ကရီးမေအဟ်လေဗိုင်သ်

wikishia မှ

ကရီးမေအဟ်လေဗိုင်သ် ဆိုသည်မှာ အဟ်လေဗိုင်သ်၏ ပေးကမ်းစွန့်ကြဲမှု ဖြစ်ပြီး အေမာမ်ဟစန်(အစ)) ၏ ဂုဏ်ပုဒ်များ အနက်မှ ဖြစ်ပြီး (1) အလွန်တရာ ရက်ရောပေးကမ်း စွန့်ကြဲသောကြောင့် ထိုဂုဏ်ပုဒ်ဖြင့် ခေါ်ဆိုခဲ့ကြသည်။ (2) ကရီးမ် ဟူသော ဝေါဟာရသည် ကျမ်းကိုးများ၌ အေမာမ်ဟစန် ဗင်န် အလီ(အစ) နှင့်ပတ်ပြီး အသုံးပြုစေကာမှု (3) သို့သော် အေမာမ်ဟစန်(အစ)) ၏ အထ္ထုပတ္တိ၌ ဂုဏ်ပုဒ်များ နှင့် အစွဲပြုခေါ်ဆိုသော အမည်များ နှင့်ပတ်သက်ပြီး၊ ကရီးမေအဟ်လေဗိုင်သ် ဟူသော ဂုဏ်ပုဒ်သည် မည်သည့် သမိုင်းကျမ်းကိုးများ နှင့် ရေဝါယသ်များ၌ အေမာမ်ဟစန်(အစ)) ၏ ဂုဏ်ပုဒ် ဖြစ်သည် ဟူသော အကြောင်းအရာ အဖြစ် မဖော်ပြထားပေ။ (4) အေမာမ်ဟစန်(အစ)) အား ကရီးမေအဟ်လေဗိုင်သ် ဖြစ်သည်ဟူ၍ ကျော်ကြားရခြင်းမှာ သမိုင်းသုတေသီများသည် ၎င်း၏ ရက်ရော ပေးကမ်း စွန့်ကြဲမှုနှင့်ပတ်သက်ပြီး ကြားသိခဲ့ကြသည့် အဖြစ်အပျက်များကြောင့် ဖြစ်ပေသည်။ (5) အေမာမ်ဟစန်(အစ)) သည်ဆင်းရဲနွမ်းပါးသူများနှင့် ငတ်မွတ်နေသူများ အတွက် များစွာ ပေးကမ်းရက်ရော စွန့်ကြဲခဲ့ပြီး မည်သည့် ရှေးလူကြီးများ အထ္ထုပတ္တိ တွင်မှ ထိုသို့သော အရာမျိုး မတွေ့ဘူးပေ ဟူ၍ ဆိုထားသည်။ (6) အေမာမ်ဟစန်(အစ)) သည် မိမိ့ခေတိကာလ၌ အရက်ရောဆုံးသောသူ ဖြစ်ကာ ပေးကမ်းစွန့်ကြဲ အနစ်နာခံရာ၌ စံထားရလောက်သည့်သူမျိုး ဖြစ်ပေသည်။ သို့သော် အားလုံးသော အဟ်လေဗိုင်သ် များသည် ၊ ပေးကမ်းစွန့်ကြဲ ၊ အနစ်နာ ခံသူများ ဖြစ်ကြသော်လည်း အေမာမ်ဟစန်(အစ)) တစ်ဦးတည်းသာလျှင် ဤဂုဏ်ပုဒ် ရရှိခဲ့သည်။ (7) အိဗ်နေဂျောင်ဇီ (ဟီဂျရီ ၄၅၆ ကွယ်လွန်)) သည် အဟ်လေစွန္နသ် ပညာရှင်ဖြစ်ပြီး သဇ်ကုရသုလ်ခဝါဆ်ွ ဟူသော စာအုပ်၌ ၊ အေမာမ်ဟစန်(အစ)) အား ကြီးမြတ်သူများထဲမှ တစ်ဦးဖြစ်သည်ဟု ဖော်ပြထားသည်။ အေမာမ်ဟစန်(အစ)))) ၏ သာလွန်မြင့်မြတ်မှုများကို ဖော်ပြရာ၌ ၊ ဟစန် ဗင်န် အလီ သည် ၎င်း၏ ပိုင်ဆိုင်မှု နှင့် ဥစ္စာများကို အရှင်မြတ်၏ လမ်းစဉ်တွင် ဆင်းရဲသား များအား နှစ်ကြိမ် ပေးခဲ့ပြီး စည်းစိမ် ဥစ္စာ ကို သုံးကြိမ် ခွဲဝေပေးခဲ့ကြောင်း ရေးသား ခဲ့သည် ။ (8) ၎င်းသည် ဆင်းရဲသားတစ်ဦး၏ တောင်းဆိုမှုအရ ၎င်းအား ဒီရ်ဟမ် နှစ်သောင်းဖြင့် ကူညီပေးခဲ့သည် ဟုပင် ဆိုထားသည်။ (9) ရှီအဟ် အိုလမာ ပညာရှင် ဘာကရ်ရှရီးဖ်ကရ်ရှီး (ဟီဂျရီ ၁၄၃၃ ကွယ်လွန်)) သည် ကရီးမေအဟ်လေဗိုင်သ် ဂုဏ်ပုဒ်နှင့် ပတ်သက်ပြီး အေမာမ်ဟစန်(အစ)) အား မေးမြန်းထားသည့် ရေဝါယသ် တစ်ခုကို ဖော်ပြထားသည်မှာ ယင်း၌ အဘယ်ကြောင့် တောင်းခံသူများကို မျှော်လင့်ချက် ကင်းမဲ့အောင် မပြုလုပ်သနည်း? ဟာမေူကြရာ ၊ အေမာမ် ဖြေဆိုသည်မှာ ၊ ကျွန်ုပ်သည်လည်း အရှင်မြတ် ထံတော်ပါး၌ ကျွန်ုပ်အား မျှော်လင့်ချက် ကင်းမဲ့အောင် မပြုလုပ်ရန် တောင်းဆိုလေ့ရှိသည့် ဆင်းရဲနွမ်းပါးသူ တစ်ဦးဖြစ်သည် ထို့ကြောင့်ပင် ဆင်းရဲသားများကို မျှော်လင့်ချက် ကင်းမဲ့အောင် ပြုလုပ်ရမည်ကို အလွန်ရှက်တော်မူ၏။ အရှင်မြတ် တစ်ပါးတည်းသာလျင် ပေးသနားတော်မူပြီး ကျွန်ုပ်သည်လည်း လူသားများကို ကူညီလိုပါသည်။ (10) စိုင်ယိဒ် ဟိုစိုင်းန် ဗဟ်ရုလ်အူလူးမ် (ဟီဂျရီ ၁၃၈၀ ကွယ်လွန်) ၏ အဆိုအရ၊ သလ်ခီးဆုလ်ရှာဖီ စာအုပ်ရေးသားသူသည် ၊ အေမာန်ဟစန် (အစ) ၏ ရက်‌ရောပေးကမ်းမှု စေတနာသည် ပြောဆိုနိုင်သည်ထက် ပိုမိုများပြားစွာ ကျယ်ပြန့်သည် ဟုဖော်ပြထားသည်။ (11) ရှီအဟ် အိုလမာ ရှီးခ်ဟာဒီ အာလေ ကာရှီဖုလ်ဂသွာအ် (ဟီဂျရီ ၁၂၆၁ ကွယ်လွန်) ) သည်၊ အေမာန်ဟစန် (အစ) ၏ ဂုဏ်ပုဒ် နှင့်ပတ်သက်ပြီး ဖော်ပြချက်တွင် ရေးသားထားသော ကဗျာ၌ ၎င်းသည် ကရီးမေအဟ်လေဗိုင်သ် ဟူသော ဂုဏ်ပုဒ်ကို ရည်ညွှန်းထားသည်။ (12) အီရာန်တွင် အချို့သော ပရဟိတအဖွဲ့များကို ကရီးမေအဟ်လေဗိုင်သ် ဟု အမည်ပေးထားသည်။ [(13)