ကဒ္ဒဲရ်ည

wikishia မှ

ကဒ္ဒဲရ်ည (ကံကြမ္မာည) (အာရဗီ-ليلة القدر)သို့မဟုတ် လိုင်းလသုလ် ကဒ္ဒဲရ် ဆိုသည်မှာ ကျမ်းမြတ်ကုရ်အာန် ကျရောက်သော ည ဖြစ်ပြီး လူသားများ၏ တစ်နှစ်စာ ရေးရာများကို ရည်မှန်းထားသောည ဖြစ်သည် ။ ကုရ်အာတ်သည် စူရဟ် ကဒဲရ် နှင့် စူရဟ် ဒိုခါးန် ၌ ဤည နှင့်ပတ်သက်ပြီး မိန့်ဆိုထားလေသည်။ ကျမ်းမြတ်ကုရ်အာန်၏ အာယသ်တော်များ နှင့် ရေဝါယသ်တော်များအရ ၊ ဤညသည် လပေါင်း တစ်ထောင်ကျော် ထက်သာလွန်မြင့်မြတ်မှု ရှိပေသည်။ ဤညသည် တစ်နှစ်တာ၏ အမွန်မြတ်ဆုံးညဖြစ်ပြီး အရှင်မြတ်၏ မြင့်မြတ်သော ကရုဏာတော် ပြည့်ဖြိုးသော ည နှင့် အပြစ်များကို ခွင့်လွှတ်သောည လည်းဖြစ်သည်။ ထိုည၌ မာလာအိကာ ကောင်းကင်တမန်များသည် ကမ္ဘာမြေပေါ်သို့ ရောက်လာကြသည်။ ရှီအာတို့၏ အချို့ ဟဒီးစ်တော်များအရ ၊ ဘန်ဒါ ကျေးကျွန် လူသားများ၏ နောင် လာမည့်နှစ်၏ ကံကြမ္မာကို အေမာမ်အား ပြောပြပေမည်။ ကဒဲရ် ည၏ အချိန်အတိအကျကို အရှင်းအလင်း မသိရပေ။ သို့သော် ရေဝါယသ်များစွာအရ ၊ ၎င်းသည် ရမ်ဇာန်လတွင် တည်ရှိပြီး ထိုလ၏ ၁၉ ည ၊ ၂၁ ညသို့မဟုတ် ၂၃ ညများအနက်မှ တစ်ခု ဖြစ်သည်ဟု ယူဆထားကြသည်။ ရှီအာများသည် ရမ်ဇာန်လ ၂၃ ရက်ည ၊ အဲဟ်လေစွန္နသ်များသည် ရမ်ဇာန်လ ၂၇ ရက်ညကို ကဒဲရ် ည ဟူ၍ အလေးပေး သတ်မှတ်ထားကြသည်။ ရှီအာများသည် ထိုကဒဲရ်ညများတွင် မအ်စူမီးန်(အစ) တို့အား စံနမူနာထားကာ တစ်ညလုံး တိုးထနေခြင်း ၊ ကျမ်းမြတ်ကုရ်အာန် ဖတ်ရွတ်ခြင်း ၊ ဒိုအာဆုမွန်ကောင်းများ တောင်းခံခြင်း နှင့် အေဘာဒသ်များ ပြုလုပ်ခြင်း စသည်တို့ကို ပြုကျင့်ကြသည်။ ထိုအပြင် ဤညများ၌ အေမာမ်အလီ(အစ) ဓားထိခြင်းနှင့် ရှဟာဒသ် ဖြစ်ခြင်း တို့သည်လည်း ရှီအာများအကြား အရေးပါမှုကို တိုးမြင့်စေခဲ့ပြီး ထိုအေမာမ်အတွက် အဇာဒါရီ ငိုကြွေးမြည်တမ်းခြင်းသည် ထိုည၏ ထုံးတမ်းဖြစ်လာခဲ့သည်။

အမည်မှဲ့ခြင်း

" ကဒ္ဒရ်" «قَدْر» ဆိုသည်မှာ အရဗီ ဝေါဟာရ ဖြစ်ပြီး အတိုင်းအတာ၊ လျာထားသောကြမ္မာ နှင့် ကံကြမ္မာ ဟူ၍ အနက်အဓိပ္ပါယ် ရှိပေသည်။ (1) ဤညကို "ကဒဲရ်ည" ဟု အဘယ်ကြောင့် ခေါ်ဆိုရသည်နှင့် ပတ်သက်၍ ဖြစ်နိုင်ခြေအနည်းငယ်ရှိပါသည်။ ၎င်းတို့မှာ အုပ်စုတစ်စု၏ အမြင်အရ ၊ ဥပမာ အလ္လာမဟ် သွဗာသွဗာယီး သည် လူသားများ၏ လျာထားသော ကြမ္မာ ၊ တစ်နှစ်တာ အဖြစ်အပျက်များ၏ အတိုင်းအတာ နှင့် ကံကြမ္မာကို ဤညတွင် ဆုံးဖြတ်သောကြောင့် ၎င်းကို ကဒဲရ်ည (ကံကြမ္မာည)ဟု ခေါ်ဆိုသည် ဟု မိန့်ဆိုထားသည်။ (2) အာယသုလ္လာဟ် မကာရင်မေ ရှီးရာဇီး သည် ထိုအမြင်ကို ရေဝါယသ် များနှင့် လိုက်လျောညီထွေ မှုရှိပြီး ပိုမိုကျော်ကြား၍ ပိုမိုကောင်းမွန်သည်ဟု ယူဆထားသည်။ (3) အေမာမ်ခိုမေနီ သည် ကဒဲရ်ည ဟု အမည်ပေးရခြင်း၏ အကြောင်းရင်း နှင့် ပတ်သက်၍ ဖြစ်နိုင်ခြေ သုံးခုကို ထုတ်ဖော်ခဲ့သည်။ ၎င်းတို့မှာ ပထမအချက်မှာ မြင့်မြတ်သော ဂုဏ်သိက္ခာ နှင့် အရိုက်အရာ ပိုင်ရှင် ဖြစ်သည်။ ကဒဲရ် ပိုင်ရှင်၏ (အရှင်မြတ်) ကုရ်အာန် သည် ၎င်း၏ ရစူလ်တမန်တော်မြတ်အပေါ် အွမ္မသ်များအတွက် ကျရောက်စေခဲ့သည်။ ထို့ကြောင့် ယင်းညအား ကဒဲရ်ည ဟုခေါ်ဆိုသည်။ ဒုတိယအချက်မှာ ဤညတွင် လူတို့၏ ကံကြမ္မာ နှင့် ရိုဇီများကို ပြီးမြောက်စေသောကြောင့် ၎င်းကို ကဒဲရ်ညဟု ခေါ်ဆိုသည်။ တတိယ အချက်မှာ ၊ ထိုည၌ ကောင်းကင်တမန် အများအပြား ဆင်းသက်လာသောကြောင့် ကမ္ဘာမြေကြီးသည် ကျဉ်းမြောင်းလာခဲ့သည်။ ထို့ကြောင့် ၎င်းညအား ကဒဲရ်ည ဟု ခေါ်ဆိုသည်။ (4) အေမာမ်ခိုမေနီသည် ဒုတိယအချက်ကို ပိုမို အလေးပေးထားခဲ့သည်။ ပြောထားသည်မှာ " လိုင်းလသုလ်ကဒ္ဒရ် " သည် ထို ပိုင်ရှင်အတွက် " ကဒ္ဒရ်" ဖြစ်ခဲ့ပြီး မြတ်နဗီ၏ ည ၊ စစ်မှန်သော အချစ်စစ်သည် ၎င်းချစ်ရသူထံတော်သို့ ရောက်ရှိသည့်ည ဖြစ်သည်။ (5) မကာရင်မေ ရှီရာဇီး သည်လည်း ကဒဲရ်ညပိုင်ရှင် နှင့် ယင်းညတွင် ပြန်လည်နိုးကြားသူများ၏ အရိုက်အရာ ၊ ယင်းည၏ ကြီးကျယ်မြင့်မြတ်သော ဂုဏ် နှင့် ယင်းည၌ ကျမ်းမြတ် ကုရ်အာန် ကျရောက်ခြင်း ကို ဤညအား ကဒဲရ်ည အဖြစ် ခေါ်ဆိုရခြင်း၏ အကြောင်းရင်း ဖြစ်သည်ဟု ဖော်ပြခဲ့သည်။ (6) ကဒဲရ်ညကို «لیلةالعظمه» " လိုင်းလသုလ် အဇ်ွမဟ်" မြင့်မြတ်သောည ၊ နှင့် «لیلةالشرف» " လိုင်းလသုလ် ရှရက်ဖ်" ကြီးကျယ်ခမ်းနားသောည ဟူ၍လည်း ခေါ်ဆိုကြသည်။ (7)

အရိုက်အရာ နှင့် အရေးပါမှု

ကဒဲရ်သည် အစ္စလာမ့်ယဉ်ကျေးမှုတွင် တစ်နှစ်တာ၏ အကောင်းဆုံးနှင့် အရေးကြီးဆုံးညဖြစ်သည်။ (8) တမန်တော်မြတ်(ဆွ) ထံမှ လာရှိထားသည့် ရေဝါယသ်တော်အရ ၊ ကဒဲရ်ည သည် မွတ်စ်လင်မ်များ အပေါ် အရှင်မြတ်၏ ကောင်းချီးများ ကျရောက်သာ့် ညများအနက်မှ တစ်ခုဖြစ်ပြီး ယခင် အွမ္မသ် များ အနက်မှ မည်သူတစ်ဦးတစ်ေယာက်မှ အရှင်မြတ်ဘက်မှ ပေးအပ်သည့် ဤလက်ဆောင်မျိုးကို မခံစားခဲ့ရပေ။ (9) ကျမ်းမြတ်ကုရ်အာန်၌ ၊ ကဒဲရ်ညကို ဖော်ကြူးခြင်း နှင့် ချီးမွမ်းခြင်း အတွက် ပြီးပြည့်စုံသောစူရဟ်တစ်ပာဒ် လာရှိထပြီး ယင်းစူရဟ်အား " စူရသုလ် ကဒ္ဒဲရ်" ဟူ၍ ခေါ်ဆိုထားသည်။ (10) ဤစူရဟ်၌ ၊ ကဒဲရ်ည၏ တန်ဖိုးသည် လပေါင်း တစ်ထောင်ထက် ပိုမိုမြင့်မြတ်သည်ဟု ယူဆထားသည်။ (11) စူရဟ် ဒိုခါးန်၏ အာယသ် အမှတ် ၁ မှ ၆ အထိ သည်လည်း ၎င်းည၏ အရေးပါမှု နှင့် အဖြစ်အပျက်များကို ပြောပြထားသည်။ (12) အေမာမ်ဆွာဒီက်(အစ) ထံမှာ ရေဝါယသ်တစ်ခု လာရှိထားသည်မှာ ၊ အကောင်းဆုံးသော လ မှာ ရမ်ဇာန်လ ဖြစ်သည် ၊ ထိုရမ်ဇာန်လ၏ နှလုံးသားမှာ ကဒဲရ်ည ပင်ဖြစ်သည်။ (13) ထို့အတူ တမန်တော်မြတ်(ဆွ) ထံမှ ကောက်နုတ်ထားသည်မှာ ကဒဲရ်ည သည် ညများအားလုံး၏ ခေါင်းဆောင် ဖြစ်သည်။ (14) အေမာမ်ဆွာဒီက်(အစ) ထံမှ လာရှိထားသည့် ဟဒီးတစ်ခု၌ ၊ ကဒဲရ်ညသည် နှစ်၏ အစပိုင်း ဖြစ်သည်ဟု ဖော်ပြထားသည်။ (15) နှစ်၏အစ ဆိုသည်မှာ မအ်နဝီရေးရာ နှင့် ဝတ်ပြုကိုးကွယ်ခြင်း ဖြစ်နိုင်သလို လူသားတို့၏ တစ်နှစ်တာ ကံကြမ္မာကို ဆုံးဖြတ်ခြင်း ဟူ၍လည်း ဆိုလိုနိုင်သည်။ (16) ရေဝါယသ် နှင့် ဖိက္ကဟ် ဓမသ္သက် ကျမ်းကိုးများအရ ၊ ကဒဲရ်နေ့သည်လည်း ကဒဲရ်ည ကဲ့သို့ ကြီးကြယ်မြင့်မြတ်ပြီး တန်ဖိုးရှိပေသည်။ (17) ဤည၌ ဖြစ်ပွားခဲ့သော ဖြစ်ရပ်အချို့ ဥပမာ ရမ်ဇာန် ၁၉ ရက်ည၌ အေမာမ်အလီ(အစ) ဓားထိခြင်း ၊ ရမ်ဇာန် ၂၁ ရက်ည ၌ ၎င်းရှဟာဒသ် ဖြစ်ခြင်း တို့သည် ရှီအာများအကြားတွင် ဤညများ၏ အရေးပါမှုကို ပိုမိုတိုးပွားစေခဲ့သည်။ ထို့အပြင် ၎င်းတို့သည် ထိုညများ၌ ကဒဲရ်ည ပြုကျင့်သင့်သည့် မွတ်စ်သဟက်ဘ် ကျင့်စဉ်များကို ပြုလုပ်သည့်အပြင် အေမာမ်အလီ(အစ) အတွက်လည်း အဇာဒါရီ ပြုလုပ်ကြပေသည်။ (18) အချို့ ရေဝါယသ်များ၌ လာရှိထားသည်မှာ ၊ ဟဇရသ်သေ ဖွာသွေမဟ်(စအ) သခင်မသည် ကဒဲရ်ည၏ လျှို့ဝှက်ချက် ဖြစ်သည်။ (19) အကယ်၍ မည်သူမဆို ဟဇရသ်သေ ဖွာသွေမဟ်(စအ) သခင်မ အား ပြီးပြည့်စုံစွာ သိကျွမ်းနားလည်ပါက ကဒဲရ်ည ကိုလည်း နားလည်ခံစားနိုင်မည် ဖြစ်သည်။ (20)

ကျမ်းမြတ်ကုရ်အာန် ကျရောက်ခြင်း

စူရဟ်ကဒဲရ်၏ အာယသ်အမှတ် တစ် နှင့် စူရဟ် ဒိုခါးန်၏ အာယသ် အမှတ် ခြောက် တို့သည် ကဒဲရ်ည ၌ ကျမ်းမြတ်ကုရ်အာန် ကျရောက်ခြင်း အကြောင်းကို ဖော်ပြထားသည်။ (21) များစွာသော သက်ဖ်စီးရ် ပညာရှင်များ ယုံကြည်ထားသည်မှာ ၊ ၌ညတွင် ကျမ်မြတ်ကာရ်အာန် တစ်အုပ်လုံး အစမှ အဆုံးတိုင် တမန်တော်မြတ်အပေါ် တစ်ကြိမ်တည်းအပြတ် ကျရောက်ခဲ့သည်။ (22) ဤသို့ ကျရောက်ခြင်းကို တစ်ကြိမ်တည်းအပြက် ကျရောက်ခြင်း ( نزول دفعی ) ဟုခေါ်ဆိုသည်။ (23) သို့သော် အချို့များသည် ၊ ကျမ်းမြတ်ကုရ်အာန်၏ တစ်ဖြည်းဖြည်းခြင်း ကျရောက်မှု အစသည် ရမ်ဇာန်လ၌ ဖြစ်သည် ဟု ယုံကြည်ထားသည်။ (24)

တစ်နှစ်တာ အရေးကို စီရင်ဆုံးဖြတ်ခြင်း

အေမာမ်ဘာကဲရ်(အစ) သည် စယရဟ် ဒိုခါးန် အာယသ်အနှတ် လေးအား ရှင်းလင်းဖွင့်ဆိုရာ၌ လာရှိထားသည်မှာ နှစ်စဉ်နှစ်တိုင်း၏ ဤညတွင် လူသားတစ်ဦးစီ၏ နောက်နှစ် ရေးရာများကို ရေးသားပေသည်။ (25) ထို့အတွကကြောင့် ၊ အချို့ ရေဝါယသ်များ၌ ၊ ကဒဲရ်ည ကို နှစ်၏အစပိုင်း ဟူ၍ သတ်မှတ်ထားကြသည်။ (26) အလ္လာမဟ် သွဗာသွဗာယီး မိန့်ဆိုထားသည်မှာ " ကဒဲရ် ၏ ဆိုလိုရင်းမှာ လျာထားသောကြမ္မာ နှင့် အတိုင်းအတာ ဟူ၍ ဖြစ်သည်။ အရှင်မြတ်သည် ဤညတွင် ၊ လူသားများ၏ အသက်ရှင် နေထိုင်ခြင်း ၊ သေခြင်း၊ ရိုဇီရိက္ခာ ၊ ပျော်ရွှင်မှု နှင့် ၀မ်းနည်းမှုများ စသည့် အရာများကို ဆုံးဖြတ်ပေးသည်။ " (27) အချို့ ရေဝါယသ်များ အရ၊ အေမာမ်အလီ(အစ) နှင့် အဲဟ်လေဘိုင်းသ်(အစ) တို့၏ ဝေလာယသ် ဦးသျှောင်မှုသည်လည်း ဤညတွင် ၊ လက်မှတ်ရေးထိုးခဲ့သည်။ (28)

အပြစ်များကို ခွင့်လွှတ်ခြင်း

ရေဝါယသ်များအရ ၊ ရမ်ဇာန်လတွင် ရှိုင်သွာန်ကို သံကြိုးဖြင့် ချည်နှောင်ထားပြီး မိုအ်မင်န် သက်၀င် ယုံကြည်သူများအတွက် ဂျန္နသ်တံခါးများကို ဖွင့်လှစ်ထားသည်။ တမန်တော်မြတ်(ဆွ) သည် ဤအေကြာင်းအရာကို ဖော်ပြပြီးနောက် သုံးကြိမ်တိုင် မိန့်ဆိုသည်မှာ : ဤလတွင် လတစ်ထောင်ထက်သာလွန်သော ကဒဲရ်ည ရှိပြီး စစ်မှန်သော ရှုံးနှိမ့်သူ ဆိုသည်မှာ ကဒဲက်ညအား လက်လွှတ်လိုက်ရသူအား ခေါ်ဆိုသည်။ (29) တမန်တော်မြတ်(ဆွ) ထံမှ ရေဝါယသ် ကောက်နုတ်ထားသည်မှာ : မည်သူမဆို ကဒဲရ်ည အား ရှင်သန်အောင် ပြုလုပ်ပါက ထို့အပြင် ထိုသူသည် မိုအ်မင်န် သက်၀င်ယုံကြည်သူ ဖြစ်ပြီး ဂျဇာပေးမည့်နေ့ (ကေယာမသ်နေ့) ကို ယုံကြည်သူ ဖြစ်ပါက အရှင်မြတ်သည် ၎င်း၏ အပြစ်များအားလုံးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးပေမည်။ (30)

ကောင်းကင်တမန်များ ဆင်းသက်လာခြင်း

စူရဟ် ကဒဲရ်၏ လေးပါးမြောက် အာယသ်‌တော်အရ ၊ ကောင်းကင်တမန်များ နှင့် ရူးဟ် သည် ကဒဲရ်ည၌ ကမ္ဘာမြေပြင်ပေါ်သို့ ဆင်းသက်လာကြသည်။ (31) အချို့ ဟဒီးစ်တော်များအရ ၊ ၎င်းတို့သည် လာမည့်နှစ်၏ ကံကြမ္မာကို ကြေညာပြောဆိုရန် အေမာမ်ထံ သွား‌ရောက်ကြပြီး သတ်မှတ်ပြီးသော ကံကြမ္မာကို အေမာန်အား ကြေညာပြောဆိုကြသည်။ (32) အေမာန်ဘာကဲရ်(အစ) ထံမှ ဤအကြောင်းအရာ နှင့်ပတ်သက်ပြီး ကောက်နုတ် ဖော်ပြထားသည်မှာ ၊ " ဤည(ကဒဲရ်ည) တွင် ၊ ကောင်းကင်တမန်များသည် ကျွန်ုပ်တို့၏ အနား၌ ဝိုင်းရံလှည့်ပတ်လျက် ရှိကြသည် ။ ထိုသို့ဖြင့် ကျွန်ုပ်တို့သည် ကဒဲရ်ညမှန်း သဘောပေါက်ခဲ့ကြသည်။ " (33) အခြားရေဝါယသ် တစ်ခု၌ ရှီအာများကို တိုက်တွန်းထားသည်မှာ ၊ ထိုအကြောင်းအရာမှ အေမာမသ်၏ အရေးပါမှု နှင့် ရှီအာတို့ မှန်ကန်ကြောင်းကို သက်သေပြုဖို့ရန်အတွက် ခေါင်းစဉ်တစ်ခု အဖြင့် အသုံးပြုစေခဲ့သည်။ ထို့ကြောင့် နှစ်စဉ်နှစ်တိုင်း ကောင်းကင်တမန်များ သည် သတ်မှတ်ထားသော ကံကြမ္မာများကို ကြေညာပြောဆိုဖို့ရန် ခေတ်ကာလအေမာမ် တစ်ပါး တည်ရှိရမည် ဖြစ်သည်။ (34)

အချိန်ကာလ

ရှီအာတို့၏ အမြင်

သက်ဖ်စီးရ် ပညာရှင်များ ဥပမာ အလ္လာမဟ် သွဗာသွဗာယီး၏ အဆိုအရ ၊ စူရဟ် ကဒဲရ် နှင့် စူရဟ် ဒိုခါးန် အာယသ်တော်များ၏ အပြင်ပိုင်းဆိုင်ရာ ဖွင့်ဆိုချက်အရ ကဒဲရ်ညသည် တမန်တော်မြတ်(ဆွ) ခေတ်ကာလ၌ ကုရ်အာန် ကျရောက်သည့်ည အတွက်သာ ရည်စူးထားခြင်း မဟုတ်ပေ သို့သော် နှစ်စဉ်နှစ်တိုင်း ကဒဲရ်ညသည် ရောက်ရှိလာမည် ဖြစ်သည်။ (35) များစွာသော ရေဝါယသ်တော်များ (36) လည်း အစဉ်အဆက် မပျက် လာရှိထားပြီး(37) ထိုအကြောင်းအရာကို ထောက်ခံထားသည်။ အလ္လာမဟ် သွဗာသွဗာယီး၏ အဆြိအရ ၊ ကဒဲရ်ညသည် နှစ်စဉ်နှစ်တိုင်း ထပ်ခါတစ်လဲ ရှိနေမည်ကို ရေဝါယသ်အားလုံး၌ လာရှိထားသည်။ (38) ကျမ်းတော်မြတ်ကုရ်အာန်၏ အာယသ်တော်အရ၊ ကဒဲရ်ညသာ် ရမ်ဇာန်လ၌ တည်ရှိပေသည်။ (39) သို့သော် မည်သည့်နေ့ဖြစ်သည်ကို ကုန်အာန်၏ အာယသ်တော်၌ မဖော်ပြထားပေ။ (40) ‌များစွာသော ရေဝါယသ်များသာ်လည်း ကဒဲရ်ညသည် ရမ်ဇာန်လ၌ တည်ရှိနေကြောင်းကို အလေးပေး ဖော်ပြထားသည်။ (41) အလ္လာနဟ် မဂ်ျလေစီ ပြောထားသည်မှာ ၊ အေမာမီယဟ် အိုလမာ ပညာရှင်များ၏ အဆိုအရ ကဒဲရ်ည သည် ရမ်ဇာန်လ၏ ၁၉ ၊ ၂၁ နှင့် ၂၃ ညများတွင်သာ ဖြစ်ပြီး ဤအကြောင်းအရာ နှင့်ပတ်သက်ပြီး ရေဝါယသ် များစွာ လာကှိထားသည်။ (42) အလ္လာမဟ် သွဗာသွဗာယီး၏ အမြင်အရ ၊ ကဒဲရ်ည သည် ရမ်ဇာန်လ၏ ၁၉ ၊ ၂၁ နှင့် ၂၃ ညများတွင်သာ ဖြစ်ကြောင်းကို အဲဟ်လေဘိုင်းသ်(အစ) ရေဝါယသ်အားလုံး၌ တူညီစွာ လာရှိထားသည်။ (43) ရှဖိးခ်ဆူဒူက် ပြောကြားထားသည်မှာ ၊ ကဒဲရ်ညသည် ရမ်ဇာန်လ၏ ၂၃ ည ဖြစ်ကြောင်းကို ကျွန်ုပ်တို့၏ ပါမောက္ခ ဆရာများက သဘောတူညီမှု ရှိခဲ့သည်။ (44) မင်န်ဟဂျွလ်ဆွာဒိကီးန် စ။အုပ်၌ မွလ္လာဟ် ဖက်သ်ဟုလ္လာဟ် ကာရှာနီ ပြောကြားထားသည်မှာ ၊ များစွာသော အေမာမီယဟ် အိုလမာ ပညာရှင်များ၏ အမြင်၌ ၊ ကဒဲရ်ညသည် ရမ်ဇာန်လ၏ ၂၃ ည ဖြစ်သည်။ (45) ဟဒီးစ် အမြောက်အများ (46) သည်လည်း ရမ်ဇာန် ၂၃ ညကို ကဒဲရ်ည ဖြစ်ကြောင်း ဖော်ပြထားကြသည်။ (47) အချို့ ရေဝါယသ်များအရ ၊ ရာမ်ဖာန်၂၉ ညတွင် လူသားများ ကံကြမ္မာကို ရေးသားပြီး ၂၁ ညတွင် ထိုရေးသားထသည့် အရာကို အတည်ပြုကာ ၂၃ ည၌ နောက်ဆုံးအနေဖြင့် လက်နှတ်ရေးထိုးမည် ဖြစ်သည်။ (48) ရမ်ဇာန် ၂၇ ည နှင့် ရှာအ်ဗာန် ၁၅ ရက်ည သည်လည်း အခြားထင်မြင်ချက်အရ ကဒဲရ်ည ဖြစ်သည်ဟု လာရှိထားသည်။ (49) ရမ်ဇာန်၂၃ ည သည် ၊ အေမာမ်ဘာကဲရ်(အစ) သို့မဟုတ် အေမာမ်ဆွာဒီက်(အစ) ထံမှ လာရှိထားသည့် ရေဝါယသ်တစ်ခုအရ ၊ ရှက်(ဘ်) ဘေ ဂျုဟနီ ဟူ၍ ထင်ပေါ်ကျော်ကြားသည်။ ဇိုရာရေဟ် ကောက်နုတ်ထားသည်မှာ : မွစ်သဟဘ် ဂိုစိုလ် ပြုလုပ်ရန် လာရှိထားသည့် ရမ်ဇာန်လ၏ ညများ အကြောင်းကို ကျွန်ုပ်သည် အေမာမ်ထံမှ မေးမြန်းခဲ့ရာ အေမာမ်ဖြေဆိုသည်မှာ " ရမ်ဇာန် ၁၉ ၊ ၂၁ နှင့် ၂၃ ည တို့ဖြစ်သည်။ " ထို့နောက် မိန့်ဆိုသည်မှာ " ရမ်ဇာန် ၂၃ ည သည် ရှက်ဘ် ဘေ ဂျာဟနီ ဖြစ်သည် ။ ထိုသို့ ခေ့်ဆိာရသည့် အကြောင်းအရင်းမှာ ဂျုဟနီ ( အဗ္ဗဒုလ္လာဟ် ဗင်န် အိုနိုင်းစ် အန်ဆွာရီ) ဟု အမည်ရှိသော အမျိုးသားတစ်ဦးသည် တမန်တော်မြတ်(ဆွ) အား ပြောသည်မှာ ကျွှန်ုပ်၏ အိမ်သည် မဒီနာ နှင့် အလွန်ဝေးပါသည် ၊ ညတစ်ည ကို ကျွန်ုပ် အား မိန့်ဆိုပါလေ ထိုည၌ ကျွန်ုပ် မဒီနာကို လာပါမည်။ ထိုအခါ တမန်တော်မြတ်(ဆွ) သည် ၂၃ ည ကို ၎င်းအား မိန့်ဆိုခဲ့သည်။ (50) ဤသို့ ပြောဆိုကြပြီးနောက် နှင့် ၂၃ ရက်နေ့ညတွင် အဗ္ဗဒုလ္ဘာဟ် ဗင်န် အိုနိုင်းစ် အန်ဆွာရီ ၏အပြုအမူကို ကြည့်ရှုပြီးနောက် ၊ ဤညကို "လိုင်းလသုလ် ဂျုဟနီ" ဟု၍ အမည်ပေးခဲ့ကြသည်။ ထို့နောက် "လိုင်းလသုလ် ဂျုဟနီ" သည် ကဒဲရ်ည၏ အမည် ဖြစ်လာခဲ့သည်။ (51) အေမာမ်များ၏ နောက်လိုက်သားများသည် "လိုင်းလသုလ် ဂျုဟနီ" နှင့် ပတ်သက်ပြီး မေးမြန်းခဲ့ကြသည်။ (52) မုဟမ္မဒ် သကီ မဂ်ျလေစီ၏ အဆိုအရ ၊ "လိုင်းလသုလ် ဂျုဟနီ" နှင့်ပတ်သက်ပြီး လာရှိထားသော ရေဝါယသ်များအရ ရှီးခ်ဆူဒူက် နှင့် များစွာသော ရှီအာ အိုလမာ ပညာရှင်များသည် ရမ်ဇာန် ၂၃ ညကို ကဒဲရ်ည ဖြစ်သည်ဟု သတ်မှတ်ထားကြသည်။ (53)

အဲဟ်လေစွန္နသ် တို့၏ အမြင်

အဲဟ်လေစွန္နသ် အများစုသည် တမနိတော်မြတ်(ဆွ) ထံမှ လာရှိထားသော ဟဒီးစ်တော်များကို ကိုးကားခြင်းအားဖြင့် ကဒဲက်ည သည် ရမ်ဇာန်လ၏ နောက်ဆုံး ဆယ်ည အနက်မှ တစ်ခုဖြစ်သည်ဟု ယုံကြည်ထားကြသည်။ (54) အလ္လာမဟ် သွဗာသွဗာယီး ၏ အဆိုအရ ၊ အဲဟ်လေစွန္နသ် တို့အကြား ရမ်ဇာန် ၂၇ ညသည် ကဒဲရ်ည ဖြစ်သည် ဟူ၍ ထင်ပေါ်ကျော်ကြားသည်။ (55) အချို့သော အဲဟ်လေစွန္နသ် တို့သည်လည်း ကဒဲရ်ည အား တမန်တော် မုဟမ္မဒ် (ဆွ) သက်ရှိထင်ရှား ရှိနေစဉ် ကာလ၌သာ နှစ်စဉ်နှစ်တိုင်း ရှိခဲ့ပြီး ၎င်းဆုံးပါးပြီးနောက် ကဒဲရ် ည မရှိတော့ပေ ဟူ၍လည်း ယုံကြည်ထားကြသည်။ (56) အချို့သူများ၏ အဆိုအရ ၊ ကဒဲရ် ညသည် တစ်နှစ်၌ တစ်ည ဟူ၍ သတ်မှတ်ထားခြင်း မဟုတ်သလို နှစ်စဉ်နှစ်တိုင်း ၌လည်း မည်သည့်ည ဖြစ်သည်ကို မသိရှိပေ။ (57) ဤသို့ပြောဆိုကြသော အုပ်စု သည် ၊ ကဒဲရ်ညသည် ဘေအ်စသ် နှစ် ရမ်ဇာန်လ၌ ရှိခဲ့ဖူးပြီး အခြားနှစ်များ၌ အခြားညများတွင်လည်း ဖြစ်ကောင်းဖြစ်နိုင်ပေသည် ဟူ၍ ယုံကြည်ထားကြသည်။ (58) သက်ဖ်စီးရ် ဘယားန်၌ သွီဗ်ရေစီ ပြောထားသည်မှာ ကဒဲရ်ညသည် ရမ်ဇာန်လ၌ တည်ရှိသည်မှာ အားလုံးသော အိုလမာ ပညာရှင်များက လက်ခံယုံကြည်ထားသည်။ (59)

မိုးကုတ်စက်ဝိုင်းများ ကွဲပြားခြင်းနှင့် ကဒဲရ်ညအား သတ်မှတ်တိုင်းတာခြင်း

နှစ်စဉ်နှစ်တိုင်း၏ ညတစ်ညသာလျှင် ကဒဲရ် ည ဖြစ်သည်။ (60) သို့သော် နိုင်ငံများ၏ မတူညီသော မိုးကုတ်စက်ဝိုင်းများ (ဥပမာ အီရန်နှင့် ဆော်ဒီအာရေးဗီးယား၏ မိုးကုတ်စက်ဝိုင်းများ) သည် မတူညီသော ဒေသများတွင် ရမ်ဇာန်လ၏ အစအချိန် ကွဲပြားစေသည်။ ထို့ကြောင့် ရမ်ဇာန်လ၏ ၁၉၊ ၂၁ နှင့် ၂၃ ညအချိန်တို့သည်လည်း ကွဲပြားသင့်သည်။(61) ဖိက္ကဟ် ဥပဒေပညာရှင်များသည် ထိုသို့ ကွဲပြားရခြင်းနှင့် ပတ်သက်ပြီး ပြောကြားထားသည်မှာ နိုင်ငံများ၏ နယ်ပယ်များ ခြားနားချက်ေကြာင့် ကဒဲရ်ညများ များပြားနေရခြင်း မဟုတ်ပေ။ ကမ္ဘာ့ဒေသတစ်ခုစီမှ လူများသည် ၎င်းတို့၏ကိုယ်ပိုင်မိုးကုပ်စက်ဝိုင်းအရ အီး ဒေ ဖွီသ်ွရ် သို့မဟုတ် အီး ဒေ ကုရ်ဘာန် ကဲ့သို့သော တန်ဖိုးရှိေသာ ညများ နှင့် အချိန်များကို ဆုံးဖြတ်ရမည်ဖြစ်သည်။ (62) အာယာသုလ္လာဟ် မကာရင်မ် ၏ အမြင်အရ ၊ ည ဆိုသည်မှာ အခြားတစ်ဝက်ရှိ ကမ္ဘာမြေ၏ အရိပ်ဖြစ်ပြီး၊ ဤအရိပ်သည် ကမ္ဘာ၏ လှည့်ပတ်မှု နှင့်အတူ ရွေ့လျားနေပြီး တစ်ကြိမ် လျင် လှည့်ပတ်နှုန်းသည် ၂၄ နာရီ ကြာမြင့်သည်။ ထို့ကြောင့်၊ ကဒဲက်ညသည် ကမ္ဘာမြေကြီး၏ ရွေ့လျားမှု ဖြစါပြီး ကမ္ဘာသည် မိမိကိုယ်ကို တစ်ပတ် ပြန်လည် လှည့်ပတ် နေခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ကမ္ဘာမြေ၏ အစိတ်အပိုင်း အားလုံးကို ဖုံးလွှမ်းနေသော ၂၄ နာရီ ကြာမြင့်သည့် အမှောင်ထု ဖြစ်သည်။ ထို့ကြောင့် ကဒဲရ်ညသည် ဧရိယာတစ်ခုမှ စတင်ပြီး ယင်းမှာ ၂၄ နာရီကြာမြင့်ကာ ကမ္ဘာပေါ်ရှိ လူတိုင်းသည် ကဒဲရ်ည ကိုနားလည် သဘောပေါက်ကြသည်။ (63)

မအ်စူမီးန်(အစ) များ၏ လမ်းစဉ်

အေမာမ်အလီ(အစ) ထံမှ လာရှိထားသည့် ဩဝါဒတော် တစ်ခုအရ ၊ တမန်တော်မြတ်(ဆွ) သည် ရမ်ဇာန်လ၏ နောက်ဆုံး ဆယ်ရက်တွင် ၎င်း၏ အိပ်ယာကို သိမ်းဆည်းကာ အေအ်သေကာဖ် ပြုကျင့်ဖို့ရန် ဗလီ၀တ်ကျောင်းတော်သို့ သွားရောက်ခဲ့သည်။ မဒီနာ၌ ရှိသော ဗလီတွင် ခေါင်းမိုး မရှိပေ။ သို့သော်များလည်း တမန်တော်မြတ်သည် မိုးရွာနေချိန်မှာတောင် ဗလီ၌ နေနေခဲ့သည်။ (64) ထို့အတူ ကောက်နုတ် ဖော်ပြထားသည်မှာ တမန်တော်မြတ်(ဆွ) သည် ကဒဲရ်ညများ၌ နိုးကြားလျက်ရှိပြီး အိပ်ငိုက်နေသော လူများ၏ မျက်နှာပေါ်တွင် ရေဖြန်းခဲ့သည်။ (65) ဟဇရသ်သေ ဖွာသွေမဟ် (စအ) သခင်မ၏ နည်းလမ်းမှာ ကဒဲရ်ည များတွင် နံနက်အထိ အေဘာဒသ် ခ၀တ်ကိုးကွယ်ပြီးသူမ၏ ကလေးများနှင့် မိသားစုကိုလည်း နိုးကြားစေကာ အေဘာဒသ် ခ၀တ်ကိုးကွယ်ရန် တိုက်တွန်းခဲ့သည်။ ၎င်းတို့ အိပ်ငိုက်သည့် ပြဿနာများကို ဖြေရှင်းရန် ၎င်းတြိ့အား အစားအစာ လျှော့ကြွေးပြီး နေ့ခင်းဘက်၌ အိပ်စက်ခိုင်းခဲ့သည်။ (66) မအ်စူမီးန်(အစ) များသည် ကဒဲရ်ညများ၌ ဗလီ၌ နေထိုင်ခြင်း နှင့် ညအချိန် နိုးကြားခြင်းကို မစွန့်လွှတ်ခဲ့ကြပေ။ (67) ရေဝါယသ် တစ်ခုအရ ၊ အေမာမ်ဆွာဒီက်(အစ) သည် ကဒဲရ်ည တစ်ည၌ အလွန်အမင်း နေမကောင်း ဖြစ်ခဲ့သော်လည်း ဗလီ၌ အေဘာဒသ် ပြုလုပ်ဖို့ရန်အတွက် မိမိအား ဗလီသို့ ခေါ်ဆောင်သွားရန် အနီးအနား၌ ရှိသူများထံမှ အကူအညီ တောင်းခံခဲ့သည်။ (68)

ကဒဲရ်ညကျင့်စဉ်များ

ကဒဲရ်ည ကျင့်စဉ်မှာ နှစ်မျိုး ရှိသည်။ ကဒဲရ် သုံးညလုံး၌ ပြုလုပ်သင့်သည့် ကျင့်စဉ် နှင့် တူညီစွာ ပြုလုပ်သင့်သည့် ကျင့်စဉ် (ဘုံကျင့်စဉ်) တို့ ဖြစ်သည်။ (69) ရမ်ဇာန်လ၏ သီးသန့် ၁၉ ၊ ၂၁ နှင့် ၂၃ ညတိုင်း ကျင့်ဆောင်သင့်သည့် ကျင့်စဉ်များ ဖြစ်သည်။ (70)


ကဒဲရ်ညကျင့်စဉ်များ
ကဒဲရ်ည သုံးညကျင့်စဉ်
  • ဂိုစ်လ်
  • နှစ် ရကအသ်ရကအသ် တိုင်း၌ စူရဟ် ဟမ်ဒ် ပြီးနောက် စူရဟ် သောင်ဟီးဒ်ကို ခုနှစ်ကြိမ် ဖတ်ရမည်။ နမာဇ်ပြီးနောက် اَسْتَغْفِرُ اللّهَ وَاَتُوبُ اِلَیهِ ဟူသော ဇီကီရ်အား အကြိမ် (၇၀) ဖတ်ရွတ်ရမည်။
  • ကဒဲရ်ညများ၌ အေဘာဒသ် ပြုလုပ်ကာ မနက်အထိ နိုးကြားနေခြင်း
  • ရကအသ် (၁၀၀) နမာဇ် ဖတ်ခြင်း (နှစ်ရကအသ် စီဖတ်ရွတ်ရမည်)
  • ဤဒိုအာ «اَللهمَّ اِنّی اَمسیتُ لَکَ عَبداً...» အား ဖတ်ရွတ်ခြင်း
  • ဂျောင်ရှန်ကဘီးရ် ဒိုအာ ဖတ်ရွတ်ခြင်း
  • အေမာမ်ဟိုစိုင်းန်၏ ဇေယာရသ် ဖတ်ရွတ်ခြင်း
  • ကုရ်အာန် ကို ခေါင်းအပေါ် တင်ခြင်း နှင့် အရှင်မြတ် အား ၁၄ ပါး မအ်စူးမီးန်(အစ) ဖြင့် တိုင်တည်ကာ ကတိသစ္စာပြု ဆုမွန်ဒိုအာ တောင်းခြင်း တို့ဖြစ်သည်
ရမ်ဇာန် ၁၉ ည
  • ဤဇီကီရ်အား «اَستَغفِرُاللهَ رَبّی و اَتوبُ اِلیهِ» အား အကြိမ် (၁၀၀)
  • ဤဇီကီရ်အား «اَلّلهُمَّ العَن قَتَلَةَ اَمیرِالمُؤمِنینَ» အား အကြိမ် (၁၀၀) ဖတ်ခြင်း
  • ဤဒိုအာ «اَللّهُمَّ اْجْعَلْ فیما تَقْضی وَتُقَدِّرُ مِنَ الاَْمْرِ الْمَحْتُومِ...» အား ဖတ်ခြင်း တို့ ဖြစ်သည်။
ရမ်ဇာန် ၂၁ ည
  • ရမ်ဇာန် နောက်ဆုံး ဆယ်ရက်၌ ဖတ်ရွတ်ရမည့် ဒိုအာများကို ဖတ်ခြင်း၊
  • ဤဒိုအာ : یا مُولِجَ اللَّیلِ فِی النَّهارِ... အား ဖတ်ခြင်း
ရမ်ဇာန် ၂၃ ည
  • ရမ်ဇာန် နောက်ဆုံး ဆယ်ရက်၌ ဖတ်ရွတ်ရမည့် ဒိုအာများကို ဖတ်ခြင်း
  • စူရသ် အန်ကဘူးသ် ၊ ရူးမ် နှင့် ဒိုခါးန် အား ဖတ်ရွတ်ခြင်း
  • စူရဟ် ကဒဲရ်အား အကြိမ် (၁၀၀၀) ဖတ်ခြင်း
  • ဂျောင်ရှန်ကဘီးရ် ဒိုအာ ၊ မကာရင်မုလ်အိခ်လာက္က် ဒိုအာ နှင့် ဖတ်ခြင်း ၊ အိဖ်သိသာဟ် ဒိုအာများ ဖတ်ရွတ်ခြင်း
  • غسلی در ابتدای شب و غسلی در انتهای آن
  • ဤဒိုအာ اَللَّهُمَّ امْدُدْ لِی فِی عُمُرِی وَ أَوْسِعْ لِی فِی رِزْقِی... ဖတ်ခြင်း
  • ဤဒိုအာ اَللَّهُمَّ اجْعَلْ فِیمَا تَقْضِی وَ فِیمَا تُقَدِّرُ مِنَ الْأَمْرِ الْمَحْتُومِ...
  • ဤဒိုအာ یا بَاطِنا فِی ظُهُورِهِ وَ یا ظَاهِرا فِی بُطُونِهِ ... ဖတ်ခြင်
  • ဒိုအာ ယေ စလာမသီး ယေ အေမာမ်ဇမားန် ဖတ်ခြင်း တို့ဖြစ်သည်။

ကဒဲရ်ည ၏ ဓလေ့ထုံးတမ်းများ

နှစ်စဉ်နှစ်တိုင်း၊ ရှီအာများသည် ဗလီများ နှင့် ဟရမ် များ သို့မဟုတ် အိမ်များ ကဲ့သို့သော သန့်ရှင်းသော နေရာများတွင် ကဒဲရ် ည၏ ကျင့်စဉ်များကို ပြုလုပ်ကြပြီး နံနက်အချိန်ထိ နိားကြားနေကာ အေဘာဒင် ပြုလုပ်ကြသည်။ (71) ၌ညတွင် ၊ တရားဒေသနာ ဟောကြားခြင်း ၊ ဂျမာအသ် နမာဇ် ဖတ်ရွတ်ခြင်း ၊ ဒိုအာ ယေ အိဖ်သိသာဟ် ဖတ်ခြင်း ၊ ဒိုအာ ယေ အဘူဟမ်ဇဟ် စိုမာလီ ဖတ်ခြင်း ၊ ဂျောင်ရှန်ကဘီးရ် ဖတ်ခြင်း ၊ ကုရ်အာန် ကို ခေါင်ူအပေါ် တင်ခြင်း စသည့် ကျင့်စဉ် များသည် ကဒဲရ်ည၏ အရေးကြီးဆုံးသော ကျင့်စဉ်များ ဖြစ်ပြီး အုပ်စု အဖွဲ့လိုက် ပုံစံဖြင့် ပြုလုပ်ကြသည်။ (72) ဆုံးပါးသွားသူ များ အတွက် ရည်စူပြီး အိဖ်သွာရ် ပေးကမ်းခြင်း ၊ စဲဟ်ရီ ပေးကမ်းခြင်း ၊ နဇဲရ်များ ဖြေခြင်း ၊ ကောင်းမှုပြုခြင်း ၊ မရှိဆင်းရဲသားများကို အစားအသာ ပေးကမ်းခြင်း လှုဒါန်းခြင်း ၊ အကျဉ်းကျနေသူများကို လွှတ်ပေးခြင်း ၊ စသည်တို့သည် ကဒဲရ်ည၏ ဓလေ့ထုံးတမ်းများ ဖြစ်ကြသည်။ (73) ရမ်ဇာန်လ၏ နောက်ဆုံး ဆယ်ရက်၌ အေမာမ်အလီ(အစ) ရှဟာဒသ် ကျရောက်လညသည့် အတွက်ကြောင့် ရှီအာများသည် ထိုညများ၌ အဇာဒါရီများ ပြုလာပ်ကြသည်။ (74) အီရန်နိုင်ငံ၏ အချို့မြို့များတွင် ၊ ရမ်ဇာန် ၂၇ ည သည် အေမာမ်အလီ (အစ) အား သတ်ခဲ့သည့် အိဗ်နေ မုလ်ဂျင်မ် မိုရာဒီ ၏ လက်စားချေသည့်ည ဖြစ်သည့်အတွက် ထိုမြို့မှ လူအများစုသည် ခါလာပိဿကို စားကြပြီး ထိာသူအပေါ် လအ်နသ် ပို့သကြသည်ဟု ဆိုကြသည်။ (75)

ဖာရ်စီ ကဗျာများ၌ ကဒဲရ်ည

ကဒဲရ်ည ကို ပါရှန်းကဗျာဆရာများ နှင့် စာရေးဆရာများဘက်မှ ဂရုပြုမိခဲ့ကြသည်။ စအ်ဒီသည် ဂိုလီစ်သားန် စာအုပ်၌ ကဒဲရ်ည နှင့် ပတ်သက်ပြီး ပြောထားသည်မှာ " အကယ်၍ ညတိုင်းသည် ကဒဲရ် ဖြစ်ပါက ၊ ကဒဲရ်ညသည် ကဒဲရ် ဖြစ်တော့မည် မဟုတ်ပေ။" (76) ဘူစ်သားနေ စအ်ဒီ ဘီသာယီ ၌လည်း ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး ဖော်ပြထားသည်။ (77) ဟာဖီဇ် (78) ၊ နာဆွီရ် ခိုစ်ရို (79) အောင်ဟဒ်ဒီ (80) ၊ နှင့် အခြားသူများသည်လည်း ထိုအကြောင်းအရာ နှင့်ဘပတ်သက်ပြီး ကဗျာများ တည်းဖွဲ့ထားသည်။ ဟာဖီဇ် ပြောထားသည်မှာ ကဒဲရ်ည၌ အလင်းရောင်တန်းများကို ခံစားခဲ့ရသည် အမှားများသည်လည်း အရှင်မြတ်ထံတော်၌ ၀န်ချဲ့ပါသည်။ (81) မင်္ဂလာရှိသော နံနက်ခင်း နှင့် ထိုကဒဲရ်ညသည် ကျွန်ုပ်အား ပေးလှူသော ညချမ်းလေးဖြစ်သည်။ (82)

ရေးသားထားသည့် စာအုပ်များ

ကဒဲရ်ည ၏ မြင့်မြတ်မှု ၊ ကျင့်စဉ်များ နှင့် အရေးပါမှုအကြောင်း စာအုပ်အများအပြားကို ရေးသားထုတ်ဝေခဲ့သည်။ (83) ဥပမာ ရှက်ဘ် ဘေ ကဒ္ဒရ် ၊ စိုင်ယိဒ် မုဟမ္မဒ် ဘေဟီရှ်သီ ၊ သီဟီရာန် ၊ ဘက္က်အဟ် ၊ ပထမ ထုပ်ဝေမှု ၊ အီရာန်နှစ် ၁၃၈၃။ ရှက်ဘ်ဟာယေ ဘီကရာရ် ၊ ကဒဲရ်ည အကြောင်း ပြောပြထားခြင်း ၊ စိုင်ယိဒ် မုဟန္မဒ် ဗနီဟာရှင်မ် ၊ မိုနီးရ် ပဲနှိပ်တိုက် ၊ ပထမ ထုပ်ဝေမှု ၊ အီရာန်နှစ် ၁၃၈၇ ။ ရှက်ဘ် ဘေ ကဒ္ဒရ် ၊ ရမ်ဇာန်လ၏ နှလုံးသား ၊ နာဆွီရ် ဘာကဲရီ ဘီဒဟန်ဒီ ၊ ကွမ်း ၊ ဘူစ်သားနေကိသာဘ် ၊ ဒုတိယအကြိမ် ထုပ်ဝေမှု ၊ အီရာန်နှစ် ၁၃၇၅ (84) ပိုင်ဂျိုဂီရှ် ဒရ်ဘာရေယေ ရှက်ဘ် ဘေ ကဒ္ဒရ် ၊ စိုင်ယိဒ် မုရ်သဇွာ ဟိုစိုင်းနီ ၊ ဖန်ရ်ဟန့်ဂေ ကုရ်အာန် ၊ ပထမ ထုပ်ဝေမှု ၊ အီရာန်နှစ် ၁၃၈၇ ။