို ဖော်ပြထားသည်။ [၃] ဝစာအေလွရှ်ရှီအာဟ်ကျမ်း၊ မွတ်စ်သဒ်ရကွလ် ဝစာအီလ်ကျမ်း စသည့်ရှီအာဟ်၏ရေဝါယသ်ကျမ်းအချို့တွင် «ابواب النکاح المحرم» ဟူ၍ ကဏ္ဍတစ်ရပ် ရေးသားလာရှိထားပြီး ၎င်း၌ မအ်ဆူမ်အေမာမ်များထံမှလာရှိထားသည့် ထိမ်းမြားလက်ထပ်ခြင်း သို့မဟုတ် မဲဟ်ရမ် ဖြစ်သူအား ကြည့်ခြင်းနှင့်စပ်လျဉ်းသည့်အမိန့်ဥပဒေသများကို စုစည်းဖော်ပြထားသည်။[၄] မဟာရင်မ်နှင့် ၎င်း၏အမိန့် ဥပဒေသများအကြောင်းကို နေကာဟ်၊ သွလားက်၊ သေသူနှင့်စပ်ဆက်သည့်အမိန့်ဥပဒေသများဆိုင်ရာဓမ္မသတ်ကဏ္ဍများ တွင်ဆွေးနွေးကြသည်။။[၅]

ဥပဒေသ

မဲဟ်ရမ်ဖြစ်သွားသည်နှင့်တစ်ပြိုင်နက် မဟာရင်မ်ဖြစ်သူများအဖို့ ကြည့်ခြင်းနှင့် သူ၏အလှများဖော်ထုတ်ခြင်းတို့ သည် ပြုပိုင်ခွင့်ရှိသွားပြီး သူတို့တစ်ဦးနှင့်တစ်ဦး ထိမ်းမြားလက်ထပ်ခြင်းသည် ဟရာမ်ဖြစ်သွားသည်။[၆] ဓမ္မသတ်ပညာရှင် ကြီးများ၏အမြင်အရ လင်နှင့်မယားမှလွဲ၍ အခြားသောမဟာရင်မ်များသည် ရှေ့နှင့်နောက်အရှက်အင်္ဂါနှစ်ရပ်ကို ကြည့်ခွင့် မရှိပေ။ အရှက်အင်္ဂါနှစ်ခုမှအပ ကျန်အစိတ်အပိုင်းများကိုကြည့်ခြင်းသည်လည်း အရသာခံလိုစိတ်မပါမှသာ ကြည့်ခွင့်ရှိသည်။[၇] ထိုနည်းတူ အမျိုးသမီးများအနေဖြင့် အဓိကကျသည့်နေရာများမှအပ ကျန်အစိတ်အပိုင်းများကို မဲဟ်ရမ်ဖြစ်သူ၏ရှေ့၌ဖုံးအုပ်ရမည်မှာ ဝါဂျိဗ်မဟုတ်ပေ[၈]

မဲဟ်ရမ်ဖြစ်စေသည့်အကြောင်းအရင်းများ

အချို့သောအကြောင်းအရင်းများကြောင့် လူနှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး မဲဟ်ရမ်ဖြစ်သွားကြပြီး ၎င်းသူတို့အဖို့ မဲဟ်ရမ် ဖြစ်ခြင်းဆိုင်ရာအမိန့်ဥပဒေများ အသက်ဝင်မည်။ [၉] ဓမ္မသတ်ကျမ်းကြီးများ၌ မဲဟ်ရမ်ဖြစ်စေသည့်အကြောင်းအရင်း(၁၁) ချက်လာရှိထားသည်။[၁၀] အချို့က ဤ(၁၁)ချက်ကို (၃)ချက်၌ သွတ်သွင်းပိုင်းခြားကြသည်။ ၎င်းတို့မှာ-[၁၁]

  • သွေးသားတော်စပ်ခြင်း။ ။ လူတစ်ဦး သို့မဟုတ် လူတစ်စုမှမွေးသူများ ၎င်းမှာလည်း နေကာဟ်ဖြင့်လည်း ကောင်း သို့မဟုတ် အခြားလိင်မှုဆက်ဆံမှုတစ်ခုဖြင့်မွေးဖွားလာသူများတော်စပ်ကြသည့်ဆွေမျိုးရင်းခြာတော်စပ် မှုကိုဆိုလိုသည်။ သွေးသားတော်စပ်ခြင်းကြောင့် မဲဟ်ရမ်ဖြစ်ကြသူများဆိုသည်မှာ စတင်မွေးဖွားလာတည်းက တစ်ဦးနှင့်တစ်ဦး မဲဟ်ရမ်ဖြစ်ကြသူများဖြစ်ကြသည်။[၁၂]
  • နို့ချိုတိုက်ကျွေးခြင်း။။ နို့စို့ကလေးသည် သူ၏မိခင်မဟုတ်ဘဲ အခြားအမျိုးသမီးတစ်ဦး၏နို့ချိုကို သောက် သုံးရခြင်းကြောင့် တော်စပ်လာသည့်ဆွေမျိုးတော်စပ်ခြင်းကို ဆိုလိုသည်။[၁၃] သို့သော်လည်း နို့ချိုတိုက်ကျွေး ခြင်းကြောင့်မဲဟ်ရမ်ဖြစ်ခြင်း၌ ပညတ်ချက်များရှိသည်။ ၎င်းတို့အနက်မှအချို့မှာ- နို့ချိုတိုက်ကျွေးသည့် အမျိုး သမီးသည် ရှရီအသ်တရားနှင့်အညီ ကိုယ်ဝန်ရရှိလာသူဖြစ်ရမည်။ ထို့ပြင် နို့ချိုတိုက်ကျွေးသည့်အမျိုးသမီးထံမှ နို့ချိုသောက်သုံးခြင်းသည် အကြိမ်ရည်များစွာဖြစ်ရပြီး ဆက်တိုက်ဖြစ်ရမည်။ ထိုကြားကာလ၌ အခြားအမျိုးသမီး တစ်ဦး၏နို့ချို့ကိုလည်းကောင်း သို့မဟုတ် အခြား အစားအစာတစ်ခုကိုလည်းကောင်း သောက်သုံးစားသောက် ခြင်းမရှိရပေ။ နို့ချိုသောက်သုံးသည့်ကလေးငယ်၏အသက်သည်လည်း ကမရီ(ဟစ်ဂျရီ)နှစ်နှင့်တွက်လျှင် အသက်နှစ်နှစ်အောက်အရွယ်ဖြစ်ရမည်။ [၁၄]
  • ပတ်သက်ဆက်နွယ်ခြင်း။ ။ ‘အက်ဒ် ဆီဂဟ်’(ထိမ်းမြားလက်ထပ်ခြင်းတွင်ဖတ်ရသည့်ကမ်းလှမ်းချက်နှင့် လက်ခံချက်ဝါကျ)များ ရွတ်ဖတ်လိုက်ခြင်းကြောင့် လင်နှင့်မယားအပြင် သူတို့၏အချို့သောဆွေမျိုးရင်းခြာ များသည်လည်း တစ်ဦးနှင့်တစ်ဦး မဲဟ်ရမ်များဖြစ်သွားခြင်းကိုဆိုလိုသည်။[၁၅]

မဟာရင်မ်အမျိုးအစားများ

မဲဟ်ရမ်တော်စပ်ရခြင်းအပေါ်မူတည်၍ (၃)ပိုင်း ပိုင်းခြားထားသည်။

သွေးသားတော်စပ်ခြင်းကြောင့်မဲဟ်ရမ်ဖြစ်ကြသူများ

ဓမ္မသတ်ပညာရှင်ကြီးများသည် စူရဟ် နေစာအ်၊ အာယသ်တော် (၂၃)[၁၆] ကို ကိုးကား၍ (၇)မျိုးသောအမျိုးသမီးများ သည် (၇)မျိုးသောအမျိုးသားများအဖို့ သွေးသားတော်စပ်ခြင်းကြောင့် မဲဟ်ရမ်ဖြစ်ကြသည်ဟူ၍ ဖော်ပြထားကြသည်။ [၁၇]

  • အမေနှင့် အဘွား(အဖေနှင့်အမေ နှစ်ဦးစလုံးဘက်မှ) [၁၈]
  • သမီး၊ မြေးများ၊ မြစ်များ စသည်ဖြင့် အောက်သို့အစဉ်လိုက်ဆင်းသက်သူများ [၁၉]
  • အစ်မ၊ ညီမ [၂၀]
  • တူမ(ညီ၊ အစ်ကိုဘက်မှတော်စပ်သူ)၊ ၎င်း၏သားသမီးများ၊ မြေးများ၊ မြစ်များ စသည်ဖြင့် အောက်သို့ အစဉ်လိုက်ဆင်းသက်သူများ [၂၁]
  • တူမ (နှမ၊ အစ်မဘက်မှတော်စပ်သူ)၊ ၎င်း၏သားသမီးများ၊ မြေးများ၊ မြစ်များ စသည်ဖြင့် အောက်သို့ အစဉ်လိုက်ဆင်းသက်သူများ [၂၂]
  • အရီး၊ ထိုနည်းတူ ဖခင်နှင့်မိခင်၏အရီးများ [၂၃]
  • အဒေါ်၊ ထိုနည်းတူ ဖခင်နှင့်မိခင်၏အဒေါ်များ [၂၄]

ထိုနည်းတူ အဖေနှင့် အဘိုး၊ သားနှင့် မြေး၊ မောင်နှင့် အစ်ကို၊ တူ(ညီမ၊ အစ်မဘက်မှတော်စပ်သူ)၊ တူ(မောင်၊ အစ်မဘက်မှတော်စပ်သူ)၊ ဦးရီး ထိုနည်းတူ ဖခင်နှင့်မိခင်၏ဦးရီးများ၊ ဘကြီး ထိုနည်းတူ ဖခင်နှင့်မိခင်၏ဘကြီးများ။[၂၅]

နို့ချိုတိုက်ကျွေးခြင်းကြောင့် မဲဟ်ရမ်ဖြစ်ကြသူများ

ဓမ္မသတ်ပညာရှင်ကြီးများသည် တမန်တော်မြတ်(ဆွ)၏ရေဝါယသ်တော်ဖြစ်သည့် “သွေးသားတော်စပ်ခြင်းကြောင့် ဟရာမ်ဖြစ်သူတိုင်းသည် နို့ချိုတိုက်ကျွေးမှုကြောင့်လည်း ဟရာမ်ဖြစ်မည်” [၂၆] ဟူသောရေဝါယသ်ကိုကိုးကား၍ သွေးသား တော်စပ်ခြင်းကြောင့် ထိမ်းမြားလက်ထပ်ခြင်းဟရာမ်ဖြစ်သည့်အမျိုးသမီးများသည် နို့ချိုတိုက်ကျွေးခြင်းကြောင့်လည်း လက်ထပ်ထိမ်းမြားခြင်း ဟရာမ်ဖြစ်မည်ဟု ဖှသ်ဝါပေးထားကြသည်။ နို့ချိုတိုက်ကျွေးခြင်းကြောင့် မဲဟ်ရမ်ဖြစ်သွားရာ၌ နို့ချိုသောက်သုံးသူသည် သားယောကျာ်းလေးဖြစ်ပါက သူ့အား နို့ချိုတိုက်ကျွေးသော နို့တိုက်မိခင်၊ ထိုနို့တိုက်မိခင်၏ အမေ၊ အဘွား၊ အစ်မ၊ ညီမ၊ သမီး၊ မြေး၊ အရီး၊ အဒေါ် စသည်တို့သည် ထိုကလေးနှင့်မဲဟ်ရမ်များဖြစ်ကြသည်။ အကယ်၍နို့ချို့သောက်သုံးသူသည် သမီးမိန်းကလေးဖြစ်ပါက နို့တိုက်မိခင်၏ခင်ပွန်း၊ ထိုနို့တိုက်မိခင်၏ခင်ပွန်း၏အဖေ၊ ညီ၊ အစ်ကို၊ ဘကြီး၊ ဦးရီး၊ သား၊ မြေး စသည်တို့သည် ထိုကလေးနှင့်မဲဟ်ရမ်များ ဖြစ်ကြသည်။

ပတ်သက်ဆက်နွယ်ခြင်းကြောင့် မဲဟ်ရမ်ဖြစ်သူများ

အောက်ဖော်ပြပါအမျိုးသမီးများသည် ထိမ်းမြားလက်ထပ်ခြင်းကြောင့် အမျိုးသားများအဖို့ မဲဟ်ရမ်ဖြစ်သွားကြ သည်။ ၎င်းတို့မှာ- ဇနီး၊ ယောက်ခမ၊ ဇနီး၏အဘွား၊ မယားပါသမီး၊ မိထွေး၊ ချွေးမ။ ထိုနည်းတူ ခင်ပွန်း၊ ယောက်ခထီး၊ ခင်ပွန်း၏အဖေ၊ လင်ပါသား၊ ပထွေး၊ သားမက် စသည်တို့သည် ထိမ်းမြား လက်ထပ်ခြင်းကြောင့် အမျိုးသမီးများအဖို့ မဲဟ်ရမ်ဖြစ်သွားကြသည်။ ထိုနည်းတူ အကြင်အမျိုးသားသည် အကြင်အမျိုး သမီးနှင့်လက်ထပ်ထိမ်းမြားထားသရွေ့ကာလပတ်လုံး ဇနီးဖြစ်သူ၏အစ်မ(မရီး)၊ ညီမ(ခယ်မ)တို့နှင့်လက်ထပ်ထိမ်းမြားခွင့် မရှိပေ။ ထို့ကြောင့် အကြင်အမျိုးသားနှင့် သူ၏မရီး၊ ခယ်မတို့အကြား ဟေဂျားဗ်ဆိုင်ရာအမိန့်ဥပဒေများ သက်ရောက်မှုရှိသည်။

စုစည်းတင်ပြခြင်း

အဟ်မဒ် မွဂျ်သဟေဒီ သဲဟ်ရာနီ ရေးသားထားသည့် ‘ကျဟာရ်ရေစာလဲဟ်’ (ရေစာလဲဟ်-ဟေ-အိရ်စ်၊ ဂိုနာဟားနေကဗီရဟ်၊ မဲဟ်ရမ် ဝါ နာမဲဟ်ရမ်၊ အဟ်ကားမ်မွလ် ဂိုင်ဗဟ်)ကျမ်း။ မိုအက်စ်စစဲဟ်-ဟေ-ဒရ်ရာ-ဟေ-ဟက် ဖြန့်ချိရေး၊ ၁၃၈၅ ရှမ်စီ။

မှတ်စုများ

  1. ဖရာဟီးဒ်ဒီ၊ အလ်အိုင်းန်၊ ဇီးလ်ဝါဂျေဟ်( ဟရာမ် )။
  2. စူရာနေဆာအ်၊ အာယသ် ၂၃။
  3. စူရာနူရ်၊ အာယသ် ၂၁။
  4. ဟူရ်အာမိုလီ၊ ဝဆာအိလ်ရှီအဟ်၊ ဟိဂျရီ ၁၄၁၆၊ အတွဲ ၂၀၊ စာမျက်နှာ ၃၀၇; နူရီ၊ မူစ်သဒ်ရက်ဝဆာအိလ်၊ ဟိဂျရီ ၁၄၀၈၊ အတွဲ ၁၄၊ စာမျက်နှာ ၃၂၇။
  5. နဂျဖီ၊ ဂျဝါဟိရ်ကလာမ်၊ အီရန်သက္ကရာဇ် ၁၃၆၂၊ အတွဲ ၂၉၊ စာမျက်နှာ ၂၃၇။
  6. မိရှ်ကီနီ၊ မွဆ်သွလေဟာသ်ဖိက်ဟ်၊ အီရန်သက္ကရာဇ် ၁၃၈၁၊ စာမျက်နှာ ၂၇၂။
  7. ရေဆာလဟ် သောဝ်ဇီဟူလ်မဆာအိလ်မရာဂျေအ်၊ နိကာဟ်အပိုင်း၊ မဆ်အလဟ် ၂၄၃၇။
  8. မိရှ်ကီနီ၊ မွဆ်သွလေဟာသ်ဖိက်ဟ်၊ အီရန်သက္ကရာဇ် ၁၃၈၁၊ စာမျက်နှာ ၂၇၉။
  9. ဒါအေရသူလ်မအာရိဖ်ဖိက်ဟ်အစ္စလာမ်မီဌာန၊ ဖရ်ဟန်ဂ်ဖိက်ဟ်ဖာရ်စီ၊ အီရန်သက္ကရာဇ် ၁၃၈၇၊ အတွဲ ၁၊ စာမျက်နှာ ၃၉၁။
  10. ဥပမာအနေဖြင့်မိုဟက္ကစ်ဟိလ္လီသိုကြည့်ပါ၊ ရှရာယိအ်အစ္စလာမ်၊ ဟိဂျရီ ၁၄၀၈၊ အတွဲ ၂၊ စာမျက်နှာ ၂၂၄; နဂျဖီ၊ ဂျဝါဟိရ်ကလာမ်၊ အီရန်သက္ကရာဇ် ၁၃၆၂၊ အတွဲ ၂၉၊ စာမျက်နှာ ၂၃၇။
  11. မွဂ်ျသဟေဒီ တီဟ်ရာန်နီ၊ ရေဆာလဟ်သုံးခု: ကြီးလေးသောအပြစ်များ၊ မဟ်ရမ် နှင့် နာမဟ်ရမ်၊ အဟ်ကာမ်ဂိုသ်ဘဟ်၊ အီရန်သက္ကရာဇ် ၁၃၈၁၊ စာမျက်နှာ ၁၀။
  12. မိုဟက္ကစ်ဟိလ္လီ၊ ရှရာယိအ်အစ္စလာမ်၊ ဟိဂျရီ ၁၄၀၈၊ အတွဲ ၂၊ စာမျက်နှာ ၂၂၅။
  13. နဂျဖီ၊ ဂျဝါဟိရ်ကလာမ်၊ အီရန်သက္ကရာဇ် ၁၃၆၂၊ အတွဲ ၂၉၊ စာမျက်နှာ ၂၆၄။
  14. မိုဟက္ကစ်ဟိလ္လီသိုကြည့်ပါ၊ ရှရာယိအ်အစ္စလာမ်၊ ဟိဂျရီ ၁၄၀၈၊ အတွဲ ၂၊ စာမျက်နှာ ၂၂၈; နဂျဖီ၊ ဂျဝါဟိရ်ကလာမ်၊ အီရန်သက္ကရာဇ် ၁၃၆၂၊ အတွဲ ၂၉၊ စာမျက်နှာ ၂၆၄။
  15. ရှဟီးဒ်ဆာနီ၊ မက်စ်အလကွလ်အိဖ်ဟာမ်၊ ဟိဂျရီ ၁၄၁၃၊ အတွဲ ၇၊ စာမျက်နှာ ၂၈၁။
  16. ရှဟီးဒ်ဆာနီ၊ မက်စ်အလကွလ်အိဖ်ဟာမ်၊ ဟိဂျရီ ၁၄၁၃၊ အတွဲ ၇၊ စာမျက်နှာ ၁၉၈။
  17. နဂျဖီ၊ ဂျဝါဟိရ်ကလာမ်၊ အီရန်သက္ကရာဇ် ၁၃၆၂၊ အတွဲ ၂၉၊ စာမျက်နှာ ၂၃၇။
  18. နဂျဖီ၊ ဂျဝါဟိရ်ကလာမ်၊ အီရန်သက္ကရာဇ် ၁၃၆၂၊ အတွဲ ၂၉၊ စာမျက်နှာ ၂၃၈။
  19. အေမာမ်ခိုမေနီ၊ သဟ်ရီးရွလ်ဝစီလာ၊ ဟိဂျရီ ၁၄၃၄၊ အတွဲ ၂၊ စာမျက်နှာ ၂၈၂။
  20. အေမာမ်ခိုမေနီ၊ သဟ်ရီးရွလ်ဝစီလာ၊ ဟိဂျရီ ၁၄၃၄၊ အတွဲ ၂၊ စာမျက်နှာ ၂၈၃။
  21. အေမာမ်ခိုမေနီ၊ သဟ်ရီးရွလ်ဝစီလာ၊ ဟိဂျရီ ၁၄၃၄၊ အတွဲ ၂၊ စာမျက်နှာ ၂၈၃။
  22. အေမာမ်ခိုမေနီ၊ သဟ်ရီးရွလ်ဝစီလာ၊ ဟိဂျရီ ၁၄၃၄၊ အတွဲ ၂၊ စာမျက်နှာ ၂၈၃။
  23. အေမာမ်ခိုမေနီ၊ သဟ်ရီးရွလ်ဝစီလာ၊ ဟိဂျရီ ၁၄၃၄၊ အတွဲ ၂၊ စာမျက်နှာ ၂၈၃။
  24. အေမာမ်ခိုမေနီ၊ သဟ်ရီးရွလ်ဝစီလာ၊ ဟိဂျရီ ၁၄၃၄၊ အတွဲ ၂၊ စာမျက်နှာ ၂၈၃။
  25. အေမာမ်ခိုမေနီ၊ သဟ်ရီးရွလ်ဝစီလာ၊ ဟိဂျရီ ၁၄၃၄၊ အတွဲ ၂၊ စာမျက်နှာ ၂၂၄။
  26. မဂ်ရိဘ်ဘီ၊ ဒအာအိမွလ်အစ္စလာမ်၊ ဟိဂျရီ ၁၃၈၅၊ အတွဲ ၂၊ စာမျက်နှာ ၂၄၀။

ကျမ်းကိုးမျာ

  • ( ဇနီး၏ညီမသည်မဟ်ရမ်ဖြစ်ပါသလား? ၎င်းသူမနှင့်မဟ်ရမ်ဖြစ်စေမည့်နည်းလမ်းကောရှိပါသလား)၊ အစ္စလာမ် ကူအိစ်သ်၊ အကြောင်းအရာကိုထည့်သွင်းခြင်း: အီရန်သက္ကရာဇ် ၁၃၉၄၊ ၁၃ ဖရ်ဝရ်ဒီးန်၊ ကြည့်ရှုခြင်း: အီရန်သက္ကရာဇ် ၁၃၉၉ ၂၉ဖရ်ဝရ်ဒီးန်။
  • အေမာမ်ခိုမေနီ၊ ဆိုင်ယီဒ်ရူဟ်ဟူလ္လာဟ်၊ သဟ်ရီးရ်ဝစီလာ၊ ကွမ်း၊ အေမာမ်ခိုမေနီ၏အာဆာရ်များအားစီစစ်ရေး နှင့် ဖြန့်ချီရေးဌာန၊ ပထမအကြိမ်ပုံနှိပ်၊ ဟိဂျရီ ၁၄၃၄။
  • ဘနီဟာရှင်မီ ခိုမေနီ၊ ဆိုင်ယီဒ်မိုဟမ္မဒ်ဟဆန်၊ မရာဂျေအ်သက်လီးဒ်၁၃ယောက်၏ဖသဝါနှင့်ကိုက်ညီသောရေဆာလဟ်သောဝ်ဇီဟူလ်မဆာအိလ်၊ ကွမ်း၊ ကွမ်းမြိုရှိဂျာမေအဟ်မိုဒရ်ရေစီးန်‌ေဟဝ်ဇာအစ္စလာမ်မီဖြန့်ချီရေးဌာန၊ အီရန်သက္ကရာဇ် ၁၃၈၅။
  • ဟူရ်အာမိုလီ၊ မိုဟမ္မဒ်ဘင်န်ဟဆန်၊ ဝဆာအီလ်ရှီအဟ်၊ ကွမ်း၊ အာလေဘိုသ်(အ စ) လေအဟ်ယာအ်သိုရာစ်ဌာန၊ ဟိဂျရီ ၁၄၁၆။
  • ရှဟီးဒ်အောဝ်ဝလ်၊ မိုဟမ္မဒ်ဘင်န်မက္ကီ၊ အလ်လိုမ်အသူလ်ဒမိရှ်ကီယဟ်၊ ဘေရွသ်မြို၊ ဒါရူလ်သိုရာစ်၊ ဟိဂျရီ ၁၄၁၀။
  • ရှဟီးဒ်ဆာနီ၊ ဇိုင်နွဒ်ဒီးန်ဘင်န်အလီ၊ မက်စ်အလကူလ်အဖ်ဟာမ်၊ ကွမ်း၊ မအာရိထ်အစ္စလာမီယဟ်ဌာန၊ ဟိဂျရီ ၁၄၁၃။

.

  • ဖာဇီလ်မေက်ဒါဒ်၊ အဗ်ဒူလ္လာ၊ ကန်ဇ်ဇွလ်အူရ်ဖာန်ဖီဖိက်ဟ်ကုရ်အာန်၊ ကွမ်း၊ မန်ရှုရာသ်မက်သဘ်မူရ်သဇဝီယဟ်လိလ်အဟ်ယအ်အာဆာရ်ဂျအ်ဖရီယဟ်၊ ဘီသာ။
  • ဖရာဟီဒီ၊ ခလီလ်ဘင်န်အဟ်မဒ်၊ အလ်အိုင်န်း၊ ကွမ်း၊ နရှ်ရ်ဟိဂ်ျရသ်၊ ပြင်ဆင်မှု: မဟ်ဒီမခ်ဇူမီ နှင့် အိဗ်ရာဟီးမ်ဆာမရာနီ၊ ဟိဂျရီ ၁၄၁၀။
  • ဒါအေရသူလ်မအာရိဖ် ဖိက်ဟ်အစ္စလာမ်မီဌာန၊ ( အာမီဇီရှ် )၊ ဖရ်ဟန်ဂ်ဖိက်ဟ်ဖာရ်စီတွင်၊ ကွမ်း၊ ဒါအေရသူလ်မအာရိဖ် ဖိက်ဟ်အစ္စလာမ်မီဌာန၊ အီရန်သက္ကရာဇ် ၁၃၈၇။
  • မွဂ်ျသဟေဒီတဟ်ရာန်နီ၊ အဟ်မဒ်၊ ရေဆာလဟ်၃ခု: ကြီးလေးသောအပြစ်များ၊ မဟ်ရမ် နှင့် နာမဟ်ရမ်၊ အဟ်ကာမ်ဂိုင်ဘသ်၊ ကွမ်း၊ ဒရ်ရာဟ်ဟက်ဌာန၊ အီရန်သက္ကရာဇ် ၁၃၈၁။
  • မိုဟက္ကီက်ဟိလ္လီ၊ ဂျအ်ဖရ်ဘင်န်ဟဆန်၊ ရှရာယိအ်အစ္စလာမ်၊ ကွမ်း၊ အစ္စမာအီလီယားန်ဌာန၊ ဒုတိယအကြိမ်ပုံနှိပ်၊ ဟိဂျရီ ၁၄၀၈။
  • မိရှ်ကီနီ၊ အလီအက္ကဘရ်၊ မွစ်သွလေဟာသ်ဖိက်ဟ်၊ ကွမ်း၊ နရှ်ရ်ဟာဒီ၊ သုံးကြိမ်မြောက်ပုံနှိပ်၊ အီရန်သက္ကရာဇ် ၁၃၈၁။
  • မဂ်ရိဗ်ဗီ၊ ကာဇီနိုအ်မာန်၊ ဒအာအေမွလ်အစ္စလာမ်၊ ကွမ်း၊ အာလေဘိုသ်( အ စ) ဌာန၊ ဒုတိယအကြိမ်ပုံနှိပ်၊ ဟိဂျရီ ၁၃၈၅။
  • မိုဖီးဒ်၊ မိုဟမ္မဒ် ဘင်န် မိုဟမ္မဒ်၊ အလ်မက်နအဟ်၊ ရှိခ်မိုဖီးဒ်၏ထောင်စုနှစ်ကမ္ဘာ့ကွန်ဂရတ်၊ ဟိဂျရီ ၁၄၁၃။
  • မိုကဒ်ဒက်စ်အူရ်ဒဘီလီ၊ အဟ်မဒ်ဘင်န်မိုဟမ္မဒ်၊ ဇွဘ်ဒသူလ်ဘယားန်ဖီအာယာသ်အဟ်ကာမ်၊ တီဟ်ရာန်၊ အလ်မက်သဘ်မွရ်တဇဝီယာလေအဟ်ယအ်အာဆာရ်ဂျအ်ဖရီယဟ်၊ ပထမအကြိမ်ပုံနှိပ်၊ ဘီသာ။
  • နဂျဖီ၊ မိုဟမ္မဒ်ဟဆန်၊ ဂျဝါဟိရ်ကလာမ်ဖီရှရာယိအ်အစ္စလာမ်၊ ဘေရွသ်၊ ဒါရ်ရူလ်အဟ်ယအ်သိုရာစ်အာရဗီ၊ ဟိဂျရီ ၁၄၀၄။
  • နူရီ၊ ဟိုစိုင်န်၊ မွစ်သဒ်ရကူလ်ဝဆာအိလ်၊ ကွမ်း၊ အာလေဘိုသ်( အ စ ) လေအဟ်ယအ်သိုရာစ်ဌာန၊ ဟိဂျရီ ၁၄၀၈။